February 7, 2008

စင်ကာပူ တရားစခန်း (၇.၂.၂၀၀၈)


ဒီနေ့မနက် ၆း၃၀ လောက်ထပြီးရေချိုး၊ မိုင်လိုသောက်ပြီး တရားစခန်းသွားဖို့ အင်တာနက်ကနေ လမ်းညွှန်မြေပုံရှာတယ်။ မနေ့က ကိုဇော်မိုးစံ ပို့ပေးလိုက်တဲ့ အီးမေးလ် ထဲမှာ အချိန်ရော နေရာရောပါတယ်။ သူစာကို ဖေါ်ပြပါဦးမယ်။

Dear sisters and brothers in the Dhamma,
We, SMC have arranged four days meditation retreat in Singapore especially for those who were unable to go to Malaysia for full time retreat. This meditation session will be from 8:00 am to 8:00 pm from 07 Feb to 10 Feb 2008. Lunch will be provided for all yogis. Anyone who received this email can directly go to SMC at 735 (A) & (B), Old Havelock Road Singapore 169562. No registration is needed. This yogis list will be sent to in-charge of the retreat. Those who would like to offer lunch dana, please kindly contact to Ko Maung Maung Thet at 98979584. Please refer to attachment for your guide to SMC. If any queries, pls call Ko Maung Maung Thet.
May you have peaceful meditation
With Warmest Metta,
Zaw Moe San
Satipatthana Meditation Centre


တွဲပို့ပေးလိုက်တဲ့မြေပုံ




ကိုဇော်မိုးစံရဲ့ ဖုန်းနံပါတ်က ၉၁၇၁၄၃၅၀ ပါ။ တရားထိုင်ဖို့စိတ်ဝင်စားရင် ဆက်သွယ်နိုင်အောင်လို့ ဖော်ပြလိုက်ပါတယ်။ ကိုဇော်မိုးစံရဲ့ဖုန်းနံပါတ်ကို ကောင်မလေးတစ်ယောက်ဆီကရတယ်။ သူနဲ့ အွန်လိုင်းပေါ်မှာ စကားပြောရင်း စပ်မိတာနဲ့ တရားထိုင်ဖို့ဖြစ်လာတာ။

မနက် ၈း၄၅ လောက်မှာ SMC (Satipatthana Meditation Centre) ကိုရောက်တယ်။ ယောဂီအစ်မကြီး ၂ ယောက်လမ်းလျှောက်လာတာတွေ့လို့တော်သေးတယ်။ အဆောက်အဦး က ဆိုင်းဘုတ်တွေဘာတွေ ကြီးကြီးမားမား တပ်မထားတော့ ရှာဖို့မလွယ်ဘူး ဖြစ်နေတယ်။ ကျွန်တော် က Block နံပါတ်မှတ်မလာမိဘူးလေ။

ဘုန်းတော်ကြီးက ၀ိပဿနာ ရှုမှတ်တာနဲ့ပတ်သက်ပြီး သဘောတရားလေး ပြောပြတယ်။ လောကမှာ ရုပ် နဲ့ နာမ် ဆိုတဲ့ ပညတ်သဘော ၂ ခု ကနေ ဉာဏ်စဉ် အဆင့်မြင့်လာအောင် လေ့ကျင့်ရပုံလေးကို ပြောတယ်။ ပြီးတော့ အလုပ်ပေးတရားခွေ ဖွင့်ပေးပြီး တရားမှတ်ခိုင်းတယ်။

ကျွန်တော်ကတော့ ဆရာတော်ဟောတာကို သေချာနားလည်အောင် စဉ်းစာနေမိတယ်။ စာဖတ်သူတွေ စိတ်ပါမယ်မထင်လို့ အကျယ်တ၀င့်လည်း မရေးချင်ဘူး။ တရားထိုင်ရင် ကျွန်တော်ဆင်ခြင်မိလာတဲ့ အချက် (၅) ချက်ရှိတယ်။ ပြောပြမယ်နော် ...

ပထမအချက်

(၁) ကျွန်တော်တို့ရဲ့ ရုပ် နဲ့ နာမ် ဟာ အမြင်အာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အဆင်း၊ အကြားအာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အသံ၊ အနံ့အာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အနံ့၊ ချို၊ ငံ၊ ခါး စတဲ့ ရသာအာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အရသာ၊ ထိတွေ့အာရုံကို အမှီပြု ဖြစ်ပေါ်တဲ့ အထိအတွေ့၊ စိတ်ကူးအာရုံပေါ် အမှီပြုဖြစ်ပေါ်တဲ့ သိစိတ်
(၂) အဲဒီ အာရုံ ၆ ပါးမှာ ပြင်ပအကြောင်းအရာ တစ်ခုခု အကျိုးသက်ရောက်လာတဲ့အခါ ....
(၃) မိမိ နှစ်သက်လျှင် လိုချင်သည့် လောဘစိတ် ဖြစ်ပေါ် ....
(၄) မိမိ မနှစ်သက်လျှင် စိတ်ဆိုးသည့် ဒေါသစိတ် ဖြစ်ပေါ် .... တတ်သော သဘာဝရှိသည်။
(၅) အဲဒီ လောဘ နဲ့ ဒေါသ ကြောင့် သတိ နဲ့ ဆင်ခြင်နေထိုင်မှုမရှိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရနိုင်တယ်။

