April 12, 2010

ကျွန်တော်နှင့်တောတွင်းကာလများ (၁၀)

 အင်ကြင်းပန်း


ဗန်းမောက်မြို့သည် တောင်များ ပတ်ခြာဝိုင်းလျက် ရှိသောမြို့ဖြစ်ပါသည်။ အပြာရောင် တောင်တန်းများကို တမြော်တခေါ် ကြီးတွေ့ရသည်။ ကျွန်တော်တို့မြို့တောင်ဖက်တွင် ထီးထီးမားမားရှိနေသော ကျုံးတောင် သို့မဟုတ် ကျွန်းတောင် ရှိသည်။ ဝန်းသိုစော်ဘွားဦးအောင်မြတ်၏ ဖခင် ဦးရွှေသား တည်ခဲ့သော ဘုရားဟု ကြားဖူးသလိုရှိသည်။ အင်ကြင်းပင်များ အလွန်ပေါသောတောင်ဖြစ်သည်။ အင်ကြင်းပွင့်ချိန်တွင် တစ်တောင်လုံး ရွှေဝါရောင်လွှမ်းပြီး၊ တစ်တောလုံး အင်ကြင်းနံ့သင်းနေသည်။ အင်ကြင်းပန်းသည် ပိတောက်ပန်းထက် သစ္စာရှိသည်။ ပိတောက်ပန်းသည် ပွင့်ချင်သည့်အချိန် လျှောက်ပွင့်သည်။ အင်ကြင်းသည် ထိုသို့မဟုတ်။ တစ်တောလုံး တစ်တောင်လုံးရှိ အင်ကြင်း၊ တနယ်လုံးရှိ အင်ကြင်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ တစ်လတည်း ပွင့်ကြသည်။ ထို့ကြောင့်အင်ကြင်းသည် ပိတောက်ထက် သစ္စာရှိသည်ဟု ကျွန်တော်ဆိုခြင်းဖြစ်သည်။ တန်းခူးလတွင် အင်ကြင်းပန်းတဝေဝေရှိတတ်သည့် ကျွန်တော်တို့ ရှမ်းနီမြေကို တစ်ခါလောက် ရောက်ခဲ့စေချင်ပါသည်။


အင်ကြင်းပန်းအကြောင်းပြောရင်း အင်ပင်တွေ အကြောင်းလည်း သတိရသည်။ ကညင်ပင် အကြောင်းလည်း သတိရသည်။ ကညင်ဆီဖြင့် မီးထွန်းပြီး ညစာထမင်းစားခဲ့ ဖူးသည်ကို အမှတ်ရလာသည်။ ကညင်ဆီ အခြောက်ကို အမှုန့်ထောင်းပြီး ကညင်ဖက်လား၊ ကျွန်းဖက်လား ကျွန်တော်မမှတ်မိ။ ထိုကတော့ဖြင့် ထုပ်ထားသော ကညင်ဆီမီးတိုင်ဖြင့် ညဆို မီးထွန်းသည်။ ကညင်ဆီများ အတွဲလိုက် ကျနေတတ်သော ကညင်ပင် ကြီးများကိုလည်း မြင်ယောင်လာမိသည်။ ယခုတော့ သစ်တောတို့ပြုန်းလာပါပြီ။ ငယ်ငယ်က လေပေါ်မြှောက်မြှောက်ပြီး ကစားခဲ့သော တောင်ပံ နှစ်ဖက်ပါ ကညင်သီးခြောက်တို့ တဝဲဝဲ လွင့်ကြွေတတ်သော နွေဦး အချိန် အခါတို့ကိုလည်း တမ်းတမိသည်။ ဤကညင်ပင် ကညင်တောတို့ ကျွန်တော်တို့ ဒေသမှ မကြာမတင် ပျောက်ပျက်တော့မည်ကိုလည်း မြင်ယောင်နေမိသည်။ အထိန်းအသိမ်းကောင်းမှ သည်တောအသက်ရှည်မည်ဖြစ်သည်။ ဥတုရာသီ တောကိုမှီဟု ဆိုရိုးရှိသည် မဟုတ်ပါလော။

