February 8, 2008
February 7, 2008
စင်ကာပူ တရားစခန်း (၇.၂.၂၀၀၈)
ဒီနေ့မနက် ၆း၃၀ လောက်ထပြီးရေချိုး၊ မိုင်လိုသောက်ပြီး တရားစခန်းသွားဖို့ အင်တာနက်ကနေ လမ်းညွှန်မြေပုံရှာတယ်။ မနေ့က ကိုဇော်မိုးစံ ပို့ပေးလိုက်တဲ့ အီးမေးလ် ထဲမှာ အချိန်ရော နေရာရောပါတယ်။ သူစာကို ဖေါ်ပြပါဦးမယ်။

ကိုဇော်မိုးစံရဲ့ ဖုန်းနံပါတ်က ၉၁၇၁၄၃၅၀ ပါ။ တရားထိုင်ဖို့စိတ်ဝင်စားရင် ဆက်သွယ်နိုင်အောင်လို့ ဖော်ပြလိုက်ပါတယ်။ ကိုဇော်မိုးစံရဲ့ဖုန်းနံပါတ်ကို ကောင်မလေးတစ်ယောက်ဆီကရတယ်။ သူနဲ့ အွန်လိုင်းပေါ်မှာ စကားပြောရင်း စပ်မိတာနဲ့ တရားထိုင်ဖို့ဖြစ်လာတာ။
မနက် ၈း၄၅ လောက်မှာ SMC (Satipatthana Meditation Centre) ကိုရောက်တယ်။ ယောဂီအစ်မကြီး ၂ ယောက်လမ်းလျှောက်လာတာတွေ့လို့တော်သေးတယ်။ အဆောက်အဦး က ဆိုင်းဘုတ်တွေဘာတွေ ကြီးကြီးမားမား တပ်မထားတော့ ရှာဖို့မလွယ်ဘူး ဖြစ်နေတယ်။ ကျွန်တော် က Block နံပါတ်မှတ်မလာမိဘူးလေ။
ဘုန်းတော်ကြီးက ၀ိပဿနာ ရှုမှတ်တာနဲ့ပတ်သက်ပြီး သဘောတရားလေး ပြောပြတယ်။ လောကမှာ ရုပ် နဲ့ နာမ် ဆိုတဲ့ ပညတ်သဘော ၂ ခု ကနေ ဉာဏ်စဉ် အဆင့်မြင့်လာအောင် လေ့ကျင့်ရပုံလေးကို ပြောတယ်။ ပြီးတော့ အလုပ်ပေးတရားခွေ ဖွင့်ပေးပြီး တရားမှတ်ခိုင်းတယ်။
ကျွန်တော်ကတော့ ဆရာတော်ဟောတာကို သေချာနားလည်အောင် စဉ်းစာနေမိတယ်။ စာဖတ်သူတွေ စိတ်ပါမယ်မထင်လို့ အကျယ်တ၀င့်လည်း မရေးချင်ဘူး။ တရားထိုင်ရင် ကျွန်တော်ဆင်ခြင်မိလာတဲ့ အချက် (၅) ချက်ရှိတယ်။ ပြောပြမယ်နော် ...
ပထမအချက်
(၁) ကျွန်တော်တို့ရဲ့ ရုပ် နဲ့ နာမ် ဟာ အမြင်အာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အဆင်း၊ အကြားအာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အသံ၊ အနံ့အာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အနံ့၊ ချို၊ ငံ၊ ခါး စတဲ့ ရသာအာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အရသာ၊ ထိတွေ့အာရုံကို အမှီပြု ဖြစ်ပေါ်တဲ့ အထိအတွေ့၊ စိတ်ကူးအာရုံပေါ် အမှီပြုဖြစ်ပေါ်တဲ့ သိစိတ်
(၂) အဲဒီ အာရုံ ၆ ပါးမှာ ပြင်ပအကြောင်းအရာ တစ်ခုခု အကျိုးသက်ရောက်လာတဲ့အခါ ....
(၃) မိမိ နှစ်သက်လျှင် လိုချင်သည့် လောဘစိတ် ဖြစ်ပေါ် ....
