Showing posts with label 08 အမှတ်တရများ. Show all posts
Showing posts with label 08 အမှတ်တရများ. Show all posts
October 30, 2012
October 26, 2012
October 24, 2012
October 30, 2011
January 21, 2011
November 16, 2010
သျှမ်းမော်ဒယ် (၁)
ယနေ့ စင်ကာပူရောက် သျှမ်းလူငယ်မောင်မယ်များ ဓာတ်ပုံရိုက်ကြသည့်အတွက် ကျွန်တော်လည်း အပျော်တမ်းသွားရိုက်ဖြစ်သည်။ ကင်မရာမင်းအဖြစ်။ မော်ဒယ် မောင် မယ်များကို တော်တော်များများရိုက်လာခဲ့သည်။ တိုက်ကြို တိုက်ကြား။ ကျွန်တော်ကတော့ တောကြို တောကြားပဲကြိုက်သည့် အတွက် တောကြို တောကြားပြောင်းပလိုက်သည်။
ကျွန်တော်ဟာ ကျွန်တော်တော့ အဆင်ပြေနေသည်။
နောက် သျှမ်းမောင်မယ် ပုံများလာဦးမည်။
May 24, 2010
November 17, 2009
စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၁၀၄ ခု ရှမ်းနှစ်သစ်ကူး
၂၀၀၉ ခု နိုဝင်ဘာ ၁၄ ရက်
စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံ
Kreta Ayer People's Theatre
ဒီနေရာက ကျွန်တော် သိပ်မရင်းနှီးသည့် နေရာ။ မနှစ်က တစ်ခေါက်တော့ ရောက်ဖူးသည်။ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ ဦးစီး ကျင်းပသော သင်္ကြန်ပွဲတုန်းက။
မျက်စိမှိတ်သွားလည်း ရောက်သည် ဆိုသည်အထိ ရင်းနှီးသောနေရာမဟုတ်။
သူငယ်ချင်း မင်းမင်းဦး (သူကလည်း မန္တလေး စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦး) နှင့်အတူ ထွက်လာခဲ့သည်။ China Town ဘူတာတွင်ဆင်းရမည်ကိုသာ ကျွန်တော် မှတ်ထားသည်။ လက်မှတ်တွင်ပါသည့် လမ်းညွှန်လေးအတိုင်း လမ်းလိုက်ရှာသည်။ ၃ လမ်း လောက် နည်းနည်းလျှောက်ပြီး၊ ကိုစိုင်းထွန်းအေးကို တွေ့သည်။ သူက ရှမ်းဘောင်းဘီအရှည်နှင့် သုတ်သုတ် နှင့် ပြဇာတ်ရုံဘက်သွားနေသည်။ ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက်လည်း သူ့နောက် အသာလိုက်ခဲ့လိုက်တော့သည်။ သေချာသည်ကိုး... သူ ရှမ်းနှစ်သစ်ကူးပွဲသွားမှာလေ။
June 8, 2009
ငှက်ကမ္ဘာသို့ အလည်တစ်ခေါက် (၃)
အမှတ်တရ ရိုက်လာခဲ့သော ဓာတ်ပုံများထဲမှ နှစ်သက်မိသော ဓာတ်ပုံလေးများကို ရွေးတင်လိုက်ပါသည်။
ဓာတ်ပုံအမည်ပေး
