မိဘ
ဒီကလေး
မွေးကျွေးပေး
ဝသေးတယ်မရှိ
အားများပင် ငယ်မိ။
သားသမီး
ပေးတာလေးတစ်ခါ
ကျွေးတာလေးတစ်ခေါက်
မာနတွေတောင်လိုမောက်။
June 12, 2008
June 9, 2008
ဖြစ်တတ်တာလေးများ (အီးမေးလ်မှ စာတစ်စောင်ဖြစ်ပါသည်။)
BOSS မရှိရင်
BOSS ခေါ်တဲ့အခါ
Meeting ထိုင်နေတဲ့အခါ
သင်တန်းမှာဆို
လက်ဖက်ရည်သောက်တဲ့အချိန်မှာဆို
ပိတ်ရက်မွန်းမတည့်မီ
အလုပ်ဆင်းတော့မယ်ဆို
မနက်ဖြန်ပိတ်ရက်ဆို
BOSS က ဒီနေ့ အလုပ်အပြီးသတ်ရမယ်ဆို
သတ်မှတ်ရက်အတွင်း
BOSS ရဲ့  လိုအပ်ချက်ကိုလုပ်မပေးနိုင်တဲ့အခါ
အချိန်ပို ၂ နာရီလောက် ဆင်းပေးရတဲ့အခါ
တစ်ညလုံး အချိန်ပို ဆင်းရတဲ့အခါ
ပိတ်ရက်တွေမှာ အချိန်ပိုရှိကြောင်းသိရတဲ့အခါ
ဖောက်သည်နဲ့တွေ့ ရင်တော့ I don't know.
အမှားလေးများလုပ်မိတဲ့အခါ
လုပ်ငန်းလေးအဆင်ပြေ အောင်မြင်တယ်ဆို
စိတ်ညစ်စရာ အနှောင့်အယှက်တွေ့တဲ့အခါဆို
ထောက်ပံ့ငွေမရတဲ့အခါ
နှစ်အကုန် BONUS မရတဲ့အခါ
June 8, 2008
အမေ
အမေ အဖေ့ကိုချစ်တော့
ကျွန်တော်တို့တွေက
အမေ့အိပ်မက်။
အရောင်မပီတဲ့ပန်ချီ
ဆေးမစီသေးတဲ့ကား
ခပ်ဝါးဝါး ခပ်မှုန်မှုန်။
အမေ အဖေနဲ့ အိမ်ထောင်ပြု
ဆေးစက်စု စုတ်ချက်တင်
ကျွန်တော်တို့တွေထင်လာခဲ့။
စုတ်ချက်တွေနုနုခြယ်
လှစေလိုတဲ့ စေတနာကဲ
သြော် အမေလည်း
အလှဆုံး အချောဆုံး
စေတနာတွေနဲ့ မှုန်းလေတော့
သည်ချာနစ်ဆုံး
အချစ်တုံးလေးတွေဖြစ်လေရဲ့ ။
သားလား သမီးလား
ကွဲကွဲပြားပြား မသိခင်ကတည်းက
စေတနာ မေတ္တာရည်
ယိုဖိတ်လို့ တည်လေရဲ့ ။
သြော် ... အမေ့မှာ
ဝေဒနာ ခပ်တင်းတင်း
၉ လလောက် ၀မ်းနဲ့လွယ်
ပမ်းတယ်လို့ အမေညည်းတာ
မကြားခဲ့ ဘူးပါလေ .....
ကျွန်တော်လေ
၁ ပိဿာ အလေးကို
ဗိုက်မှာ ချည်ကပ်ပြီး
၆ လလောက် နေရမယ်ဆို
သေမယ်ဆို သေလောက်ရဲ့ ။
သြော် .... အမေ့မှာတော့
ပီတိတွေ အလီလီ
လူစင်မီတဲ့
သူ့ရင်သွေး
ပီပီလေး ဖြစ်လာဖို့
အစားတွေရှောင်
အနေရှောင်နဲ့
တစ်နှစ်တာ နီးနီး
အမေ မညည်းနေခဲ့တယ်။
အို ... တကယ်ဆို
သေမယ်ဆို သေနိုင်တဲ့
အလောင်းအစားတစ်ခု
လူဖြစ်စေမှု ကျဘမ်းကစားပွဲ
အမေလေ ...