(၄) မိမိ မနှစ်သက်လျှင် စိတ်ဆိုးသည့် ဒေါသစိတ် ဖြစ်ပေါ် .... တတ်သော သဘာဝရှိသည်။
(၅) အဲဒီ လောဘ နဲ့ ဒေါသ ကြောင့် သတိ နဲ့ ဆင်ခြင်နေထိုင်မှုမရှိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရနိုင်တယ်။
ဒုတိယအချက်
(၁) မိမိ နှစ်သက်တဲ့ အာရုံ ဖြစ်စေသော ရုပ်၊ ပစ္စည်းတွေကို လိုချင်မှုဆိုတဲ့ လောဘကြောင့် ရအောင် အားထုတ်မှုပြုတယ်။
(၂) လောကမှာ ဒီလို မိမိ နှစ်သက်တဲ့ အာရုံ ဖြစ်စေသော ရုပ်၊ ပစ္စည်းတွေကို လိုချင်သူဟာ မိမိတစ်ဦးတည်း မဟုတ်။
(၃) ဒါကြောင့် မိမိ လိုတာရအောင် ယှဉ်ပြိုင်ကြိုးစား အားထုတ်ရမှုတွေဖြစ်လာတယ်။
(၄) ရ တဲ့သူရှိတယ်။ မရတဲ့သူရှိတယ်။
(၅) ရတဲ့သူက ၀မ်းသာမယ်။ ပြန်ဆုံးရှုံးမှာ စိုးရိမ်မယ်။
(၆) မရတဲ့သူက ပူဆွေးမယ်။ မနာလိုဖြစ်မယ်။
တတိယအချက်
(၁) မိမိ လိုအပ်မှု အစစ် အမှန်ကို သိမြင်အောင်ဆင်ခြင်ရမယ်။
(၂) မိမိ လိုအပ်တာထက် ပိုမို ရယူသိမ်းပိုက်ထားရင် ...
(၃) အခြားလိုအပ် သူတွေ ပူဆွေးမယ်။ မရရင် ဒေါသဖြစ်မယ်။
(၄)လွန်လွန်ကဲကဲ လိုအပ်၊ လိုချင် လာရင် ...
(၅) တရားသဖြင့် ရလမ်းမလွယ်ပါက ဆဲဆို၊ ခိုး၊ ဆိုး၊ တိုက်ခိုက်၊ သတ်ဖြတ် လုယက်ကြမယ်။
စတ္တုတ္ထအချက်
(၁) ဆဲဆို၊ ခိုး၊ ဆိုး၊ တိုက်ခိုက်၊ သတ်ဖြတ် မှုတွေဟာ မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်လာရင် မိမိကို လည်း ကူးစက် ပူလောင်မှု ဖြစ်လာစေမှာဖြစ်တယ်။
(၂) မိမိ ကိုယ်တိုင်လည်း သတိနဲ့ မနေရင် ...
