March 21, 2011

ကျွန်တော်နှင့် ဘိုးလင်း (2)

ရုံးဆင်းသော်လည်း အထက်အရာရှိက မပြန်သေးသည့်အတွက် ပြန်ရ အခက်၊ မပြန်ရအခက်။ ခါတိုင်း ဆိုရင်တော့ ပြန်နေကျ ပါ။  ခုနောက်ပိုင်း သူက ကျွန်တော်သုံးသည့် လက်တော့ပ်လေးကို ကျွန်တော် အိမ်ပြန်သည့်အခါ သူ့ရုံးခန်းထဲ သိမ်းထားခဲ့လို့ တခုပ်တရ မှားထားသည်။ သူများသုံးမှာ၊ ပျောက်မှာ စိုးသည့်အတွက် ဖြစ်သည်။ လက်တော့ပ်က ကျွန်တော့်ကို လွှဲထားပေးပြီးသား ဆိုတော့ ကျွန်တော့် တာဝန် ဖြစ်နေတာကိုး။ ကျွန်တော်ကတာ့ စင်ကာပူတွင် သူခိုးမရှိဟု ထင်သည့် အတွက်လည်းကောင်း၊ ခိုးကြမှာလည်း မဟုတ်ဟု ထင်၍ တကြောင်း၊ ပြီးတော့ စင်ကာပူရဲများသည် အကူအညီ လို၍ ခေါ်လျှင် အချိန် မရွေး မိနစ်ပိုင်းအတွင်း ရောက်လာမည်ကို သိသောကြောင့် လည်းကောင်း သိပ်စိုးရိမ်စိတ်မရှိပါ။ ကိုယ်ပိုင် ပစ္စည်း မဟုတ်၍လည်း ဖြစ်နိုင်ပါသည်။ သိပ်မပူပန်လှ။ ပျောက်လျှင် ပျောက်သည်ဟု ပြောလိုက်ရုံသာ ဟု စိတ်ထဲ နှလုံးသွင်းထား မိသည်ကိုး။

March 10, 2011

ကျွန်တော်နှင့် ဘိုးလင်း


Singapore MRT. 



ဘိုးလင်း ဆိုတဲ့ကောင်နဲ့ ကျွန်တော်နဲ့ လုံးဝ အစေးမကပ်။ သူနှင့် ကျွန်တော်တွေ့တာ ၂ ခါရှိပြီ။ တစ်ခါမှ အဆင်တပြေ ဖြစ်ခဲ့သည်မရှိ။ ဒီကောင့်ကို တွေ့ဖို့ တကူးတက သွားရသည်။ ကျွန်တော်က တွေ့ချင်သည်လည်း မဟုတ်။ ကုမ္ပဏီက သွားခိုင်၍ သွားရခြင်းဖြစ်သည်။ စိတ်မပါ လက်မပါနှင့် ကျွန်တော်သွားရသည်။ မသွား၍လည်း မကောင်း။ ကျွန်တော့်အထက် အရာရှိက ကုမ္ပဏီက လုပ်သည့် အသင်းအဖွဲ့ဆို ကိုယ်စိတ်မပါလည်း သွားရသည် ဟု ဆိုသောကြောင့်တာ ဒီကောင် ဘိုးလင်း နဲ့တွေ့ခြင်းဖြစ်သည်။ ဘယ်လိုမှ ကြည့်မရသည့်ကောင်ကို အလုပ်ဆင်းပြီး တကူးတက သွားတွေ့ရသည်။ 
သူနေတာက ကုလား-မြန်မာ ချစ်ကြည်ရေးဘူးတာနားမှာ ဘူတာနာမည်က ဘူခစ်-ဘတုတ်။  ကုလားလေးဘူခစ် နဲ့ ကိုဘတုတ် ကို အမှတ်တရ ခေါ်ထားတဲ့ နာမည်။ အဲလိုပဲ EX-RIT အစ်ကိုကြီး ကိုဘကျော်တို့ အုပ်စု သင်္ကြန်မှာ ပြောသွားတာ မှတ်လိုက်ရသည်။ ဟုတ်မဟုတ်တော့ အာအိုင်တီ စက်မှုကျောင်းသား ဟောင်းကြီးဖြစ်သော ကိုဘကျော် ကိုသာ မေးကြည့်စေချင်သည်။