အသက်နဲ့လဲပြီး
သွေးကြီးကြီးနဲ့ လောင်းခဲ့တယ်။
အုဝဲ သံသဲသဲ
အမေ့အောင်ပွဲ ဘယ်လောက်လှ
အမေ့သောကတွေ ပြေပျောက်
ချွေးတပေါက်ပေါက်နဲ့ အတူ
သွေးအစက်အပေါက်တွေနဲ့
အမေသုခဘုံ ရောက်တဲ့နေ့
ကျွန်တော့ မွေးနေ့ပါပဲ။
အမေ သတ္တိရှိလို့
လူဖြစ်တဲ့ကျွန်တော်
အမေ့ကို ခေါ်နေခဲ့သလား
အုဝဲသံကြားတိုင်း
ပြာယာခပ်
အမေသေမတတ်စိတ်ပူ
နို့ချိုချို လိုသလား
သေးစိုစိုလား
ချေးညိုညိုလား
အမေ မမောနိုင်အား
ညည့်နက်နက် အိပ်ပျက်ညပေါင်းများစွာ
ပေပေ ပွပွ လူးလျက်
အချစ်မပျက်တဲ့ နေ့ပေါင်းလည်းများစွာ။
အမေ့မေတ္တာနဲ့ အခြေတည်
လူပီပီဖြစ် ကျွန်တော်ဖြစ်
ကျွန်တော်တို့တွေက
အမေ့အိပ်မက်။
အရောင်မပီတဲ့ပန်ချီ
ဆေးမစီသေးတဲ့ကား
ခပ်ဝါးဝါး ခပ်မှုန်မှုန်။
အမေ အဖေနဲ့ အိမ်ထောင်ပြု
ဆေးစက်စု စုတ်ချက်တင်
ကျွန်တော်တို့တွေထင်လာခဲ့။
စုတ်ချက်တွေနုနုခြယ်
လှစေလိုတဲ့ စေတနာကဲ
သြော် အမေလည်း
အလှဆုံး အချောဆုံး
စေတနာတွေနဲ့ မှုန်းလေတော့
သည်ချာနစ်ဆုံး
အချစ်တုံးလေးတွေဖြစ်လေရဲ့ ။
သားလား သမီးလား
ကွဲကွဲပြားပြား မသိခင်ကတည်းက
စေတနာ မေတ္တာရည်
ယိုဖိတ်လို့ တည်လေရဲ့ ။
သြော် ... အမေ့မှာ
ဝေဒနာ ခပ်တင်းတင်း
၉ လလောက် ၀မ်းနဲ့လွယ်
ပမ်းတယ်လို့ အမေညည်းတာ
မကြားခဲ့ ဘူးပါလေ .....
ကျွန်တော်လေ
၁ ပိဿာ အလေးကို
ဗိုက်မှာ ချည်ကပ်ပြီး
၆ လလောက် နေရမယ်ဆို
သေမယ်ဆို သေလောက်ရဲ့ ။
သြော် .... အမေ့မှာတော့
ပီတိတွေ အလီလီ
လူစင်မီတဲ့
သူ့ရင်သွေး
ပီပီလေး ဖြစ်လာဖို့
အစားတွေရှောင်
အနေရှောင်နဲ့
တစ်နှစ်တာ နီးနီး
အမေ မညည်းနေခဲ့တယ်။
အို ... တကယ်ဆို
သေမယ်ဆို သေနိုင်တဲ့
အလောင်းအစားတစ်ခု
လူဖြစ်စေမှု ကျဘမ်းကစားပွဲ
အမေလေ ...
အသက်နဲ့လဲပြီး
သွေးကြီးကြီးနဲ့ လောင်းခဲ့တယ်။
အုဝဲ သံသဲသဲ
အမေ့အောင်ပွဲ ဘယ်လောက်လှ
အမေ့သောကတွေ ပြေပျောက်
ချွေးတပေါက်ပေါက်နဲ့ အတူ
သွေးအစက်အပေါက်တွေနဲ့
အမေသုခဘုံ ရောက်တဲ့နေ့
ကျွန်တော့ မွေးနေ့ပါပဲ။
အမေ သတ္တိရှိလို့
လူဖြစ်တဲ့ကျွန်တော်
အမေ့ကို ခေါ်နေခဲ့သလား
အုဝဲသံကြားတိုင်း
ပြာယာခပ်
အမေသေမတတ်စိတ်ပူ
နို့ချိုချို လိုသလား
သေးစိုစိုလား
ချေးညိုညိုလား
အမေ မမောနိုင်အား
ညည့်နက်နက် အိပ်ပျက်ညပေါင်းများစွာ
ပေပေ ပွပွ လူးလျက်
အချစ်မပျက်တဲ့ နေ့ပေါင်းလည်းများစွာ။
အမေ့မေတ္တာနဲ့ အခြေတည်
လူပီပီဖြစ် ကျွန်တော်ဖြစ်
ကျွန်တော်တို့တစ်တွေဆိုးတော့ရော
မလျော့သောအချစ်နဲ့အမေ။
ဟင်းလေးတစ်ဖတ် နှစ်ဖတ်
ထမင်းလေး တစ်နပ်နှစ်နပ်နဲ့
ကျေးဇူးဆပ်ရုံလား
အင်္ကျီလေးတထည်
ထမီလေးရောင်စုံခြယ်နဲ့
ကန်တော့ပေးရုံရယ်လား။
အမေ့အတွက်မှာ
ဒီလိုဒီဟာ တီတီတာတာပေး
မဖြစ်စလောက်ကလေးကို
သွေးတွေကြီး ဂုဏ်တွေယူ
ပီတိတွေအလံထူနေရဲ့ ။
June 7, 2008
သတ္တိ
မှန်တာကိုလုပ်
ဟုတ်တာကိုပြော
ကောင်းတာကိုလုပ်ပြ
ဒါသတ္တိလို့ ဆိုသလား။
မမှန်တာကို သိ
လုပ်မိတာဝန်ခံ