အစီအစဉ်သစ်ကလေးတစ်ခုကို စတင်လိုသည်။ ဓာတ်ပုံအမည်ကို ကျွန်တော် မပေးတတ်တော့ပါ။ ပရိတ်သတ်ကပေးသောနာမည်ကို တင်လိုပါသည်။ ဓာတ်ပုံ နံပါတ်တပ်ထားပါမည်။ Comment တွင် ဓာတ်ပုံ နံပါတ်နှင့် မိမိပေးလိုသောနာမည်ကို ရေးသားပေးပါရန် ပန်ကြားအပ်ပါသည်။ ကောင်းနိုးရာရာ နာမည်ကို ရွေးကာ ဓာတ်ပုံအတွက် အမှတ်တရ နာမည် အဖြစ်ပေးပါမည်။
June 4, 2009
ငှက်ကမ္ဘာသို့ အလည်တစ်ခေါက် (၂)
(ထိုငှက်တွင် အဖော်ရှိပုံ မပေါ်ပါ။ ငူငူကြီးရပ်နေသည်။ အစာစားသည်လည်း မဟုတ်။ တောထဲတွင် ကျန်ခဲ့သော မဟေသီကိုများ လွမ်းနေလာ မသိပါ။)
ထို့နောက် ငှက်ဥယျာဉ်ကို ဆက်လမ်းလျှောက်။ ဆက်ကြည့်သည်။ ဖြူသလိုလို နီသလိုလို ငှက်များ။ ဘာငှက်မှန်း ကျွန်တော်မသိပါ။ ဗျိုင်းလိုလို ငှက်ဟုသာ မှတ်ပါသည်။ ငှက်ကို အဲလောက် စိတ်ဝင်တစားမလေ့လာဖြစ်တာတော့ ၀န်ခံရမည်။
ဒီငှက်တွေပေါ့ဗျာ နီသလိုလို ဖြူသလိုလိုနဲ့
တကောင်တည်းကွက်ပြီးလည်း သေချာရိုက်ဖြစ်ခဲ့သည်။
May 31, 2009
ငှက်ကမ္ဘာသို့ အလည်တစ်ခေါက် (၁)
ငှက်ဖြစ်ရင်ကွယ် ... ကြက်ဖြစ်ရင်ကွယ် တစ်ကိုင်းတည်းနားချင်တယ်ဆိုတဲ့ ဆုတောင်းပြည့်နေသူ
May 30, 2009
ပင်ဂွင်းတို့ဆီ
လွန်ခဲ့သော အပတ် စနေနေ့က ပင်ဂွင်းငှက်များပျော်စံရာနေရာသို့မျက်စိလည်လမ်းမှားပြီး ရောက်သွားသည်။ လိုလိုမယ်မယ်ယူလာသည့် ကင်မရာဖြင့်မှတ်တမ်းတင်လာခဲ့သည်။
စာဖတ်ပရိတ်သတ် ဗဟုသုတအလို့ငှာ သို့မဟုတ် မျက်စိနှောက်စရာ အဖြစ် တင်ပြလိုက်ရပေသည်။
ပင်ဂွင်းငှက်တို့၏ ဤလို စုစည်းညီညွတ်မှုကို ကျွန်တော်အားရသည်။
ဤလို ကြင်ကြင်နာနာ အေးအေးချမ်းချမ်းလေးကိုလည်း အားကျသည်။ :D
April 25, 2009
Gtalk ပေါ်မှာ သိခဲ့ရတဲ့ စိုင်းခမ်းလိတ် အကြောင်း တစွန်းတစ (၂)
sai.k.naw: ဟလို....
me: အင်း
sai.k.naw: အစ်ကို မနေ့..
7:47 PM လိုင်းမကောင်းလို့ကျသွားတာ.. sorry nor..
me: ဟုတ်ကဲ့ ဆက်ပြောပြပါဦးဗျ
7:48 PM
sai.k.naw: သူထောင်ခဲ့တဲ့ အဖွဲနာမည်က ခေုင်,သ်ု,င်္လံင်း ဆိုတဲ့တီးဝိုင်းအဖွဲ့ လေးပါ....သာရေးနာရေးတွေလည်း ပါတာပေါ့နော်............
me: အင်း
sai.k.naw: သူအဖေကလည်း...
me: ဘာနဲ့တီးတာလဲဗျ
7:49 PM
sai.k.naw: အဲဒီတုန်းက..သိပ်ရယ်ရတယ်သိလား.... တီဝိုင်းကလိုတဲ့လျှပ်စစ်ဂီတာတို့..ကို
7:50 PM သူတို့ဘာသာသူတို့လုပ်ကြတယ်.. သိပ်ဝါသနာကြီးကြတယ်...
me: အင်း
sai.k.naw: မဝယ်နိုင်ဘူးလေ..
me: အေးပေါ့ဗျာ
7:51 PM
sai.k.naw: ဒရမ်ဆိုရင် ဘေပါပုံးကို ဖြတ်ပြီးလုပ်တာ...
