January 24, 2010

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ

၁၀) ပိဋိကတ် ၃ ပုံသည် အခြေအမြစ် မရှိသော ကျမ်းလော?


ဗုဒ္ဓ၏ ဟောကြား သင်ပြခဲ့မှုများ၊ ဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ် ဖြစ်ပျက်ခဲ့သည်များ၊ ဗုဒ္ဓဘာသာအတွက် အကျိုးရှိမည့် သမိုင်းမှတ်တမ်းများ စုစည်းထားသည့် ကျမ်းဂန်များကို ပိဋိကတ် (၃) ပုံ ဟု ခေါ်ဆိုကြသည်။ ပိဋိကတ်တော်လာ အားလုံးသည် ဘုရားဟောချည်း မဟုတ်ကြပါ။ နှောင်းလူတို့၏ မှတ်တမ်းမှတ်ရာ များလည်း ပါဝင်ကြသည်။
ပိဋိကတ် (၃) ပုံကို
(၁) သုတ္တန်
(၂) ဝိနည်း
(၃) အဘိဓမ္မာ
ဟူ၍ တူရာ စုပြီး အပိုင်းလိုက် ခွဲထားခဲ့ကြသည်။

သုတ္တန် တွင် ကျမ်းကြီး (၅) ကျမ်း ပါဝင်သည်။ ၎င်းတို့မှာ အောက်ပါ ကျမ်းများဖြစ်သည်။
၁။ ဒီဃနိကာယ်
၂။ မဇ္ဈိမနိကာယ်
၃။ သံယုတ္တနိကာယ်
၎။ အင်္ဂုတ္တနိကာယ်
၅။ ခုဒ္ဒကနိကာယ်
ဝိနည်း တွင် ကျမ်းကြီး (၅) ကျမ်း ပါဝင်သည်။ ၎င်းတို့မှာ အောက်ပါ ကျမ်းများဖြစ်သည်။
၁။ ပါရာဇိကဏ်
၂။ ပါစိတ်
၃။ မဟာဝဂ်
၎။ စူဠဝဂ်
၅။ ပရဝါ

