April 20, 2010

ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း အန္တရာယ် (၁၀) ပါး

တရားအားထုတ်ကြသော ပုဂ္ဂိုလ်အပေါင်းတို့အား သတိမူနိုင်ကြစေရန်အတွက် -
မိုးညှင်းဆရာတော်ဘုရားကြီး ဆုံးမတော်မူသော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း အန္တရာယ် ၁၀ ပါးကို ဖော်ပြလိုက်ပါသည်။
  • (၁) အရောင်အလင်းများ ပေါ်ပေါက်ခြင်း၊
  • (၂) ခန္ဓာကိုယ်ပေါ့ပါးနေသဖြင့် နှစ်သက်နေခြင်း၊
  • (၃) ကိုယ်စိတ် ငြိမ်အေးနေခြင်း၊
  • (၄) ယုံကြည်သော သဒ္ဓါတရားများ တိုးပွားနေခြင်း၊
  • (၅) အလွန့်အလွန် ၀ီရိယစိုက်၍ အားထုတ်ခြင်း၊
  • (၆) ကိုယ်ရောစိတ်ပါ ချမ်းသာနေခြင်း၊
  • (ရ) သဘာဝတရားတို့ ဉာဏ်၌ အလွန်ထင်ရှားနေခြင်း၊
  • (၈) အလွန်ထင်သော သတိရှိနေခြင်း၊
  • (၉) ရုပ်တရားအပေါ်မှာ ၀တ်ကျေဝတ်ကုန်မျှသာ ရှုခြင်း ဟူသော လျစ်လျူရှုခြင်း၊
ဟူသော ၎င်း ၉-ပါး တို့သည် ၀ိဿနာညစ်ညူးကြောင်း၏ တည်ရာ ၀တ္ထုမည်၏။
  • (၁၀) ၎င်း ၉ - ပါးတို့တွင် တစ်ပါးပါးကို သာယာနေခြင်း သည်သာလျှင် နိကန္တိ-၀ိဿနာ၏ ညစ်ညူးကြောင်း အစစ်မည်၏။
တရားအားထုတ်သူအပေါင်း သတိပြုဖွယ်ဖြစ်သည်ဟု ထင်မြင်မိပါသည်။