7:52 PM
me: ဟုတ်လား ထူးထူးဆန်းဆန်း
sai.k.naw: ပြီးမှနွားသားရေ နဲ့ ပြန်ကပ်တယ်...း)
me: အေးဗျာ
7:53 PM ဘာတွေထူးထူးခြားခြားလုပ်သေးလဲ
sai.k.naw: အဲဒီဒရမ်တောင် အခုထိရှိအုံးမယ်ထင်တယ် အင့်...
7:54 PM အဲ့ဒါတော့ သိပ်မသိဘူး...အဖေက သူနမ္မတူက ထွက်ပြီးနောက်ပိုင်း....
7:55 PM မှာ
me: အင်း
sai.k.naw: သူ့ထောင်ထားတဲ့တီးဝို်င်းမှာ ဂီတာတီးတယ်.. ကျနော့လက်ထက်ထိပေါ့..
7:56 PM
me: သြော် ညီလေးရော တီးတာလား
sai.k.naw: အင့်... ကျနော်က.. ကီဘုတ်တီးတယ်။.
7:57 PM နောက်ပိုင်း အဲ့ ဒီအဖွဲ့ ကို အမည်ပြောင်းလိုက်ကြတယ်.. ရှမ်းစာပေအဖွဲ့အစည်း.. ဆိုပြီး...
7:58 PM အခုထိလုပ်ရှားနေတုန်ပဲ...
me: အင်း ကောင်းတာပေါ့ဗျာ စာပေလည်း ထိန်းသိမ်းပြီးသားဖြစ်တာပေါ့
7:59 PM
sai.k.naw: အင့်...သူအဖေလည်း စံပဲ..
me: ဘာတွေများထူးခြားတာလဲ
sai.k.naw: ကျနော်တော့မမှီပါဘူး..
8:00 PM ကျနော်တို့ တောင်ပေါ်ဘုရားမှာ သူအဖေ
8:01 PM ဆွဲထားတဲ့.. ပန်ချီကားရှိတယ်.. ဗုဒ္ဓဝင်ကားတွေ..
me: အင်း အများကြီးလား
8:02 PM
sai.k.naw: သိပ်မများဘူး... ၂ကားလောက်ပဲထင်တယ်... ကြားလှပြီ... အဲဒါကို...
8:03 PM သူပြန်လာတောင်းသေးတယ်.. ဆရာတော်ကမပေးဘူး...
me: :D
8:04 PM
sai.k.naw: သူအဖေလက်ရာကို လိုက်စုနေတာလို့ပြောတာပဲ..
me: အင်း
8:05 PM ကျောင်းနေတုန်း တခြားဘာတွေများလုပ်သေးလဲ
Gtalk Connection က နောက်တဖန် ပြတ်သွားပြန်ပါသည်။

April 23, 2009
Gtalk ပေါ်မှာ သိခဲ့ရတဲ့ စိုင်းခမ်းလိတ် အကြောင်း တစွန်းတစ
sai.k.naw: အစ်ကို က စိုင်းခမ်းလိတ်ရဲ့အကြောင်းကိုဘယ်က ရလဲ...
me: http://www.shanland.org
sai.k.naw: သြော်....ဟုတ်လား..
7:31 PM ကျနော်က နမ္မတူသားပါ..
သူနေခဲ့တဲ့ အိမ်နားလေးကပါ...
