June 18, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၇) ဗုဒ္ဓကို အဘယ်ကြောင့် အရိုအသေပေးဝတ်ပြုကြတာလဲ?


အရိုအသေပေးဝတ်ပြုရာတွင် ပုံစံအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးရှိသည်။ လူအများ နတ်ဘုရားတို့အား အရိုအသေပေးဝတ်ပြုသောအခါ ထိုနတ်ဘုရားကို ချီးမွမ်းကြသည်။ ပေးကမ်းလှူဒါန်းကြသည်။ ပြီးလျှင် မိမိ လိုချင်သော အခွင့်အရေးများ တောင်းကြသည်။ နတ်ဘုရားများက သူတို့ ချီးမွမ်းသံကို ကြားမည်၊ သူတို့ပေးတာကို လက်ခံရရှိမည် သူတို့တောင်းသည့် အခွင့်အရေးများကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင် အစစ်အမှန်တို့တွင် ထိုကဲ့သို့သော ၀တ်ပြုဆုတောင်းမှုမျိုးမရှိ။ ၀တ်ပြုမှုနောက်တစ်မျိုးမှာ မိမိလေးစားသူတစ်ဦးကို တွေ့ရမြင်ရသောအခါ အရိုအသေ ပေးမှုမျိုးဖြစ်သည်။ ဆရာတစ်ဦး စာသင်ခန်းထဲဝင်လာသောအခါ ကျောင်းသားများ မတ်တပ်ရပ် အရိုအသေပေးကြသည်။ ဉာဏ်ပညာအရာ၊ ကိုယ်ကျင့်တရား တို့တွင် မိမိထက် ကြီးမြတ်သူလာသောအခါ အရိုအသေပေးကြသည်။ ရိုသေမှု၊ ကြည်ညိုမှု၊ လေးစားမှု တို့အတွက် အရိုအသေပေးကြသည့် ဟန်ပန်အမျိုးမျိုးရှိသည်။ ဗုဒ္ဓကို အရိုအသေပေးဝတ်ပြုကြခြင်းမှာ ဤအမျိုးအစား ဖြစ်သည်။ ချမ်းသာကြွယ်ဝစေရန် ပစ္စည်းများပေးခြင်း၊ အခွင့်အရေးများ ပေးခြင်းအတွက် မဟုတ်။ ကျွန်ုပ်တို့ကို ဖန်ဆင်းထားခြင်း အတွက်မဟုတ်။ ကျွန်ုပ်တို့လိုအပ်ရာ နေထိုင်ရာမြေကမ္ဘာ၊ စားသောက်စရာများ၊ အဖော်များကို ဖန်တီးပေး၍ မဟုတ်။ ဗုဒ္ဓကို အရိုအသေပေး ၀တ်ပြုခြင်းမှာ ဆင်းရဲဒုက္ခမှ လွှတ်မြောက်ရန်အတွက် တိကျသေချာသော၊ စံပြုထိုက်သော သူ့ကိုယ်တွေ့များအား သင်ကြားလမ်းညွှန်ခဲ့ခြင်းအတွက် ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓကို ကျွန်ုပ်တို့ အရိုအသေပေးဝတ်ပြုရခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။

10 comments:

မသက်ဇင် said...

စိုင်းခမ်းထွန်းရေ
စာတွေလာဖတ်ရင်း
အစ်မဘလောဂ့်တနှစ်ပြည့်လာဖိတ်တာ

မိုးမောင်(HappyCloud) said...

တချို့များဆို လူကဖြစ်တဲ့ဘုရားမို့လို့ လူလူချင်းကန်တော့ခွင့်မရှိဘူးတောင် ဆိုကြတာဗျ။ ဘယ်လောက်အထိဆိုးသလဲဆို လူလူချင်းမို့လို့ မိဘကိုတောင် ကန်တော့ခွင့်မရှိဘူးဗျို့။

တကယ်တော့ ကျွန်နဲ့သခင်ဝါဒက လွတ်တဲ့ဘာသာကိုပြပါဆိုရင် ဗုဒ္ဓဘာသာတစ်ခုထဲရှိတယ်လို့ ဆိုရမယ်။ ငါ့ကိုကိုးကွယ်ရင် ကောင်းကင်သွား၊ မကိုးကွယ်ရင် ငရဲကျဆိုတဲ့ မျက်နှာလိုက်တဲ့ သဘောထားမရှိတာလဲ ဗုဒ္ဓရဲ့ ဂုဏ်ယူထိုက်တဲ့ စရိုက်လက္ခဏာပဲ။

သီဟသစ် said...

