Showing posts with label 10 အသုံးချစရာ. Show all posts
Showing posts with label 10 အသုံးချစရာ. Show all posts

January 16, 2009

YouTube ဗွီဒီယို File တွေ Download ချဖို့

YouTube မှ Video ဖိုင်များကို Download လုပ်နိုင်ရန်အတွက် YouTubeDownload Software တစ်ခုကို တင်ပြလိုက်ပါသည်။ Software ကို ဤနေရာကို Click လုပ်ပြီးရယူပါ။ Install လုပ်ပါ။ နောင်တွင် Desktop ပေါ်၌ အောက်ဖော်ပြပါ Icon လေးဖြင့်တွေ့ရမည်ဖြစ်သည်။ DVDVideoSoft Free Studio ကို Click ကာ ဖွင့်လိုက်ပါ။




အောက်ပါပုံအတိုင်းတွေ့ရမည်ဖြစ်သည်။



နံပါတ် (1) Free YouTube Download ကို Click လိုက်ပါ။
အောက်ပါအတိုင်းပေါ်လာမည်။
Internet Explorer သို့မဟုတ် FireFox ဖြင့် http://www.youtube.com/ ကိုဖွင့်ပါ။ YouTube ၏ Search တွင် မိမိလိုသော ဗွီဒီယို File ကိုရှာပါ။ ဥပမာ Sai Sai Khan Hlaing ....

YouTube ရှာတွေ့သော Video ဖိုင်များကို WebPage တွင် မြင်ရပါမည်။ မိမိ Download ချလိုသော File အား Click ပြီး ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ စိုင်းစိုင်းခမ်းလှိုင်၏ "၀မ်းနည်းမှတ်တမ်း" ကို ရွေးလိုက်သည်။

ထို ၀မ်းနည်းမှတ်တမ်းရှိရာ Webpage တက်လာပါမည်။

Webpage တွင် Copy ကူးရန် URL ကိုရှာပါ။ Copy ကူးလိုက်ပါ။
ပြီးလျှင် တော်နေက ဖွင့်ထားသော YouTube Download တွင် Paste ခလုတ်ကို နှိပ်လိုက်ပါ။ Detecting ..... ပေါ်လာပြီး .... File နာမည်ပေါ်လာပါမည်။

Browse ကို Click လိုက်ပြီး မိမိ Save လုပ်လိုသောနေရာကို စိတ်ကြိုက် ရွေးနိုင်သည်။ ကျွန်တော်ကတော့Desktop ကို ရွေးထားပါသည်။

Format တွင် မိမိသိမ်းလိုသည့် Format ကိုရွေးနိုင်သည်။ MP4, AVI, FLV Format များဖြင့်သိမ်းနိုင်သည်။

ပြီလျှင် Download ကို Click ပါ။ Downlod လုပ်ပါလိမ့်မည်။ Download လုပ်သည့် ပမာဏကို % ဖြင့်ဖေါ်ပြသည်။ ပုံတွင်မြင်နိုင်ပါသည်။

Download ပြီးသွားလျှင်။ Downloading was completed successfully. ဟုပေါ်လာမည်။ Close လုပ်ကာ ပိတ်ပါ။ မိမိ ရွေးထာသောနေရာတွင် Video ဖိုင် ရောက်နေပြီဖြစ်သည်။ သို့သော် Windows Media Player ဖြင့် ဖွင့်ရသည်မှာ အဆင်မပြေပါ။ ထို့ကြောင့် ဤ VLC Player ကို Download လုပ်ပါ။ Install လုပ်ပါ။

ကျွန်တော် Download လုပ်ထားသည့် စိုင်းစိုင်းခမ်းလှိုင်၏ "၀မ်းနည်းမှတ်တမ်း" ကို Right Click လုပ်ပြီး VLC Player ဖြင့် Play လိုက်သောအခါ .....
အောက်ပါပုံအတိုင်း မို့မို့၏ မျက်နှာလှလှ လေးနှင့် ....
မိုးတွေရွာတုန်းမှာ ..... စိတ္တဆန်တဲ့ သည်မိုးများ ... ရွာနေတုန်း .... ငါ ..... "ကဲ ... ချမ်းချင်ရင်လည်း ချမ်းကြပေတော့ဗျာ" ....
ဤနည်းအားဖြင့် YouTube Download ကို သုံးပြီး မိမိ အလိုရှိရာ .... Video ဖိုင်များအား Download လုပ်၍ ရပါကြောင်း .... ဒူ...ဝေ .... ဝေ ...... ကဲဗျာ ... စမ်းကြည့်ကြပါဦး။ ... နောက်ဘာတွေများရေးပေးရဦးမလဲဗျ .. အော်သာအော်ခဲ့.. ဗျို့  ..........

ဒါကနောက် YouTube Download Software တစ်ခု Download လုပ်။ Install လုပ်ပြီး စမ်းကြည့်ဗျာ .. သူကပိုကောင်းမယ်ထင်တယ် ....