ညံ့တာကို ပြ
ဒါရောသတ္တိလိုသလား။
(မြင်မိသမျှတော့။ အမှန်ကို လုပ်ရဲတာလည်းသတ္တိလိုတယ်။ အမှားကို ပြင်နိုင်ဖို့ အမှားကို ၀န်ခံရဲ၊ ကိုယ်ထက်သာသူကို လုပ်ဆောင်ခွင့်ပေးရဲ၊ အောင်မြင်ခွင့်ပေးရဲဖို့ လည်းသတ္တိလိုတယ်။ တကယ်သတ္တိကောင်းရဲ့ လား။ တကယ် သတ္တိရှိရဲ့ လား။)
:P

June 3, 2008
အဖေ
အဖေဟာ အမေလို
အနားမှာ မနေနိုင်
ချွေးတစိုစိုနဲ့ နေပူထဲ
လဲတဲ့အခါလဲ
ကွဲတဲ့အခါကွဲ
အိမ်အပြန်ခဏနား
သားသမီး မျက်နှာကြည့်
ပီတိနဲ့ အမောပြေ
သြော် အဖေ
ပြုံးဖို့တောင်မေ့နေလေရဲ့ ။
အဖေဟာ အမေလို
အကြင်နာစကားတွေမပိုအား
ခွန်အားနဲ့ချွေး
ဥာဏ်ကိုပေးပြီး
သမီးနဲ့ သားရှေ့ မှာ
အားကိုးရာအဖြစ်
ငွေကြေးလူမှု ခက်ခဲတွေစုပေမယ့်
စိတ်အားငယ်မှုတွေဘေးဖယ်
တည်ငြိမ်ယောင်ဆောင်လေရဲ့ ။
သြော်အဖေဟာ
လူတစ်ဦးမျှသာပဲ
မာယာ တဏှာ
အခါခါ ကြုံရှာခဲ့
ရှောင်လာသမျှအမှား
လွဲတဲ့အခါများရှိခဲ့ရင်
ခွင့်လွတ်ချင်သူတော့ အရှားသား
ကျေးဇူးတွေမေ့
မလျော်ကန်တဲ့စကားတွေ ခေါင်းငုံ့ခံ
ဒါလောကဓံလို့များ
အဖေခံယူရော့သလား။
"လူတို့အကြိုက် ၁၀ ခါလိုက်လည်း
မလိုက် ၁ ခါရှိခဲ့ပါမူ
ကြီးစွာရန်သူ မှတ်တော်မှု၏"
ရှိသည့်စကား စိတ်ဝယ်ထားပါ
အဖေပျိုးလို့ အပင်ပေါက်
အဖေရေးလောင်းလို့ အသက်ရှင်
အဖေပေါင်းသင်လို့ ကြီးထွား
အဖေ့အားနားလည်တတ်ပါစေ။
အဖေ့စကားခါးခါး
ဓားသွားတွေကို သိမ်းထားပါ
အဖေ့လက်သံပြင်းပြင်း
အားမာန်သွင်းဖို့ စုထားပါ
အဖေ့မျက်နှာ ခပ်တင်းတင်းမှာ
ပြောမပြတဲ့စေတနာ
အဖေ့အကြိမ်းအမောင်းတွေနောက်
စေတနာတွေ တောင်လိုမောက်နေတာ
အဖေ့ အရိပ်ဟာ
ဘယ်လောက်လုံခြုံ
အဖေ့ဂုဏ်ကို အမှတ်ပြု
အဖေ့ကိုလည်းရှုကြပါ
အိုလာ မင်းလားပေမယ့်
သူမာန်ချမှာမဟုတ်
အတ္တကြီးခွင့်ပေးပါ
အိမ်ဦးမှာ ပွဲထုတ်
ဆရာလုပ်ခွင့်လည်းပေးပါ
နေညိုချိန်မှာ
အဖေအားမငယ်ပါစေနဲ့။
အဖေ့ ဂုဏ်ကျေးဇူးကို ဂုဏ်ပြုသော အားဖြင့် June 13 တွင် ကျရောက်မည့် ကျွန်တော့်မွေးနေ့အမှတ်တရ ရေးဖွဲ့သည်။
အဖေ့အား ရိုသေစွာရှိခိုး ကန်တော့လျက် .....အဝေးရောက်သားကြီး .....
.
.
.
.
May 26, 2008
အမေရေးတဲ့ စာတစ်စောင် အပိုင်း (၃)

အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၃)
အမေသားကို ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သားလည်း အမေ့ကို လုပ်ဖြစ်အောင်တော့ ဖိအားမပေးနဲ့ပေါ့။ အမေရိကန်တွေ လပေါ်ခြေချတဲ့ နှစ်မှာ သားကိုမွေးတာ။ လပေါ်ကအပြန် မှာ လူတွေအတွက် အပိုလိုလို့ခေါ်တဲ့ ထူးဆန်းတဲ့ မျက်စိနာ ရောဂါ ပါလာခဲ့တယ်။ လပေါ်က လူတွေပြန်လာပြီးလို့ သိပ်မကြာခင်မှာဘဲ လူတိုင်းလူတိုင်း မျက်စိတွေ အနီရောင်ပြောင်းလာပြီး မျက်ရည်တွေ ရေပိုက်ခေါင်းက ကျသလို ကျကျနေကြတာ အမေမှတ်မိသေးတယ် သား။ အဲဒါ ကမ္ဘာပေါ်ကလူတွေ လရဲ့ မျက်နှာပြင်ပေါ်မှာ ခြေရာချန်ခဲ့တဲ့အတွက် လူတွေ မထေမဲ့မြင် မပြုရဲအောင် ဘုရားသခင်က ဒဏ်ခတ်တာတဲ့။ အဲလိုထူးထူးခြားခြားနှစ်မှာမွေးတဲ့ သားက အမေရိကန်ကို ပညာသင်သွားမယ်ပြောတဲ့အခါ အမေ မအံ့သြတာပေါ့။ အမေတို့ တွေလေ အဖြူအမည်း တီဗွီ အဟောင်းလေး မှာ အထူးအစီအစဉ်တွေကြည့်တဲ့အခါ သားကတော့ တစ်ပါတ်ကို နာမည်တစ်မျိုးပဲ။ ပထမတစ်ပတ်မှာ ဒန်ဘလော့ကာ၊ ဒုတိယပတ်မှာ ပါနယ်ရောဘတ်၊ နောက် မိုက်ကယ်လန်ဒန်၊ လော်နီဂရင်း အို..... စုံလို့ပါပဲ သားရယ်။ ကောင်းဘွိုင်ဦးထုပ်လေး ဆောင်း၊ သစ်သားဆေးတံလေးကိုက်ပြီး၊ ဆေးလိပ်သမားကြီးလို ဟန်ဆောင်၊ အမ်မယ် ခပ်ထေ့ထေ့နှုတ်ခမ်းနဲ့ တီဗွီထဲက မင်းသားကြီးလို နှာခေါင်းသံကြီးနဲ့ ပြောပြောနေတတ်သေး။ တကယ်ပါ သားလေး အမေရိက ကို ပညာသင် သွာမယ်ပြောတော့ အမေ့အတွက် အံ့သြစရာ မဟုတ်တော့ပါဘူး။ သားက အမေရိကန်တွေလပေါ် မှာ အလံစိုက်နိုင်တဲ့နှစ်မှာ မွေးခဲ့တာပဲ။ လပြည့်ည သားတို့ တစ်တွေ ကစားကြပြီဆိုရင် တခြားကလေးတွေ လပေါ်က လူကိုမြင်ကြတဲ့အခါ သားကတော့ အမေ့ဆီ ပြေးပြေးလာပြီး လပေါ်ကလူက သားကို အမေရိကန် အလံကြီး ယမ်းပြနေတယ်လို့ လာလာပြောတတ်တာပဲ။
အမေတို့မိသားစုရဲ့  အတွင်းရေးကိစ္စတွေ သားကို ပြောပြချင်တယ်။ ၁၉၄၀ ပြည့်နှစ်ဦးပိုင်းတုန်းက သားဖေဖေ ဟိုဝပ်တက္ကသိုလ်မှာ လုပ်သေးတယ်။ အမေတို့ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်တုန်းက ကြီးကျယ်မြင့်မြတ်တဲ့၊ ဖြောင့်မှတ်မှန်ကန်တဲ့ နမ်ဒီအဇီကီဝှီးတို့လို အာဖရိကန် ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်မှာပေါ့။ သားဖေဖေလေ အဲဒါးလ် ဒမ်းစတာ နယ်စပ်ကို လှေနဲ့ဖြတ်ဖို့ အတွက် ငွေလိုတာနဲ့ သားရဲ့  အဖိုးကတော့ သူ့ရာဘာခြံကြီး တစ်ခုလုံးကို ယူနိုက်တက်အာဖရိကန် ကုမ္ပဏီ ကို ရောင်းပစ်ခဲ့တယ်သားရဲ့ ။ သားရဲ့ ဖွားဖွားလည်း သူ့လက်ဝတ်လက်စားတွေ ရောင်းပြီးပေးလိုက်တာပဲ။ သားဖေဖေ လားဂို့(စ်) ဆိပ်ကမ်းကိုရောက်တော့ လူလိမ်တွေနဲ့ တွေ့တော့တာပဲ။ လူလိမ်တွေက သားဖေဖေရဲ့  ငွေကို နှစ်ဆဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ပြောသတဲ့။ လူလိမ်တွေက စစ်ပြန်တွေတဲ့။ အနောက်အာဖရိကမှာ အခြေချနေကြတဲ့ သူတွေပေါ့။ သူတို့တွေက သားအဖေလို တောသားလူအလေးတွေကို အဲဒီ ဆိပ်ကမ်းနားတစ်လျှောက် အမဲလိုက်ဖမ်း နေသူတွေပေါ့။ သားဖေဖေ အကြောင်းပြတာကတော့ သူတို့တွေ ပိုက်ဆံ နှစ်ဆဖြစ်အောင်လုပ်ပေးရင် တစ်ဝက်ကို အိမ်ပြန်ပို့မယ်၊ ကျန်တဲ့ တစ်ဝက်နဲ့ အမေရိကဆက် သွားမယ်ပေါ့။ လူလိမ်တွေက သားဖေဖေရဲ့  ပိုက်ဆံတွေကို ယူပြီး သစ်သားသေတ္တာနက် တစ်လုံးကို လက်ထဲ ထိုးထဲ့ ပေးသတဲ့။ နောက်နေ့ မရောက်မချင်း ဖွင့်မကြည့်ရဘူးလို့ ပြောတယ်တဲ့ သားရယ်။ သားဖေဖေလည်း နောက်တစ်နေ့ရောက်လို့ ဖွင့်ကြည့်ရော ပိုက်ဆံ အရွယ် သတင်းစာဖြတ်စတွေချည်း တွေ့ရတယ်ဆိုပဲ သားရယ်။ သားဖေဖေလည်း စိတ်ကယောင်ခြောက်ခြားဖြစ် ပြီး အတ္တလန္တိတ် သမုဒ္ဒသရာထဲ ဆင်းပြီး သေဖို့ ကြံမိသေးသတဲ့။ ဆိပ်ကမ်းမှာ ပဲကိတ်လာရောင်းတဲ့ မိန်းမကြီး တစ်ယောက်ကတွေ့ပြီး တားလို့ မသေတာတဲ့။ ပြီးတော့ သူက သားဖေဖေ ကို သူ့အိမ်ကို ခေါ်သွာတယ်ဆိုပဲ။ သားဖေဖေက အဲဒီက ကိုယ်ပိုင်ကျောင်းလေး တစ်ခုမှာ စာသင်တဲ့ အလုပ်ရတယ်။ နောက်တော့ ပိုကောင်းတဲ့ အခွင့်အရေးရနိုင်မယ့် ဆိုင်ရာလီဝမ်ကို သွားဖို့ ငွေစုပြီးသွာခဲ့တယ်။ အိမ်ကတော့ သားဖေဖေ ကို အမေရိကမှာ ပညာသင်နေတယ်လို့ ယူဆထားတာပေါ့။ သားအဖိုး နေမကောင်းဖြစ်တော့ သားဖေဖေက ဆိုင်ရာလီဝမ် မှာလေ။ သားဖေဖေက သားအကြီိးဆုံးဖြစ်လေတော့ သားအဖိုးရဲ့  နောက်ဆုံးထွက်သက်ကို သားဖေဖေ ရဲ့  ရင်ခွင်ထဲ၊ သားဖေဖေရဲ့  လက်ထဲမှာပဲ အဆုံးသတ်ချင်တာပေါ့။ ဒါကြောင့်မို့ လူကြီးတွေက ဆေးဆရာနဲ့ တိုင်ပင်ပြီး မန္တန်အတတ်နဲ့ သားဖေဖေကို ပြန်လာဖို့ခေါ်ကြတော့တာပေါ့။ မန္တန်က သားဖေဖေကို ဆိုင်ရာလီဝမ်ကနေ အိမ်ပြန်ရောက် လာအောင် တကယ်ပဲခေါ်နိုင်ခဲ့တယ်။ ဒါပေမယ့်ကွယ် မင့်အဖိုးကတော့ သူ့အသဲကို ခွဲခဲ့တဲ့ သူ့သားအပေါ် ဆူပူဆဲဆိုတာလေးတောင် မလုပ်နိုင်ရှာတော့ပါဘူး။ သားဖေဖေ ရောက်လာတော့ သားဖိုးဖိုး ဆုံးနှင့် ရှာပြီလေ။ သားအဖိုး ကတော့ ပြောတယ် သားဖေဖေ က သူ့ကို စိတ်ပျက်အောင်လုပ်တယ်လို့ပေါ့။ သားဖေဖေကိုယ်တိုင်လည်း သားအလှည့် ကျတော့ ၀ဋ်ပြန်လည်တာပါပဲ။
သားမှတ်မိသေးလား။ သြစတြေးလျကနေ အမေတို့ရွာကို ပျံပျံလာပြီး လယ်တောထဲမှာ အသိုက်လာလုပ်ပြီး နေတဲ့ ငှက်ကြီးတွေကိုလေ။ မဲလ်ဘုန်း တိရိစ္ဆာန်ဥယျာဉ် ဆိုတဲ့ ရွှေရောင်တောက်တောက်ခြေပတ်လေး သူတို့ခြေချင်းဝတ်မှာပါတယ်လေ။ သားမှတ်မိဦးမှာပါ စပါးကွင်းတွေထဲမှာ ရေကန်လေးထဲရေကူလိုက်၊ စပါးစေ့လေးတွေ စားလိုက်၊ ကစားလိုက်၊ သီချင်းဆိုလိုက်နဲ့ ငှက်တွေပျော်မြူးနေကြပုံကို။ သူတို့ အတောင်တွေကလည်း အရောင်အသွေးစုံလိုက်တာ။ လက်နဲ့ရေးထားတဲ့ အတိုင်းပဲနော် ။ လယ်သမားတွေကလည်း သူတို့တွေကို ဒုက္ခမပေးကြဘူးလေ။ ဒေသခံ ကွေလာငှက်တွေနဲ့ မတူဘူး။ သူတို့တွေက မြေပေါ်ကျနေတဲ့ စပါးစေ့တွေလောက်ပဲစားတာ။ သီးနှံတွေကိုလည်း ဖျက်လိုဖျက်ဆီး မရှိတော့ အလည်လာတဲ့တော်ဝင် ငှက်ကြီတွေလို့မှတ်ကြတာ။ သီးနှံသိမ်းချိန်ရောက်ပြီဆို ငှက်ကြီးတွေက စုစုစည်းစည်းနဲ့ အချိန်အတော်ကြာ ဆွေးနွေးတိုင်ပင်ကြပြီး ခရီးရှည်ကြီးကို ဦးတည်ပျံကြတော့တာပဲ။
ဒါပေမယ့်သားရေ တစ်နှစ်မှာတော့ အလည်လာတဲ့ ငှက်ကြီးတွေထဲက တစ်ကောင်ဟာ ပြန်လိုက်မသွားဘဲ နေရစ်ခဲ့ပါရော။ တစ်ခြားအဖော်ငှက်ကြီးတွေ ပြန်ဖို့ စုဝေးကြတော့ သူမပါဘူး။ ပျံသန်းကြဖို့ လှုပ်လှုပ်ရှားရှား ဖြစ်တော့လည်း သူကတော့ တုံဏှိဘာဝေပဲ။ ခွဲခွာတော့မယ့်ငှက်တွေက တကြော်ကြော်လာဖို့ ငှက်တို့ဘာဝ အော်ကြခေါ်ကြတော့လည်း ဂရုမစိုက်တော့ဘူး။ ဒါနဲ့ တစ်ခြားငှက်အဖော်တွေလည်း သူကို ချန်ထားခဲ့ပြီးပြန် ကြတော့တာပေါ့။ နောက်တစ်နေ့ လယ်သမားတွေလာတော့ သူ့ဌာနေကို ပြန်သွားဖို့ ခြောက်လှန့်မောင်း လွတ်ကြတာပေါ့။ ငှက်ကြီးကတော့ စပါးစေ့လေးတွေ ကောက်စားမြဲပါပဲ။ တခါတလေ ဒေသခံ ကွေလာငှက်တွေဆီ ဖြေးဖြေးလေးလေး ပျံပျံသွားပြီး အတူတူ ပေါင်းပေါင်းနေတာပေါ့။ နောက်တော့ မရိတ်ရသေးတဲ့ သီးနှံတွေကို လည်း ဖျက်လို ဖျက်ဆီး လုပ်လာတယ်။ ငှက်ကြီးဟာ အလည်လာတဲ့ ငှက်တွေလို မဖျက်မဆီး ရေရှည် မနေနိုင်ဘူး လို့ လယ်သမားတွေ အချင်းချင်းပြောလာကြတယ်။ ဒါကြောင့် ဒေသခံငှက်တွေကို လုပ်သလိုပဲ လုပ်လိုက်ကြဖို့ ဆုံးဖြတ်လိုက်တော့တယ်။ နောက်ဆုံးမြှားနဲ့ပစ်ပြီး ဟင်းလုပ်လိုက်တော့တာပေါ့။ သားလေးရေ အမေကတော့ အမေ့ သားလေးဟာ ကိုယ့်မွေးရပ်မြေလေးကို မေ့သွားတဲ့ ထူးဆန်းတဲ့ သြစတြီးလျ ငှက်ကြီးလို ဖြစ်လာလိမ့်မယ်မဟုတ်ဘူးလို့ ထင်တာပဲ သားရယ်။

ပြီးပါပြီ။
သူငယ်ချင်းရောင်းရင်းတွေရော ဘာတွေများပြောချင်ပါသလဲ။ အမေရေးလိုက်တဲ့ စာတစ်စောင် ဖတ်ပြီးတော့ပေါ့ .......
စကားတစ်ခွန်းလောက်တော့ ကျွန်တော်မျှော်လင့်မိပါတယ် ..... အချိန်ရမယ်ဆို ပြောပေးခဲ့ကြပါနော် ...
အမေရေးတဲ့ စာတစ်စောင် အပိုင်း (၂)

အမေရေးတဲ့ စာတစ်စောင်
အပိုင်း (၂)
ငိုဇီးလေးရဲ့ မင်္ဂလာအိပ်ခန်းအတွက် အမေ့ပိုက်ဆံတော်တော်များများကို အမေသုံးလိုက်တယ်သား။ အမေ့ ကိုယ်ပိုင်ငွေလေးနဲ့ သူ့ကို အဲဒီကိုပို့လိုက်တာ။ အဲဒီက အမျိုးသမီးတွေက သူ့ကို ခင်ပွန်းသည်ကို ဘယ်လို ဂရုစိုက်ရတယ် ဆိုတာ သင်ပေးပါလိမ့်မယ်။ ပြီးတော့ လှလှပပ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်ရာမိန်းကလေး ဖြစ်လာအောင် ကျွေးကြမွေးကြပါလိမ့်မယ်။ မျိုးကောင်းရိုးကောင်းလေးက ပေါက်ဖွားလာတဲ့ ငိုဇီးလို လိမ္မာတဲ့ မိန်းကလေးကို လက်ထပ်တဲ့ နေ့ကျရင် အစွမ်းကုန်လှနေအောင် ဘုရားသခင်က စောင့်ရှောက်ပါလိမ့်မယ်ကွယ်။ သတို့သမီးကို မင်္ဂလာအိပ်ခန်းကို ပို့တဲ့အခါ ပိုက်ဆံတွေသိပ်ကုန်တယ် မဟုတ်လား။ သူတို့ကိုသင်ပေးတဲ့ အမျိုးသမီးတွေက သေလောက်အောင် ကြိုးစားသင်ရတာလေ။ ကုန်တာမဆန်းပါဘူး။ နောက်ပေါက် ကောင်မလေးတွေကတော့ ပုံတုံးတုံး အမှိုက်ထုပ်ကြီးတွေလို့ ပြောမှာပေါ့။ သူတို့တစ်တွေက ပိန်ခြောက်ခြောက် တံမြက်စည်းရိုးတံလို ကိုယ်လုံးမျိုးကို ပိုကြိုက်မပေါ့။ ယောက်ျားတွေက ညရောက်ရင် ပြည့်ပြည့်ဖြိုးဖြိုးလေးကို ဖက်အိပ်ရတာကို ပိုကြိုက်တယ်ဆိုတာ သိဟန်မတူကြရှာဘူး။
