June 13, 2008

မွေးနေ့ အမှတ်တရ

ဒီနေ့ ဇွန်လ ၁၃ ရက် ကျွန်တော့်မွေးနေ့ .....
ဖေဖေနဲ့မေမေကတော့ အဝေးရောက်နေတဲ့ ကျွန်တော် ဘေးကင်းရန်ကွာ ကျန်းမာ စေကြောင်း ကျွန်တော့်မွေးနေ့တိုင်း အပတ်စဉ် ကုသိုလ်ပြုပေးနေပါတယ်။ ဖုန်းဆက်တဲ့အခါ သာဓုခေါ်ဖို့ပြောတယ်။
ဖေဖေနဲ့ မေမေ အတွက် မွေးနေ့ရောက်တိုင်း ၀တ်စုံလေးတွေ အမှတ်တရ ကန်တော့တဲ့ အလေ့အကျင့်လေးတစ်ခု ကျွန်တော်ပျိုးထောင်ခဲ့တယ်။ ကျွန်တော် ပေးသမျှလေးဟာ ဘာမျှပြောပ လောက်တာ မဟုတ်ပေမယ့် ဖေဖေနဲ့ မေမေ ပီတိဖြစ်မှာကို ကျွန်တော်သိတယ်။ ညီတွေ ညီမတွေကို လည်း ဒီအကျင့်လေးရအောင် ကျွန်တော်ပျိုးထောင်ပေးနေပါတယ်။ ခု ကုသိုလ်ပြုခွင့်ရတဲ့အခါတိုင်း၊ ပြုဖြစ်တဲ့အခါတိုင်း မိဘတွေ သာဓုခေါ်နိုင်အောင် ဖုန်းဆက်တဲ့အခါ အသိပေးပါတယ်။ အမျှဝေပေးတယ်။ အမေဆို ဖုန်းထဲကနေ သာဓုခေါ်တာ ကြာဖူးပါရဲ့ ။
ကျွန်တော် ပြည်ပရောက်ပြီး တစ်လ အကြာလောက်မှာ အဖိုးဆုံးတယ်။ အဖေပြောပြတယ်။ ကျွန်တော်က ဒီမှာ ပန်းသီးတွေပေါတဲ့ အကြောင်း၊ အသီးကြိုက်တဲ့ အဖေနဲ့ အဖိုးကို သတိရကြောင်း ပြောဖြစ်တယ်။ အဖိုးကို ကျွန်တော် ဒီမလာခင် တစ်နှစ်လောက်က နောက်ဆုံး လိမ္မော်သီး လေးတွေ ခွံကျွေးခဲ့တာကို သတိရတယ်။ အဖိုးက မျက်စိလည်းမမြင် စကားလည်းကောင်းကောင်း မပြောနိုင်၊ မထနိုင်၊ မသွားနိုင်တော့ဘူးလေ။ အဖေ နဲ့ အမေတောင် အသက် ၅၀ ကျော်ပြီ။ ဒီလိုနဲ့ အသက်တွေကြီး မစွမ်းတော့တဲ့ အချိန်ရောက်လာကြရတာပါပဲလေ။ ကျွန်တော်တို့ လုပ်နိုင်တုန်းလေး၊ လုပ်ခွင့်ရှိတုန်းလေး လုပ်ရမယ်။ ဒီငယ်ရွယ် အားမာန်ပြည်ဖြိုးတဲ့ ခန္ဓာ ကိုယ်ကို အလဟဿ ပြုန်းတီးအိုမင်းသွားစေမလား။ စက္ကန့်နဲ့ အမျှ ကျွန်တော်တို့ အသက်ကြီး ပျက်စီးလာပါတယ်။ အိုမင်းလာတာကို သိသာမြင်သာတဲ့ အချိန်မှာတော့ ဘာမှ မလုပ်နိုင်တော့ပါဘူး။ လုပ်ပေးသင့်တာလေးတွေကို ...
(၁) ကျန်းမာတုန်းလေး
(၂) ငယ်ရွယ်တုန်းလေး
(၃) သတိမချို့ယွင်းခင်ကလေး
(၄) အင်္ဂါတစ်ပါးပါး မပျက်စီးခင်ကလေး
(၅) ပေးရမယ့်သူရှိတုန်းလေး
(၆) ပေးနိုင်တုန်းလေး
(ရ) သင်မကျရှုံးခင်လေး
သင်ရလာမှာဟာတွေက ဒီဟာကြောင့်တော့ ပျက်စီးမသွားပါဘူး။
ဘုရားညွှန်ကြားခဲ့တဲ့အတိုင်း ရတဲ့ဥစ္စာကို ၄ ပုံ ပုံပြီးတော့ပေါ့။
၁ ပုံကို လက်ငင်းသုံး (စား၊ ၀တ်၊ နေ)
၁ ပုံကို ရင်းနှီး (လုပ်ငန်းတွင် ရင်းနှီးမြုပ်နှံ)
၁ ပုံကို စု (လိုအပ်ချိန်တွင် အသင့်သုံးနိုင်ရန်၊ နောင် အရင်းအနှီးကြီး)
၁ ပုံကို အများအတွက် သုံး (မိဘ၊ ဆွေမျိုး၊ အများအကျိုး)