အဘိဓမ္မာ ကျမ်းကြီး (၇) ကျမ်း ပါဝင်သည်။ ၎င်းတို့မှာ အောက်ပါ ကျမ်းများဖြစ်သည်။
၁။ ဓမ္မသင်္ဂဏီ
၂။ ဝိဘင်္ဂ
၃။ ဓာတုကထာ
၎။ ပုဂ္ဂလပညတ်
၅။ ကထာဝတ္ထု
၆။ ယမိုက်ကျမ်း
၇။ ပဋ္ဌာန်းကျမ်း
ထိုကျမ်းတို့တွင် မှတ်တမ်းတင်ထားသော ဗုဒ္ဓ၏ ဟောကြားချက် အချို့ကို တင်ပြလိုသည်။
ဗုဒ္ဓသည် လောကရှိ သတ္တ၀ါ တို့တွင် ရုပ် နှင့် နာမ် သာရှိကြောင်းပိုင်းခြား ပြ ခဲ့သည်။ ဗုဒ္ဓမပေါ်မီ အဘယ်သူ ဤလို ခွဲခြားပြခဲ့ပါသနည်း။ အဘယ်သတ္တ၀ါ အတွက်မဆို မှန်ကန်သော တရားများကို ဟောခဲ့သည်။ သိပ္ပံနည်းဖြင့် ဘယ်လို စစ်စစ် ဤအဖြေပဲ ထွက်ရမည်။
အခြေခံ ဖြစ်သော ဗုဒ္ဓ၏ သွန်သင်ပြောပြချက် တစ်ခုကို တင်ပြလိုသည်။
သတ္တ၀ါတို့တွင် အာရုံ (၆) ပါးရှိသည်ဟု ခွဲခြားပြခဲ့သည်။ (မည်သူမျှ ဗုဒ္ဓလို ခွဲခြာပြဖူးခဲ့ခြင်း မရှိပါ။)
ထို အာရုံ (၆) ပါးတို့မှာ ....
(၁) အဆင်း အရောင် ဟူသမျှကို = ရူပါရုံ
(၂) အသံ ဟူသမျှကို = သဒ္ဒါရုံ
(၃) အနံ့ ဟူသမျှကို = ဂန္ဓာရုံ
(၄) အရသာ ဟူသမျှကို = ရသာရုံ ညည`၏~ဋ္ဌ
(၅) အတွေ့ ဟူသမျှကို = ဖောဋ္ဌဗ္ဗာရုံ
(၆) ကြွင်းသော သိဖွယ် ဟူသမျှကို = ဓမ္မာရုံ ဟူ၍ ခွဲခြားပြခဲ့သည်။
ရူပါရုံကို မြင်သောအခါ၊ မြင်သိ - သိသောစိတ်၊
သဒ္ဒါရုံကို ကြားသောအခါ၊ ကြားသိ - သိသောစိတ်
ဂန္ဓာရုံကို နံသော၊ မွေးသောအခါ၊ နံသိ၊ မွှေးသိ - သိသောစိတ်
ရသာရုံကို အရသာခံသောအခါ၊ အရသာသိ - သိသောစိတ်
တစ်စုံတစ်ခုကို ထိတွေ့ရသောအခါ၊ အတွေ့ အထိ သိ - သိသောစိတ်
ထိုအာရုံ (၅) ပါးတွင် မပါပဲ ကြွင်းသော အကြောင်းအရာတွေကို သိသောအခါ၊ ဆိုင်ရာကို သိသောစိတ်များ ဖြစ်ပေါ်ကြကြောင်း ရှင်းပြခဲ့သည်။
ထို အာရုံ (၆) ပါးသည် မဟုတ်ပါ မရှိပါဟု အဘယ် သိပ္ပံပညာရှင်မှ ငြင်းဆိုခြင်း မပြုနိုင်ပါ။ အကြောင်းမှာ လုံးဝ ဥဿုံ မှန်ကန်သောတရား ဖြစ်သောကြောင့် ဖြစ်သည်။
ဤတရားသည် လူအတွက်သာကွက်၍ မှန်သလော။ မဟုတ်ပါ။ သတ္တ၀ါ အားလုံးအတွက် မှန်သည်။ သက်ရှိ အဆင့်လိုက်ပေါ်မှုတည်၍ အာရုံ (၆) ပါးလုံး ကို မရနိုင်သည် ကားရှိပေမည်။
ထိုအာရုံ (၆) ပါးမှ တစ်ပါးပါးကို ခံစား ရသောအခါ သတ္တ၀ါ တို့သည်။
ကြိုက်နှစ်သက်ပါက - လောဘ ဖြစ်လာတတ်ကြသည်။
မကြိုက် မနှစ်သက်ပါက - ဒေါသ ဖြစ်လာတတ်ကြသည်။
ဤသည်မှာ
လူအတွက်သာ မှန်သလား?
နတ်အတွက်သာ မှန်သလား?
နွားအတွက်သာ မှန်သလား?
အသေးအနုပ်ဆုံ သက်ရှိ ဖြစ်သည့် ဗက်တီးရီယားများအတွက်ရော မှန်ပါသလား?
မှန်သည် ဆိုလျှင် ဗုဒ္ဓ၏ ဟောကြာချက်သည် သိပ္ပံနည်းမကျဟု အဘယ်သူ ပြောမည်နည်း။ ဤသည်ကို အဘယ်သူ စတွေ့ခဲ့သနည်း။ အရမ်းကာရော ပြောသည်ဟု အဘယ်သူဆိုမည်နည်း။ မသိသေးလျှင်ကား မောဟ အမှောင် ဖုံးနေသေး၍သာ ဖြစ်ပေမည်။ ဤတရားကား ထာဝရ မှန်သောတရား ဖြစ်သည်။ အနိမ့်ဆုံး သင်ကြားချက် တစ်ခုမျှသာ ရှိပါသေးသည်။ ဆက်လေ့လာလျှင် ဗုဒ္ဓသည် အဘယ်ကြောင့် ဗုဒ္ဓဟု အခေါ် ခံနိုင်ကြောင်း၊ သိလာမည် ဖြစ်သည်။ ဗုဒ္ဓ၏ ပညာခန်းများကို မလေ့လာဘဲ။ ဗုဒ္ဓအား ငတုံ၊ ငအ၊ လူလိမ်ဟု ပြောရဲသူသည်။ အဘယ်မျှ ဉာဏ်ပညာ ကြီးသနည်ဟု ဆင်ခြင်ရန်လိုသည်။
ကမ္ဘာ့ဉာဏ်ရည် အကောင်းဆုံးသိပ္ပံပညာရှင်ဟု သတ်မှတ်ခြင်း ခံရသော အဲဘတ်အိုင်စတိန်း (Albert Einstein) က အောက်ပါ စကားကို ဆိုခဲ့သည်။
The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based on a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism. (Albert Einstein)
သွားရောက်လေ့လာလိုသေးသည် ဆိုပါက http://www.spaceandmotion.com/Theology-Albert-Einstein.htm တွင် ဖတ်ရှုနိုင်ပါသေးသည်။
ဗုဒ္ဓ၏ ဟောကြာချက်များ အခြေအမြစ် မရှိဟုဆိုလျှင် အိုင်စတိန်း၏ Special Relativity Theory and General Relativity Theory ကို အရင် နားလည်းသဘောပေါက်အောင် ကြိုးစားပြီး အိုင်စတိန်းထက် သာမှ သာလျှင် ဝေဖန်လိုလျှင် ဝေဖန် သင့်ပေသည်။
"တစ်ခါတစ်ခါတော့ နိုင်ငံဒေသနယ်နမိတ် သတ်မှတ်ခြင်း၊ လူမျိုးသတ်မှတ်ခြင်း၊ ဘာသာအယူဝါဒ သတ်မှတ်ခြင်းများကို စိတ်ကုန်မိသည်။ ဘယ်ဘုရားမှ လူလူချင်း သတ်ရန် ဆုံးမခဲ့သည် မဟုတ်ဘဲ၊ ဘာသာဝင်ဟု ကိုယ်ဖာသာ သတ်မှတ်ပြီး၊ အယူဝါဒစွဲဖြင့် စစ်ပွဲကြီးများ ဆင်နွဲနေကြသော ဟိုဘာသာဝင်၊ သည်ဘာသာဝင် အားလုံးသည် အမှားများ အဆက်ဆက်ကျူးလွန်ခဲ့ကြပြီ။ သူတို့ကိုယ် သူတို့တော့ ဘုရားကျေးဇူးဆပ်သည်ဟု အထင်ရှိကြပေမည်။ သာသနာအကျိုးသယ်ပိုးသည်ဟု အမြင်ရှိပေမည်။ သို့သော် အမှန်မှာ ဘုရားမျက်နှာကို အိုးမည်း သုတ်လိုက်ခြင်းသာ ဖြစ်သည်။"