သားရေ အမေ့ကို လူရယ်စရာဖြစ်အောင်တော့ မလုပ်နဲ့နော်။ သွားဖွေးဖွေးလေးဖြစ်လာဖို့ အသက်ကလေး ဖြောင့်ဖြောင့် ရှူနိုင်ဖို့ အမေ့ဆီကနေ သွားတိုက်ဆေးတွေ ငှားငှားနေရတဲ့ ရှူနာရှိုက်ကုန်း မျိုးတော့ ယူမလာပါနဲ့ သားရယ်၊ အမေခွင့်မပြုနိုင်ဘူး။ သားရဲ့  မူလတန်းတုန်းက ကျောင်းနေဖက် အိုးဒလိရဲ့  သားလေးကိုတော့ သားအမှတ်ရဦးမယ်ဆိုတာ အမေသေချာပေါက် ပြောရဲတယ်သား။ သူကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးခြောက်ရှူ မိန်းကလေးတွေကို ထိကပါးရိကပါးနဲ့ လူရှုပ်ကလေးပါသားရယ်။ လူပျင်းလေးလေ။ တစ်နေ့တော့ စိတ်ကူးပေါက်ပြီး ဥရောပကို ကားစီးပြီးထွက်သွားပါလေရော။ နောက်ဆုံး ဆေးခြောက်ကပဲ သူ့ကို ဖျက်ဆီးပြစ်လိုက်မယ်ထင်ထားတာ။ အမေတို့ထင်တာ မှားတယ်သားရေ။ သူက မြောက်ပိုင်ဘက် ခရမ်းချဉ်သီးသယ်တဲ့ ထရပ်ကားတွေနဲ့ လိုက်သွား၊ ပြီးတော့ မလိကိုသွားတဲ့ ဘတ်(စ်)ကားနဲ့ ဆက်လိုက်သွားသတဲ့။ နောက် ကုလားအုတ်ကုန်သည်တွေနဲ့ ဆက်မိပြီး ဆာဟာရသဲကန္တာရကို ဖြတ်ကြသတဲ့ကွယ်။ သူတို့ထဲက တစ်ချို့ တွေက ကန္တာရထဲမှာ ရေငတ်ပြီးသေကြသတဲ့။ သူကတော့ သေကံမရောက် သက်မပျောက်ပဲ သဲကန္တာရကြီးထဲကနေ လွတ်မြောက်သွားတယ်ဆိုပဲ။ မော်ရိုကို ကို ရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်ရသတဲ့။ စပိန်ကို လှေနဲ့ဖြတ်တော့ သူ့ကို ကူညီခဲ့တဲ့ ဘာဘာလူမျိုးတွေကိုတောင် ပိုက်ဆံ ပို့ပေးလိုက်သေးသတဲ့တော့။ သူက အလုပ်လုပ်ခွင့် ပါမစ်ရအောင် စပိန်အာဏာပိုင်တွေကို စစ်ဒဏ်ခံနေရတဲ့ လစ်ဗျားနိုင်ငံကပါလို့ ပြောသတဲ့။ ၆ နှစ်ပြည့်ပြီးသူပြန်လာတော့ သားကို မြင်စေချင်စမ်းတယ်။ သူမှာ တယ်လီဗေရှင်းတွေ၊ ရွှေတွေ၊ လက်ဝတ်လက်စားတွေ၊ အ၀တ်အစားတွေ ပါလာတာ အများကြီးပဲ။ ငွေဆို ရေလိုသုံးရလောက်အောင်ကို ပါလာတာသားရေ။ သူနေတဲ့ သူ့အဖေ အိမ်နေရာလေးမှာ ရက်တော်တော်ကြာ လူတွေ သွားလိုက်ကြ၊ လာလိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြနဲ့ တရုံးရုံးပါပဲ သားရယ်။ အမေစိတ်ထဲမှာတော့ အဲဒီနေရာကို ကျိတ်ကျိတ်တိုးမသွားချင်ပါဘူး။ အဲဒီကောင်လေးကိုလည်း အပြစ်မြင်ဝေဖန် မနေချင်ဘူး။ ဒါကြောင့် သူများတွေလိုပဲ စားလိုက်၊ သောက်လိုက်၊ ရင်းရင်းနှီးနှီး ပဲပေါ့သားရယ်။ အဲဒီအိမ် အလည်လာကြတဲ့ လူတွေရဲ့  မျက်လုံးကတော့ အမေ့အပေါ်မှာ ပဲပေါ့သားရယ်။ ပြီးတော့ မေးကြ၊ ပြောကြတယ်။ “မင့်သားရော ဘယ်လိုလဲ။ ဘယ်တော့များ လက်ဆောင်ကောင်းကောင်းတွေနဲ့ ပြန်လာမလဲပေါ့။ အိုးဒလိရဲ့  သားလေးလို စားဖို့သောက်ဖို့ ဘယ်တော့ ဖိတ်မလဲ။ ခြေကျင်ထွက်သွားတဲ့ အိုးဒလိရဲ့  သားလေးတော့ လက်ဆောင်ကောင်းတွေနဲ့ အောင်အောင်မြင်မြင် ပြန်လာပြီ။ လေယာဉ်နဲ့သွားတဲ့ မင့်သားကဘယ်လိုလဲ။ ဘာညာပေါ့။” အဲဒီလိုတော့ မပြောကြရှာပါဘူး။ ဒါပေမယ့် သူတို့ မျက်လုံးတွေက ဘာကိုပြောချင်တယ် ဆိုတာအမေ သိတာပေါ့သားရယ်။ သူတို့ မျက်လုံးတွေက အမေ ကိုကာကိုလာ သောက်တဲ့အခါ၊ ဂျိုးလော့(ဖ်) ထမင်း စားတဲ့အခါ၊ အမဲသားကြော်ကိုက်တဲ့အခါ၊ လည်ပင်းဖြတ်ခံလိုက်ရတဲ့ ကြက်ကလေးလို ကမူးရှူးထိုးကတဲ့အခါတောင် အလွတ်ပေးကြတာမဟုတ်ဘူး။ အဲဒီကောင်လေးလည်း လေယာဉ်နဲ့ပြန်သွားပြီ၊ နောက်တစ်ခါ သူပြန်လာရင် သူ့ အဖေရဲ့  အိမ်အိုကြီးကို ဖျက်ပြီး အိမ်ကြီးရခိုင်ဆောက်ပေးမယ်လို့ ကတိပေးသွားလေရဲ့ ။
