January 27, 2010

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ

(၁၁) ဂေါတမဗုဒ္ဓ၏ ဟောကြားချက်များသည် သိပ္ပံနှင့် ကိုက်ညီမှုမရှိ ဆိုသည်မှာ မှန်ပါသလား?

ဗုဒ္ဓဘာသာတွင် ဤလောကရှိအရာဝတ္ထု မှန်သမျှကို အခြေခံအားဖြင့်

ပထဝီ (Pathavī = the element of extension, hardness, roughness, heaviness, softness, smoothness and lightness)
အာပေါ (Āpo = the elements of cohesion, cohesiveness, fluidity)
တေဇော (Tejo = the elements of heat, hot and cold)
ဝါယော (Vāyo = the elements of motion, pushing and supporting)
ဟူသော ဓာတ်ကြီး ၄ ပါးဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုခဲ့သည်။

အဘိဓမ္မာတွင် ပို၍တိကျစွာရှင်းပြထားသော ဓာတ် (၆) ပါးရှိသည်။ အဆုံးတွင် မြန်မာပြန် ဓာတုဝိဘင်္ဂကျမ်းကို ထည့်ပေးလိုက်ပါသည်။ မြန်မာဘာသာပြန်ဆိုမှုတွင် ဘာသာရပ်ဆိုင်ရာ ဝေါဟာရ အားနည်းမှု၊ ဘာသာပြန်သူများ၏ ပြီးပြည့်စုံအောင် ဆင်ခြင်ပြန်ဆိုစွမ်း မရှိမှုတို့ကြောင့် ဗုဒ္ဓ၏ ဆိုလိုရင်းအားလုံးကို သဘောပေါက်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

စာဖတ်သူများ ကြားဖူးကြမည်ထင်ပါသည် ကွမ်တမ်ရူပဗေဒပညာရပ် (Quantun Physics) အကြောင်း ...

Quantum Physics ဆိုတာ ဘာလဲ?

Quantum Physics ဆိုသည်မှာ ကွမ်တာ (Quanta) ဟုခေါ်သည့် ရှိမှန်းသိသာသော်လည်း မမြင်နိုင်သော စွမ်းအင်ယူနစ်လေးများ အကြောင်း ကိုလေ့လာသည့် ဘာသာရပ်ဖြစ်သည်။ ကွမ်တမ်ရူပဗေဒ Quantum Physics တွင် ကွမ်တမ် သီအိုရီ (Quantum Theory) ရှိသည်။ ထိုသီအိုရီတွင် အခြေခံ ၅ ခုရှိသည်။

(၁) စွမ်းအင်သည် တဆက်တစပ်တည်းမဟုတ်ဘဲ ရှိကြောင်းကိုတော့ သိနိုင်သည့် သေးငယ်လွန်းလှသော ယူနစ်လေးများမှ ဖြစ်လာသည်။

(၂) အခြေခံအမှုန်လေးများသည် အမှုန် (Particle) ကဲ့သို့ရော၊ လှိုင်း (Wave) ကဲ့သို့ပါ ပြုမူသည်။

(၃) ထိုအမှုန်လေးများ၏ ရွေ့လျာမှုသည် ကျပန်း ရွေ့လျားမှုမျိုးဖြစ်သည် (Inherently Radom) ဖြစ်သည်။

(၄) ထိုအမှုန်လေးများ၏ အဟုန် (Momemtum) နှင့် တည်နေရာ (Position) တို့ကို တစ်ချိန်တည်းတွင် သိရှိသတ်မှတ်ရန် ရူပဗေဒနည်းအားဖြင့် မဖြစ်နိုင်ပေ။ ထိုအမှုန်များ၏ အဟုန်ကို တိတိကျကျသတ်မှတ်ရန်ဖြစ်နိုင်ခြေများနေချိန်တွင် တည်နေရာကို တိတိကျကျ သတ်မှတ်ရန်ခက်ခဲပြီး၊ တည်နေရာကို တိတိကျကျ သတ်မှတ်ရန် ဖြစ်နိုင်ခြေများနေချိန်တွင် အဟုန်ကို တိုင်းတာသတ်မှတ်ရန် ခက်ခဲသည်။