7:32 PM
me: :D
သိသမျှ ရေးပေးပါလား
ကျွန်တော် ပို့တင်ပေးမယ်လေ
ကြားမိသမျှပေါ့
7:33 PM မိဘတွေ ဆီကဖြစ်ဖြစ် ဘယ်သူ့ ဆီက ဖြစ်ဖြစ်ပေါ့
sai.k.naw: အော်...ကျနော်က မမှီဘူး ...ကျနော်အဖေတို့ အဖွဲ..
လေ...
me: အင်း
အဖေပြောပြတာ ကြားဖူးသမျှပေါ့
sai.k.naw: ဟုတ်ကဲ့..
7:34 PM me: http://www.shanland.org/index.php?option=com_content&view=article&id=2542:sai-kham-leik-the-timeless-song-composer&catid=mailbox&Itemid=279
7:35 PM sai.k.naw: သူက သိပ်ညဏ်ကောင်းတာတဲ့ နမ္မတူ convent ကျောင်းမှာတုန်းက ဆို...
စာအုပ်မသုံးဘူး...
ကျောက်သင်ပုန်းနဲ့ကျေက်တံပဲသုံးတာ..
me: အင်း
ဘယ်နှတန်းထိလဲ
7:36 PM sai.k.naw: အဲဒီမှာက အလယ်တန်းထိပဲရှိတာ...
me: အင်း
sai.k.naw: မာတာကြီက..
သူကိုဆူတယ်...
me: ၈ တန်းထိ ကျောက်တံနဲ့ကျောက်သင်ပုန်းသုံးတာပေါ့
7:37 PM sai.k.naw: အင်း..
တနေ့သင် ပြီရင်...
ပြီးပြီ..
အမြဲတမ်းနံပါတ် ၁...ပဲ..
7:38 PM ပြင်ဦးလွင်ပြောင်းသွားတော့မှာပဲ..
စာအုပ်သုံးတာ..
me: အင်း အင်း စံပဲ
7:39 PM sai.k.naw: နမ္မတူမှာ
..သူထောင်ထားတဲ့...
အဖွဲ..က
အခုထိရှိသေးတယ်...
7:40 PM me: ဘာအဖွဲ့များလဲ
7:44 PM ဟဲလို
Gtalk Connection ပြတ်သွားပါသည်။ နောက်နေ့ တွေ့လျှင် ဆက်မေးထားပါမည်။

February 27, 2009
ဗျိုင်းကလေး
ကျွန်တော် ယခုအလုပ်လုပ်နေသောနေရာက ပင်လယ်ကမ်းစပ်လေးလိုနေရာ။ ကျွန်တော်တို့ရုံးခန်းလေးက ကမ်းစပ်နဲ့ မလှမ်းမကမ်းမှာ။ Container လေးထဲ။ Mr. Lim Choon Min ခေါ် မန်နေဂျာရယ်၊ ဖိလစ်ပိုင်မှ အင်ဂျင်နီယာ Mr. Ramon ရယ်၊ ကျွန်တော်ရယ်။ အားလုံး ၃ ယောက်။ ကျန်သူများက Supervisor နှင့် worker များ။
ကျွန်တော်တို့ ရုံးခန်းလေး ရှိရာနှင့် မလှမ်းမကမ်းတွင် ရေတွင်း ဆောက်လုပ်ရေးအတွက် တားထားသော ဘောများရှိသည်။ ထို ဘောများပေါ်တွင် နေ့အခါ ဗျိုင်းငှက်လေးများ လာလာနားကြသည်။ ကျွန်တော် သူတို့ကို ရိုက်လာမည်ကြံသည်မှာ ကြာပြီ။ ဒီနေ့မှ သေချာရိုက်လာဖြစ်သည်။ အလုပ်ခွင်ထဲမှ အကြောင်းများ ကျွန်တော် ရေးပါဦးမည်။ ဒီကနေ့တော့ ဗျိုင်းကလေးက မင်းသား ...
Subscribe to:
Posts (Atom)
-
ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင...
-
Is the mind a form of energy or a controller of energy?

.gif)
.gif)
.gif)
.gif)
+copy.gif)
.gif)
.gif)
.gif)
.gif)
.gif)