တစ်ခါက အမေ့တွက် အမေ့ဒူးတွေမတုန်ခင်လေး မြေးလေးတစ်ယောက်ရအောင်လို သားရဲ့  ဇနီးလောင်းလေး ငိုဇီးကို သားရဲ့ ညီဝမ်းကွဲ အဇူကာနဲ့ စပ်မိပါတယ်။ ငိုဇီးလေရဲ့  အမေက မခံမရပ်နိုင်ဖြစ်လိုက်ပုံများ မြွေတစ်ကောင်လို ရှူးရှူးရှဲရှဲနဲ့။ သူ့သမီးကို အမဲသားရောင်းသလို ဟိုလူ့ပစ်ပေးလိုက် သည်လူ့ပစ်ပေးလိုက် လုပ်လို့တဲ့လေ။ အမေ့ကိုတောင် တံထွေးနဲ့ ထွေးသွားသေးတယ်သားရဲ့ ။ သူ့သမီးလေးသာ နောက်တစ် ယောက်ကို လက်ထပ်ရဦးမယ်ဆိုရင် အမေတို့ထက်သာတဲ့ အသိုင်းအ၀ိုင်းကောင်းကောင်းကိုပဲ ရှာတော့ မပေါ့တဲ့။ အဲဒီလို ကတောက်ကဆ ဖြစ်ပြီးကတည်းက သူလည်း ဘုရားကျောင်းကို မလာတော့ဘူး။ လမ်းမှာ အမေနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှူးရှူးရှဲရှဲနဲ့ မျက်နှာလွဲပြီး လမ်းတစ်ဖက်ကို ကူးကူးသွားတာ။
သားပိုက်ဆံမပို့တဲ့ အတွက်တော့ ဆင်ခြေပေးနေစရာမလိုပါဘူး။ ခုဆို အနောက်နိုင်ငံများအသင်းက အမေတို့လမ်းပေါ်မှာ ရုံးလာစိုက်တယ်။ ခန့်ညားထည်ဝါတဲ့ သူတို့ရုံးကြီးထဲကို ကလေးတွေကို ခေါ်ခေါ်သွားကြတာ နေ့စဉ်တွေ့နေရတာပဲ။ ပြီးရင် စက္ကူထုပ်ကြီးငယ်တွေဆွဲလို့ ကားကား ကားကားနဲ့ ထွက်လာကြတော့ တာပဲ။ သူတို့တစ်တွေ အားတဲ့လက်တစ်ဖက်နဲ့တော့ အမေ့ကို လက်ပြနှုတ်ဆက်ကြပါတယ်။ အမေချေးမှာ စိုးလို့ထင်ပါရဲ့  လက်တစ်ဖက်ကတော့ သူတို့ပိုက်ဆံထုပ်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့သားရေ။
လူတွေပေးပေးနေတဲ့ အကြံတွေနဲ့ အမေ့နားမပြည့်လောက်ဘူး မထင်နဲ့။ နောက်ဆုံးတော့ လူတွေပြောပြော နေသလိုပဲ အချိန်က စကားပြောပါလိမ့်မယ်။ တစ်ခါကတော့ အမေတို့တိုင်းရင်းဆေးဆရာကြီးက ပြောတယ် အမေရိကမှာ ရောက်နေတဲ့ အမေ့သားကို သားလေးအမေရိကမှာ ဘာပဲဖြစ်နေနေ ပြန်လာစေရမယ်။ သူ့မန္တန်နဲ့ လုပ်လိုက်ရင် နောက်တစ်ပါတ်လေယာဉ်နဲ့ သားရောက်လာမှာပဲတဲ့။ ဒါပေမယ့် သားက အမေ့ရင်သွေးလေ၊ အမေ့ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာ။ သားအပေါ်ဘယ်လို အန္တရာယ်မျိုးမှ မကျရောက်စေချင်ဘူး။ အိုကိုလိုစီရဲ့  သားလေးတော့ မန္တန် အစွမ်းနဲ့ အမေရိက ကနေ အတင်းပြန်လာရတာပဲ။ သူအခု အိမ်ပြန် ရောက်နေပြီ။ ဂျာကင်အစုတ်ကြီးဝတ်လို့သားရယ်။ ကြောက်စရာကောင်းတဲ့ ဟိုင်လီနားငှက်ဆိုးသံကြီး နဲ့ရယ်ရယ်ပြီး လမ်းပေါ်မှာ ဟိုလျှောက် ဒီလျှောက်လုပ်နေတော့ ကျောင်းသွား၊ ကျောင်းပြန်လုပ်ရတဲ့ ကလေးတွေခမျာ သူ့ကို ကြောက်ကြရှာတာပေါ့။ သူနာမည်ကိုလည်း အမေရိကန်က မြို့ကြီးတွေရဲ့  နာမည်တွေ အကျယ်ကြီး ရွတ်ရွတ်နေလေရဲ့ ကွယ်။
ဆက်ရန် .......
Subscribe to:
Posts (Atom)
-
ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင...
-
Is the mind a form of energy or a controller of energy?