(၅) အက်တမ်များ၏ လောကရော ကျွန်ုပ်တို့နေထိုင်ရာလောကပါ တကယ်တမ်းတော့ ဘာမှ မရှိပေ။

ရုတ်တရက်ကြည့်လျှင် ကိုးယို့ကားယားနိုင်သည့် သီအိုရီ တစ်ခုဖြစ်ဟန်ရှိပေသည်။ သို့သော်၎င်းတွင် စကြ၀ဠာ၏ အခြေခံသဘာဝကို ရှင်းလင်းပြဆိုနိုင်သော အချက်များပါသည်။ ၎င်းသည် အရာဝတ္ထုများ၏ စနစ်တကျ လှုပ်ရှားမှုများတွင် ဆက်စပ်ပါဝင်နေပြီး အလွန်အရေးပါသည်။ စကြဝဠာကြီး၏ သဘာဝကို ကျွန်ုပ်တို့ မြင်တွေ့နေရသည်များနှင့် အလွန် ကွာခြားကြောင်း ရှင်းလင်း ပြဆိုနိုင်သည်။

ကွမ်တမ်သီအိုရီသည် နက်နဲသည့် ရူပဗေဒ ပညာရပ်ဖြစ်ပါသည်။ သဘောပေါက်ရန် မလွယ်ပါ။ ရူပဗေဒပညာရှင် နီးလ်ဘိုးရ် (Niels Bohr) Niels Henrik David Bohr (Danish pronunciation: [nels ˈb̥oɐ̯ˀ]; 7 October 1885 – 18 November 1962) was a Danish physicist who made fundamental contributions to understanding atomic structure and quantum mechanics, for which he received the Nobel Prize in Physics in 1922. က

"ကွမ်တမ်သီအိုရီကို လေ့လာစမှာ မူးနောက်သွားမှာပဲ၊ အဲလိုမဖြစ်ဘူးဆိုရင်တော့ သဘောမပေါက်သေးလို့ဘဲ"
ဟုပင်ပြောခဲ့ဖူးပါသည်။

ယခု ခက်ခဲနက်နဲလှပါသည် ဆိုသော ကွမ်တမ် သီအိုရီကို ဗုဒ္ဓသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ရှင်းလင်းပြောပြခဲ့ပြီး ဖြစ်သည်။ ယခုတွေ့ရှိပြီးချက်များမှာ ဗုဒ္ဓ၏ အသေးစိတ် ရှင်းလင်းချက်များကို မီရန် အတော်လိုသေးသည်ကို တွေ့ရမည် ဖြစ်သည်။

ဗုဒ္ဓ၏ ဟောကြားချက်များသည်လုံးဝဥဿုံမှန် ကန်ကြောင်းကို သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များက တစ်ခုပြီး တစ်ခု သက်သေပြလာကြသည်။ လူတစ်ချို့က သိပ္ပံပညာသည် ဘာသာတရားများနှင့် ဆန့်ကျင်နေသည်ဟု ထင်ကောင်းထင်ပေမည်။ အမှန်မှာ သိပ္ပံပညာသည် အကြောင်းရင်းမှန်ကို ရှာဖွေသော ပညာရပ်ဖြစ်သည်။ သိပ္ပံပညာသည် လမ်းလျှောက်တတ်ကာစ ကလေးအဆင့်သာ ရှိပါသေးသည်။ စကြ၀ဠာကြီး အကြောင်းကို လည်းကောင်း၊ အရာရာတိုင်း၏ အကြောင်းကို လည်းကောင်း အမှန်အတိုင်း မြင်နိုင်ရန် ကြိုးစားဆဲ အဆင့်သာရှိပါသေးသည်။ ဉာဏ်ပညာကြီးမားသော မည်သည့် သိပ္ပံပညာရှင်မှ ယနေ့သိပ္ပံသည် အရာရာတိုင်းကို အမှန်အတိုင်း သိနေပြီဟု မဆိုနိုင်ကြသေးပါ။ အမြဲတမ်း သုသေတနပြု (Research) လုပ်နေခြင်းသည် သိပ္ပံပညာ၏ အသက်ဖြစ်သည်။
အောက်တွင် ဗုဒ္ဓ၏ ဟောကြားချက် ဓာတုဝိဘင်္ဂ မြန်မာပြန်ကို လေ့လာနိုင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်မှ ယနေ့တိုင်အောင် ယခုကဲ့သို့ ခွဲခြမ်းစိတ်ဖြာ နိုင်ခဲ့သူ တစ်ဦးတစ်ယောက်မှ မပေါ်ပေါက်ခဲ့သေးပါ။ ကမ္ဘာ့သမိုင်း ကျမ်းအစောင်စောင်ကို လှန်ပါလှောပါ။ ဤလို အခိုင်အမာ အကျအန ရှင်းခဲ့သူသည် ဗုဒ္ဓမှ တစ်ပါ အခြားသူမရှိခဲ့ပါ။

ထို့ကြောင့်လည်း အရာရာတိုင်းကို အမှန်အတိုင်း မှန်ကန်စွာ မြင်နိုင်သော "သမ္မာသမ္ဗုဒ္ဓေါ" ဟူသည့် ဂုဏ်တော်ကို ပိုင်ဆိုင်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရားဖြစ်ကြောင်း သက်သေတစ်ခုပင်ဖြစ်သည်။ စိတ်ဝင်စားလျှင် Buddhism and Quantum Physics ကို ရှာဖွေလေ့လာနိုင်ပါသေးသည်။


0302003_DHATUVIBANGA

6 comments:

MMO said...

