September 8, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၉) ဘာ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဘုရားပရ၀ုဏ်အတွင်းမှာ ထူးဆန်းတဲ့အရာတွေ လုပ်နေကြတာလဲ?

နားလည်း သဘောပေါက်မှုလွှဲမှားခြင်းမှ စတင်သည်ဟု ဆိုရပါမည်။ လူတို့သည် မိမိတို့ နားလည်သဘောမပေါက်နိုင်သောအရာများအား ထူးဆန်းသည်ဟု ထင်မြင်မှတ်ယူကြသည်။ ဤကဲ့သို့သော ထင်မြင်နေမှုကို သည်အတိုင်းထားလိုက်ခြင်းထက် ထိုအရာတို့၏ အနက်အဓိပ္ပာယ်ကို ရှာဖွေစူးစမ်းသင့်ပေသည်။ ဗုဒ္ဓသင်ကြားဆုံးမခဲ့သည်များကို နားလည်မှုလွှဲမှားခြင်း၊ အယူသည်းလွန်းခြင်းတို့မှ အစပြုကာ ဗုဒ္ဓဘာသာဝင်တို့ ကိုယ်တိုင်ပင် ထိုကဲ့သို့သော ထူဆန်းမှုများကို လုပ်လာခဲ့ကြပေသည်။ ထို့ကြောင့် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုအမှန်နောက် မလိုက်ဘဲ လမ်းလွှဲလာကြသည်များရှိပေမည်။ ထိုကဲ့သို့သော နားလည်မှုလွှဲမှားခြင်းကို ဗုဒ္ဓဘာသာ၌သာ တွေ့ရသည် မဟုတ်။ ဘာသာတိုင်း၌ပင် အချိန်ကြာလ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အယူအဆများ နားလည်မှုများ လွှဲမှားလာခဲ့ကြသည်ကို တွေ့ရပေသည်။ သွန်သင်ဆုံးမခဲ့မှုများအား လုံးဝဥဿုံ နားလည်းသဘောပေါက်ခြင်း မရှိနိုင်သူတို့ကိုလည်း အပြစ်တင်နေ၍ မဖြစ်ပေ။ ရင့်ကျက်ချိန်တန်မှ ရင့်ကျက်သည်မှာ သဘာဝဖြစ်သည်။ ဗုဒ္ဓ၏ သင်ကြားပို့ချမှုများတွင် တိကျသော၊ ရှင်းလင်းသော၊ အသေးစိတ်နိုင်သော သွန်သင်ပြောပြမှုများ ပါဝင်ကြောင်းကို အသေအချာ လေ့လာလိုက်စားသူတိုင်း သိကြသည်။

"လူတစ်ဦးသည် ရောဂါဝေဒနာ ခံစားနေရချိန်၌ သမားတော်ရှိပါလျက် ဆေးကုသရန် အားထုတ်မှု မပြုဘဲသေဆုံးခဲ့သည်ရှိသော် ဤသည်မှာ သမားတော်၏ ညံ့ဖျင်းမှု မဟုတ်။ ထိုနည်းတူစွာပင် လောဘ၊ ဒေါသ၊ မောဟ တို့၏ ဖိစီးနှိပ်စက်မှုကို ခံနေရသော သတ္တ၀ါတို့သည်လည်း ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများရှိပါလျက် မနာယူ မကျင့်ကြံခြင်း၍ နိဗ္ဗာန်သို့ မရောက်နိုင်ခြင်းမှာ ဗုဒ္ဓ၏ ညံ့ဖျင်းမှု မဟုတ်ပေ။"

ဗုဒ္ဓဘာသာဝင်များသာ မဟုတ်ပေ အခြားဘာသာဝင်များသည်လည်း ဆိုင်ရာအကိုးကွယ်ခံ ပုဂ္ဂိုလ်တို့၏ သွန်သင် ဆုံးမမှုများကို ပြည့်ဝစွာ နားလည် သဘောပေါက်အောင် အလေ့အကျင့်လုပ်သူ အားထုတ်သူ နည်းပေသည်။ ဗုဒ္ဓ၏ သင်ကြားပြသမှု အစစ်အမှန်များကို နားလည် သဘောပေါက်လိုပါက ဗုဒ္ဓ၏ ဟောကြားချက်များကို ဖတ်ပါ၊ တိတိပပ နားလည်သူတို့ထံ ချဉ်းကပ်မေးမြန်း ဆွေးနွေးပါ၊ ကျင့်ကြံ အားထုတ်ကြည့်ပါ ဟု တိုက်တွန်းလိုပါသည်။
ဗုဒ္ဓသည် သင့်အား နိဗ္ဗာန်သို့ ရောက်စေဟု တန်ခိုးတော်ဖြင့် ဖန်တီးပေးမည့် တန်ခိုးရှင်မဟုတ်။ သိစရာဟူသမျှကို သင်ကြားပြသသူမရှိဘဲ ကိုယ်တိုင် ကျင့်ကြံပြီး သိခဲ့သူဖြစ်သည်။ သူသိသည့် အမှန်တရားများကို သတ္တ၀ါများ ချမ်းသာမှုရစေရန်ရည်ရွယ်၍ သွန်သင်ဆုံးမ ပြောပြခဲ့သူသာဖြစ်သည်။

4 comments:

မိုးမောင်(HappyCloud) said...

ကျနော်လည်း လေ့ကျင့်အားထုတ်မှု အတော်လေးနည်းပါးတယ်ဗျို့...။ သတိပြုသွားပါတယ် ဆရာ။

ဘုန်းဘုန်း said...

ဘာသာရေးမှာ ဒီလိုဖြစ်နေတယ်လို မြင်မိပါတယ်။ တခါတုန်းက ရှင်ဘုရင်ကိုးကွယ်တဲ့ ဆရာတော်ကြီးတစ်ပါး ကျမ်းတစ်စောင်ပြုစုပါသတဲ့၊ အဲဒီကျမ်းကြီးတစ်ခုလုံးမှာ စာတစ်ကြောင်းကိုသာ ထပ်ခါတလဲလဲ ရေးထားပါတယ်။ အဲဒါက " သိသော်လည်း မကျင့် " ပါတဲ့ဗျာ။ အခုခေတ်စကားနဲ့ ရယ်စရာ ပြောရယင် ၉၉.၉ရာနှုန်း.....

Unknown said...

cheap jordans
ugg outlet
ray ban sunglasses
ugg outlet
uggs on sale
uggs
michael kors handbags
cheap jordan shoes
ralph lauren outlet
levis 501
rolex replica watches
ray ban sunglasses
versace
ralph lauren outlet online
pandora jewelry
christian louboutin outlet
kate spade outlet
lebron james sneakers
birkenstock
tiffany and co
ralph lauren outlet
kobe 9
michael kors handbags outlet
gucci outlet
ed hardy
ugg outlet
polo ralph lauren
coach outlet online
true religion
the north face
ugg outlet
hollister clothing
ugg boots outlet
salvatore ferragamo
nike air max 90
zhuo20160831

5689 said...

zzzzz2018.8.16
longchamp handbags
coach outlet online
oakley sunglasses wholesale
louboutin shoes
ralph lauren outlet
supreme clothing
moncler online outlet
oakley sunglasses
ralph lauren outlet
off white jordan 1