(၃) ပြင်ပမှ ရိုက်ခတ် သက်ရောက်လာသော တစ်စုံတရာသော မနှစ်သက်ဖွယ်ရာ အာရုံကြောင့် အမှတ်တမဲ့ (သတိဖြင့် စောင့်ကြပ်ထားခြင်း မဟုတ်သောကြောင့်) မကောင်းမှု ကို ပြုမိမှာဖြစ်တယ်။
ပဉ္စမအချက်
(၁) အဲဒီလို အမှားကို မပြုမိအောင် သတိဆင်ခြင်နေထိုင်ရမှာဖြစ်တယ်။ သတိထားနေဆဲခဏမှာအမှားကို မပြုလုပ်ပါဘူး။ ဒါကြောင့် သတိထားတဲ့ ခဏလေးတွေကို ရှည်ကြာလာအောင် ... လေ့ကျင့်ပျိုးထောင်ရင်ရပါတယ်။
(၂) သတိထားမှုလေးတွေ ဆက်ကာဆက်ကာ ... ဖြစ်နေရင် အမှားမလုပ်မိတော့ဘူး။ အဲဒီ သတိထားနေတာလေးဟာ ၀ိပဿနာပါပဲ။
(၃) စူးစိုက်လေ့ကျင့်ပြီး ပေါက်မြောက်သွားရင် .... သတိအစဉ်ဟာမပြတ်တော့ဘူး။ အမှားလုပ်မိမှာ မဟုတ်တော့ဘူး။
ဒါပေမယ့် ..... သတိအစဉ်မပြတ်ဖို့ဟာ ဘယ်လောက်ခက်တယ်ဆိုတာ .... ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲ စီးဝင်မျောပါရင်း .... ဒီဇာတ်လမ်း တစ်ပုဒ်အတွင်း ... မိမိဟာ ... စိတ်တွေ ဘယ်လောက်လွှင့်ပါခဲ့တယ်.... ပြင်ပအာရုံဟာ မိမိ အပေါ် ဘယ်လောက်လွှမ်းမိုး သက်ရောက်စေတယ်ဆိုတာကို .... ဆင်ခြင်ကြည့်ရင် လွယ်လွယ်မြင်နိုင်ပါတယ်။ လူဘ၀ဆိုတာ ... တကယ်တော့ အသေးစိတ်ခြယ်မှုန်း တင်ဆက်နေတဲ့ ရုပ်ရှင် ဇာတ်လမ်းရှည်ကြီးပါပဲ။
Dear sisters and brothers in the Dhamma,
We, SMC have arranged four days meditation retreat in Singapore especially for those who were unable to go to Malaysia for full time retreat. This meditation session will be from 8:00 am to 8:00 pm from 07 Feb to 10 Feb 2008. Lunch will be provided for all yogis. Anyone who received this email can directly go to SMC at 735 (A) & (B), Old Havelock Road Singapore 169562. No registration is needed. This yogis list will be sent to in-charge of the retreat. Those who would like to offer lunch dana, please kindly contact to Ko Maung Maung Thet at 98979584. Please refer to attachment for your guide to SMC. If any queries, pls call Ko Maung Maung Thet.
May you have peaceful meditation
With Warmest Metta,
Zaw Moe San
Satipatthana Meditation Centre
တွဲပို့ပေးလိုက်တဲ့မြေပုံ

ကိုဇော်မိုးစံရဲ့ ဖုန်းနံပါတ်က ၉၁၇၁၄၃၅၀ ပါ။ တရားထိုင်ဖို့စိတ်ဝင်စားရင် ဆက်သွယ်နိုင်အောင်လို့ ဖော်ပြလိုက်ပါတယ်။ ကိုဇော်မိုးစံရဲ့ဖုန်းနံပါတ်ကို ကောင်မလေးတစ်ယောက်ဆီကရတယ်။ သူနဲ့ အွန်လိုင်းပေါ်မှာ စကားပြောရင်း စပ်မိတာနဲ့ တရားထိုင်ဖို့ဖြစ်လာတာ။
မနက် ၈း၄၅ လောက်မှာ SMC (Satipatthana Meditation Centre) ကိုရောက်တယ်။ ယောဂီအစ်မကြီး ၂ ယောက်လမ်းလျှောက်လာတာတွေ့လို့တော်သေးတယ်။ အဆောက်အဦး က ဆိုင်းဘုတ်တွေဘာတွေ ကြီးကြီးမားမား တပ်မထားတော့ ရှာဖို့မလွယ်ဘူး ဖြစ်နေတယ်။ ကျွန်တော် က Block နံပါတ်မှတ်မလာမိဘူးလေ။
ဘုန်းတော်ကြီးက ၀ိပဿနာ ရှုမှတ်တာနဲ့ပတ်သက်ပြီး သဘောတရားလေး ပြောပြတယ်။ လောကမှာ ရုပ် နဲ့ နာမ် ဆိုတဲ့ ပညတ်သဘော ၂ ခု ကနေ ဉာဏ်စဉ် အဆင့်မြင့်လာအောင် လေ့ကျင့်ရပုံလေးကို ပြောတယ်။ ပြီးတော့ အလုပ်ပေးတရားခွေ ဖွင့်ပေးပြီး တရားမှတ်ခိုင်းတယ်။
ကျွန်တော်ကတော့ ဆရာတော်ဟောတာကို သေချာနားလည်အောင် စဉ်းစာနေမိတယ်။ စာဖတ်သူတွေ စိတ်ပါမယ်မထင်လို့ အကျယ်တ၀င့်လည်း မရေးချင်ဘူး။ တရားထိုင်ရင် ကျွန်တော်ဆင်ခြင်မိလာတဲ့ အချက် (၅) ချက်ရှိတယ်။ ပြောပြမယ်နော် ...