ဖေဖေနဲ့မေမေက အဝေးကနေ ဆုတောင်းပေးနေတယ်။

သံယောဇဉ်ကြီးရမယ့် ချစ်စရာကောင်မလေးတစ်ယောက်ဆီကနေ အစောဆုံး တစ်ခုတည်းသော ဖုန်းမက်ဆေ့ဂ် ကိုရလိုက်ပါတယ်။


ပျော်ရွင်စရာမွေးနေ့လေးပါပဲ။



click for more

22 comments:

စိုးထက် - Soe Htet ! said...

Happy Birthday !

မွေးနေ့ မှာ ပျော် ရွှင် အဆင်ပြေ ပါစေ ညီလေးရေ ... ကျွန်တော့် မွေးနေ့ က ဇွန် ၁၈ ဗျ :P

~P~ said...

ယနေ.မှနောက်နှစ် ၁၀၀၀၀၀၀၀ တိုင်တိုင်ပျော်ရွှင်မူ.အပေါင်းတွေနဲ.ပြည်.စုံပြီး..မတောင်းဘဲနဲ.လိုအင်ဆန်ဒတွေအားလုံးပြည်.၀ပါစေ လိုဆုတောင်းပေးပါတယ်နော်.. :) HAPPY BIRTHDAY TO YOU !ကလေးလေးနဲ.ရောပြီးဆိုပေးသွားပါတယ် :D

ဇနိ said...

ံပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ နောင်နှစ်ပေါင်းများစွာ အေးချမ်းသာယာတဲ့ဘ၀လေး ရရှိပါစေ

Unknown said...

ယခုမွေးနေ့မှသည် သားကောင်း အဖြစ်နဲ့ ရာသက်ပန် ပျော်ရွှင်ပါစေ။ မိဘကျေးဇူး အထူးဆပ်နိုင်သူ ဖြစ်ပါစေ။

Saing Khan Tun said...

ကျွန်တော် ပြောကြသလို လုပ်နိုင်အောင် ကြိုးစားပါ့မယ် ..... မွေးနေ့အတွက် တကူးတက Comment ရေးပေးတဲ့အတွက်လည်း နှလုံးသားရဲ့  အနက်ရှိုင်းဆုံးနေရာတွေမှာ မှတ်တမ်းတင်ထားပါ့မယ် .... လေးနက်သော ဆန္ဒဖြင့် ....

အိတာ said...

happy birthday to U ...
happy birthday dear bro..
may u be in happiness for the rest of ur life...

family said...

နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ သိမ်းထားမယ့် ကိုစိုင်းခမ်းရေ...မေးနေ့မှသည် စိတ်ချမ်းသာမှုအစစ်အမှန်ဖြင့် ဘ၀ကိုပျော်၇ွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ရွှန်းမီ said...