11 comments:

ShwunMi- said...

ရှင်သန်နေတဲ့လူတွေရဲ့ ရပ်တည်မှုအတွက် ငြိမ်းချမ်းရေးအတွက် မှန်တယ်ဆိုတာကိုပဲ လက်ခံပါတယ် =)

Anonymous said...

ကိုစိုင်းရေ... လာဖတ်တယ်ဗျာ... စာလေးကောင်းသလို... ပြောချင်တာတွေလည်း ကောင်းပါ့ဗျာ...
ုဖိုးမောင်

မိုးမောင် said...

သဘောထားတွေလည်း ထပ်တူမျှတယ်ဗျို့။

Anonymous said...

ဗုဒ္ဒက စိတ်ကိုကောင်းစွါခွဲခြမ်းစိတ်ဖြာဟောကြားပေးထားခဲ့ပါတယ်..စိတ်အပြင်စေတသိက် လောဘမူဒေါသမူမောဟမူအလောဘအဒေါသစသည်ဖြင့်စိတ်တွေကိုအခြားဘယ်သူကများဗုဒ္ဒကဲ့သို့ဟောကြားပေးနိုင်ခဲ့ပါသလဲ..ဒါတောင်ဒီနေ့ဗုဒ္ဒဘာသာထဲမှာတောင်ဗုဒ္ဒဘာသာအမည်ခံပြီး ဘုရားမျက်နှာတော်မထောက်နောက်ပေါ်ရွှေကြာပင်တွေတွေ့နေရတာလည်းစိတ်မကောင်းစရာပါဗုဒ္ဒပွင့်မှကုသိုလ်အကုသိုလ်ကံအကျိုးတရားကြောင်းကျိုးဆက်နွယ်မှုတရားတွေဘုံဘဝတွေကိုသိလာကြရတာပါ

Anonymous said...

