June 6, 2009

မျိုးသုဉ်းပျောက်ကွယ်တော့မည် မိချောင်းဖြူ

ကမ္ဘာတွင် အဖြူရောင် မိချောင်း ( Albino Alligator) ရှိသည်။ မိချောင်းဖြူများကို သားရိုင်းတိရိစ္ဆာန်များဘေးမှ ကယ်ဆယ်ကာ ဖလော်ရီဒါ (Florida) တိရိစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ထားခဲ့ကြသည်။ သူတို့သည် အဖြူရောင် အရေခွံကြောင့် သားရဲများ၏ လွယ်ကူစွာ ဖမ်းဆီးစားသောက်ခံရသည့် သားကောင်များ ဖြစ်ခဲ့ကြသည်။ အချို့ မိချောင်းဖြူများကို ဂျာမနီသို့ ပို့ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်စာရင်းအရ မိချောင်းဖြူဦးရေ ၃၀ သာ ရှိတော့သည်။