ကိုစိုင်းရေ ဆက်လက်ချီတတ်ပါဗျိုး...။

PhoneLay said...

ဓာတ် (၆)ပါးဆိုတာ ရုပ်ဓာတ်ရော၊ နာမ်ဓာတ်ရောကို ပေါင်းစု၍ အကျဉ်းချုပ်ပြောထားခြင်းဖြစ်သည်။ ဓာတုဝိဘင်္ဂသုတ္တန်၌ ဓာတ် (၆)ပါးကို ရှုရန် ဘုရားရှင် ညွှန်ကြားထားတော်မူ၏....
ထိုရုပ်ဓာတ်၊ နာမ်ဓာတ်တို့သည် သိပ္ပံပညာရှင်တို့ လေ့လာ သုတေသနပြုသကဲ့သို့ပင် အစီအစဉ်တကျ စနစ်တကျ ဖြစ်ပေါ် ပြောင်းလဲနေကြသည်။။ မျက်မှာက်ခေတ် သာဝကတို့သည် ဘုရားရှင်ဟောတော်မူသည့် ဓာတ်ခြောက်ပါးကို ကိုယ်တိုင် မျက်မှောက်ပြု သိရှိနိုင်ကြပေသည်။
ယောဂီ သူတော်ကောင်းတစ်ဦးသည် ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ အားထုတ်လိုက်သောအခါ မိမိခန္ဓာအိမ်တစ်ခုလုံးကို အကြည်ပြင်အဖြစ် စတင်တွေ့ရှိလာကြပေသည်။ ထိုအကြည်ပြင်`၌ အာကာသဓာတ်ကို မြင်အောင် ဆက်လက်၍ ဉာဏ်ဆိုက်လိုက်သောအခါ ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်တဲ့ ရုပ်ကလာပ် အမှုန်များကို တွေ့မြင်ကြပေသည်။။ ထိုအမှုန်တစ်ခုစီ`၌ ဓာတ်ကြီးလေးပါးကိုလည်းကောင်း. ရုပ်ကာလပ်တို့၏ အဆင်း၊ အနံ၊ အရသာ။ အဆီအစေးသြဇာကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ဆက်လက်သိမ်းဆည်းရပါသည်... အဓိကအားဖြင့် ရုပ်ကလာပ်တိုင်း`၌ ယခုပြောခဲ့သော ရုပ်သဘောတရား (၈)ခုအနည်းဆုံး ပါဝင်ပေသည်..
ရုပ်ကလာပ်တို့သည် ဖြစ်မှု ပျက်မှုနှုန်းမှာ လျင်မြန်လွန်လှ၏၊ တစက္ကန့် အတွင်း အကြိမ်ကုဋေနှင့် ချီ၍ ဖြစ်ပီ ပျက်နိုင်ကြ၏.. ထိုကြောင့်လည်း ယောဂီသူတော်ကောင်းသည် သမာဓိဉာဏ်မျက်စိဖြင့်သာ မြင်နိုင်ခြင်း ဖြစ်သည်...
ရုပ်ကလာပ်တို့`၌ ရုပ်သဘော တရား (၈)မျိုးရှိသည်ဆိုသောလည်း အချို့ ရုပ်ကလာပ်တို့`၌ (၉)မျိုး၊ အချို့ (၁၀)မျိုးသော ရုပ်သဘောတရားတို့ ပါဝင်ကြပေသည်.. အသေးစိတ်ကို ကျွမ်းကျင်သော ဆရာသမားများက ချဉ်းကပ်၍ သင်ယူခွင့် ရနေပါသေးသည်။ ထိုတွင်လည်း ကံကြောင့် ဖြစ်သော ရုပ်သော၊ စိတ်ကြောင့်ဖြစ်သောရုပ် ဥတုကြောင့် ဖြစ်သောရုပ်၊ အာဟာရကြောင့်ဖြစ်သောရုပ်၊ စသည်ဖြင့် ရုပ်တရားတို့၏ ဖြစ်ပုံ၊ ပျက်ပုံ၊အစီအစဉ်တကျဖြစ်နေပုံများကို သင်ကြားခွင့်ရသော သူတို့မှာ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကို လွန်စွာကြည်ညိုခွင့်ရကြပေသည်...
ဓာတ်ခြောက်ပါးထဲတွင် အထက်`၌ တင်ပြခဲ့သော ဓာတ်ငါးပါးမှာ ရုပ်ဓာတ်များဖြစ်ပါသည်။ ရုပ်ဓာတ်ငါးပါးဆိုသော်လည်း မိမိသန္တာန်`၌ ရနိုင်သမျှ ရုပ်တရားအားလုံးကို သိမ်းဆည်းရပေသည်။
နာမ်ဓာတ်`၌လည်း ဝိညာဏဓာတ်တစ်လုံးတည်းကို ဟောထားသော်လည်း လက္ခဏာချင်းတူရာ အခြားသော နာမ်တရားများအားလုံးကို သိမ်းဆည်းရပေသည်။ နာမ်တရားတို့သည် ဝိထီခေါ်သည် စိတ္တနိယာမ လမ်းကြောင်းအတိုင်းဖြစ်ကြသည်။ နာမ်တရား အကြောင်းကို ပြောလျှင် ရုပ်တရားထက်ပို၍ စနစ်ကျလှပေသည်။ ပို၍လည်း သိမ့်မွေ့ပေသည်။
ထိုထက် ပို၍ ထူးဆန်းအံ့ဖွယ်က ထိုရုပ်နာမ်တို့၏ အကြောင်းတရားကို ရှာဖွေသော အပိုင်းဖြစ်ပေသည်.. မည်သည့် တွေးခေါ်ပညာရှင် မည်သည့် သိပ္ပံပညာရှင်မှ မဖော်ထုတ်နိုင်သေးသည်များကို မည်သူမငြင်းနိုင်သော အကြောင်းအရာများအဖြစ် သိရှိနိုင်ပေသည်။ ထိုကြောင့် ဗုဒ္ဓဘာသာသည် သိပ္ပံထက်ပင် သာလွန်၍ လောက၏ အမှန်တရားများကို ဖော်ပြနိုင်စွမ်းရှိသော ဘာသာတစ်ခု အဖြစ်ထင်မြင်မိပါတော့သည်။။