ပထမအချက်
(၁) ကျွန်တော်တို့ရဲ့ ရုပ် နဲ့ နာမ် ဟာ အမြင်အာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အဆင်း၊ အကြားအာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အသံ၊ အနံ့အာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အနံ့၊ ချို၊ ငံ၊ ခါး စတဲ့ ရသာအာရုံကို အမှီပြုဖြစ်ပေါ်တဲ့ အရသာ၊ ထိတွေ့အာရုံကို အမှီပြု ဖြစ်ပေါ်တဲ့ အထိအတွေ့၊ စိတ်ကူးအာရုံပေါ် အမှီပြုဖြစ်ပေါ်တဲ့ သိစိတ်
(၂) အဲဒီ အာရုံ ၆ ပါးမှာ ပြင်ပအကြောင်းအရာ တစ်ခုခု အကျိုးသက်ရောက်လာတဲ့အခါ ....
(၃) မိမိ နှစ်သက်လျှင် လိုချင်သည့် လောဘစိတ် ဖြစ်ပေါ် ....
(၄) မိမိ မနှစ်သက်လျှင် စိတ်ဆိုးသည့် ဒေါသစိတ် ဖြစ်ပေါ် .... တတ်သော သဘာဝရှိသည်။
(၅) အဲဒီ လောဘ နဲ့ ဒေါသ ကြောင့် သတိ နဲ့ ဆင်ခြင်နေထိုင်မှုမရှိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရနိုင်တယ်။
ဒုတိယအချက်
(၁) မိမိ နှစ်သက်တဲ့ အာရုံ ဖြစ်စေသော ရုပ်၊ ပစ္စည်းတွေကို လိုချင်မှုဆိုတဲ့ လောဘကြောင့် ရအောင် အားထုတ်မှုပြုတယ်။
(၂) လောကမှာ ဒီလို မိမိ နှစ်သက်တဲ့ အာရုံ ဖြစ်စေသော ရုပ်၊ ပစ္စည်းတွေကို လိုချင်သူဟာ မိမိတစ်ဦးတည်း မဟုတ်။
(၃) ဒါကြောင့် မိမိ လိုတာရအောင် ယှဉ်ပြိုင်ကြိုးစား အားထုတ်ရမှုတွေဖြစ်လာတယ်။
(၄) ရ တဲ့သူရှိတယ်။ မရတဲ့သူရှိတယ်။
(၅) ရတဲ့သူက ၀မ်းသာမယ်။ ပြန်ဆုံးရှုံးမှာ စိုးရိမ်မယ်။
(၆) မရတဲ့သူက ပူဆွေးမယ်။ မနာလိုဖြစ်မယ်။
တတိယအချက်
(၁) မိမိ လိုအပ်မှု အစစ် အမှန်ကို သိမြင်အောင်ဆင်ခြင်ရမယ်။
(၂) မိမိ လိုအပ်တာထက် ပိုမို ရယူသိမ်းပိုက်ထားရင် ...
(၃) အခြားလိုအပ် သူတွေ ပူဆွေးမယ်။ မရရင် ဒေါသဖြစ်မယ်။
(၄)လွန်လွန်ကဲကဲ လိုအပ်၊ လိုချင် လာရင် ...
