January 19, 2009

၁၈.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ

  • ရွာသားလေးဝိုင်တီယူ၏ စိတ် ဖတ်ရန်
  • ခင်ဦးမေ၏ Cbox အရုပ်ထည့်နည်း ဖတ်ရန်
  • ၀ါဝါခိုင်မင်း၏ ရင်မှရှိုက်သံ ဖတ်ရန်
  • သက်ဝေ၏ ပန်းကလေး ၃ ပွင့်အကြောင်း ဖတ်ရန်
  • ဖားကြီး၏ Cyclone shelter နှင့် နားထောင်ခဲ့သော စာတမ်းဖတ်ပွဲ ဖတ်ရန်
  • ၀င်းဇော်(မန္တလေး) ၏ Chewing Gum ဖတ်ရန်
  • ဧရာဝတီစာကြည့်တိုက်မှ အလှကမ္ဘာမှာနေကြည့်ပါ ဖတ်ရန်
  • မိုးခါး၏ အချစ်နဲ့အတ္တ ဖတ်ရန်
  • အိမ်၏ အဘွားရဲ့ တစ်နှစ်ပြည့် အမှတ်တရ ဖတ်ရန်

January 18, 2009

အမေရိကန်သမ္မတ အိုဘားမားရဲ့ သေနတ်၊ အမြောက်ပြီးတဲ့ကား


မြင်ဖူးအောင်ကြည့်ကြပေါ့ဗျာ။ အမေရိကန်သမ္မအိုဘားမားစီးမယ့် မှန်လုံဇိမ်ခံကားကြီး ကတော့ Cadillac One လို့ အမည်ရတဲ့ ကားတဲ့ဗျ။ သမ္မတဂျော့ဒဗလျူဘုရှ်စီးခဲ့တဲ့ကားထက် ပိုကြံ့ခိုင်သတဲ့ဗျ။ ဘယ်လောက်များ ကြံ့ခိုင်သလဲဆို ကျည်ကာမှန်က ၅ လက်မ ထူသတဲ့ဗျာ။ သေနတ်၊ အမြောက် မဖောက်နိုင်ဘူးတဲ့ဗျာ။ ခေတ်မီ အီလက်ထရောနစ်ပစ္စည်းတွေကလည်းအပြည့်တဲ့ဗျာ။ ဒီကားရဲ့တည်ဆောက်ပုံ အသေးစိတ်ကို တည်ဆောက်သူတွေကလွဲပြီး ဘယ်သူမှ မသိနိုင်ဘူးတဲ့ဗျာ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိအောင် ဟိုက်ဘရစ် နည်းပညာကို လည်းသုံးထားပါသတဲ့ဗျာ။ အမေရိကန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ GM (General Motor)က ထုတ်လုပ်ပေးတာတဲ့ဗျာ။ ကဲ ....

The ABCs for Life

The ABCs for Life
Avoid negative sources, people, places, things and habits.
Believe in God
Consider things from every angle.
Don't give up and don't give in.
Enjoy life today, yesterday is gone, and tomorrow may never come.
Family and friends are hidden treasures; enjoy their riches.
Give more than you planned to.
Hang on to your dreams and visions.
Ignore those who try to discourage you.
Just do it.
Keep trying no matter how hard it seems, it will get easier.
Love God first and most.
Make it happen.
Never lie, cheat or steal, always strike a fair deal.
Open your eyes and see things as they really are.
Place your faith in God.
Quitters never win and winners never quit.
Read, study and learn about everything important in your life.
Stop procrastinating. Procrastinating is sin.
Take control of your own destiny and always trust in God alone.
Understand yourself in order to better understand others.
Visualize it.
Wait patiently on God
X'mas, a day of rejoicing
You are unique of all God's creation, nothing can replace you.
Zero in on your target and go for it

January 17, 2009

သန်လျင် GTC နံရံမှ ကဗျာတစ်ပုဒ်

တင်မိုး၏
အိမ်ပြန်ချိန်
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါတော့။

ဟူသော ဂန္ထ၀င်ကဗျာလိုလို ....


Gtalk ထဲမှ ခင်သူ တစ်ယောက်၏ Custom Message တွင် တင်ထားသည်ကို သဘောကျသည့်အတွက် မျှဝေခံစားလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် သူကိုယ်တိုင်ရေးတာလားဟု မေးသည့်အတွက် သူကဖြေပါသည်။ ဤကဗျာကို သူရေးခြင်းမဟုတ်။ GTC နံရံမှ ရသည်ဟု ဆိုပါသည်။ မည်သူရေးခဲ့မှန်းလည်း မသိပါ။ ကဗျာပိုင်ရှင်၏ လျှပ်တပြက်ဉာဏ်ရည်ကို ချီးကျူးပါသည်။ ခံစားကြည့်ပါ ...

