Babylon - 6 ဆော့ဖ်ဝဲလ်ကို http://www.padonma.com/aspire/Smartwares/Babylonv6.0.3.4Pro.rar ဒေါင်းလုပ်ရယူပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်ဖြစ်လာရန်အတွက် language package bgl ကိုတော့ http://www.padonma.com/babylon/padonma-english-myanmar.bgl ဒေါင်းလုပ်ရယူပါ။
Install လုပ်ပုံ
- ပထမဆုံး ဘေဘီလုံ ဆော့ဖ်ဝဲလ်ကို အရင်ဒေါင်းလုပ်လုပ်ပါ။
- Babylon6_setup.exe ကို run ၍ install ပြုလုပ်ပါ။ installation ပြီးသောအခါ desktop task bar ညာဘက် အောက်ချေရှိ system tray ထဲမှ babylon ကို right-click လုပ်၍ exit လုပ်ပါ။ (Ctrl + Alt + Del ပေါင်းနှိပ်ပြီး Task Manager ခေါ်ပါ။ Processes ကို ၀င်ပါ Babylon.exe ကို ရွေးပြီး End Process လုပ်ပါ။ ပိုပြီး စိတ်ချရပါသည်။)
- ပထမ install လုပ်ထားသော application မှာ trial version ဖြစ်၍ full version ဖြစ်အောင် patch လုပ်ရန်လိုအပ်သည်။
- patch ကို run ရန်အတွက် babylon ကိုအရင်ပိတ်ဖို့လိုအပ်ပါတယ်။
- အဲဒီနောက် ပထမ ဒေါင်းလုပ်ချထားသော Rar ဖိုင်ထဲမှ babylon.6.0.3.4.pro-patch.exe ကို babylon installation folder ထဲသို့ကူးထည့်ပါ။ (Babylon Installation folder ကို သွားရန် My Computer ကိုဝင်ပါ C ကို ၀င်ပါ။ Program Files ကိုဝင်ပါ။ Babylon Folder ကိုတွေ့ပါမည်။ Babylon Folder ထဲတွင် Path.exe ကို Paste လုပ်ပါ။) ၎င်းနောက် patch.exe ကို run လိုက်ပါ။
- ၎င်းအဆင့်များပြီးဆုံးပါက padonma-english-myanmar language package bgl ဖိုင်ကို install လုပ်ပါ။
- web browser ၊ notepad၊ wordpad ၊ documents ၊ Gtalk တို့တွင် ကိုယ်သိချင်သောစကားလုံးပေါ်တွင် Mouse တင်(point လုပ်) ပါ။
- ၎င်းနောက် Ctrl key ကိုဖိထား၍ Right-Click နှိပ်ချင်းဖြင့် အဓိပ္ပာယ်များကိုရှာဖွေလို့ရပါတယ်။ တစ်ချို့ သောစကားလုံးများအတွက် မြန်မာပြန်မပါဝင်သေးပါ။
- အင်တာနက်ရှိလျှင် အွန်လိုင်း အဘိဓာန်များဖြစ်သော wiki အဘိဓာန်မှသော်လည်းကောင်း၊ အောက်စဖို့ဒ်အဘိဓာန်မှသော်လည်းကောင်း၊ ၄င်းတို့ထဲရှိ အဓိပ္ပာယ်များကိုလည်းတစ်လက်စတည်း babylon ကရှာပေး၍ဖော်ပြပေးပါတယ်။
Babylonv6.0.3.4Pro.rar ဖိုင်ကို ဖွင့်၍ မရပါက ဤ 7-zip ဆော့ဝဲလ်ကို Download လုပ်ပြီး Install အရင်လုပ်ပါ။ Babylonv6.0.3.4Pro.rar Zip Folder အား Right Click လုပ်ပြီး Extract Here ဖြင့် Folder ကို ဖွင့်ပါ။
1 comment:
အစ်ကိုရေ . . . Font Color တွေကို အ၀ါရောင် အစား အပြာရင့်ရောင် တို့ နီညိုရောင်တို့ကို သုံးရင် အစ်ကို Highlight လုပ်ချင်တာလည်း ပေါ်လွင်ပြီး ညီလေးတို့လို စာဖတ်သူတွေလည်း ဖတ်ရ ပိုလွယ်ကူ၊ ထင်သာမြင်သာရှိမယ်လို့ ထင်ပါတယ်။ အမှားပါရင် ခွေးလွှတ် (အဲ) ခွင့်လွှတ်ပေးပါ။ Thx n Rgds,
Post a Comment