အင်ပင်ပေါ်သော ကျွန်တော်တို့မြို့အဝင် လမ်းဘေးတလျှောက် ရွက်နုပေါက်ချိန်တွင် အင်ပင်နုနုမှ အင်ရွက်ဖူးနီနီလေးများ နုထွားလှလှ ထွက်နေတတ်ကြသည်။ ကျွန်တော်ငယ်ငယ်က ထိုအင်ရွက်ဖူးနီနီကို မြင်မိတော့ နွားမိတ်လိုက်သည်ခါ မြင်ရတတ်သည့် နွားသိုးပစ္စည်းနီနီ ကို မြင်မိပြီး။ နွားသိုး နှင့် အင်ပင် ဘယ်လိုများ ဆက်စပ်ပါလိမ့်ဟု စဉ်းစားခဲ့ဖူး သလိုရှိသည်။အင်ပင်ပေါသော ဒေသဖြစ်သည့် အလျောက် အင်ဥကလည်း ပေါလိုက်သည့် ဖြစ်ခြင်း။ ကျွန်တော်တို့ကတော့ မှိုဥ ဟုခေါ်သည်။ အင်ဥ လို့ သုံးသည်က စာမှာ ဖတ်ဖူး လို့ဖြစ်သည်။ အင်ဥ ဟင်းတစ်ခွက်ကို ပူပူလေးချက်ကြွေး ချင်သည်။ မိုးဦးကျ တခါ လာဖြစ်အောင် လာပါဟု ဆိုချင်သည်။ မှိုဥများကို တောင်းများတွင် ထည့်ပြီး ကသာ၊ အင်းတော်တို့ဖက် သယ်ကာ မှိုဥရောင်း ထွက်ကြသော ဈေးသည် အစ်မကြီးများ၏ သနပ်ခါး ဘေးကြားဖြင့် စေတနာ တစ်ခွဲသား ပိုတတ်သောဓလ့ကိုလည်း တွေ့နိုင်သေးသည်။ မှိုဥတူး ကျွန်တော်လိုက်ဖူးသည်။ အင်ပင်များအောက်။ တူးရ၊ ဆွရသည်။ မြေက အင်တော။ မြေဆွေးပေါရာမြေဖြစ်သည့် အတွက် တူးရသိပ်မခက်ဟု အမှတ်ရသလိုရှိသည်။ များများစားစား ကျွန်တော် မတူးခဲ့ ဖူးသည့် အတွက် ကျွန်တော် ကောင်းကောင်းတော့ ပြောမပြနိုင်ပါ။ အချို့ဒေသ များတွင် ဝက်ကို တောထဲ ဆွဲသွားပြီး အနံ့ခံကာ တူးခိုင်းသည်ဟု ဆိုပါသည်။ ကျွန်တော်တို့ ဖက်တွင်တော့ တူရွင်းငယ်ငယ် သို့မဟုတ် ဓားဦးပြားပြား ဖြင့်သာ တူးကြသည်ကို အမှတ်ရပါသည်။
ကျွတ်ကျွတ်အိတ် မပေါ်မီက အင်ဖက်ကို အားထားပြီး ထုတ်ပိုး သယ်ယူကြသည့် အတွက် ကျွန်တော်တို့ ဘက်တွင် အင်ဖက်ကောက် (ခူးသည်) ပြီး ရောင်းချ သူလည်းရှိသည်။ အင်ဖက်သည် ဟု ကျွန်တော်တို့ ခေါ်ပါသည်။ အရင်းအနှီးက တောထဲသွားပြီး အင်ဖက်ကောင်းကောင်းရှာကာ ခူးယူပြီး ထမ်းပိုးသယ်ကာ ဈေးတွင် ရောင်းရုံသာ။ အင်ဖက် အလယ်ကြော မာမာ ကိုတော့ လှန်ရ၊ ခွာရ ပါသည်။ သို့မှသာ ထုတ်ပိုးရာတွင် လွယ်လွယ်ကူကူ ခေါက်ရ၊ ပြုရ လွယ်သည်။ ချည်ရန် အတွက် ဝါးနှီးကို သုံးကြသည်။ သင်းဝါး အနုကို ခုတ်ပြီး နှီးဖြာကာ ကြပ်ခိုးတင်ထားကြသည်။ ချက်ချင်း အခြောက်လှန်းပြီး သုံးတာလည်းရှိသည်။ သုံးခါနီးတွင် ရေစိမ်ပြီး သုံးကြသည်။ နှီးဖျာပြီး သုံးကြသူလည်းရှိသည်။ ကျွန်တော့အဖိုး ဦးအိုက်ရွှေကတော့ သူလယ်ထွန်ပြီး အားလျှင် နှီးဖျာဖျာနေတတ်တာကို သတိရသည်။
အဖိုးပေါင်တွင် ထိုးကွင်း မင်ကြောင်များရှိသည်။ ထိုးကွင်းမင်ကြောင်အစမှာ ရှမ်းတို့မှ ဟု မှတ်ရဖူးသည်။ ယခုထိ သက်ရှိထင်ရှားရှိကြသည့် အသက် ၈၀ နားနီး အဖိုးကြီးများ၏ ပေါင်တွင် ထိုးကွင်း မင်ကြောင်ရှာနိုင် တွေ့နိုင်သေးသည်။ ကျွန်တော့်အဖိုးကား လွန်ခဲ့သော ၂ နှစ်ကျော်က ဆုံးခဲ့လေပြီ။ ထိုးကွင်းမင်ကြောင်ဖော်ပြီး ခါးတောင်မြှောင်အောင် ကျိုက်ထားသည့် အဖိုးအမှတ်တရ မရိုက်ထားရ သည်မှာ နာလေစွ။