(၅) တရားသဖြင့် ရလမ်းမလွယ်ပါက ဆဲဆို၊ ခိုး၊ ဆိုး၊ တိုက်ခိုက်၊ သတ်ဖြတ် လုယက်ကြမယ်။
စတ္တုတ္ထအချက်
(၁) ဆဲဆို၊ ခိုး၊ ဆိုး၊ တိုက်ခိုက်၊ သတ်ဖြတ် မှုတွေဟာ မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်လာရင် မိမိကို လည်း ကူးစက် ပူလောင်မှု ဖြစ်လာစေမှာဖြစ်တယ်။
(၂) မိမိ ကိုယ်တိုင်လည်း သတိနဲ့ မနေရင် ...
(၃) ပြင်ပမှ ရိုက်ခတ် သက်ရောက်လာသော တစ်စုံတရာသော မနှစ်သက်ဖွယ်ရာ အာရုံကြောင့် အမှတ်တမဲ့ (သတိဖြင့် စောင့်ကြပ်ထားခြင်း မဟုတ်သောကြောင့်) မကောင်းမှု ကို ပြုမိမှာဖြစ်တယ်။
ပဉ္စမအချက်
(၁) အဲဒီလို အမှားကို မပြုမိအောင် သတိဆင်ခြင်နေထိုင်ရမှာဖြစ်တယ်။ သတိထားနေဆဲခဏမှာအမှားကို မပြုလုပ်ပါဘူး။ ဒါကြောင့် သတိထားတဲ့ ခဏလေးတွေကို ရှည်ကြာလာအောင် ... လေ့ကျင့်ပျိုးထောင်ရင်ရပါတယ်။
(၂) သတိထားမှုလေးတွေ ဆက်ကာဆက်ကာ ... ဖြစ်နေရင် အမှားမလုပ်မိတော့ဘူး။ အဲဒီ သတိထားနေတာလေးဟာ ၀ိပဿနာပါပဲ။
(၃) စူးစိုက်လေ့ကျင့်ပြီး ပေါက်မြောက်သွားရင် .... သတိအစဉ်ဟာမပြတ်တော့ဘူး။ အမှားလုပ်မိမှာ မဟုတ်တော့ဘူး။
ဒါပေမယ့် ..... သတိအစဉ်မပြတ်ဖို့ဟာ ဘယ်လောက်ခက်တယ်ဆိုတာ .... ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲ စီးဝင်မျောပါရင်း .... ဒီဇာတ်လမ်း တစ်ပုဒ်အတွင်း ... မိမိဟာ ... စိတ်တွေ ဘယ်လောက်လွှင့်ပါခဲ့တယ်.... ပြင်ပအာရုံဟာ မိမိ အပေါ် ဘယ်လောက်လွှမ်းမိုး သက်ရောက်စေတယ်ဆိုတာကို .... ဆင်ခြင်ကြည့်ရင် လွယ်လွယ်မြင်နိုင်ပါတယ်။ လူဘ၀ဆိုတာ ... တကယ်တော့ အသေးစိတ်ခြယ်မှုန်း တင်ဆက်နေတဲ့ ရုပ်ရှင် ဇာတ်လမ်းရှည်ကြီးပါပဲ။
February 4, 2008
အဖေ ပြောပြတဲ့ အဖေ့ပုံပြင်
အပိုင်း (၁)
ကျွန်တော့ဖေဖေက ဦးကျော်ညွန့်ပါ။ အဖေ့ဘ၀က ကြမ်းတယ်။ အဖေပြောပြောပြလို့ အဖေ့အကြောင်းတွေ နားထောင်ခဲ့ရတာ ငယ်လေးကတည်းကပါပဲ။ အဖေတို့ မွေးချင်းမောင်နှမ ရ ယောက်ရှိတယ်။ ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၃ ယောက်။ အကြီးဆုံး ကျွန်တော့် ဘကြီး ဦးကံညွန့်၊ အလတ် ဘကြီးဦးအောင်ညွန့်၊ အကြီးဆုံးအစ်မ ကြီးကြီးဒေါ်တင်အေး၊ ကျွန်တော့်ဖေဖေ ဦးကျော်ညွန့်၊ ဘဒွေး ဦ .... (ကလေးဘ၀သေဆုံး) ၊အရီး ဒေါ်တင်နု၊ အရီး မတင်စိန် (အပျိုကြီး) တို့ပါပဲ။
