June 15, 2008

အဖေများနေ့ အမှတ်တရ ....





အဖေများနေ့ ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ ကို ဂုဏ်ပြုသောအားဖြင့်ဖော်ပြသည်


<a href="http://www.touchninspire.com/inspire/father.swf" target="_blank">http://www.touchninspire.com/inspire/father.swf</a>

June 13, 2008

မွေးနေ့ အမှတ်တရ

ဒီနေ့ ဇွန်လ ၁၃ ရက် ကျွန်တော့်မွေးနေ့ .....
ဖေဖေနဲ့မေမေကတော့ အဝေးရောက်နေတဲ့ ကျွန်တော် ဘေးကင်းရန်ကွာ ကျန်းမာ စေကြောင်း ကျွန်တော့်မွေးနေ့တိုင်း အပတ်စဉ် ကုသိုလ်ပြုပေးနေပါတယ်။ ဖုန်းဆက်တဲ့အခါ သာဓုခေါ်ဖို့ပြောတယ်။
ဖေဖေနဲ့ မေမေ အတွက် မွေးနေ့ရောက်တိုင်း ၀တ်စုံလေးတွေ အမှတ်တရ ကန်တော့တဲ့ အလေ့အကျင့်လေးတစ်ခု ကျွန်တော်ပျိုးထောင်ခဲ့တယ်။ ကျွန်တော် ပေးသမျှလေးဟာ ဘာမျှပြောပ လောက်တာ မဟုတ်ပေမယ့် ဖေဖေနဲ့ မေမေ ပီတိဖြစ်မှာကို ကျွန်တော်သိတယ်။ ညီတွေ ညီမတွေကို လည်း ဒီအကျင့်လေးရအောင် ကျွန်တော်ပျိုးထောင်ပေးနေပါတယ်။ ခု ကုသိုလ်ပြုခွင့်ရတဲ့အခါတိုင်း၊ ပြုဖြစ်တဲ့အခါတိုင်း မိဘတွေ သာဓုခေါ်နိုင်အောင် ဖုန်းဆက်တဲ့အခါ အသိပေးပါတယ်။ အမျှဝေပေးတယ်။ အမေဆို ဖုန်းထဲကနေ သာဓုခေါ်တာ ကြာဖူးပါရဲ့ ။
ကျွန်တော် ပြည်ပရောက်ပြီး တစ်လ အကြာလောက်မှာ အဖိုးဆုံးတယ်။ အဖေပြောပြတယ်။ ကျွန်တော်က ဒီမှာ ပန်းသီးတွေပေါတဲ့ အကြောင်း၊ အသီးကြိုက်တဲ့ အဖေနဲ့ အဖိုးကို သတိရကြောင်း ပြောဖြစ်တယ်။ အဖိုးကို ကျွန်တော် ဒီမလာခင် တစ်နှစ်လောက်က နောက်ဆုံး လိမ္မော်သီး လေးတွေ ခွံကျွေးခဲ့တာကို သတိရတယ်။ အဖိုးက မျက်စိလည်းမမြင် စကားလည်းကောင်းကောင်း မပြောနိုင်၊ မထနိုင်၊ မသွားနိုင်တော့ဘူးလေ။ အဖေ နဲ့ အမေတောင် အသက် ၅၀ ကျော်ပြီ။ ဒီလိုနဲ့ အသက်တွေကြီး မစွမ်းတော့တဲ့ အချိန်ရောက်လာကြရတာပါပဲလေ။ ကျွန်တော်တို့ လုပ်နိုင်တုန်းလေး၊ လုပ်ခွင့်ရှိတုန်းလေး လုပ်ရမယ်။ ဒီငယ်ရွယ် အားမာန်ပြည်ဖြိုးတဲ့ ခန္ဓာ ကိုယ်ကို အလဟဿ ပြုန်းတီးအိုမင်းသွားစေမလား။ စက္ကန့်နဲ့ အမျှ ကျွန်တော်တို့ အသက်ကြီး ပျက်စီးလာပါတယ်။ အိုမင်းလာတာကို သိသာမြင်သာတဲ့ အချိန်မှာတော့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ လုပ်ပေးသင့်တာလေးတွေကို ...
(၁) ကျန်းမာတုန်းလေး
(၂) ငယ်ရွယ်တုန်းလေး
(၃) သတိမချို့ယွင်းခင်ကလေး
(၄) အင်္ဂါတစ်ပါးပါး မပျက်စီးခင်ကလေး
(၅) ပေးရမယ့်သူရှိတုန်းလေး
(၆) ပေးနိုင်တုန်းလေး
(ရ) သင်မကျရှုံးခင်လေး
သင်ရလာမှာဟာတွေက ဒီဟာကြောင့်တော့ ပျက်စီးမသွားပါဘူး။
ဘုရားညွှန်ကြားခဲ့တဲ့အတိုင်း ရတဲ့ဥစ္စာကို ၄ ပုံ ပုံပြီးတော့ပေါ့။
၁ ပုံကို လက်ငင်းသုံး (စား၊ ၀တ်၊ နေ)
၁ ပုံကို ရင်းနှီး (လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံ)
၁ ပုံကို စု (လိုအပ်ချိန်တွင် အသင့်သုံးနိုင်ရန်၊ နောင် အရင်းအနှီးကြီး)
၁ ပုံကို အများအတွက် သုံး (မိဘ၊ ဆွေမျိုး၊ အများအကျိုး)

