June 9, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၅) ဗုဒ္ဓသေဆုံးပြီးနောက် သူသည် ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုကူညီနေသလဲ?

လျှပ်စစ်ကို ရှာဖွေတွေ့ရှိခဲ့သော ဖာရာဒေး (Farady) သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် လျှပ်စစ်ဓာတ်က ကျွန်ုပ်တို့ကို အကျိုးပြူနေဆဲ။ ရောဂါပေါင်းများစွာကို ကုသသည့်ဆေးပညာကို ရှာဖွေတွေ့ရှိခဲ့သူ လူ့စ်ပါ့စ်ချား (Luis Pasteur) သည် သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် ဆေးပညာသည် လူအသက်ပေါင်းများစွာကို ကယ်တင်နေဆဲ။ ဂန္ထ၀င်မြောက်ပန်ချီကား ၂ ချပ်ကို ဖန်တီးရေးဆွဲခဲ့သူ လီယိုနာ ဒိုဒါဗင်ချီ (Leoardo Da Vinci) သေဆုံးခဲ့ပြီ၊ သို့သော် သူ့အနုပညာလက်ရာကား လူများကို ဖမ်းစားဆဲ။ ရာစုနှစ်ပေါင်းများစွာက သေဆုံးခဲ့ကြပြီဖြစ်သော သူရဲကောင်းအပေါင်းတို့၏ လုပ်ရပ်တို့သည်လည်း ယခုပြန်လည်ဖတ်ရှုသိရှိရသောအခါ ပြန်လည်ဆန်းသစ်ကာ ယခုတိုင် ကျွန်ုပ်တို့၏ သတ္တိများကို မွေးဖွားစေမြဲ။ ဗုဒ္ဓသေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ပြီဖြစ်သော်လည်း သူ၏ သွန်သင်ဆုံးမမှုများကား ယနေ့တိုင် ကျွန်ုပ်တို့ကို အကျိုးရှိစေမြဲ။ သူပြုခဲ့သော နမူနာတို့သည် လူတို့ကို လှုံ့ဆော်နေနိုင်ဆဲ၊ ဘ၀များကို ပြောင်းလဲစေနိုင်ဆဲပင်။ သေဆုံးပြီးနောက် ထိုကဲ့သို့ စွမ်းနိုင်သူမှာ ဗုဒ္ဓတစ်ဦးတည်းသာလျှင် ရှိပေသည်။

(၆) ဗုဒ္ဓသည် ထာဝရဘုရားသခင်လော?

မဟုတ်ပါ။ သူသည် ထာဝရဘုရားသခင် ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်၏ သားတော်ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်က စေလွှတ်လိုက်သော တမန်တော် အဖြစ်လည်းကောင်း မည်သည့် အခါမျှ မပြောဆိုခဲ့ပါ။ သူသည် သူ့ကိုယ်သူ အလုံးစုံပြီးပြည့်စုံအောင် ကျင့်ကြံနေထိုင်နိုင်ခဲ့သူ ဖြစ်သည်။ သူ၏ နမူနာအတိုင်း ကျွန်ုပ်တို့ လိုက်နာလုပ်ဆောင်လျှင် ကျွန်ုပ်တို့ ကိုယ်တိုင်ပင် သူကဲ့သို့ အလုံးစုံပြီးပြည့်စုံသူဖြစ်နိုင်သည် ဟု သင်ကြားပြောဆိုခဲ့သည်။

4 comments:

Unknown said...

Very good post :) :) All of Myanmar buddhist people should know :) :)

ကဗျာဦး said...

စာကောင်းပေမွန်တွေပါပဲ

Unknown said...

အ၇မ်းကောင်းတဲ့ အဖြေလေးတွေပါနော်
ကျေးဇူးတင်ပါတယ်

raybanoutlet001 said...

christian louboutin shoes
coach outlet
true religion jeans
broncos jerseys
coach outlet
cleveland browns jerseys
ray ban sunglasses outlet
ralph lauren outlet
fitflops sale clearance
fitflops shoes