March 10, 2011

ကျွန်တော်နှင့် ဘိုးလင်း


Singapore MRT. 



ဘိုးလင်း ဆိုတဲ့ကောင်နဲ့ ကျွန်တော်နဲ့ လုံးဝ အစေးမကပ်။ သူနှင့် ကျွန်တော်တွေ့တာ ၂ ခါရှိပြီ။ တစ်ခါမှ အဆင်တပြေ ဖြစ်ခဲ့သည်မရှိ။ ဒီကောင့်ကို တွေ့ဖို့ တကူးတက သွားရသည်။ ကျွန်တော်က တွေ့ချင်သည်လည်း မဟုတ်။ ကုမ္ပဏီက သွားခိုင်၍ သွားရခြင်းဖြစ်သည်။ စိတ်မပါ လက်မပါနှင့် ကျွန်တော်သွားရသည်။ မသွား၍လည်း မကောင်း။ ကျွန်တော့်အထက် အရာရှိက ကုမ္ပဏီက လုပ်သည့် အသင်းအဖွဲ့ဆို ကိုယ်စိတ်မပါလည်း သွားရသည် ဟု ဆိုသောကြောင့်တာ ဒီကောင် ဘိုးလင်း နဲ့တွေ့ခြင်းဖြစ်သည်။ ဘယ်လိုမှ ကြည့်မရသည့်ကောင်ကို အလုပ်ဆင်းပြီး တကူးတက သွားတွေ့ရသည်။ 
သူနေတာက ကုလား-မြန်မာ ချစ်ကြည်ရေးဘူးတာနားမှာ ဘူတာနာမည်က ဘူခစ်-ဘတုတ်။  ကုလားလေးဘူခစ် နဲ့ ကိုဘတုတ် ကို အမှတ်တရ ခေါ်ထားတဲ့ နာမည်။ အဲလိုပဲ EX-RIT အစ်ကိုကြီး ကိုဘကျော်တို့ အုပ်စု သင်္ကြန်မှာ ပြောသွားတာ မှတ်လိုက်ရသည်။ ဟုတ်မဟုတ်တော့ အာအိုင်တီ စက်မှုကျောင်းသား ဟောင်းကြီးဖြစ်သော ကိုဘကျော် ကိုသာ မေးကြည့်စေချင်သည်။

January 21, 2011

မရီနာဘေဆင့်ဒ် နှင့် ကျွန်တော်

  
မဆန့်မပြဲဆွဲထည့်ခံလိုက်ရသောမရီနာဘေဆင့်ဒ်

ကစားစရာလေး မရီနာဘေဆင့်ဒ်

November 16, 2010

သျှမ်းမော်ဒယ် (၄)

သျှမ်းမော်ဒယ် (၃)

သျှမ်းမော်ဒယ် (၂)


သျှမ်းမော်ဒယ်မလေးတစ်ဦး

သျှမ်းမော်ဒယ် (၁)


ယနေ့ စင်ကာပူရောက် သျှမ်းလူငယ်မောင်မယ်များ ဓာတ်ပုံရိုက်ကြသည့်အတွက် ကျွန်တော်လည်း အပျော်တမ်းသွားရိုက်ဖြစ်သည်။ ကင်မရာမင်းအဖြစ်။ မော်ဒယ် မောင် မယ်များကို တော်တော်များများရိုက်လာခဲ့သည်။ တိုက်ကြို တိုက်ကြား။ ကျွန်တော်ကတော့ တောကြို တောကြားပဲကြိုက်သည့် အတွက် တောကြို တောကြားပြောင်းပလိုက်သည်။ 
ကျွန်တော်ဟာ ကျွန်တော်တော့ အဆင်ပြေနေသည်။
နောက် သျှမ်းမောင်မယ် ပုံများလာဦးမည်။

