February 28, 2009

February 27, 2009

ဗျိုင်းကလေး

ကျွန်တော် ယခုအလုပ်လုပ်နေသောနေရာက ပင်လယ်ကမ်းစပ်လေးလိုနေရာ။ ကျွန်တော်တို့ရုံးခန်းလေးက ကမ်းစပ်နဲ့ မလှမ်းမကမ်းမှာ။ Container လေးထဲ။ Mr. Lim Choon Min ခေါ် မန်နေဂျာရယ်၊ ဖိလစ်ပိုင်မှ အင်ဂျင်နီယာ Mr. Ramon ရယ်၊ ကျွန်တော်ရယ်။ အားလုံး ၃ ယောက်။ ကျန်သူများက Supervisor နှင့် worker များ။
ကျွန်တော်တို့ ရုံးခန်းလေး ရှိရာနှင့် မလှမ်းမကမ်းတွင် ရေတွင်း ဆောက်လုပ်ရေးအတွက် တားထားသော ဘောများရှိသည်။ ထို ဘောများပေါ်တွင် နေ့အခါ ဗျိုင်းငှက်လေးများ လာလာနားကြသည်။ ကျွန်တော် သူတို့ကို ရိုက်လာမည်ကြံသည်မှာ ကြာပြီ။ ဒီနေ့မှ သေချာရိုက်လာဖြစ်သည်။ အလုပ်ခွင်ထဲမှ အကြောင်းများ ကျွန်တော် ရေးပါဦးမည်။ ဒီကနေ့တော့ ဗျိုင်းကလေးက မင်းသား ...


February 23, 2009

အက်ကြောင်း


ဟဲဟဲ အသည်းကွဲလို့ ရေးတာဟုတ်ဘူးဗျို့ ဒါက ကဗျာဗျ .... လျှောက် မပြောကြနဲ့။

February 22, 2009

သိုးပျောက်ခြင်း


တစ်ခါက ဇန်ဆန်း ဆိုတဲ့ သိုးကျောင်းသားလေး တစ်ယောက် ရှိတယ်။ သူဟာ အိမ်မှာ သိုးတွေမွေးထားတယ်။ တစ်မနက်ခင်းမှာ သိုးတွေကို မကျောင်းခင် ရေကြည့်တယ်။ ထပ်ကာ ထပ်ကာရေတယ်။ တစ်ကောင်ပျောက်နေတယ်။

“ဟာ … သိုးတစ်ကောင်လျော့နေတယ်။ ဘာလို့လဲ မသိဘူး”

သူဘာလို့လဲဆိုတာ သိချင်လို့ အဖြေရှာကြည့်တော့။ ခြံစည်းရိုး မှာ အပေါက်တစ်ပေါက် ပေါက်နေတာ တွေ့တယ်။ ဒါကြောင့်ဖြစ်မယ်လို့ သူတွေးတယ်။ အိမ်နီးနားချင်းတစ်ယောက်ကလည်းတွေ့တော့ နောက် ထပ် သိုးတွေ မရှုံးရအောင် အပေါက်ကို ချက်ချင်းပိတ်ဖို့ တိုက်တွန်း တယ်။ ဒါပေမယ့် ဇန်ဆန်းက ဂရုမစိုက်ဘူး။

“ကျွန်တော် သိုးတစ်ကောင် ရှုံးပြီးပြီပဲ ခြံအပေါက်ကို ပိတ် မယ်ဆိုရင်လည်း နောက်ကျသွားပါပြီဗျာ နေပါစေတော့။ ရှိပါစေတော့။”

နောက်တစ်နေ့မနက်မှာ သူ့သိုးတွေကို ရေတွက်ကြည့်ပြန် တယ်။ နောက်ထပ်သိုးတစ်ကောင် ထပ်ပျောက်နေပြန်တယ်။ ဒီအချိန်မှာ သူနောင်တ အကြီးအကျယ်ရနေပြီ။ သူသာ ခြံအပေါက်ကို ချက်ချင်း ပိတ်ပစ်လိုက်တယ်။ နောက်ထပ်သိုးတွေမပျောက်တော့ဘူး။


အမှားသေးသေးလေးကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်ပါ တယ်။ ပြဿနာပိုကြီးလာအောင် စောင့်ကြည့်မနေသင့်ပါဘူး။ ပြဿနာ ကြီးလာရင် ဖြေရှင်းရပိုခက်တယ်။ ကုန်ကျစရိတ်လည်း ပိုများလာတယ်။ အမှားတိုင်းကို သေချာလေ့လာဆန်းစစ်ပြီးတော့ ဘာ့ကြောင့် ဒီလိုဖြစ်ရ တယ်ဆိုတဲ့ အကြောင်းရင်းကို ရှာရမယ်။ နောက်အလုပ်တွေအတွက် သင်ခန်းစာယူရမယ်။ နောင် ဒီလိုအမှားမျိုးထပ်မမှားတော့ဘူးပေါ့။


