January 15, 2009

ရေထဲတွင် ငါးကဲ့သို့ အသက်ရှူနိုင်စေမည့်ကိရိယာ


အစ္စရေးလ်နိုင်ငံသားတီထွင်သူ အလန်အီဇာဘို့ဒ်နာသည် ရေငုပ်သမားများအတွက် ရေထဲတွင် အောက်စီဂျင်ဗူး မလိုဘဲ အသက်ရှူနိုင်သည့် ကိရိယာတစ်ခုကို တီထွင် အောင်မြင်ခဲ့ပြီဖြစ်သည်။ သူ၏ ကိရိယာသုံးလျှင် ရေထဲပျော်ဝင်နေသည့် လေကို ငါးများကဲ့သို့ ရှူနိုင်မည်ဖြစ်သည်။

"အရည်တစ်ခုတွင်ပျော်ဝင်နိုင်သောဓာတ်ငွေ့၏ ပမာဏသည် ထိုအရည်ပေါ်သက်ရောက်နေသောဖိအားနှင့် တိုက်ရိုက်အချိုးကျသည်" ဟူသော ဟင်နရီနိယာမ (Henry Law) ကို အသုံးပြုပြီးတီထွင်ထားခြင်းဖြစ်သည်။
ဖိအားများများ သက်ရောက်လျှင် ဓာတ်ငွေ့များများ ပျော်ဝင်မည်ဖြစ်ပြီး၊ ဖိအားလျော့လျှင် အရည်ထဲမှ ပျော်ဝင်နေသော ဓာတ်ငွေ့များ ပြန်ထွက်လာမည်ဖြစ်သည်။ သင် ဘိလပ်ရည်ပုလင်း၊ ဆိုဒါပုလင်း၊ ကိုကာကိုလာပုလင်းများကို ဖွင့်သောအခါ လက်တွေ့ကြုံဖူးကြပါမည်။ ထိုဖျော်ရည်ပုလင်းများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို ဖိအားဖြင့် ဖိသိပ် သွင်းထားခြင်းဖြစ်သည်။ အဖုံးဖွင့်လိုက်သဖြင့် ဖိအားနည်းသွားသော အခါ ဓာတ်ငွေ့များ ပြန်ထွက်လာသည့်အတွက် ထိုသို့ဖြစ်ခြင်းဖြစ်သည်။

ဘို့ဒ်နာ၏ ကိရိယာတွင် ပင်လယ်ရေအနည်းငယ်ကို ကိရိယာအသွင်းသို့ သွင်းယူပြီး ကိရိယာတွင်းရှိ ပစ္စည်းများဖြင့် ဖိအားနည်းအောင် ပြုလုပ်ခါ ရေထဲမှ လေပြန်ထွက်လာအောင်လုပ်ထားခြင်းဖြစ်သည်။ ထွက်လာသည့်လေကို ရေငုပ်သမား အသက်ရှူရန်အတွက်သုံးသည်။
အင်ဂျင်နီယာတစ်ယောက်ဖြစ်သော ကျွန်တော်သည် အသုံးဝင်သောပစ္စည်းများစွာ တီထွင်ထုတ်လုပ်ရန် ရည်မှန်းချက်ရှိပါသည်။ ဤသည်မှာ ငယ်ကတည်းက အိပ်မက် ... မကြာခင် လက်တွေ့ ဖြစ်လာတော့မည်ဟု ယုံကြည်လျက် .. စာရှုသူ မည်သို့ထင်ပါသနည်း?

2 comments:

Anonymous said...

ပီယဆေးထွင်မှာလား :D

Anonymous said...

ပီယဆေးထွင်ရင် သုံးတဲ့လူရှိပါ့မလားဗျာ .