အဖေရဲ့အဖေက ဦးထွန်းပွဲပါ။ အိုက်ပွဲ လို့ခေါ်ကြတယ်လို့ အဖေက ပြောတယ်။ အဘိုးကို ကျွန်တော် မမီဘူး။ ကျွန်တော်မွေးတော့ အဖိုးမရှိတော့ဘူး။ အဖေရဲ့အမေက ဒေါ်မြမေ ကျွန်တော်မြင်ဘူးလိုက်သေးတယ်။ ကျွန်တော် ၇ နှစ်အရွယ်လောက်မှာ အဘွားဆုံးတယ်။ အဘွား အသားဖြူဖြူ ခပ်၀၀ ရှမ်းအဘွားကြီး။ ကျွန်တော့် ဘဒွေး ခင်အောင်ရဲ့ မင်္ဂလာဆောင် ပွဲကို အသွား မူးလဲတယ်။ သွေးတိုးရှိတဲ့အဘွား အဲဒီနေ့မှာဘဲ ဆုံးတယ်။ နောက်မှ အဖေပြောပြလို့ သိရတာပါ။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော့် ဘကြီးရှိတဲ့ အင်းတော် မှာ ကျောင်းတက်နေတာပါ။ ဒုတိယတန်း ထင်ပါတယ်။
အဘွားသေတာနဲ့ ပတ်သက်လို့ အဖေပြောပြတာမှတ်မိသေးတယ်။ အဲဒီနေ့က အဘွားက အဖေ၀ယ်ပေးထားတဲ့ ထမီအသစ်ကလေးဝတ်လို့ ဘဒွေး ခင်အောင်တို့ မင်္ဂလာသွားတယ်။ မင်္ဂလာပွဲရောက်တော့ လက်ဖွဲ့ ပေးလို့အပြီး မင်္ဂလာ ထမင်းစားဖို့လုပ်တုန်း မူးလဲတာ။
February 3, 2008
ဖေဖော်ဝါရီလ ဗေဒင်ဟောစာတမ်း
ဤလအတွင်း၌
တနင်္ဂနွေသားသမီးများ
(၁) စီးပွားရေး
သူတောင်းစားတစ်ဦးနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်ပါ။ အရင်းမစိုက်ရဘဲ အမြတ်ရမည်။
(၂) အချစ်ရေး
လူပျိုကြီး၊ အပျိုကြီးများ စိတ်ကူးယဉ်အိပ်မက်တွင် အိမ်ထောင်ကျမည်။
(၃) လူမှုရေး
အတင်းပြောခြင်းခံရသည်ကို သိရှိက စိတ်မချမ်းမသာဖြစ်မည်။
(၄) ယတြာ
လူတွေ့တိုင်းပြုံးပြပါ။ "ဒီကောင်ရူးသွားပြီထင်တယ်" ဟု အပြောခံရသည်အထိ မပျက်မကွက် သတိဖြင့် ဆောင်ရွက်ရန်လိုသည်။
တနင်္လာသားသမီးများ
(၁) စီးပွားရေး
ချဲထီထိုးပါက အရှုံးများမည်။
(၂) အချစ်ရေး
Online ပေါ်တွင် ချစ်စကားပြောရန် ကြံစည်ခြင်းခံရမည်။
(၃) လူမှုရေး
ထင်မှတ်မထားသူတစ်ဦး၏ လေလည်သော အနံ့အား ရှူမိကာ စိတ်မကြည်မသာဖြစ်ရမည်။
(၄) ယတြာ
နှာရှူဘူးတစ်ခုဆောင်ပါ။ အသံကြားသည်နှင့် အမြန်ကာကွယ်မှုပြုရန်လိုသည်။ အသံတိတ် လုပ်ကြံခြင်းခံရပါက ပြင်းထန်ဆိုးရွှားသော ၀မ်းနည်းမှုဖြစ်နိုင်သည်။