October 4, 2010

သမီးလေးဖတ်ဖို့

သမီးလေး ....
သမီးလေးတောင် ၃ လ ပြည့်ပြီးသွားပြီ။ သမီးမေမေပြောပြတာ သမီးလေး မှောက်တတ်နေပြီတဲ့။ သမီးမေမေ နဲ့ သမီးလေး နေကောင်းကျန်းမာကြတာ သိရလို့ ဖေဖေ ဝမ်းသာပါတယ်။ ဟိုး  .. တစ်ပတ်လောက်ကပေါ့။ မှတ်မှတ်ရရ သမီးလေး ၃ လတိတိပြည့်တဲ့နေ့ပေါ့။ အားအင်ရှိလာတဲ့ သမီးက မှောက်ဖို့ကြိုးစားတော့။ ခေါင်းမနိုင်သေးတဲ့ သမီးကို သမီးမေမေက စိုးရိမ်တာပေါ့။ ညညဆို သမီးကို မအိပ်ပဲ စောင့်ကြည့်နေသတဲ့။ မေမေ အိပ်နေတုန်းသမီးလေး မှောက်ဖို့ကြိုးစားရင်း နှာခေါင်းပိတ်ပြီး သမီးလေး သေမှာ စိုးလို့တဲ့ သမီးလေးရေ။ အဲသမီးလေး ခုလေးတင် "သေ" ဆိုတဲ့ စကားလုံးကို သမီးအတွက် သုံးပြဖို့ ဖေဖေ တွန့်သွားတယ် သမီး။ ဒါပေမယ့် သမီးလေးကို ရင့်ကျက်စေချင်တယ်။ လူတိုင်း မရှောင်နိုင် မလွှဲနိုင်တဲ့ ကိစ္စကို ကြောက်တာတစ်ခုတည်းနဲ့ မသိစေဘူး ဆိုလည်း မဟုတ်သေးပါဘူးကွယ်။ ဖေဖေငယ်ငယ်ကဆို ဒီ သေ ဆိုတဲ့ စကားလုံးကို အတော်ကြောက်တာကိုး။ သေသွားတဲ့လူက ဖေဖေတို့ ဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ သိခဲ့ရတာကိုး။

ဒီနေ့ သမီးလေးအတွက် ဖေဖေ ဖတ်မိတဲ့ စာစုထဲက တစ်ချို့ကိုသမီးလေး ဖတ်မိစေချင်လို့ရေးထားတာ။ ဖေဖေတို့ ဗုဒ္ဓဘုရားရှင်က သူ့သားတော် ၇ နှစ်သားအရွယ် ရာဟုလာကို ဆုံးမတဲ့ စကားလေးသမီးရဲ့။ ဒီစာ ဒီစကားတွေ မပျောက် မပျက်အောင် နှစ်ပေါင်း ၂၅ဝဝ ကျော် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ သံဃာတော်တွေရဲ့ ကျေးဇူးကို သမီးလေး တစ်နေ့ နားလည်တတ်လာပါလိမ့်မယ်။ နားလည်အောင်လည်း ဖေဖေ ပြောပြဦးမယ်လေ။ သမီးလေး ..... ဗုဒ္ဓဘုရားက သူ့သားတော် ရာဟုဟာကို ဆုံးမတာ အဆီအနှစ်သိပ်ပြည့်ဝတယ်။ အတုယူဖို့ သိပ်ကောင်းတယ် သမီးလေး။ တစ်သက်လုံးအတွက် လိုက်နာရမယ့် နည်းလမ်းကို လွယ်လွယ်နဲ့ ရှင်းရှင်းလေးချပြတယ်။

အဲဒီအချိန်တုန်းက ရာဟုလာက ၇ နှစ်သားပဲရှိသေးတယ်။ ငယ်ငယ်လေးပေါ့။ ခုခေတ်နဲ့ပြောမယ်ဆို ဒုတိယတန်း အရွယ်ပဲ ရှိသေးတယ်။ သိပ်ငယ်လွန်းသေးတာပေါ့။
ကြေးမုံပြင်နဲ့ ဥပမာပေးပြီးဆုံးမတယ် သမီးလေး။ ဆုံးမပုံက ..

ဘုရားရှင် ။          ။ ရာဟုလာ ကြေးမုံပြင်သည် အဘယ်အကျိုးရှိပါသနည်း။
ရာဟုလာ ။          ။ အပြစ်ကို ဆင်ခြင်နိုင်ခြင်း အကျိုးရှိပါသည် ဘုရား။
ဘုရားရှင် ။          ။ ရာဟုလာ ဤနည်းအတိုင်းပင် ကိုယ်ဖြင့်လုပ်ရမည့်အလုပ်၊ နှုတ်ဖြင့် လုပ်ရမည့်အလုပ်၊ စိတ်ဖြင့်လုပ်ရမည့်အလုပ် တို့ကို လုပ်ရမည်။ ရာဟုလာ ကိုယ်ဖြင့် အလုပ်လုပ်မည်ရှိသောအခါ ငါပြုသော ဤကာယကံမှုသည် မိမိအတွက်လည်း ဆင်းရဲပင်ပန်း၊ သူတစ်ပါးအတွက်လည်း ဆင်းရဲပင်ပန်းဖြစ်မည်လား ဟု ဆင်ခြင်ရမည်။ ရာဟုလာ ဤသို့ဆင်ခြင်သောအခါ မိမိလည်းဆင်းရဲ သူတစ်ပါလည်း ဆင်းရဲဖို့ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေ၍ ဆင်းရဲသောအကျိုးရှိသည်ဟု သင်ထင်မြင်လျှင် ဤသို့သော ကာယကံကို သင်သည် မည်သည့်နည်းနှင့်မျှ မပြုသင့်။ ရာဟုလာ အကယ်၍ သင်ဆင်ခြင်သောအခါ မိမိလည်းဆင်းရဲ၊ သူတစ်ပါးလည်း ဆင်းရဲဖို့မဖြစ်။ ချမ်းသာခြင်းကို ဖြစ်စေ၍ ချမ်းသာသောအကျိုးရှိသည်ဟု သင်ထင်မြင်လျှင် ဤသို့သော ကာယကံကို သင် မချွတ်ပြုရမည်။ နှုတ်ဖြင့်ပြောသော ဝစီကံ၊ စိတ်ဖြင့်ကြံသော မနောကံ တို့ကိုလည်း ထိုနည်းတူပင် ပြုသင့်မပြုသင့် ဆင်ခြင်၍ မိမိသူတစ်ပါးဆင်းရဲခြင်းကင်း၍ ချမ်းသာခြင်းအကျိုးကိုဆောင်သော အမှုကိုသာ ပြုရာ၏။

