January 15, 2009

ရေထဲတွင် ငါးကဲ့သို့ အသက်ရှူနိုင်စေမည့်ကိရိယာ


အစ္စရေးလ်နိုင်ငံသားတီထွင်သူ အလန်အီဇာဘို့ဒ်နာသည် ရေငုပ်သမားများအတွက် ရေထဲတွင် အောက်စီဂျင်ဗူး မလိုဘဲ အသက်ရှူနိုင်သည့် ကိရိယာတစ်ခုကို တီထွင် အောင်မြင်ခဲ့ပြီဖြစ်သည်။ သူ၏ ကိရိယာသုံးလျှင် ရေထဲပျော်ဝင်နေသည့် လေကို ငါးများကဲ့သို့ ရှူနိုင်မည်ဖြစ်သည်။

"အရည်တစ်ခုတွင်ပျော်ဝင်နိုင်သောဓာတ်ငွေ့၏ ပမာဏသည် ထိုအရည်ပေါ်သက်ရောက်နေသောဖိအားနှင့် တိုက်ရိုက်အချိုးကျသည်" ဟူသော ဟင်နရီနိယာမ (Henry Law) ကို အသုံးပြုပြီးတီထွင်ထားခြင်းဖြစ်သည်။
ဖိအားများများ သက်ရောက်လျှင် ဓာတ်ငွေ့များများ ပျော်ဝင်မည်ဖြစ်ပြီး၊ ဖိအားလျော့လျှင် အရည်ထဲမှ ပျော်ဝင်နေသော ဓာတ်ငွေ့များ ပြန်ထွက်လာမည်ဖြစ်သည်။ သင် ဘိလပ်ရည်ပုလင်း၊ ဆိုဒါပုလင်း၊ ကိုကာကိုလာပုလင်းများကို ဖွင့်သောအခါ လက်တွေ့ကြုံဖူးကြပါမည်။ ထိုဖျော်ရည်ပုလင်းများတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို ဖိအားဖြင့် ဖိသိပ် သွင်းထားခြင်းဖြစ်သည်။ အဖုံးဖွင့်လိုက်သဖြင့် ဖိအားနည်းသွားသော အခါ ဓာတ်ငွေ့များ ပြန်ထွက်လာသည့်အတွက် ထိုသို့ဖြစ်ခြင်းဖြစ်သည်။

ဘို့ဒ်နာ၏ ကိရိယာတွင် ပင်လယ်ရေအနည်းငယ်ကို ကိရိယာအသွင်းသို့ သွင်းယူပြီး ကိရိယာတွင်းရှိ ပစ္စည်းများဖြင့် ဖိအားနည်းအောင် ပြုလုပ်ခါ ရေထဲမှ လေပြန်ထွက်လာအောင်လုပ်ထားခြင်းဖြစ်သည်။ ထွက်လာသည့်လေကို ရေငုပ်သမား အသက်ရှူရန်အတွက်သုံးသည်။
အင်ဂျင်နီယာတစ်ယောက်ဖြစ်သော ကျွန်တော်သည် အသုံးဝင်သောပစ္စည်းများစွာ တီထွင်ထုတ်လုပ်ရန် ရည်မှန်းချက်ရှိပါသည်။ ဤသည်မှာ ငယ်ကတည်းက အိပ်မက် ... မကြာခင် လက်တွေ့ ဖြစ်လာတော့မည်ဟု ယုံကြည်လျက် .. စာရှုသူ မည်သို့ထင်ပါသနည်း?

၁၅.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ

  • ဒေါက်တာဝင်းသိန်း၏ သွေးတိုးရောဂါ (Hyertention) ဖတ်ရန်
  • ချစ်သူပုံရိပ်၏ အမှန်တရားအတွက် ဘာလိုအပ်သလဲ ??? ဖတ်ရန်
  • နတ်ရှင်နောင်၏ လွမ်းလို့ ဖတ်ရန်

  • နှလုံးသားရပ်ဝန်း၏ G-Talk Eng-Myanmar Online Dictionary (Partially Finish) ဖတ်ရန်

