December 5, 2008

ဟောင်ကောင်သို့တစ်ကိုယ်တော်ခရီး (၃)

ဟောင်ကောင်သွားလည်လိုသည့် မြန်မာနိုင်ငံသားများအတွက် ဗီဇာလိုပါသည်။ စင်ကာပူတွင် အလုပ်လုပ်နေသော့ မြန်မာများအတွက် ဗီဇာကိစ္စရေးပေးလိုက်ပါသည်။
ဗီဇာအတွက်
- ပတ်စပို့ မူရင်း
- ပတ်စပို့ မိတ္တူ
- Spass or PR Card မူရင်း
- Spass or PR Card မိတ္တူ
- ဘဏ်ငွေစာရင်း (ဘဏ်ကဒ်ထဲတွင် ၄ လ ဆက်တိုက် ငွေဝင်ခဲ့ရမည်။ နောက်ဆုံးဘဏ်ကဒ်ထဲတွင် စင်ကာပူဒေါ်လာ ၃၀၀၀ အနည်းဆုံးရှိရမည်။ သံရုံးကို ပြရန်အတွက် ဘဏ် Passbook ကို စက်တွင် Update လုပ်ပြီး မိတ္တူကူးပေးရမည်။)
-Passport Size ဓာတ်ပုံ တစ်ပုံ
-လေယာဉ်လက်မှတ် Booking ပါရမည်။
- ကိုယ်တိုင်လုပ်လျှင် သံရုံးသွားရမည်

ပွဲစားနှင့် လုပ်မည်ဆိုပါက ပင်နဆူလာပလာဇာတွင် ပန်သစ္စာ ဆိုင်တွင် လုပ်၍ရသည်။ စင်ကာပူ ၇၀ ပေးရမည်။
ရုံးချိန်နှင့် အဆင်မပြေသောကြောင့် ပွဲစားနှင့် လုပ်ခြင်းက ပိုသင့်တော်ပါမည်။

ဟောင်ကောင်တွင် စင်ကာပူကဲ့သို ရထားစနစ်ရှိသည်။ စင်ကာပူတွင် MRT ခေါ်ပြီး၊ ဟောင်ကောင်တွင် MTR ဟုခေါ်သည်။ ဘူတာသင်္ကေတကို အောက်ပါပုံလေးဖြင့်ပြသည်။
ဘူတာသင်္ကေတ


ဟောင်ကောင် MTR ပြေးဆွဲပေးသည့် မြေပုံအား ဗဟုသုတ အလို့ငှာတင်ပေးလိုက်ပါသည်။ အစိမ်းရင့်ရောင် လိုင်း အဆုံးနားဖြစ်သည့် Airport တွင် ကျွန်တော်တို့ လေယာဉ်ပေါ်မှ အဆင်း Airport Express ကို စီးကာ Hong Kong ထိ စီးနင်းသွားနိုင်သည်။ ကောင်းလုံ (Kowloon) အခြမ်းဖက်တွင် ဆင်း၍လည်း နေနိုင်ပါသည်။ မိမိတည်းခိုမည့် ဟိုတယ် မည်သည့် အခြမ်းတွင် ရှိသည်ကို သိရန် http://maps.google.com တွင် ၀င်ကြည့်ကာရှာနိုင်ပါသည်။ MTR စနစ်ရောပါ သေချာပြပေးသည်။ အတော်ပြည့်စုံသည့် စနစ်ဖြစ်ပါသည်။


ဟောင်ကောင် MTR System ပြမြေပုံ


ဘူတာတွင် လက်မှတ် ၀ယ်လိုလျှင်လည်း လွယ်ပါသည်။ မိမိသွားလိုသည့် ဘူတာကို လက်ညိုးထောက်၍ နှိပ်ပြီး လူကြီးဆိုလျှင် Adult ကို နှိပ်၊ ကလေးဆိုလျှင် Child ကို နှိပ်ပြီး ပိုက်ဆံထည့်ရုံပင်။ စက်အပေါ်ဖက်နားရှိ ပိုက်ဆံထည့်သည့် နေရာတွင် အကြွေထည့်သည့် နေရာနှင့် ငွေစက္ကူ ထည့်သည့် နေရာ နေရာနှစ်ခုရှိသည်။ ပိုငွေနှင့် လက်မှတ်ကို အောက်ဖက်နားရှိ အပေါက် ကလေးမှ ထုတ်ပေးသည်။







ဟောင်ကောင်ဒေါ်လာငွေစက္ကူနှင့် အကြွေစေ့ အချို့ကို ဖော်ပြပေးလိုက်ပါသည်။











ရေဆာလာပြီး။ စာရေးတာ နားဦးမည်။ ........

5 comments:

Anonymous said...

လာလည်မယ်ဗျာ ဟောင်ကောင်က ကျွန်တော် အိပ်မက်ထဲက မြို့တော်ဗျ ...။

မသက်ဇင် said...

"ဟောင်ကောင်သို့တစ်ကိုယ်တော်ခရီး (၃)"
သွားချင်တယ်--ဟောင်ကောင်--
စင်္ကာပူလည်းသွားချင်တယ်--
လာလည်ရင်--စိုင်းကိုလိုက်ပို့ခိုင်းမယ်---
ဝေငှတာကျေးဇူးပါ---

Anonymous said...

လေ့လာသွားပါတယ်ဗျာ

yanmaneee said...

a bathing ape
supreme clothing
canada goose outlet
kd shoes
steph curry shoes
nike x off white
golden goose shoes
kyrie 6
kd shoes
curry 6 shoes

Unknown said...

s6y16o8e24 g3u09r0t59 p0r23e3r92 v8p31k0l71 k7l66t0w70 k9d17f9p57