အင်္ဂါသားသမီးများ
(၁) စီးပွားရေး
ကန်စွန်းရွက်စိုက်ရောင်းကာ စီးပွားရေးဈေးကွက်ချဲ့ထွင် ရမည့်အချိန်ဖြစ်သည်။
(၂) အချစ်ရေး
လူငယ်လူရွယ်မောင်မယ်များ အပျိုကြီး၊ လူပျိုကြီးများ၏ လက်သီးပုန်းကို သတိထားရမည့် အချိန်ဖြစ်သည်။
(၃) လူမှုရေး
ငယ်ပေါင်းသူငယ်ချင်းတစ်ဦးက ငယ်ငယ်က ဂွေလှိမ့်တမ်းကစားစဉ် ပုဆိုး၊ ထမီ ပြေကျသည်ကို အကျယ်တ၀င့် ရှင်းလင်းတင်ပြကာ အရှက်ခွဲခံရမည်။
(၄) ယတြာ
ငယ်ပေါင်းသူငယ်ချင်းများနှင့် မိတ်ဆုံစားပွဲလုပ်ခြင်း၊ လက်ဖက်ရည်ဆိုင် ၀ိုင်းထိုင်ခြင်းကို တတ်အားသမျှရှောင်ပါ။
ဗုဒ္ဓဟူးသားသမီးများ
(၁) စီးပွားရေး
ဆန်ဈေးတက်ခြင်း၊ မီးပျက်ခြင်းတို့ကြောင့် ထမင်းငတ်ခြင်းဖြစ်မည်။
(၂) အချစ်ရေး
ကံကောင်းပါသည်။ (အိမ်ထောင်ကျရန်ကား စစ်သူကြီး မဟာဗန္ဓုလ ကဲ့သို့သော သတ္တိမျိုးမွေးရမည်။)
(၃) လူမှုရေး
နဖာချေး ကလှော်စဉ် အရေးတကြီး ဖုန်သံကြောင့် ချက်ချင်း လျှပ်တပြတ် လှုပ်ရှားမှုကိုရှောင်ပါ။ မတော်တဆ ထိခိုက်မှုရှိနိုင်သည်။
(၄) ယတြာ
ဘိုးဘွားရိပ်သာသို့ ချိုလိမ် (သားသားမီးမီး တို့ထံမှ မသိအောင် တိတ်တဆိတ်ယူငင်ကာ) လှူဒါန်းခြင် ကုသိုလ်ပြုပါ။
ကြာသပတေးသားသမီးများ
(၁) စီးပွားရေး
လမ်းပေါ်ထွက်ပိုက်ဆံရှာပါ။ ဗီတာမင်ဒီ အပြည့်အ၀ရကာ အသားမည်းခြင်းပါ အပိုဆုရမည်။
(၂) အချစ်ရေး
"အချစ်ရေ" "အချစ်ရေ" ဟု လမ်းမပေါ်ထွက်ပြီး အကျယ်ကြီးအော်ကာ အူယားဖားယား ပြေလွှားခြင်းပြုပါ သနားသူပေါ်လာပါမည်။ ချစ်ခြင်းအစ သနားခြင်းကဟု ဆိုရိုးရှိပါသည်။
(၃) လူမှုရေး
ဝမ်းနှုတ်ဆေးစားပြီး ဘတ်စကားစီးစဉ် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ကိန်းရှိသည်။ သတိကြီးကြီး ထားပါ။
(၄) ယတြာ
ဘတ်စကားစပါယ်ယာ၏ အားနည်းချက်ကိုရှာဖွေပါ။ ကွမ်းယာအသင့်ဆောင်ထားပါ။ အဆင်ပြေနိုင်သည်။
သောကြာသားသမီးများ
(၁) စီးပွားရေး
အိမ်သန့်ရှင်းရေးလုပ်စဉ် ထင်မှတ်မထားသော အမှိုက်ထုပ်ကြီးအားရောင်းကာ စီးပွာတက်နိုင်သည်။
(၂) အချစ်ရေး