5 comments:

Jamaica said...

I miss Ba Mauk too!

Jamaica

Unknown said...

san francisco 49ers jerseys
jordan 11
adidas outlet
mlb jerseys
cartier watches
kobe 9
thomas sabo
snapback hats
jordan shoes, http://www.jordanshoes.us.com/
michael kors outlet online
mac cosmetics
hogan,hogan outlet,scarpe hogan,hogan sito ufficiale,hogan interactive
cheap jordans, http://www.cheapjordanshoes.in.net/
lebron shoes
coach outlet
ray-ban sunglasses, http://www.raybansunglass.com.au/
lebron james shoes
barcelona jersey
longchamp outlet
vibram fivefingers
oakley canada, http://www.oakleysunglassescanada.com
cheap oakley sunglasses
nike air max uk
louis vuitton outlet store, http://www.louisvuittonoutletstore.name/
louis vuitton uk
the north face outlet
ray ban sunglasses
michael kors uk
nike huarache
nba jerseys, http://www.nbajerseys.us.com

chenlina said...

chenlina20160328
louis vuitton bags
michael kors outlet
louis vuitton outlet
michael kors outlet
ed hardy outlet
nike blazers shoes
ray ban sunglasses
basketball shoes
concords 11
ugg sale
designer handbags
coach factory outlet
ray bans
mcm handbags
louis vuitton handbags
beats solo
canada goose outlet store
michael kors outlet
air jordans
ray ban sunglasses
ugg boots outlet
michael kors outlet
louis vuitton outlet onlne
ralph lauren outlet
ray bans
ralph lauren outlet
oakley sunglasses
uggs boots
air jordan 8
coach outlet online
ugg boots
kobe 10
insanity workout
canada goose jackets
ray ban sunglasses
canada gooses outlet
kate spade outlet
coach factory outlet online
coach outlet
beats by dr dre
as

touti said...

replica bags blog replica bags toronto replica bags ebay

wene said...

check out this site dolabuy Loewe view gucci dolabuy click for more info louis vuitton replica