တင်ပြခဲ့တဲ့ ပုံပြင်လေးမှာ ဇန်ဆန်းဟာ သူ့အိမ်နီချင်းရဲ့ အကြံ ပေးတိုက်တွန်းချက်ကို အလေးထား လက်ခံဆောင်ရွက်ခဲ့မယ်ဆိုရင် သိုး နှစ်ကောင် ဆုံးရှုံးမှာ မဟုတ်ဘူးပေါ့။

February 15, 2009

ချစ်ရည်လူးနေတဲ့ပိုးနှစ်ကောင်

ပက်လက်လန်နေတဲ့ကြမ်ပိုး

၁၅.၀၂.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ

  • ဟန်သစ်ငြိမ် ၏ တစ်ခါက ဝတ္ထုတိုများ ဖတ်ရန်
  • Myhome16 ၏ Valentine ရင်ခုန်သံ ဖတ်ရန်
  • ကိုဝေ၏ လွယ်အိတ်ဖြစ်သွားတဲ့ငါ ဖတ်ရန်
  • ကိုကျော်ဇေယျ၏ တည်ငြိမ် ဖတ်ရန်
  • ကောင်းကင်ကို၏ ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ် ဖတ်ရန်
  • ချမ်းမြေ့ဦး၏ ဆရာမင်းသိင်္ခရေးသားထားတဲ့တားရော့စာအုပ် ဖတ်ရန်

အစွဲ

လီဂေါင်းတွင် အလွန်ခင်သော သူငယ်ချင်းတစ်ဦးရှိသည်။ သူ အိမ်ကို အလည်မလာတာကြာပြီ။ လီဂေါင်း သူ့အိမ်အလည်သွားရင်း အကျိုးအကြောင်းသွားမေးသည်။
“မင့်အိမ်ကို နောက်ဆုံးတစ်ခေါက်လာတော့ မင်းငါ့ကို ၀ိုင်ကောင်း ကောင်း တစ်ခွက်တိုက်တယ်လေ မှတ်မိသေးလား။ ငါဖန်ခွက်ထဲ ကြည့်တော့ ဖန်ခွက်ထဲမှာ မြွေသေးသေးလေးတစ်ကောင် တွေ့တယ်။ ငါသိပ်ကြောက်တာပေါ့။ ဒါပေမယ့် ငါမင့်ကို ခင်တော့ ဘာဖြစ်ဖြစ်ဆိုပြီး သောက်ပလိုက်တယ်။ သောက်ပြီးတဲ့နောက် ငါနေမကောင်းဖြစ်တော့ တာပဲ။ ထကို မထနိုင်တော့ဘူးကွာ။ ခုမင်းမြင်တဲ့ အတိုင်းပဲ သေတော့မယ်ထင်ပါတယ်”



လီဂေါင်း ပြန်စဉ်းစားသည်။ သူ့ကို နောက်ဆုံးဝိုင်တိုက်ခဲ့တဲ့ အဲဒီအခန်းရဲ့ နံရံမှာ မြွေတစ်ကောင်ကို ပန်းပုထုပြီး အလှဆင်ထားတာ ကို အမှတ်ရတယ်။ ပြီးတော့ ၀ိုင်ခွက်ဟာ အရောင် ခပ်တောက်တောက် ဆိုတာကိုလည်း သူသိတယ်။ သူ့သူငယ်ချင်းမြင်ခဲ့တဲ့မြွေသေးသေး လေးဟာ နံရံကမြွေကြီးရဲ့ လာထင်နေတဲ့ အရိပ်ဆိုတာကို သဘော ပေါက်လိုက်တယ်။ ဒါကြောင့် နေမကောင်းဖြစ်နေတဲ့ သူ့သူငယ်ချင်းကို ခေါ်ပြီး ဟိုတစ်ခေါက်ကလို ၀ိုင်တစ်ခွက်နဲ့ အဲဒီအခန်းထဲမှာပဲ ဧည့်ခံ တယ်။
“ဒီဝိုင်ခွက်ထဲမှာ မင်းဘာတွေလဲ”
“ဟိုတုန်းကလိုပဲ မြွေသေးသေးလေးတစ်ကောင် မြင်နေရတယ်”
လီဂေါင်း ဘာကြောင့်ခုလိုမြင်ရတယ်ဆိုတာကို လက်တွေ့ သေချာရှင်း ပြလိုက်တယ်။ သိပ်မကြာခင်ပဲ သူ့သူငယ်ချင်းဟာ လုံးဝ နေကောင်းလာ တော့တယ်။

ခေါင်းထဲမှာ လွဲမှားတဲ့ အစွဲ တစ်ခုရှိနေပြီဆို။ အဲဒီအစွဲက မရှိ တာကို အရှိလုပ်ပြီး လူကို ခြောက်ခြားစေတော့တာပဲ။ အဲဒီအစွဲကြောင့် ရောဂါ ဖြစ်ကြရတော့တာပဲ။

February 9, 2009

ကင်မရာတစ်လုံး၏ မှတ်တမ်း (1)