January 2, 2009

PDF creator

PDF ဖိုင်းပြောင်းရာတွင် အသုံးအလွန်ဝင်သော ဆော့ဝဲလ်ကို တင်ပြလိုက်ပါသည်။ သိပြီးသူများအတွက်မရည်ရွယ်ပါ။ မသိသေးသူများ သုံးရန်သာဖြစ်သည်။ Print ထုတ်၍ ရသော မည်သည့်ဖိုင်ကို မဆို PDF ပြောင်းပေးနိုင်သည်။ Print ထုတ်လျှင် Printer ကို PDFcreator ကို ရွေးပြီး Print လိုက်ရုံသာဖြစ်သည်။ မိမိ Save လုပ်လိုသောနေရာတွင် Save လိုက်ရုံသာ။ PDF creator download လုပ်ပါ။ Install လုပ်ပါ။ အဆင်မပြေလျှင် Cbox တွင်ဖြစ်စေ။ Comment တွင်ဖြစ်စေ အော်ထားခဲ့ နိုင်ပါသည်။ အသေးစိတ် ရေးပေးပါမည်။

October 5, 2008

အဘိဓာန်ကောင်းလေး

ညီမတစ်ယောက် Email မှ ပို့ထာတာ အတော်ကြာပါပြီ။ အလွန်အသုံးဝင်သည့်အတွက် ဖော်ပြပေးလိုက်ပါသည်။ ကြီးကြီးမားမားဆော့ဝဲလ်မဟုတ်ပဲ။ သုံးရအလွန်အဆင်ပြေပါသည်။

Babylon - 6 ဆော့ဖ်ဝဲလ်ကို http://www.padonma.com/aspire/Smartwares/Babylonv6.0.3.4Pro.rar ဒေါင်းလုပ်ရယူပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်ဖြစ်လာရန်အတွက် language package bgl ကိုတော့ http://www.padonma.com/babylon/padonma-english-myanmar.bgl ဒေါင်းလုပ်ရယူပါ။

Install လုပ်ပုံ

  1. ပထမဆုံး ဘေဘီလုံ ဆော့ဖ်ဝဲလ်ကို အရင်ဒေါင်းလုပ်လုပ်ပါ။
  2. Babylon6_setup.exe ကို run ၍ install ပြုလုပ်ပါ။ installation ပြီးသောအခါ desktop task bar ညာဘက် အောက်ချေရှိ system tray ထဲမှ babylon ကို right-click လုပ်၍ exit လုပ်ပါ။ (Ctrl + Alt + Del ပေါင်းနှိပ်ပြီး Task Manager ခေါ်ပါ။ Processes ကို ၀င်ပါ Babylon.exe ကို ရွေးပြီး End Process လုပ်ပါ။ ပိုပြီး စိတ်ချရပါသည်။)
  3. ပထမ install လုပ်ထားသော application မှာ trial version ဖြစ်၍ full version ဖြစ်အောင် patch လုပ်ရန်လိုအပ်သည်။
  4. patch ကို run ရန်အတွက် babylon ကိုအရင်ပိတ်ဖို့လိုအပ်ပါတယ်။
  5. အဲဒီနောက် ပထမ ဒေါင်းလုပ်ချထားသော Rar ဖိုင်ထဲမှ babylon.6.0.3.4.pro-patch.exe ကို babylon installation folder ထဲသို့ကူးထည့်ပါ။ (Babylon Installation folder ကို သွားရန် My Computer ကိုဝင်ပါ C ကို ၀င်ပါ။ Program Files ကိုဝင်ပါ။ Babylon Folder ကိုတွေ့ပါမည်။ Babylon Folder ထဲတွင် Path.exe ကို Paste လုပ်ပါ။) ၎င်းနောက် patch.exe ကို run လိုက်ပါ။
  6. ၎င်းအဆင့်များပြီးဆုံးပါက padonma-english-myanmar language package bgl ဖိုင်ကို install လုပ်ပါ။
အသုံးပြုပုံ

  1. web browser ၊ notepad၊ wordpad ၊ documents ၊ Gtalk တို့တွင် ကိုယ်သိချင်သောစကားလုံးပေါ်တွင် Mouse တင်(point လုပ်) ပါ။
  2. ၎င်းနောက် Ctrl key ကိုဖိထား၍ Right-Click နှိပ်ချင်းဖြင့် အဓိပ္ပာယ်များကိုရှာဖွေလို့ရပါတယ်။ တစ်ချို့ သောစကားလုံးများအတွက် မြန်မာပြန်မပါဝင်သေးပါ။
  3. အင်တာနက်ရှိလျှင် အွန်လိုင်း အဘိဓာန်များဖြစ်သော wiki အဘိဓာန်မှသော်လည်းကောင်း၊ အောက်စဖို့ဒ်အဘိဓာန်မှသော်လည်းကောင်း၊ ၄င်းတို့ထဲရှိ အဓိပ္ပာယ်များကိုလည်းတစ်လက်စတည်း babylon ကရှာပေး၍ဖော်ပြပေးပါတယ်။
မှတ်ချက်: pdf file များတွင်သုံး၍မရသေးပါ။
Babylonv6.0.3.4Pro.rar ဖိုင်ကို ဖွင့်၍ မရပါက ဤ 7-zip ဆော့ဝဲလ်ကို Download လုပ်ပြီး Install အရင်လုပ်ပါ။ Babylonv6.0.3.4Pro.rar Zip Folder အား Right Click လုပ်ပြီး Extract Here ဖြင့် Folder ကို ဖွင့်ပါ။