August 29, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၈) ရုပ်တုကို ကိုးကွယ်နေကြတာလား?

ဤကဲ့သို့သော စွပ်စွဲမှုပေါ်ပေါက်လာခြင်းမှာ စွပ်စွဲသူတို့၏ နားလည်မှု လွှဲမှားခြင်းကြောင့် ဖြစ်သည်။ ဆင်းတုတော်ကို နတ်ရုပ်တုများကဲ့သို့ အရိုအသေပေးစရာရုပ်တု အဖြစ် အမှတ်မှား၊ အမြင်မှားဖြစ်နေကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓကို နတ်ဘုရား အဖြစ် ယုံကြည်ကိုးကွယ်ကြခြင်း မဟုတ်ပါ။ သတ္ထု၊ သစ်သား၊ ကျောက်တုံး တို့ကို ကိုးကွယ်နေခြင်း မဟုတ်ပါ။ ဘာသာတိုင်းတွင် မိမိတို့ယုံကြည်ရာ ဘာသာရေး၏ အမှတ်လက္ခဏာရှိကြစမြဲ ဖြစ်သည်။ တာအိုဘာသာဝင်များ (Taoism) သည် ယင်နှင့်ယန် ကားချပ် (Ying-Yang Diagram) ကို ဆန်ကျင်ဖက် ၂ ခုကြားရှိ မျှတနေမှုသဘောအဖြစ် မှတ်ယူကြသည်။ ဆခ်ဘာသာဝင် (Sikhism) များသည် ဓားမြှောင်ကို ရုန်းကန်လှုပ်ရှားခြင်း ဟု မှတ်ယူထားကြသည်။ ခရစ်ယာန်ဘာသာဝင် (Christian) များကမူ ငါး (Fish) ပုံကို ခရစ်တော်၏ သင်္ကေတအဖြစ် မှတ်ယူကြသည်။ လက်ဝါးကားတိုင်း (Cross) ကို စွန့်လွှတ်အနစ်နာခံခြင်း၏ သင်္ကေတ အဖြစ် မှတ်ယူထားကြသည်။ ဗုဒ္ဓဘာသာဝင်များတွင်မူ ဗုဒ္ဓ၏ ဆင်းတုတော်များသည် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများကို အမှတ်ရနေရန် ကိုယ်စားပြုကြသည်။ အမှတ်လက္ခဏာရှိနေခြင်းက၊ ရှိခြဲ့ခင်းကို သက်သေအဖြစ် တည်စေမှန်း လူတိုင်း အသိပင်ဖြစ်သည်။ အမှန်စင်စစ်တွင် ဗုဒ္ဓဘာသာသည် နတ်ဘုရားကို ဗဟိုပြုသည့်ဝါဒ မဟုတ်ဘဲ၊ လူဗဟိုပြုအယူဝါဒ ဖြစ်သည်။ အရာရာပြီးပြည့်စုံခြင်း၊ သဘောပေါက်နားလည်ခြင်းကို ရရှိရန် မိမိကိုယ်တိုင်၌သာ ရှာရမည်ဖြစ်ကြောင်း၊ ပြင်ပ၌ ရှာဖွေ မတွေ့ရှိနိုင်ကြောင်း သင်ကြားဆုံးမသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့ ဆင်းတုတော်၊ စေတီပုထိုး စသည်တို့ကို ကိုးကွယ်ကြခြင်းကို အပြစ်တင်ပြောဆိုနေမည်ဆိုပါက၊ ယင်-ယန်သင်္ကေတကို ကိုးကွယ်ခြင်း၊ ဓားမြှောင်ကို ကိုးကွယ်ခြင်း၊ ငါးရုပ်သင်္ကေတနှင့် ကားစင်တိုင် တို့ကို ကိုးကွယ်ခြင်းတို့ကိုလည်း အဆင်အခြင်မရှိ ဦးနှောက်မဲ့ ကိုးကွယ်နေကြခြင်းဟု ပြောသလို ရှိပေတော့မည်။

9 comments:

ရွှန်းမီ said...

ဆွေးနွေးချက်က သိပ်ကို အဓိပ္ပာယ်ရှိပါတယ်..
ရုပ်ပွားတော်ဆိုတာဟာလည်း မမေ့မလျော့ အမှတ်ရနေအောင် နေရာပေးပြီး အရိုအသေပေးတဲ့အလေ့ ထားရှိရခြင်း ဖြစ်ပါတယ်..

မိုးမောင်(HappyCloud) said...