  • နီယော်ဓါ၏ ထောင်ချောက် ဖတ်ရန်

  • ပါဂနာ၏ စိတ်စေရာ ဖတ်ရန်

  • ပုတီတိုး၏ The Massengers (2007) ရုပ်ရှင် Download

  • ခေတ်ပေါ်ကဗျာလမ်း၏ လေထဲကအိမ်လေး ဖတ်ရန်

  • ပန်းခရေ၏ ထပ်တူညီမှုမရှိတဲ့ညီမျှခြင်း ဖတ်ရန်

  • ကိုပီတာ၏ ကြည်ညိုဖွယ်ကောင်းလိုက်ပုံက ဖတ်ရန်

  • Public Health in Myanmar ၏ Salmonella symptoms ဖတ်ရန်

  • မြတ်ဘုန်းမိုရ်၏ ပညာမရှိသောသူဌေးသားအကြောင်းနှင့် ကျွန်တော့်ခံစားချက် ဖတ်ရန်

  • အိပ်မက်သူ


    စာဖတ်သူ ခင်ဗျာ ... ဘာအိပ်မက်တွေများရှိပါသလဲ ...

    January 14, 2009

    ၁၄.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ

    • တောင်ပေါ်သား၏ ငှက်တစ်ကောင်၏ တမ်းချင်း ဖတ်ရန်
    • နိုင်းနိုင်းစနေ၏ Dandelion လို့ခေါ်တဲ့ တောရိုင်းပန်း ဖတ်ရန်
    • ဇီးကွက်၏ လေဥ ဖတ်ရန်
    • ဇင်ယော်၏ နှလုံးသားရပ်ဝန်းကို အခြေတည်၍ ဖတ်ရန်
    • ညမီးအိမ်၏ မျက်စိဖြင့်ကြည့်ရုံနဲ့ Virus ရှိတယ်ဆိုတာသိနိုင်သလား? ဖတ်ရန်
    • ညီလင်းသစ်၏ ကျွန်တော့်အနားက ကမ္ဘာ့စီးပွားပျက်ကပ် ဖတ်ရန်
    • ညခင်းရဲ့လမင်း၏ ဥပါဒါန် ဖတ်ရန်
    • ညိုကြီး၏ အို ... တွံတေးကြီး သင့်အားကျွန်ုပ်တို့ လွမ်းပါသည် ဖတ်ရန်
    • တက်လူငယ်၏ လေ့လာမိသမျှ မြန်မာယူနီကုဒ်အကြောင်းတစေ့တစောင်း ဖတ်ရန်

    ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာလင်္ကာရ တရားပွဲ


    ကိုရန်နောင်စိုး ပေးပို့လိုက်ပါသည်။

    January 13, 2009

    ၁၃.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ

    • ပြောမဆုံးပေါင်တောသုံးတောင်၏ ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၁) ဖတ်ရန်
    • ပြောမဆုံးပေါင်တောသုံးတောင်၏ ဂလိုဘယ်အမြည်းနှင့် ယမကာဖရီး (၂) ဖတ်ရန်
    • ကေသွယ်၏ ဂါဇာအတွေး ဖတ်ရန်
    • ကောင်းကင်ကို၏ အမှတ်ပေးစည်းမျဉ်း ဖတ်ရန်
    • မြန်မာဘလောဂါများ၏ ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ မိခင်မေတ္တာဘွဲ့ကဗျာစု ဖတ်ရန်
    • ဦးဂင်ကြီး၏ ဒီခေတ်ရဲ့ ရင်လျားယဉ်ကျေးမှု (လူထုစိန်ဝင်း) ဖတ်ရန်
    • ငယ်ငယ်၏ စာရေးဆရာမ မစန္ဒာ၏ ၀တ္ထုတို/ရှည်များ ဖတ်ရန်
    • ညိမ်းညို၏ ကမ္ဘာတုထဲက ကြွက်ဂိုဏ်းချုပ် ဖတ်ရန်
    • ငြိမ်းဝေ၏ တော်လှန်ရေး ဥဒါန သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း ဖတ်ရန်
    • စိုးဇေယျထွန်း၏ စိတ်လေခြင်း ဖတ်ရန်
    • ဆိုးသွမ်း၏ ဆိုးသွမ်း=ထမင်းငတ်မည့်အကောင် ဖတ်ရန်

