February 19, 2008

သူတို့ဆီက ဟာသ အပိုင်း (၄)

ကျွန်တော့်အမြင်ကဒီလို

ရဲအရာရှိနေရာအတွက် အင်တာဗျူးတစ်ခုမှာ ရဲအရာရှိလောင်းတွေကို လူတစ်ဦးရဲ့ ဓာတ်ပုံပြပြီး ....

ရဲအရာရှိ ။ ။ မင့်ရဲ့  သိမြင်နိုင်စွမ်းကို စမ်းသပ်မှာလေ။ ဒီပုံကိုကြည့်ပြီး မင်းမြင်တဲ့ ကောက်ချက်ချပါဦး။
ပထမရဲအရာရှိလောင်း ။ ။ ဒီလူမှာ နားရွက်တစ်ဖက်မရှိဘူးဗျ။
ရဲအရာရှိ ။ ။ ထွက်သွားတော့။
ဒုတိယ ရဲအရာရှိလောင်း ။ ။ ဒီလူမှာ တကယ့်ကို နားရွက်တစ်ဖက်မရှိဘူးဗျ။
ရဲအရာရှိ ။ ။ မင်းလည်း ထွက်သွားတော့။

တတိယ ရဲအရာရှိလောင်းကို ပထမနှစ်ယောက်ကပြောတယ်။ "အရာရှိက ဓာတ်ပုံထဲက လူမှာ နားရွက်တစ်ဖက်တည်းရှိတာပြောရင်မကြိုက်ဘူး။" "ဟာ ဟုတ်လား။ ပြောပြတာကျေးဇူးပဲ။"
တတိယအရာရှိလောင်းဟာ ဓာတ်ပုံကိုသေသေချာချာကြည့်တယ်။ စေ့စေ့စပ်စပ်လေ့လာတယ်။ ပြီမှ

တတိယ ရဲအရာရှိလောင်း ။ ။ "ဒီလူမျက်ကပ်မှန်တပ်ထားတယ်ဗျ။"
ရဲအရာရှိ ။ ။ "ကောင်းလိုက်တဲ့ ကောက်ချက်။ ဘယ်လိုများစဉ်စားလိုက်တာလဲ။ လင်းစမ်းပါဦး။"
တတိယ ရဲအရာရှိလောင်း ။ ။ "ဟာ ... ရှင်းပါတယ်ဗျာ။ ဒီလူ နားရွက်တစ်ဖက်တည်းနဲ့ ဘယ်လို မျက်မှန်တပ်မလဲဗျ။"