ဖေဖေနဲ့မေမေက အဝေးကနေ ဆုတောင်းပေးနေတယ်။

သံယောဇဉ်ကြီးရမယ့် ချစ်စရာကောင်မလေးတစ်ယောက်ဆီကနေ အစောဆုံး တစ်ခုတည်းသော ဖုန်းမက်ဆေ့ဂ် ကိုရလိုက်ပါတယ်။


ပျော်ရွင်စရာမွေးနေ့လေးပါပဲ။



click for more

June 12, 2008

မိဘ နဲ့ သားသမီး

မိဘ
ဒီကလေး
မွေးကျွေးပေး
ဝသေးတယ်မရှိ
အားများပင် ငယ်မိ။
သားသမီး
ပေးတာလေးတစ်ခါ
ကျွေးတာလေးတစ်ခေါက်
မာနတွေတောင်လိုမောက်။

June 9, 2008

ဖြစ်တတ်တာလေးများ (အီးမေးလ်မှ စာတစ်စောင်ဖြစ်ပါသည်။)



BOSS မရှိရင်

BOSS ခေါ်တဲ့အခါ

Meeting ထိုင်နေတဲ့အခါ

သင်တန်းမှာဆို

လက်ဖက်ရည်သောက်တဲ့အချိန်မှာဆို

ပိတ်ရက်မွန်းမတည့်မီ

အလုပ်ဆင်းတော့မယ်ဆို

မနက်ဖြန်ပိတ်ရက်ဆို

BOSS က ဒီနေ့ အလုပ်အပြီးသတ်ရမယ်ဆို

သတ်မှတ်ရက်အတွင်း

BOSS ရဲ့  လိုအပ်ချက်ကိုလုပ်မပေးနိုင်တဲ့အခါ

အချိန်ပို ၂ နာရီလောက် ဆင်းပေးရတဲ့အခါ

တစ်ညလုံး အချိန်ပို ဆင်းရတဲ့အခါ

ပိတ်ရက်တွေမှာ အချိန်ပိုရှိကြောင်းသိရတဲ့အခါ

ဖောက်သည်နဲ့တွေ့ ရင်တော့ I don't know.