ကျွန်တော်က တောတွင်းသား တာဇံတစ်ယောက် ကောက်ရထားတဲ့ ဒီဂျစ်တယ် HARD Disk Camcorder လေးတစ်လုံးပါ။ Everio လို့ ကျွန်တော့ခန္ဓာကိုယ် ပေါ်မှာရေးထားတယ်။ Konica JVC LY36228-001A HYBRID ဆိုတဲ့စာတန်းလေးလည်း ပါတယ်။

f=6.3 ~ 63 mm 1:3.5 Ø43 ဆိုတာလေးလည်းပါတယ်။

30GB/ 7 to 37 HRS လို့လည်းပါတယ်ဗျ။

ခုကျွန်တော့်သခင်ဖြစ်နေတဲ့ တာဇံက ကျွန်တော်ကို ယူချင်ရာယူသွားတယ်။ သယ်ချင်တဲ့နေရာသယ်သွားတယ်။ ကျွန်တော်ကတော့ တာဇံပြသမျှ ကြည့်တယ် မှတ်ထားတယ်။ ခု ကျွန်တော် တွေ့သမျှ ခင်ဗျားတို့ကို ပြောပြမယ်။

ကျွန်တော် ဒီနေ့ မှတ်မိသမျှထဲက ကြောင်ကလေးတစ်ကောင်ကို ခင်များတို့ကို ပြမယ်။ ကျွန်တော် မှတ်ဉာဏ်ကောင်းတာတော့ လာမပြောနဲ့လေ ....ကြည့်မှပိုသိမှပေါ့။ အလကားအားနေတဲ့ကြောင်ပါ။ ကြွက်လည်း ခုတ်ရပုံ မပေါ်ပါဘူး။ ကြောင်တို့တတ်အပ်တဲ့ ပညာတောင် တတ်ရဲ့လား မသိပါဘူး။ ပျင်းနေလိုက်တာ အလွန်...

February 2, 2009

သားပျောက်

ဟိုးတစ်ခါတုန်းက မြို့တစ်မြို့မှာ ကုန်သည်လူငယ်တစ်ဦး နဲ့ သားလေးတစ်ယောက်ရှိခဲ့တယ်။ ကုန်သည်လူငယ်ဟာ သူ့ဇနီးဆုံးပြီးတဲ့ နောက် မိတဆိုးလေးဖြစ်နေရှာတဲ့ သူ့သားကို သိပ်ချစ်တယ်။ တစ်နေ့မှာ ကုန်သည်လူငယ် အိမ်မှာမရှိတုန်း ကလေးကို လူဆိုးတွေက ဖမ်းဆီးခေါ် ဆောင်သွားကြတယ်။ အိမ်က ထွက်မသွားမီ ဘေးအိမ်တွေကို မီးရှို့ ထားခဲ့ကြတယ်။ ကုန်သည်လူငယ် အိမ်ကို ပြန်ရောက်လာတော့ သူ့အိမ်ဘေးမှာ မီးလောင်ထားတဲ့ ကလေးအလောင်းတစ်လောင်းကို တွေ့တယ်။ သူဟာ သူသားကို သိပ်ချစ်တော့ ဖြေမဆည်နိုင်အောင် ဖြစ်ပြီး သူ့သားရဲ့ အရိုးပြာကို သူဘယ်သွားသွား သယ်သွားတယ်။


လပေါင်းများစွာကြာပြီးတဲ့အခါ သူ့သားငယ်လေးဟာ သူခိုး တွေလက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့အဖေရှိရာအိမ်ကို အပြေးပြန်လာခဲ့တယ်။ သူဟာ သူ့ဖေဖေအိမ်ကို ညသန်းခေါင် လောက် မှာ ရောက်တယ်။ မောလွန်နေလို့ အသံမပြုနိုင်ရှာဘူး တံခါးဖွင့်ပေးဖို့ တံခါးကိုခေါက်တယ်။ ဒါပေမယ့် သူ့အဖေက အိမ်နားပတ်ဝန်းကျင်က ခပ်နောက်နောက်ကလေးတွေ စတာနောက်တာထင်ပြီး တံခါးဖွင့်မပေး ဘဲ လျစ်လျူရှုပြစ်ထားလိုက်တယ်။ အဲဒီအခါ သားငယ်ဟာ တံခါလာ မဖွင့်ပေးတဲ့ ဖခင်ကို စိတ်နာပြီး အပြီးတိုင် ထွက်သွားခဲ့တော့တယ်။ ဒီ တစ်ခါတော့ သူ့ဖခင်ဟာ သားကို အမှန်တကယ် ထာဝရဆုံးရှုံးလိုက်ရ တော့တယ်။

အတိတ်ကနာကျင်မှုတွေ၊ စိတ်ပျက်နာကျည်းစရာတွေကြောင့် ငါ့တို့ရဲ့ နှလုံးသားတံခါးကို ဖွင့်မပေးဘဲ ပိတ်ထားလိုက်တော့မယ်ဆိုရင် နောက်ထပ် တံခါးခေါက် ပြီးဝင်လာမယ့် ငါတို့အတွက် ကောင်းခြင်း မင်္ဂလာတွေကို ပိတ်ပင်တား ဆီးရာရောက်ပါတယ်။