Happy Birthday!
မိဘကျေးဇူး သိတဲ့ အစ်ကိုကြီး အမြဲ ပျော်ရွှင်ချမ်းမြေ့  ပါစေ။ :-)

CYBER PLANET said...

Happy Birthday ပါဗျာ!

Taungoo said...

ကိုစိုင်းရေ
မွေးနေ့မှသည် ငြိမ်းချမ်းခြင်းအတိဖြင့် ဆက်လက် လှမ်းလျှောက်နိုင်ပါစေ

ဦးသန့် ဂူဗိမာန်ရော သွားဖြစ်သေးလားဗျ
ကျွန်တော်လမ်းညွှန်ခဲ့တယ်လေ ဘယ်သူ့ဘလော့မှာလဲတော့ မမှတ်မိတော့ဘူး

Saing Khan Tun said...

ကိုတောင်ငူသားရေ ဘယ်နားမှာလဲဗျပြောပြဦး ... သိတဲ့လူပြောပြဗျာ ...

မြန်မာပြည်ကိုလွမ်းတယ် said...

မွေးနေ့မှာမိသားစုနဲ့ပျော်ရွှင်ချမ်းမြေ့ပါစေနော်.
ခုမှမွေးနေ့ဆုတောင်းပေးရတာတော့ခွင့်လွှတ်ပါ။

MgThaJan said...

happy birthday ပါခင်ဗျာ။

U Lawkanartha said...

ဒီမွေးနေ့မှစပြီး ကိလေသာငြိမ်းအောင် ကျိုးစားနိုင်ပါစေ။

fancyclematis said...

ကိုစိုင်းခမ်းရေ...မွေးနေ့မှသည် စိတ်ချမ်းသာမှုအစစ်အမှန်ဖြင့် ဘ၀ကိုပျော်၇ွှင်စွာဖြတ်သန်းနိုင်ပါစေ.မိဘကျေးဇူး အထူးဆပ်နိုင်သူ ဖြစ်ပါစေ....လို့ ဆုတောင်းပေးလိုက်ပါတယ်.မွေးနေ့ဆုတောင်းက
နောက်ကျနေတယ်...:P:P

Saing Khan Tun said...

ဟီး ..... တစ်လတိတိပေါ့ ..

Unknown said...

san francisco 49ers jerseys
jordan 11
adidas outlet
mlb jerseys
cartier watches
kobe 9
thomas sabo
snapback hats
jordan shoes, http://www.jordanshoes.us.com/
michael kors outlet online
mac cosmetics
hogan,hogan outlet,scarpe hogan,hogan sito ufficiale,hogan interactive
cheap jordans, http://www.cheapjordanshoes.in.net/
lebron shoes
coach outlet
ray-ban sunglasses, http://www.raybansunglass.com.au/
lebron james shoes
barcelona jersey
longchamp outlet
vibram fivefingers
oakley canada, http://www.oakleysunglassescanada.com
cheap oakley sunglasses
nike air max uk
louis vuitton outlet store, http://www.louisvuittonoutletstore.name/
louis vuitton uk
the north face outlet
ray ban sunglasses
michael kors uk
nike huarache
nba jerseys, http://www.nbajerseys.us.com

Gaia1956 said...
This comment has been removed by the author.
Gaia1956 said...

slogans limo rental moving companies piano movers movers in oral surgeons gymnastics local movers moving to

raybanoutlet001 said...

new england patriots jerseys
salomon shoes
49ers jersey
ray ban sunglasses
oakley sunglasses
oakley sunglasses
cheap oakley sunglasses
cheap nhl jerseys
prada shoes
fitflops

Unknown said...

www1016
salomon shoes
christian louboutin shoes
louboutin shoes
superdry uk
longchamp outlet
coach factory outlet
christian louboutin
longchamp
ugg outlet
coach outlet

pene said...

y2j25d7b93 p8z66q9p90 k9p84z6r91 n1r27q5v14 j9u36m1u78 d8z48u6c95