June 4, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၁) ဗုဒ္ဓ၀ါဒ ဆိုတာဘာလဲ
"ဗုဒ္ဓ၀ါဒ" (Buddhism) ဆိုသည်မှာ "ဗောဓိ" (bodhi) ဟူသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဗောဓိဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ "အမှန်ကိုအတပ်သိခြင်း" (Enlightenment) ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒ ဆိုသည်မှာ "အမှန်တရားကို သိသည့် ၀ါဒ" ဟုပြောနိုင်ပေသည်။ ထိုဝါဒသည် ၃၅ နှစ်အရွယ်တွင် သူကိုယ်တိုင်ဆင်ခြင်သိမြင်နိုင်ခဲ့သော ဗုဒ္ဓ (Buddha) ဟု သိကြသည့် သိဒ္ဓတ္တဂေါတမ (Siddhattha Gotama) ၏ အတွေ့အကြုံများမှ စတင်ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓ၀ါဒသည် နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း ၃၈၀ ကျော်က လိုက်နာနေသော ၀ါဒဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကာလထိ ဗုဒ္ဓ၀ါဒသည် အဓိကအားဖြင့် အရှေ့တိုင်းတွင်သာ လိုက်နာကျင့်သုံးသောဝါဒအဖြစ်သာ တည်ရှိနေခဲ့သည်။ နောင်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာပြီး ဥရောပ၊ သြစတြေးလျ နှင့် အမေရိက တို့တွင်ပါ လိုက်နာကျင့်သုံးလာကြသည်။

No comments: