January 1, 2009

၂၀၀၉ နှစ်ဆန်း ၁ ရက်နေ့ ဆန္ဒ

၂၀၀၉ နှစ်ဆန်း ၁ ရက်နေ့ဖြစ်ပါသည်။
နေအထွက်မှာ မိုးလင်းပြီး
နေအ၀င်မှာ မိုးချုပ်သွားမည့်
ရက်တစ်ရက်မျှသာ
သာမာန်ထက်မပိုပါ။
ကမ္ဘာကြီးသည်
သိသိသာသာကြီး ပိုဆိုးမသွားသလို
သိသိသာသာကြီးလည်း ပိုကောင်းမလာသေးပါ။
အလကားရတာတွေ ပိုလာမည်မဟုတ်သောနှစ်
ငြိမ်းချမ်းမှုတွေ ပိုလာမည်မဟုတ်သောနှစ်
ခါတိုင်းနှစ်တွေလိုပါပဲ
ခူးပြီးခပ်ပြီး ထမင်းပွဲမရှိပါ။
ထောပတ်သုတ်ပြီးပေါင်မုန့်တစ်ချပ် အသင့်မရှိပါ။
ရေတစ်ခွက်ပင် ပါးစပ်ထဲ အလိုအလျောက်မ၀င်ပါ။
ရှူနေသောလေ သိပ်မညစ်ညမ်းသေး၍သာ တော်သေးသည်။
ဤသည်ကို ကံကောင်းခြင်းလက်ဆောင်ဟု တွေးကာ
ကမ္ဘာကြီးကို ကျေးဇူးစကားဆိုချင်ဆိုပါ။
သင့်တစ်သက်တာအတွက်တော့ ကမ္ဘာကြီးဖူလုံပါလိမ့်ဦးမည်။
သင်တစ်ကိုယ်ကောင်းဆန်စွာ နေထိုင်သွားနိုင်ပါသည်။
သင့်ရင်သွေးများ၊ သင့်မြေးများ၊ မြစ်များနှင့် ဘာမျှ မသိသေးသော သင့်မျိုးဆက်သွေးများအတွက်
သင်သူရဲကောင်းဖြစ်ဖို့ လိုလျှင်လိုအပ်ပါမည်။
ဆင်ခြင်တုံတရားကြီးကြီးဖြင့်
ပဒေသာပင်ကြီးဖန်တီးပေးရန်မလိုပါ
ဤကမ္ဘာမြေကြီးကိုသာ ဖျက်ဆီးမသွားပါနှင့်။

2 comments:

Welcome said...

မင်္ဂလာပါ
အကောင်းမြင်သူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ဟာ အမြဲ စိမ်းလန်း စိုပြေ နေမှာပါ။
နှစ်သစ်မှာ
လှပတဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေ

http://winzaw-mdy.blogspot.com

JulyDream said...

"When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!"