ဒုတိယအချက်

(၁) မိမိ နှစ်သက်တဲ့ အာရုံ ဖြစ်စေသော ရုပ်၊ ပစ္စည်းတွေကို လိုချင်မှုဆိုတဲ့ လောဘကြောင့် ရအောင် အားထုတ်မှုပြုတယ်။
(၂) လောကမှာ ဒီလို မိမိ နှစ်သက်တဲ့ အာရုံ ဖြစ်စေသော ရုပ်၊ ပစ္စည်းတွေကို လိုချင်သူဟာ မိမိတစ်ဦးတည်း မဟုတ်။
(၃) ဒါကြောင့် မိမိ လိုတာရအောင် ယှဉ်ပြိုင်ကြိုးစား အားထုတ်ရမှုတွေဖြစ်လာတယ်။
(၄) ရ တဲ့သူရှိတယ်။ မရတဲ့သူရှိတယ်။
(၅) ရတဲ့သူက ၀မ်းသာမယ်။ ပြန်ဆုံးရှုံးမှာ စိုးရိမ်မယ်။
(၆) မရတဲ့သူက ပူဆွေးမယ်။ မနာလိုဖြစ်မယ်။

တတိယအချက်
(၁) မိမိ လိုအပ်မှု အစစ် အမှန်ကို သိမြင်အောင်ဆင်ခြင်ရမယ်။
(၂) မိမိ လိုအပ်တာထက် ပိုမို ရယူသိမ်းပိုက်ထားရင် ...
(၃) အခြားလိုအပ် သူတွေ ပူဆွေးမယ်။ မရရင် ဒေါသဖြစ်မယ်။
(၄)လွန်လွန်ကဲကဲ လိုအပ်၊ လိုချင် လာရင် ...
(၅) တရားသဖြင့် ရလမ်းမလွယ်ပါက ဆဲဆို၊ ခိုး၊ ဆိုး၊ တိုက်ခိုက်၊ သတ်ဖြတ် လုယက်ကြမယ်။

စတ္တုတ္ထအချက်
(၁) ဆဲဆို၊ ခိုး၊ ဆိုး၊ တိုက်ခိုက်၊ သတ်ဖြတ် မှုတွေဟာ မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်လာရင် မိမိကို လည်း ကူးစက် ပူလောင်မှု ဖြစ်လာစေမှာဖြစ်တယ်။
(၂) မိမိ ကိုယ်တိုင်လည်း သတိနဲ့ မနေရင် ...
(၃) ပြင်ပမှ ရိုက်ခတ် သက်ရောက်လာသော တစ်စုံတရာသော မနှစ်သက်ဖွယ်ရာ အာရုံကြောင့် အမှတ်တမဲ့ (သတိဖြင့် စောင့်ကြပ်ထားခြင်း မဟုတ်သောကြောင့်) မကောင်းမှု ကို ပြုမိမှာဖြစ်တယ်။

ပဉ္စမအချက်
(၁) အဲဒီလို အမှားကို မပြုမိအောင် သတိဆင်ခြင်နေထိုင်ရမှာဖြစ်တယ်။ သတိထားနေဆဲခဏမှာအမှားကို မပြုလုပ်ပါဘူး။ ဒါကြောင့် သတိထားတဲ့ ခဏလေးတွေကို ရှည်ကြာလာအောင် ... လေ့ကျင့်ပျိုးထောင်ရင်ရပါတယ်။
(၂) သတိထားမှုလေးတွေ ဆက်ကာဆက်ကာ ... ဖြစ်နေရင် အမှားမလုပ်မိတော့ဘူး။ အဲဒီ သတိထားနေတာလေးဟာ ၀ိပဿနာပါပဲ။
(၃) စူးစိုက်လေ့ကျင့်ပြီး ပေါက်မြောက်သွားရင် .... သတိအစဉ်ဟာမပြတ်တော့ဘူး။ အမှားလုပ်မိမှာ မဟုတ်တော့ဘူး။

ဒါပေမယ့် ..... သတိအစဉ်မပြတ်ဖို့ဟာ ဘယ်လောက်ခက်တယ်ဆိုတာ .... ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲ စီးဝင်မျောပါရင်း .... ဒီဇာတ်လမ်း တစ်ပုဒ်အတွင်း ... မိမိဟာ ... စိတ်တွေ ဘယ်လောက်လွှင့်ပါခဲ့တယ်.... ပြင်ပအာရုံဟာ မိမိ အပေါ် ဘယ်လောက်လွှမ်းမိုး သက်ရောက်စေတယ်ဆိုတာကို .... ဆင်ခြင်ကြည့်ရင် လွယ်လွယ်မြင်နိုင်ပါတယ်။ လူဘ၀ဆိုတာ ... တကယ်တော့ အသေးစိတ်ခြယ်မှုန်း တင်ဆက်နေတဲ့ ရုပ်ရှင် ဇာတ်လမ်းရှည်ကြီးပါပဲ။



9 comments:

ThinkingHoney said...