အကြွင်းမရှိ မှန်ကန်ပါ၏။ ဒီခေါင်းစဉ်နဲ့ ပက်သက်လို့ တချို့သော ဘာသာဝင်တွေက ယနေ့အထိ အမြင်ကျဉ်းမြောင်းဆဲပါပဲ။ ဒါကတော့ သူတို့အနေနဲ့ ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်မှ မသိတာကိုး။ နားလည်ပေးရမှာပေါ့။ သူတို့လည်း တကယ့်ကို ဖွင့်ထားတဲ့ စိတ်နဲ့ ဗုဒ္ဓဘာသာကို လေ့လာမိရင် ဘယ်သဘောတရားက ယုတ္တိပဓာန၀ါဒ၊ ဘယ်ဟာက စိတ်ကူးယဉ်(အကြောက်တရား) ဦးစားပေး ၀ါဒဆိုတာ ရှင်းသွားမှာပါ။

တခြားဘာသာဝင် တစ်ဦးရဲ့ အိမ်ဧည့်ခန်းမှာ ဆိုရင် “ဘုရားကို ကြောက်ခြင်းသည်သာ ညာဏ်ပညာဖြစ်သည်” လို့ရေးထားတာ တွေ့ဖူးတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာကျတော့ ဒီလိုမဟုတ်ဘူးဗျ “အကုသိုလ်တရားကို ကြောက်ခြင်းသည်သာ ပညာ”လို့ ဆိုထားတယ်။

boy said...

good tay byar, a yan mite tay , but i think it is not complete answer,
soesoe

Anonymous said...

မှတ်သားစရာပါပဲဗျာ... ကျနော် အဲလိုကြုံဖူးတယ်ဗျ။ ခရစ်ယာန်ဘာသာဝင်တယောက် မေးတာပါ။ ဘာပြောရမှန်း မသိဖြစ်နေတယ်ဗျာ..။ ကျေးဇူးပါဗျာ။

ဘုန်းဘုန်း said...

ဟုတ်ပါတယ်။ ရုပ်တုကိုးကွယ်နေကြတာ မဟုတ်ပါဘူး။ ပိုပြီးပြည့်စုံအောင် ပြောရင် ကိုးကွယ်နေရုံသက်သက်ကိုလည်း အားမပေးဘူးဗျာ။ ရိုခိုးနေရုံသက်သက်လည်း မလုံလောက်ဘူး။ ရုတ်တုကိုးကွယ်တယ်ဆိုတာ ဗုဒ္ဓဘာသာအတွက် မလုံလောက်သော စွတ်စွဲချက်တာ ဖြစ်ပါတယ်။

မီးလေး said...

ဘာသာရေးနဲ့ ပတ်သက်လို့ တခြားသူတွေနဲ့ အတိုက်အခံပြောရတာမျိုးကို မီးလေး ရှောင်နေခဲ့တာ အဲဒီလို မေးခွန်းတွေကြောင့်ပဲ... အစ်ကို ဆွေးနွေးသွားတာ ကောင်းပါတယ်.. ရုပ်တုကို ကိုးကွယ်တာ မဟုတ်ဘူးဆိုတာတော့ ဘာသာခြားတွေကို သိစေချင်တယ်... ကိုယ့်ဘာသာ ကိုယ့်ယုံကြည်ချက်နဲ့မို့ ကိုယ့်ဘာသာကို ထိခိုက်လာရင်တော့ အတိုက်အခံ ပြန်ပြောရမှာပဲ... ခုလိုလေးတွေ ရေးထားပေးတော့ ဗဟုသုတ တစ်ခုတိုးတာပေါ့...
လေးစားစွာဖြင့်

tailengtai တိုင်းလှိုင်တိုင်း said...

စိုင်းခမ်းထွန်း ဘာသာရေးနဲးပတ်သက်တဲ့စာတွေလည်းထပ်ရေးပါအုံး စင်ကာပူကိုအလည်လာသွားတယ်လို့သိရတယ် မလေးကိုလည်းအလည်လာပါအုံးလို့ဖိတ်ခေါ်ပါတယ်

tailengtai တိုင်းလှိုင်တိုင်း said...

စိုင်းခမ်းထွန်း ဘာသာရေးနဲးပတ်သက်တဲ့စာတွေလည်းထပ်ရေးပါအုံး စင်ကာပူကိုအလည်လာသွားတယ်လို့သိရတယ် မလေးကိုလည်းအလည်လာပါအုံးလို့ဖိတ်ခေါ်ပါတယ်

Unknown said...

cheap jordans
abercrombie and fitch
michael kors outlet clearance
hugo boss outlet
ugg boots outlet
christian louboutin sale
louboutin pas cher
ugg outlet
coach outlet
coach factory outlet
michael kors handbags
ray ban sunglasses discount
coach outlet
cheap ugg boots
longchamp bags
louis vuitton bags
timberland boots
rolex replica watches
rolex replica watches
ralph lauren pas cher
coach outlet
ugg pas cher
ghd hair straighteners
louis vuitton outlet
birkenstock sandals
tiffany and co jewelry
christian louboutin shoes
longchamp bag
moncler coats
ysl outlet
babyliss flat iron
ugg boots
cheap ugg boots
true religion jeans
louis vuitton factory outlet
zhuo20160831