အမှားလေးများလုပ်မိတဲ့အခါ

လုပ်ငန်းလေးအဆင်ပြေ အောင်မြင်တယ်ဆို

စိတ်ညစ်စရာ အနှောင့်အယှက်တွေ့တဲ့အခါဆို

ထောက်ပံ့ငွေမရတဲ့အခါ

နှစ်အကုန် BONUS မရတဲ့အခါ

June 8, 2008

အမေ




အမေ အဖေ့ကိုချစ်တော့
ကျွန်တော်တို့တွေက
အမေ့အိပ်မက်။
အရောင်မပီတဲ့ပန်ချီ
ဆေးမစီသေးတဲ့ကား
ခပ်ဝါးဝါး ခပ်မှုန်မှုန်။
အမေ အဖေနဲ့ အိမ်ထောင်ပြု
ဆေးစက်စု စုတ်ချက်တင်
ကျွန်တော်တို့တွေထင်လာခဲ့။
စုတ်ချက်တွေနုနုခြယ်
လှစေလိုတဲ့ စေတနာကဲ
သြော် အမေလည်း
အလှဆုံး အချောဆုံး
စေတနာတွေနဲ့ မှုန်းလေတော့
သည်ချာနစ်ဆုံး
အချစ်တုံးလေးတွေဖြစ်လေရဲ့ ။
သားလား သမီးလား
ကွဲကွဲပြားပြား မသိခင်ကတည်းက
စေတနာ မေတ္တာရည်
ယိုဖိတ်လို့ တည်လေရဲ့ ။
သြော် ... အမေ့မှာ
ဝေဒနာ ခပ်တင်းတင်း
၉ လလောက် ၀မ်းနဲ့လွယ်
ပမ်းတယ်လို့ အမေညည်းတာ
မကြားခဲ့ ဘူးပါလေ .....
ကျွန်တော်လေ
၁ ပိဿာ အလေးကို
ဗိုက်မှာ ချည်ကပ်ပြီး
၆ လလောက် နေရမယ်ဆို
သေမယ်ဆို သေလောက်ရဲ့ ။
သြော် .... အမေ့မှာတော့
ပီတိတွေ အလီလီ
လူစင်မီတဲ့
သူ့ရင်သွေး
ပီပီလေး ဖြစ်လာဖို့
အစားတွေရှောင်
အနေရှောင်နဲ့
တစ်နှစ်တာ နီးနီး
အမေ မညည်းနေခဲ့တယ်။
အို ... တကယ်ဆို
သေမယ်ဆို သေနိုင်တဲ့
အလောင်းအစားတစ်ခု
လူဖြစ်စေမှု ကျဘမ်းကစားပွဲ
အမေလေ ...
အသက်နဲ့လဲပြီး
သွေးကြီးကြီးနဲ့ လောင်းခဲ့တယ်။
အုဝဲ သံသဲသဲ
အမေ့အောင်ပွဲ ဘယ်လောက်လှ
အမေ့သောကတွေ ပြေပျောက်
ချွေးတပေါက်ပေါက်နဲ့ အတူ
သွေးအစက်အပေါက်တွေနဲ့
အမေသုခဘုံ ရောက်တဲ့နေ့
ကျွန်တော့ မွေးနေ့ပါပဲ။
အမေ သတ္တိရှိလို့
လူဖြစ်တဲ့ကျွန်တော်
အမေ့ကို ခေါ်နေခဲ့သလား
အုဝဲသံကြားတိုင်း
ပြာယာခပ်
အမေသေမတတ်စိတ်ပူ
နို့ချိုချို လိုသလား
သေးစိုစိုလား
ချေးညိုညိုလား
အမေ မမောနိုင်အား
ညည့်နက်နက် အိပ်ပျက်ညပေါင်းများစွာ
ပေပေ ပွပွ လူးလျက်
အချစ်မပျက်တဲ့ နေ့ပေါင်းလည်းများစွာ။
အမေ့မေတ္တာနဲ့ အခြေတည်
လူပီပီဖြစ် ကျွန်တော်ဖြစ်
ကျွန်တော်တို့တစ်တွေဆိုးတော့ရော
မလျော့သောအချစ်နဲ့အမေ။
ဟင်းလေးတစ်ဖတ် နှစ်ဖတ်
ထမင်းလေး တစ်နပ်နှစ်နပ်နဲ့
ကျေးဇူးဆပ်ရုံလား
အင်္ကျီလေးတထည်
ထမီလေးရောင်စုံခြယ်နဲ့
ကန်တော့ပေးရုံရယ်လား။
အမေ့အတွက်မှာ
ဒီလိုဒီဟာ တီတီတာတာပေး
မဖြစ်စလောက်ကလေးကို
သွေးတွေကြီး ဂုဏ်တွေယူ
ပီတိတွေအလံထူနေရဲ့ ။

June 7, 2008

သတ္တိ

မှန်တာကိုလုပ်
ဟုတ်တာကိုပြော
ကောင်းတာကိုလုပ်ပြ
ဒါသတ္တိလို့ ဆိုသလား။
မမှန်တာကို သိ
လုပ်မိတာဝန်ခံ
ညံ့တာကို ပြ
ဒါရောသတ္တိလိုသလား။