ပြည့်ပြည့်စုံစုံပြန်ပြောပြလို့ ကျေးဇူးတင်ပါတယ်
သာဓုပါ

Saing Khan Tun said...

ထင်မထားပါ။ ငယ်ငယ်လေးဆိုသူ ဤအပိုင်းကို ဖတ်ပြီး Comment ရေးပေးလိမ့်မယ်လို့။ ဘာသာရေးမှာ စိတ်ဝင်စားမှု မရှိကြခြင်းနှင့် သဘောပေါက်သလို ထင်နေကြခြင်းက များပါသည်။ ကျွန်တော်တို့၏ ဗုဒ္ဓ ဘုရားသည် သတ္တ၀ါ အများ ချမ်းသာရေးအတွက် အသေအချာ လမ်းညွှန်ထားခဲ့ပြီး အတိအကျ ပြောဆိုထားခဲ့ကြောင်း ဗုဒ္ဓဘာသာဝင်အများစု သိသလိုလို သာရှိကြပါသည်။ အခါအခွင့် သင့်လျှင် ဗုဒ္ဓ၏ အဘိဓမ္မာ ကို လေ့လာစေလိုပါသည်။

Anonymous said...

နိုင်ငံခြားမှာ တရားစခန်း ဝင်နိုင်တယ်ဆိုတာ ကံထူးရှင်ပါပဲ။ အားကျပါတယ်

ဘုန်းဘုန်း said...

သတိထားနေတာလေးဟာ ၀ိပဿနာပါပဲ။
ဒါက ဖတ်မိလိုက်တဲ့ စာတစ်ကြောင်းပါ။ ဦးဇင်းကတော့ ဝိပဿနာကို ဒီလိုမြင်ပါတယ်။ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို လက္ခဏာရေးသုံးပါးတင်ပြီး ရှုတာလို့ မြင်မိပါတယ်။ ကံသုံးပါး အမှား မရှိအောင် သတိထားတာကတော့ ဝိပဿနာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကံသုံးပါး အမှားမရှိဖို့လည်း လိုပါတယ်။ ဝိပဿနာကတော့ ဒီထက်ပိုလေးနက်ပါတယ်။

Unknown said...

san francisco 49ers jerseys
jordan 11
adidas outlet
mlb jerseys
cartier watches
kobe 9
thomas sabo
snapback hats
jordan shoes, http://www.jordanshoes.us.com/
michael kors outlet online
mac cosmetics
hogan,hogan outlet,scarpe hogan,hogan sito ufficiale,hogan interactive
cheap jordans, http://www.cheapjordanshoes.in.net/
lebron shoes
coach outlet
ray-ban sunglasses, http://www.raybansunglass.com.au/
lebron james shoes
barcelona jersey
longchamp outlet
vibram fivefingers
oakley canada, http://www.oakleysunglassescanada.com
cheap oakley sunglasses
nike air max uk
louis vuitton outlet store, http://www.louisvuittonoutletstore.name/
louis vuitton uk
the north face outlet
ray ban sunglasses
michael kors uk
nike huarache
nba jerseys, http://www.nbajerseys.us.com

Unknown said...

the north face outlet store
the north face jackets
links of london
futbol baratas
mulberry outlet
louis vuitton
mulberry outlet
swarovski crystal
mcm outlet
oakley sunglasses
tiffany and co jewelry
chanel handbags
michael kors factory outlet
oakley sunglasses
coach outlet online
nike huarache
louis vuitton outlet
gucci
north face jackets
michael kors outlet
pandora jewelry
ugg outlet
beats by dr dre
lululemon outlet
oakley sunglasses
canada goose jackets
michael kors outlet online
michael kors outlet
michael kors outlet store
lululemon outlet
coach outlet
ralph lauren outlet
longchamp handbags
replica watches
michael kors wallet
adidas outlet store
prada outlet
calvin klein underwear
ugg boots
1102maoqiuyun

raybanoutlet001 said...

nike air huarache
ray ban sunglasses outlet
texans jerseys
cheap ray ban sunglasses
steelers jerseys
christian louboutin outlet
fitflops sale clearance
carolina panthers jersey
atlanta falcons jerseys
ferragamo shoes

5689 said...

zzzzz2018.8.16
adidas shoes
canada goose
manolo blahnik shoes
prada shoes
ugg boots
coach outlet
canada goose outlet
air jordan 8
michael kors handbags
ralph lauren uk

Anonymous said...

goyard outlet
golden goose sneakers
supreme t shirt
russell westbrook shoes
supreme new york