January 16, 2009

ဒီလမ်းမှာ

အဆုံးကို ကြိုသိခွင့်ရမယ်ဆို ဘယ်သူမဆို အသင့်တော်ဆုံးလမ်းကိုပဲ ရွေးလျှောက်ကြမှာပေါ့။ ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းဟာ ကြမ်းချင်ကြမ်းမယ်၊ ချောမွေ့ရင် ချောမွေ့မယ်။ ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်မှာ အကောင်းဆုံးကို သာလိုချင်ကြတာပေါ့။ ကြိုသိခွင့်မရှိတဲ့ လမ်းကို လျှောက်ကြရတဲ့အခါ လက်ကိုင်ထားနိုင်တာတစ်ခုက ကိုယ်ကျင့်တရားလေးပါပဲ။ ဘယ်တော့မှ နောင်တမရချင်ရင် ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ကိုယ်ကျရာလမ်းကြောင်းပေါ် ဇွဲကောင်းကောင်းနဲ့လျှောက်ရုံပါပဲ။ လွဲခဲ့ရင်လည်း ....... နောက်တစ်လမ်း ထပ်ရွေးပြီးထပ်လှမ်းတာပေါ့ ....

အဲလိုပဲ လျှောက်ကြရသလားဗျာ ... နည်းလမ်းလေးများရှိရင်၊ မတူတဲ့အမြင်များရှိရင်၊ ဘာဆိုဆိုပြောဖို့ တစ်ခုခုရှိတယ်ဆိုရင် ...

1 comment:

poemflower said...

မှန်ပါတယ် ကိုယ်ကျင့်တရား နဲ့ စေတနာ အစရှိတဲ့ စိတ်တွေနဲ့လောကမှာ လျှောက်လမ်းတဲ့အခါမှာ လမ်းမှားလည်း အကြာကြီး မဟုတ်ပဲ လမ်းမှန်ကို မကြာခင်မှာ ပြန်လည်လျှောက်လှမ်းနိုင်မယ်လို့ထင်ပါတယ်.