(မြင်မိသမျှတော့။ အမှန်ကို လုပ်ရဲတာလည်းသတ္တိလိုတယ်။ အမှားကို ပြင်နိုင်ဖို့ အမှားကို ၀န်ခံရဲ၊ ကိုယ်ထက်သာသူကို လုပ်ဆောင်ခွင့်ပေးရဲ၊ အောင်မြင်ခွင့်ပေးရဲဖို့ လည်းသတ္တိလိုတယ်။ တကယ်သတ္တိကောင်းရဲ့ လား။ တကယ် သတ္တိရှိရဲ့ လား။)
:P

June 3, 2008

အဖေ


အဖေဟာ အမေလို

အနားမှာ မနေနိုင်

ချွေးတစိုစိုနဲ့ နေပူထဲ

လဲတဲ့အခါလဲ

ကွဲတဲ့အခါကွဲ

အိမ်အပြန်ခဏနား

သားသမီး မျက်နှာကြည့်

ပီတိနဲ့ အမောပြေ

သြော် အဖေ

ပြုံးဖို့တောင်မေ့နေလေရဲ့ ။

အဖေဟာ အမေလို

အကြင်နာစကားတွေမပိုအား

ခွန်အားနဲ့ချွေး

ဥာဏ်ကိုပေးပြီး

သမီးနဲ့ သားရှေ့ မှာ

အားကိုးရာအဖြစ်

ငွေကြေးလူမှု ခက်ခဲတွေစုပေမယ့်

စိတ်အားငယ်မှုတွေဘေးဖယ်

တည်ငြိမ်ယောင်ဆောင်လေရဲ့ ။

သြော်အဖေဟာ

လူတစ်ဦးမျှသာပဲ

မာယာ တဏှာ

အခါခါ ကြုံရှာခဲ့

ရှောင်လာသမျှအမှား

လွဲတဲ့အခါများရှိခဲ့ရင်

ခွင့်လွတ်ချင်သူတော့ အရှားသား

ကျေးဇူးတွေမေ့

မလျော်ကန်တဲ့စကားတွေ ခေါင်းငုံ့ခံ

ဒါလောကဓံလို့များ

အဖေခံယူရော့သလား။

"လူတို့အကြိုက် ၁၀ ခါလိုက်လည်း

မလိုက် ၁ ခါရှိခဲ့ပါမူ

ကြီးစွာရန်သူ မှတ်တော်မှု၏"

ရှိသည့်စကား စိတ်ဝယ်ထားပါ

အဖေပျိုးလို့ အပင်ပေါက်

အဖေရေးလောင်းလို့ အသက်ရှင်

အဖေပေါင်းသင်လို့ ကြီးထွား

အဖေ့အားနားလည်တတ်ပါစေ။

အဖေ့စကားခါးခါး

ဓားသွားတွေကို သိမ်းထားပါ

အဖေ့လက်သံပြင်းပြင်း

အားမာန်သွင်းဖို့ စုထားပါ

အဖေ့မျက်နှာ ခပ်တင်းတင်းမှာ

ပြောမပြတဲ့စေတနာ

အဖေ့အကြိမ်းအမောင်းတွေနောက်

စေတနာတွေ တောင်လိုမောက်နေတာ

အဖေ့ အရိပ်ဟာ

ဘယ်လောက်လုံခြုံ

အဖေ့ဂုဏ်ကို အမှတ်ပြု

အဖေ့ကိုလည်းရှုကြပါ

အိုလာ မင်းလားပေမယ့်

သူမာန်ချမှာမဟုတ်

အတ္တကြီးခွင့်ပေးပါ

အိမ်ဦးမှာ ပွဲထုတ်

ဆရာလုပ်ခွင့်လည်းပေးပါ

နေညိုချိန်မှာ

အဖေအားမငယ်ပါစေနဲ့။




အဖေ့ ဂုဏ်ကျေးဇူးကို ဂုဏ်ပြုသော အားဖြင့် June 13 တွင် ကျရောက်မည့် ကျွန်တော့်မွေးနေ့အမှတ်တရ ရေးဖွဲ့သည်။
အဖေ့အား ရိုသေစွာရှိခိုး ကန်တော့လျက် .....အဝေးရောက်သားကြီး .....
.
.
.
.