ဘုရားကအကောင်းအဆိုးကံကံ၏အကျိုးကုသိုလ်အကုသိုလ်တွေဟောမှလူတွေနားလည်လာကြရတာပါ..လူပြိန်းကြိုက်လူတွေအလိုကိုလိုက်ဟောတာမျိုးမရှိပဲအမှန်တရားကိုသာညွှန်ပြပေးခဲ့ပါတယ်။။ငါ့ကိုသာကိုးကွယ်ရမယ်ဆိုတာမျိုးငါ့ကိုကိုးကွယ်ရင်အပြစ်အားလုံးလွတ်မယ်လဲမဟောပါဘူး..သီလဆိုတာလည်းညွှန်ပြထားခြင်းသာဖြစ်ပြီးကိုယ်တိုင်ရှောင်ကျဉ်ပါမည်ဆိုပြီးအာမခံတာပါ။မလုပ်ရမပြောလုပ်ရင်ဒီအပြစ်ရှိတယ်ဒီအကုသိုလ်ကံခံစားရမယ်ပြောတာပါ။မသိလို့လုပ်တာထက်သိပြီးလုပ်တာကပိုအကုသိုလ်ကြီးပါတယ်.ဒီကြားထဲဘာသာခြားမပြောနဲ့ကိုယ့်ဘာသာဝင်တောင်င်္အဂုလိမာလရဲ့ဝိပဿနာအားကြောင့်အရိယာဖြစ်ပုံကိုနားမလည်ကြလို့အလွဲယူဆပြောမှားဆိုမှားဖြစ်နေကြတာတွေ့ရတော့ ကိုယ့်ဘာသာတရားကိုသေသေချာချာနားလည်အောင်မိရိုးဖလာလွန်လေးတော့ လေ့လာပြီးမှသုံးသပ်ပြောဆိုကြစေချင်ပါတယ်..ဘာသာခြားတော့မပြောလိုတော့ပါ။ရတနာသုံးပါးကိုးကွယ်လာသူတယောက်အကြောင်းရေးတဲ့ ဆရာဦးဆန်းလွင်လို ပုဂိုလ်မျိုးတော့ ချီးကျူးရပါတယ်။။တကဲ့ဒဿနဆရာပါ။ကိုစိုင်းရေ ဒီလိုဘလော့လေးကြိုက်တယ်..ဒီစာမျိးများများဖေါ်ထုတ်ရေးသားနိုင်ပါစေခင်ဗျ။။။

Unknown said...

ကောင်းတယ်.. သူငယ်ချင်းရေ.. ဆက်လက်ရေးသားပါအုံး.. အားပေးတယ်ကွာ...

Unknown said...

san francisco 49ers jerseys
jordan 11
adidas outlet
mlb jerseys
cartier watches
kobe 9
thomas sabo
snapback hats
jordan shoes, http://www.jordanshoes.us.com/
michael kors outlet online
mac cosmetics
hogan,hogan outlet,scarpe hogan,hogan sito ufficiale,hogan interactive
cheap jordans, http://www.cheapjordanshoes.in.net/
lebron shoes
coach outlet
ray-ban sunglasses, http://www.raybansunglass.com.au/
lebron james shoes
barcelona jersey
longchamp outlet
vibram fivefingers
oakley canada, http://www.oakleysunglassescanada.com
cheap oakley sunglasses
nike air max uk
louis vuitton outlet store, http://www.louisvuittonoutletstore.name/
louis vuitton uk
the north face outlet
ray ban sunglasses
michael kors uk
nike huarache
nba jerseys, http://www.nbajerseys.us.com

Anonymous said...

tiffany and co outlet
true religion jeans
michael kors outlet
michael kors outlet store
tiffany jewelry
jordan retro
fitflops
jordan shoes on sale
http://www.outlettiffanyand.co
christian louboutin outlet
michael kors outlet
air huarache shoes
michael kors handbags outlet
nfl jerseys
fitflops clearance
cheap tiffanys
nike zoom kobe
michael kors handbags,michael kors handbags clearance,michael kors clearance
michael kors outlet
michael kors outlet store
michael kors handbags
fitflops clearance
ray ban sunglasses outlet
cheap authentic jordans
http://www.cheapbasketballshoes.us.com
christian louboutin outlet

Unknown said...

giuseppe zanotti
rolex submariner
louis vuitton
rolex watches
abercrombie and fitch
mont blanc pens for sale
ugg italia
louis vuitton handbags
roshe run
fitflops
christian louboutin sale
louis vuitton outlet
north face outlet
jordans
fitflops uk
rolex watches
mont blanc pens
toms shoes outlet
asics shoes
supra sneakers
louis vuitton outlet
jordan 8
cheap jordan shoes
kobe bryant shoes
nba jerseys
coach outlet store online clearances
ugg uk
jordan shoes
cheap uggs
cleveland cavaliers jerseys
uggs sale
tory burch sale
ralph lauren uk
uggs
adidas nmd
cheap uggs
oakley sunglasses
ray ban wayfarer
hogan scarpe
toms outlet
20168.20wengdongdong

raybanoutlet001 said...

cheap jordans
michael kors handbags
oakley sunglasses
michael kors outlet
polo ralph lauren outlet
jordan shoes
michael kors handbags online
michael kors handbags
nike air huarache
michael kors handbags

Unknown said...

coach factory outlet
cheap jordans free shipping
ugg outlet
burberry outlet
polo ralph lauren
christian louboutin shoes
tory burch outlet online
ugg boots
cheap oakley sunglasses
cartier watches
chanyuan2017.02.18