Unknown said...

san francisco 49ers jerseys
jordan 11
adidas outlet
mlb jerseys
cartier watches
kobe 9
thomas sabo
snapback hats
jordan shoes, http://www.jordanshoes.us.com/
michael kors outlet online
mac cosmetics
hogan,hogan outlet,scarpe hogan,hogan sito ufficiale,hogan interactive
cheap jordans, http://www.cheapjordanshoes.in.net/
lebron shoes
coach outlet
ray-ban sunglasses, http://www.raybansunglass.com.au/
lebron james shoes
barcelona jersey
longchamp outlet
vibram fivefingers
oakley canada, http://www.oakleysunglassescanada.com
cheap oakley sunglasses
nike air max uk
louis vuitton outlet store, http://www.louisvuittonoutletstore.name/
louis vuitton uk
the north face outlet
ray ban sunglasses
michael kors uk
nike huarache
nba jerseys, http://www.nbajerseys.us.com

Anonymous said...

true religion store
ralph lauren uk
ray ban sunglasses
jordans for cheap
Cheap NFL Jerseys China
michael kors handbags clearance
http://www.michaelkors-outletwebsite.com
http://www.raybanglasses.in.net
http://www.airhuaraches.org.uk
fitflops sale
oakley sunglasses,oakley outlet sunglasses
toms outlet
christian louboutin shoes
air huarache shoes
nike dunks
kobe basketball shoes
toms outlet store
jordan retro
ray ban uk,cheap ray ban sunglasses
michael kors outlet online
Michael Kors Outlet Store
chrome hearts online
toms outlet store
michael kors handbags

chenmeinv0 said...

canada goose clothing
ray bans
oakley vault
mulberry uk
mont blanc pens outlet
uggs outlet
ralph lauren kids
hilfiger jeans
louis vuitton
timberland outlet
2016.11.26xukaimin

chenmeinv0 said...

polo ralph lauren
christian louboutin shoes
michael kors
montblanc pens
chicago bulls jerseys
true religion outlet
valentino outlet
toms shoes for women
michael kors outlet
true religion
2017.3.1xukaimin