December 30, 2008

ဟောင်ကောင်သို့ တစ်ကိုယ်တော်ခရီး (၈)

ဗိုက်ဖြည့်ပြီနောက် ဘယ်သွားလည်ရင် ကောင်းမလဲဟု ခဏစဉ်းစားသည်။ ထိုစဉ် ရထားလေး က အောက်ဖော်ပြပါ ဘူတာလေးသို့ ဆိုက်ရောက်လာသည်။ ရထားစီးလိုက်ဦးမှဟု စဉ်းစားကာ ဘူတာသို့ ၀င်သည်။ ဘူတာတွင်း၌ ခရီးသည်များကို ရထားပေါ် ဂရုတစိုက်တင်ပေးသော ၀န်ထမ်းလေးများရှိသည်။ ရထာတွဲက လေးတွဲလောက်ရှိမည် ထင်သည်။ ကျောဖက်ခြမ်းကို ပိတ်ထားသည်။ Disneyland ရှိရာဖက် အခြမ်းကို ဖွင့်ထားသည်။ ခုံ ကို အလျားလိုက် ၂ တန်း စီထားသည်။ ရှေ့ခုံကနိမ့်ပြီး နောက်ခုံကမြင့်သည်။ ထို့ကြောင့် ရှုခင်းကြည့်ရန်အဆင်ပြေသည်။


Disneyland မှ Disneyland ပတ်ရထားဘူတာလေး


ရေနွေးငွေ့ဖြင့်မောင်းသည့်ရထားလေး (တကယ်တမ်းတွင် ရေနွေးငွေ့ဖြင့် မမောင်းပါ)
ရထားက သိပ်မြန်မြန် မမောင်းပါ။ ဖြေးဖြေးလေးသာ။ ရထားဖြတ်မောင်းသွားရာ တလျှောက် ရှုခင်းများက တောထဲ၊ တောင်ထဲ ရောက်သလို။ တိရိစ္ဆာန် ရုံထဲရောက်သလို။ မြင်ခဲ့ရသော ရှုခင်းများကို ခံစားကြည့်နိုင်ရန် ဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

ရေကစားနေကြသော ဆင်များ



နေပူစာလှုံနေတဲ့မိချောင်း


သူတို့တွေ အစည်းအဝေးများ ထိုင်နေလေသလား


ဝါးတောထဲမှ လန့်စရာစွယ်စုံဆင်ကြီး


ရေချိုးနေတဲ့ ဆင်


သူတို့လည်း ကစားကြတယ်


အားလုံးက အရုပ်တွေချည်းပါ။ တကယ့်ဆင်တွေ၊ တကယ့်မြင်းကျားတွေ မဟုတ်။ ရထားအဖြတ်တွင် တွေခဲ့ရသော ရှုခင်းများက လွမ်းစရာလိုလို။

သိပ္ပံကမ္ဘာကို ရထားပေါ်မှ မြင်ရစဉ်

တောင်အော် မြောက်အော် အော်နေကြတဲ့ စက်ရုပ်များ



ရထားပေါ်မှာ အမှတ်တရ
ရထားတစ်ပတ်ပြည့်တော့ ကျွန်တော်လည်း ဆင်းလိုက်သည်။ လည်စရာပတ်စရာတွေက အတော်များများ ကျန်နေသေးသည်။ ရထားပေါ်တွင် အညောင်းတော့ အတော်ပြေသွားသည်။ ပိုးထားရသော ကျောပိုးအိပ်များကို ချကာ အတော်ကြာကြာလေး နားဖြစ်သွားသောကြောင့်ပင်။
Disneyland လည်ပတ်ခဲ့သည်များက ကျန်သေးသည်။ ရေးပါဦးမည်။


4 comments:

ဖိုးဂျယ် said...

ဒါဆို အားလုံး အတုတွေပဲလား
မသိလို့မေးကြည်တာ ဆင်က ဆင်း ဖြစ်နေတယ် ဟီးး

မိုးခါး said...

အဆုံးကနေ အစထိဖတ်သွားပါတယ် .. ဟောင်ကောင်ခရီးစဉ်ကို .. ကျောင်းတော့မပြီးသေးဘူး .. နောက်မှဆက်တော့မယ်း)

yanmaneee said...

balenciaga shoes
golden goose outlet
yeezy boost 350
air jordan
off white
supreme clothing
jordan 12
curry 8
supreme outlet
nike shox for men

southou said...

More Bonuses read here hop over to these guys read review Learn More more