    ထောင်ထဲမှ ၅ ဘာသာဂုဏ်ထူးရှင်

    စင်ကာပူနိုင်ငံမှ ဆီအန်း (နာမည်ရင်းမဟုတ်)သည် အခြား O-level အဆင့်ကျောင်းသူ/သားများကဲ့သို့ပင် သူ၏ အားလပ်ချိန်များ၌ သူ၏သူငယ်ချင်းများနှင့်အတူ ကျောင်းစာများကို လေ့လာကျက်မှတ်သူ တစ်ဦးဖြစ်သည်။ သို့သော် သူနှင့် သူ့သူငယ်ချင်းများမှာ ပုံမှန်ကျောင်းသူ/သားများမဟုတ်ကြပါ။ အကျဉ်းထောင်တွင် ထောင်ကျနေသည့် ထောင်သာများဖြစ်သည်။ ထောင်မှဖွင့်ပေးသော Kaki Bukit Centre ရှိကျောင်းလေးတွင် ကျောင်းတက်ကြရသူများဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ကြိုးစားသူ အီဆန်သည် မနှစ်က အတော်ဆုံး ကျောင်းသား ၂ ဦးထဲမှ တစ်ဦးလည်းဖြစ်သည်။ ယခုနှစ်တွင် English, Combined Humanities, Combined Science, Elementary Mathematics and Principles of Accounts တို့တွင် ဂုဏ်ထူးရသည်။ ထောင်ကျသူလူငယ်များသည် ထောင်ထဲရှိနေစဉ်အတွင်း အချိန်ကို အလဟသ မဖြစ်စေဘဲ ထောင်မှလွတ်လာလျှင် ကောလိပ်ဆက်တက်နိုင်ရန်အတွက် O-level စာမေးပွဲဝင်ဖြေကြသည်။ ယခုနှစ်စာဖြေသူ ၁၂၇ ယောက်တွင် ၉၉ ယောက်အောင်သည်။ အောင်ချက်ရာခိုင်နှုန်း ၇၈ ရာခိုင်နှုန်းဖြစ်သည်။
    ဆီအန်းကို ၂၀၀၆ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ထဲထည့်ခဲ့သည်။ ထောင်ထဲတွင် ထောင်သား အယောက် ၅၀၊ ၆၀ လောက်သည် တည်ငြိမ်သည့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် မယ်မယ်ရရမရှိသည့်အတွက် ထောင်ထဲ ပြန်ရောက်ရောက်လာကြသည်ကို သူတွေ့ရသောအခါ အလုပ်အကိုင်ရရှိရေးအတွက် စာသင်လိုစိတ်ပြင်းပြလာခဲ့သည်။
    “သူတို့ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ကျွန်တော် သဘောပေါက်တယ်။ ကျွန်တော်သူတို့လိုမဖြစ်ချင်ဘူး။ ကျွန်တော့မှာ အရည်အချင်းမရှိရင် ကျွန်တော့်အတွက်ရော၊ ကျွန်တော့မိသားစုအတွက်ပါ ထောက်ပံ့နိုင်မယ့် အလုပ်ကောင်းကောင်းရမှာ မဟုတ်ဘူး။” ဟု ဆီအန်းကပြောသည်။
    ဆီအန်းသည် Bukit View Secondary ကျောင်းတက်စဉ် Secondary 3 တွင် ကျရှူံးခဲ့ဖူးသည်။ သူထောင်ထဲမရောက်မီ Night Club တစ်ခုတွင် Floor Supervisor အဖြစ်လုပ်ဖူးသည်။ သူသည် ယခုနှစ် ဇူလိုင်လတွင် ထောင်မှ လွှတ်မည်ဖြစ်သည်။ ထောင်မှလွှတ်လျှင် Temasek Polytechnic တွင် ဟိုတယ်နှင့်သက်ဆိုင်သည့် ဘာသာရပ်တစ်ခုကို ဆက်လက်သင်ယူမည်ဖြစ်ပြီး နှောင်တွင် ဟိုတယ်၌ အလုပ်လုပ်ရန် ရည်မှန်းထားသည်။
    "ထောင်ထဲမှာနေရတာ စည်းကမ်းတင်းကျပ်လွန်းတော့ ထောင်ကျတော်တော်များများဟာ ဘ၀ကို လက်မြောက်အရှုံးပေးသွားကြတယ်။ သည်းခံပြီး အပတ်တကုတ်ကြိုးစားကြဖို့ ကျွန်တော်ပြောချင်တယ်။ ထောင်ထဲမှာ အချိန်မဖြုန်းဘဲ ထောင်ကပြန်လွတ်တဲ့အခါ အပြင်မှာ စည်းနဲ့ကမ်းနဲ့ ဘယ်လိုနေထိုင်လုပ်ကိုင်စားသောက်ကြမယ်ဆိုတာကို ဆည်းပူးလေ့လာကြမယ်ဆို သူတို့အတွက် ကောင်းကျိုးဖြစ်စေပါလိမ့်မယ်။” ဟုလည်း ဆီအန်းကပြောပါသည်။