ကိုစိုင်းခမ်းရေ

စာလာဖတ်တယ်ဗျ
good luck

မသက်ဇင် said...

ကျွန်ုပ်တို့လိုအပ်ရာ နေထိုင်ရာမြေကမ္ဘာ၊ စားသောက်စရာများ၊ အဖော်များကို ဖန်တီးပေး၍ မဟုတ်။ ဗုဒ္ဓကို အရိုအသေပေး ၀တ်ပြုခြင်းမှာ ဆင်းရဲဒုက္ခမှ လွှတ်မြောက်ရန်အတွက် တိကျသေချာသော၊ စံပြုထိုက်သော သူ့ကိုယ်တွေ့များအား သင်ကြားလမ်းညွှန်ခဲ့ခြင်းအတွက် ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓကို ကျွန်ုပ်တို့ အရိုအသေပေးဝတ်ပြုရခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။

စိုင်းခမ်းထွန်းရေ
ထပ်လာဖတ်တယ်နော်
မျှဝေပေးတာကျေးဇူးပါ
ခင်မင်လျက်

Anonymous said...

ဗုဒ္ဓကို ဘာကြောင့်အရိုအသေပေးလဲဆိုတော့ ကိုယ့်ထက်မြင့်ညမတ်တဲ့ သူမို့လို့ပါ။ ဒါပေမဲ့ခက်နေတာက လူပေါင်းများစွာ ဆင်းရဲဒုက္ခအတိပေးတဲ့ သူတွေကိုလဲ တချို့ အရိုအသေပေး နေကြတာ ဘာကြောင့်လဲ စဉ်းစားမရဘူးဗျာ...

Anonymous said...

မိမိ တို့ ကိုယ်း ကွယ် ပူဇော် သော ဗုဒ္ဓ မြတ်စွာ ဘုရား ကိုယ် တော် မြတ်ကြီးအား ဗုဒ္ဓ အတိုအလွယ်သုံးနှုန်း နေကြ တာ ခေတ် ရေစီး ကြောင်းဘဲ လား ဟင်

Saing Khan Tun said...

အမှန်ကို မြင်စေချင်တဲ့ စေတနာနဲ့ရေးနေတာပါ။ တန်ဆာဆင်တဲ့ စကားလုံးတွေကို ဖြုတ်ထားပါမယ်။ ဗုဒ္ဓရဲ့ ဂုဏ်တော်ဟာ ဒါတွေကြောင့် မှေးမှိန်သွားမှာ မဟုတ်ပါဘူး။

Unknown said...

ပြန်ကူးသ၊ွားတယ်ဗျာဒီစာလေးကြိုက်လို့
yinnyeinhlaing.ning.com မှာဖော်ပြလိုက်မယ်ဗျို့

Unknown said...

15919meiqing
jordan shoes
louboutin
oakley sunglasses
mcm handbags
louboutin pas cher
nike elite socks
longchamp
north face uk
nike blazer
hollister co
ralph lauren polos shirts
mcm outlet
soccer shoes
new balance outlet
football shoes
louis vuitton borse
moncler outlet
uggs boots on sale
adidas originals
insanity workout
pandora bracelets
cheap uggs boots
nike roshe runs
juicy couture
mont blanc pens
michael kors handbags
ralph lauren uk
timberland boots
polo ralph lauren
ugg boots

Unknown said...

the north face outlet store
the north face jackets
links of london
futbol baratas
mulberry outlet
louis vuitton
mulberry outlet
swarovski crystal
mcm outlet
oakley sunglasses
tiffany and co jewelry
chanel handbags
michael kors factory outlet
oakley sunglasses
coach outlet online
nike huarache
louis vuitton outlet
gucci
north face jackets
michael kors outlet
pandora jewelry
ugg outlet
beats by dr dre
lululemon outlet
oakley sunglasses
canada goose jackets
michael kors outlet online
michael kors outlet
michael kors outlet store
lululemon outlet
coach outlet
ralph lauren outlet
longchamp handbags
replica watches
michael kors wallet
adidas outlet store
prada outlet
calvin klein underwear
ugg boots
1102maoqiuyun