လို့ ဆုံးမ သတဲ့ သမီးလေးရေ။
 ဖေဖေတော့ ဖတ်ဖတ်ပြီးချင်း သဘောကျသဗျ။ ကြေးမုံပြင်နဲ့ ဥပမာပေးတာက ကံ၊ ကံ၏အကျိုးကို ပြောပြချင်လို့ပဲသမီး။ ကြေးမုံလို့ခေါ်တဲ့ ကြည့်မှန်ဟာ သမီးလေးလို မိန်းကလေးတစ်ယောက် အနေနဲ့ နေ့စဉ် သုံးဖြစ်မယ့် အသုံးအဆောင်ပစ္စည်ပေပဲ။ သမီးလေး မှန်ကြည့်တုန်း သမီးလေးမျက်နှာ ပြုံးတဲ့အခါ မှန်ထဲက မျက်နှာလေးပြုံးမယ်။ သမီးလေးမဲ့လိုက်တဲ့အခါ မှန်ထဲက သမီးအရိပ်လည်း မဲ့မှာပေါ့ကွယ်။ သဘောကတော့ ကိုယ်ပြုခဲ့သလို ကိုယ်ပြန်ရမှာပါပဲ။ တစ်ချိန်ချိန်က မကောင်းမှုပြုခဲ့ဖူးရင် မကောင်းမှုအကျိုးကို ကိုယ်ပဲခံစားရလိမ့်မယ်။ ကောင်းမှုကို ပြုခဲ့ရင်လည်း ကောင်းမှုအကျိုးကိုယ်ပဲ စံစားရလိမ့်မပေါ့ကွယ်။ သမီးရေ လူတိုင်းလူတိုင်း ကောင်းမှု၊ မကောင်းမှု ပြုခဲ့ကြဖူးမှာချည်းပါပဲကွယ်။ မကောင်းမှု အပြစ်တွေကို သမီးခံစားရတဲ့အခါ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ ဆင်ခြင်တတ်ဖို့ လိုမယ်။ အဲဒီလို သူများ ဆင်းရဲစေမယ့် အလုပ်မျိုး မလုပ်မိစေဖို့ ကိုယ့်ကိုကိုယ် သတိပေးရမယ်သမီး။ မှန်ကြည့်တဲ့ အခါတိုင်း ဗုဒ္ဓ အဆုံးအမကို သတိရမိရင် သမီးလေး ကုသိုလ်စိတ် တစ်ခါ ဖြစ်ပါစေကွယ်။ ဒီလို မကောင်းမှုအကျိုးကို ခံစားရတိုင်းမှာလည်း နောင်တရဖို့လိုမယ်။ သြော်... ငါပြုခဲ့ဖူးတဲ့ မကောင်းမှုအကျိုး ငါခံရတယ်။ နောင်ဒီလို မကောင်းမှုမျိုးစေ့များများ မရှိဖို့ .. ဗုဒ္ဓ ဆုံးမတဲ့ တရားအတိုင်း
လုပ်တော့မယ့်အခါ၊ ပြောတော့မယ့်အခါ၊ ကြံတော့မယ့်အခါ မိမိရော သူတစ်ပါးပါ ဆင်းရဲကင်းပြီး ချမ်းသာခြင်း အကျိုးကို ဖြစ်စေမယ့် အလုပ်ကလေးတွေ လုပ်မိစေဖို့ သမီးလေး မှန်ကြည့်တိုင်း၊ ကြည့်တိုင်း ဆင်ခြင် နှလုံးသွင်းတတ်ပါစေကွယ် ...