အဝေးရောက်ချစ်သူက ပို့လိုက်သော ဗယ်လင်တိုင်းဒေး လက်ဆောင်ဗူးကြီးရမည်။ အထုပ်ဖွင့်စဉ် သတိကြီးစွာထားရန်လိုသည်။ စပရိန်လက်သီးပုန်း ထွက်လာနိုင်သည်။
(၃) လူမှုရေး
လမ်းလျှောက်နေစဉ် "ဖင်မှာ အပေါက်ကြီးနဲ့" ဟု အပြောခံရကိန်းရှိသည်။
(၄) ယတြာ
အ၀တ်ဟောင်းများကို စွန်ကြဲပါ။ အပြောခံရပါက လှည့် မကြည့်ပါနှင့် ထပ်မံ အရှက်ကွဲနိုင်သည်။ "လူတိုင်းမှာ ရှိတာပဲ" ဟု ပုတီး ၃ ပတ်စိတ်ပါ။
စနေသားသမီးများ
(၁) စီးပွားရေး
ရှေးဟောင်းခြင်ဖမ်းသိုင်းကျမ်းကို မထင်ဘဲ လမ်းတွင်ခလုပ်တိုက်မိပြီး ရမည်။ ခြင်ဖမ်းသိုင်းဂိုဏ်ထောင်ကာ ဂိုဏ်ချုပ်လုပ်ပါ ဂိုဏ်းသားများ၏ အားထုတ်မှုဖြင့် မဟာစီးပွားရေးအောင်မြင်မှုကြီးရရှိပြီး အဖြူရောင်သိုင်းဂိုဏ်အဖြစ် နာမည်ထင်ရှားမည်။
(၂) အချစ်ရေး
ဆတ်စလူးမလေးမျာ၏ ရင်ခုန်သံကို အလှူခံ မဏ္ဍပ်၏လောက်စပီကာမှ တဆင့် ကြားသိရမည်။ ဖူးစာရှင် လူပျိုကြီးက အရဲစွန့်သော လုပ်ရပ်ကြောင့် အဖြေပေးရကိန်းရှိသည်။
(၃) လူမှုရေး
အဘွားကြီးတစ်ဦးအား အဘိုးကြီးက မွှေးမွှေးပေးစဉ် နှပ်ထွက်ကာ ပေးကျံနေသောနှပ်အား သုတ်ပေးရကိန်းရှိသည်။
(၄) ယတြာ
လမ်းလေးခွတွင် အလံထောင်ကာ လက်ပန်းပေါင်းခတ်၍ "သတ္တိမရှိတဲ့ကောင်ထွက်ခဲ့" "မမိုက်တဲ့ကောင်ထွက်ခဲ့" ဟု တစ်လောကလုံးကိုစိန်ခေါ်ပါ။

February 1, 2008
၂၀၀၈ ဖေဖေါ်ဝါရီလ အင်္ဂလိပ်-မြန်မာပြက္ခဒိန်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၂ နှစ်က ဒီလရဲ့ ၁၃ ရက်မြောက်နေ့မှာ .. တော်လှန်ပြောင်းလဲပစ်တတ်တဲ့ သဘာဝရှိတဲ့ ၁၃ ဂဏန်းသမား ဗိုလ်ချုပ်အောင်ဆန်း အလောင်းအလျာ မောင်ထိန်လင်းလေးကို မွေးဖွားခဲ့ဖူးပါတယ်။ ၁၃ ဂဏန်းသမားတွေဟာ ၁၃ ဂဏန်းလိုပဲ ထူးဆန်းတဲ့ သဘာဝ အကျင့်စရိုက်တွေရှိတယ်။ အများနဲ့မတူတဲ့ ထိုးဖောက်သိမြင်နိုင်တဲ့ သတ္တိပါတယ်။ အပြောင်းအလဲကို လိုလားသူ သမားရိုးကျမှခွဲထွက်သူများဖြစ်တယ်။
Subscribe to:
Comments (Atom)
-
ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင...
-
တောင်ပြာပြာအောက်က အရိုး တောင်ကတုံးတွေအောက်က အရိုး ကျောက်ဖြုံးမြေအောက်က အရိုး နုန်းတင်မြေတွေအောက်က အရိုး ဂဝံမြေအောက်က အရိုး ရွံ့မြေ...