June 8, 2008

အမေ




အမေ အဖေ့ကိုချစ်တော့
ကျွန်တော်တို့တွေက
အမေ့အိပ်မက်။
အရောင်မပီတဲ့ပန်ချီ
ဆေးမစီသေးတဲ့ကား
ခပ်ဝါးဝါး ခပ်မှုန်မှုန်။
အမေ အဖေနဲ့ အိမ်ထောင်ပြု
ဆေးစက်စု စုတ်ချက်တင်
ကျွန်တော်တို့တွေထင်လာခဲ့။
စုတ်ချက်တွေနုနုခြယ်
လှစေလိုတဲ့ စေတနာကဲ
သြော် အမေလည်း
အလှဆုံး အချောဆုံး
စေတနာတွေနဲ့ မှုန်းလေတော့
သည်ချာနစ်ဆုံး
အချစ်တုံးလေးတွေဖြစ်လေရဲ့ ။
သားလား သမီးလား
ကွဲကွဲပြားပြား မသိခင်ကတည်းက
စေတနာ မေတ္တာရည်
ယိုဖိတ်လို့ တည်လေရဲ့ ။
သြော် ... အမေ့မှာ
ဝေဒနာ ခပ်တင်းတင်း
၉ လလောက် ၀မ်းနဲ့လွယ်
ပမ်းတယ်လို့ အမေညည်းတာ
မကြားခဲ့ ဘူးပါလေ .....
ကျွန်တော်လေ
၁ ပိဿာ အလေးကို
ဗိုက်မှာ ချည်ကပ်ပြီး
၆ လလောက် နေရမယ်ဆို
သေမယ်ဆို သေလောက်ရဲ့ ။
သြော် .... အမေ့မှာတော့
ပီတိတွေ အလီလီ
လူစင်မီတဲ့
သူ့ရင်သွေး
ပီပီလေး ဖြစ်လာဖို့
အစားတွေရှောင်
အနေရှောင်နဲ့
တစ်နှစ်တာ နီးနီး
အမေ မညည်းနေခဲ့တယ်။
အို ... တကယ်ဆို
သေမယ်ဆို သေနိုင်တဲ့
အလောင်းအစားတစ်ခု
လူဖြစ်စေမှု ကျဘမ်းကစားပွဲ
အမေလေ ...
အသက်နဲ့လဲပြီး
သွေးကြီးကြီးနဲ့ လောင်းခဲ့တယ်။
အုဝဲ သံသဲသဲ
အမေ့အောင်ပွဲ ဘယ်လောက်လှ
အမေ့သောကတွေ ပြေပျောက်
ချွေးတပေါက်ပေါက်နဲ့ အတူ
သွေးအစက်အပေါက်တွေနဲ့
အမေသုခဘုံ ရောက်တဲ့နေ့
ကျွန်တော့ မွေးနေ့ပါပဲ။
အမေ သတ္တိရှိလို့
လူဖြစ်တဲ့ကျွန်တော်
အမေ့ကို ခေါ်နေခဲ့သလား
အုဝဲသံကြားတိုင်း
ပြာယာခပ်
အမေသေမတတ်စိတ်ပူ
နို့ချိုချို လိုသလား
သေးစိုစိုလား
ချေးညိုညိုလား
အမေ မမောနိုင်အား
ညည့်နက်နက် အိပ်ပျက်ညပေါင်းများစွာ
ပေပေ ပွပွ လူးလျက်
အချစ်မပျက်တဲ့ နေ့ပေါင်းလည်းများစွာ။
အမေ့မေတ္တာနဲ့ အခြေတည်
လူပီပီဖြစ် ကျွန်တော်ဖြစ်
ကျွန်တော်တို့တစ်တွေဆိုးတော့ရော
မလျော့သောအချစ်နဲ့အမေ။
ဟင်းလေးတစ်ဖတ် နှစ်ဖတ်
ထမင်းလေး တစ်နပ်နှစ်နပ်နဲ့
ကျေးဇူးဆပ်ရုံလား
အင်္ကျီလေးတထည်
ထမီလေးရောင်စုံခြယ်နဲ့
ကန်တော့ပေးရုံရယ်လား။
အမေ့အတွက်မှာ
ဒီလိုဒီဟာ တီတီတာတာပေး
မဖြစ်စလောက်ကလေးကို
သွေးတွေကြီး ဂုဏ်တွေယူ
ပီတိတွေအလံထူနေရဲ့ ။

4 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

သိပ်ကိုနက်နဲတဲ့အမေ့မေတ္တာဘွဲ့လေးကို
ပေါ်အောင်ရေးနိုင်စွမ်းရှိတဲ့ကိုစိုင်းခမ်းထွန်း
ကိုသိပ်လေးစားပါတယ်။နောက်ဆုံးသိမ်း
ထားတဲ့အမေ့ရဲ့မော်ပြီးပြုံးနေမဲ့မျက်နှာလေး
ကိုမြင်ယောင်ပြီးမျက်ရည်ကျမိတယ်။နောက်
လဲသိပ်မြတ်နိုးစရာကောင်းတဲ့ကဗျာလေး
တွေစပ်ဆိုနိုင်ပါစေနော်။

alfallah12345 said...

الجامعة المعترف بها في الامارات

raybanoutlet001 said...

ray ban sunglasses
ray ban sunglasses
pandora outlet
nike roshe
nike shoes
ravens jerseys
coach outlet online
michael kors handbags
indianapolis colts jerseys
polo ralph lauren

toashes said...

you can look here replica dolabuy find out Dolabuy Chrome-Hearts use this link www.dolabuy.ru