February 16, 2008

သူတို့ဆီက ဟာသ အပိုင်း (၃)

လူစွမ်းကောင်းကြီး

အလုပ်လာလျှောက်သူ တစ်ယောက်ရဲ့  စာရိတ္တကို သိချင်လို့ အလုပ်ရှင်ကမေးတယ်။
"မင်း အဖမ်းခံရဖူးသလား။"
အလုပ်လျှောက်သူက
"မခံရဖူးပါဘူး ခင်ဗျ။"
အလုပ်ရှင်က သေချာအောင်ထပ်မေးတယ်။
"ဘာ့ကြောင့်လဲ။"
အလုပ်လျှောက်သူ ဂုဏ်ယူစွာ ပြန်ဖြေလိုက်ပုံက
"ဘယ်တော့မှ မမိလို့ပါ ခင်ဗျ။"

စိတ်သာချ

အလုပ်ရှင်။ ။ ဒီအလုပ်အတွက် စိတ်ချရတဲ့ လူတစ်ယောက် လိုနေလို့ပါ။
အလုပ်လျှေက်သူ ။ ။ ဟာ ဒါဆို အံကိုက်ပဲ။ ပြီးခဲ့တဲ့ အလုပ်တုန်းကလေ ကျွန်တော်က အရာရာမှာ အလွဲလွဲ အချော်ချော် ဖြစ်နေတော့ အလုပ်ရှင် ကပြောတယ်။ "မင်းကတော့ တော်တော် စိတ်ချရတဲ့ကောင်ပဲကွာ" တဲ့။


အရည်အချင်းရှိသူ

အလုပ်ရှင် ။ ။ လူလေး ... မင်း လုပ်ငန်းတာဝန် အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။
အလုပ်လျှောက်သူ ။ ။ ဟုတ်ကဲ့ လုပ်နိုင်ပါတယ်ခင်ဗျ။ ကျွန်တော်က ၄ လ အတွင်း လုပ်ငန်း ၁၀ ခု ပြောင်းလုပ်ခဲ့သူပါ။

တကယ်ပါ
အင်တာဗျူးတစ်ခုကို အချိန်အတော်နောက်ကျပြီးမှ ရောက်လာတဲ့ စီးပွားရေးဘွဲ့ ရစ လူငယ်လေးတစ်ဦးရဲ့  အင်တာဗျူးမှာ ...
အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းပါသလဲ။
လူငယ် ။ ။ တစ်နှစ် ဒေါ်လာ ၁၂၅ ၀၀၀ ရယ်။ ကုမ္ပဏီရဲ့  အမြတ်အပေါ်မူတည်းပြီးရတဲ့ အပိုဆောင်းလေးရယ်ပေါ့ဗျာ။
အင်တာဗျူးသူ ။ ။ အင်း ... ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။ ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။ ဆေးဝါးကုသ မှုအတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။ ကုမ္ပဏီကနေ အငြိမ်းစား ယူတဲ့အခါ လစာရဲ့  ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။ ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် ဇိမ်ခံကားတစ်စီး ထုတ်ပေးမှာပါ။
လူငယ် (မျက်လုံးပြူးလျက်) ။ ။ ခင်ဗျား ... နောက်များနောက်နေတာလား။
အင်တာဗျူးသူ ။ ။ အင်းလေ .... မင်းကပဲ ... အရင်စ နောက်တာလေ။


Saing Khan Tun