January 16, 2009

YouTube ဗွီဒီယို File တွေ Download ချဖို့

YouTube မှ Video ဖိုင်များကို Download လုပ်နိုင်ရန်အတွက် YouTubeDownload Software တစ်ခုကို တင်ပြလိုက်ပါသည်။ Software ကို ဤနေရာကို Click လုပ်ပြီးရယူပါ။ Install လုပ်ပါ။ နောင်တွင် Desktop ပေါ်၌ အောက်ဖော်ပြပါ Icon လေးဖြင့်တွေ့ရမည်ဖြစ်သည်။ DVDVideoSoft Free Studio ကို Click ကာ ဖွင့်လိုက်ပါ။




အောက်ပါပုံအတိုင်းတွေ့ရမည်ဖြစ်သည်။



နံပါတ် (1) Free YouTube Download ကို Click လိုက်ပါ။
အောက်ပါအတိုင်းပေါ်လာမည်။
Internet Explorer သို့မဟုတ် FireFox ဖြင့် http://www.youtube.com/ ကိုဖွင့်ပါ။ YouTube ၏ Search တွင် မိမိလိုသော ဗွီဒီယို File ကိုရှာပါ။ ဥပမာ Sai Sai Khan Hlaing ....

YouTube ရှာတွေ့သော Video ဖိုင်များကို WebPage တွင် မြင်ရပါမည်။ မိမိ Download ချလိုသော File အား Click ပြီး ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ စိုင်းစိုင်းခမ်းလှိုင်၏ "၀မ်းနည်းမှတ်တမ်း" ကို ရွေးလိုက်သည်။

ထို ၀မ်းနည်းမှတ်တမ်းရှိရာ Webpage တက်လာပါမည်။

Webpage တွင် Copy ကူးရန် URL ကိုရှာပါ။ Copy ကူးလိုက်ပါ။
ပြီးလျှင် တော်နေက ဖွင့်ထားသော YouTube Download တွင် Paste ခလုတ်ကို နှိပ်လိုက်ပါ။ Detecting ..... ပေါ်လာပြီး .... File နာမည်ပေါ်လာပါမည်။

Browse ကို Click လိုက်ပြီး မိမိ Save လုပ်လိုသောနေရာကို စိတ်ကြိုက် ရွေးနိုင်သည်။ ကျွန်တော်ကတော့Desktop ကို ရွေးထားပါသည်။

Format တွင် မိမိသိမ်းလိုသည့် Format ကိုရွေးနိုင်သည်။ MP4, AVI, FLV Format များဖြင့်သိမ်းနိုင်သည်။

ပြီလျှင် Download ကို Click ပါ။ Downlod လုပ်ပါလိမ့်မည်။ Download လုပ်သည့် ပမာဏကို % ဖြင့်ဖေါ်ပြသည်။ ပုံတွင်မြင်နိုင်ပါသည်။

Download ပြီးသွားလျှင်။ Downloading was completed successfully. ဟုပေါ်လာမည်။ Close လုပ်ကာ ပိတ်ပါ။ မိမိ ရွေးထာသောနေရာတွင် Video ဖိုင် ရောက်နေပြီဖြစ်သည်။ သို့သော် Windows Media Player ဖြင့် ဖွင့်ရသည်မှာ အဆင်မပြေပါ။ ထို့ကြောင့် ဤ VLC Player ကို Download လုပ်ပါ။ Install လုပ်ပါ။

ကျွန်တော် Download လုပ်ထားသည့် စိုင်းစိုင်းခမ်းလှိုင်၏ "၀မ်းနည်းမှတ်တမ်း" ကို Right Click လုပ်ပြီး VLC Player ဖြင့် Play လိုက်သောအခါ .....
အောက်ပါပုံအတိုင်း မို့မို့၏ မျက်နှာလှလှ လေးနှင့် ....
မိုးတွေရွာတုန်းမှာ ..... စိတ္တဆန်တဲ့ သည်မိုးများ ... ရွာနေတုန်း .... ငါ ..... "ကဲ ... ချမ်းချင်ရင်လည်း ချမ်းကြပေတော့ဗျာ" ....
ဤနည်းအားဖြင့် YouTube Download ကို သုံးပြီး မိမိ အလိုရှိရာ .... Video ဖိုင်များအား Download လုပ်၍ ရပါကြောင်း .... ဒူ...ဝေ .... ဝေ ...... ကဲဗျာ ... စမ်းကြည့်ကြပါဦး။ ... နောက်ဘာတွေများရေးပေးရဦးမလဲဗျ .. အော်သာအော်ခဲ့.. ဗျို့  ..........

ဒါကနောက် YouTube Download Software တစ်ခု Download လုပ်။ Install လုပ်ပြီး စမ်းကြည့်ဗျာ .. သူကပိုကောင်းမယ်ထင်တယ် ....

၁၆.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ

  • Netlog မှ ယေရှုခရစ် သည် အရိမေတ္တယျဘုရားလောင်းလော? ဖတ်ရန်
  • ကောင်းကင်ပြာ၏ အမေကြိုက်တဲ့စိုင်းထီးဆိုင် ဖတ်ရန်
  • ဖားကြီး၏ အဟာရပြတ်နေတဲ့လူငယ် ဖတ်ရန်
  • ဟန်သစ်ငြိမ်း၏ ယုန်နှင့်လိပ် ဖတ်ရန်
  • အနမ်း၏ မနေ့၊ သည်နေ့ နှင့် မနက်ဖြန် ညွန့်အေး (အင်းဝ) ဖတ်ရန်
  • ၀င်းဇော်မန္တလေး၏ တ၀က်အမှန်၊ ၅၀% ကဟန် ဖတ်ရန်
  • ဧရာဝတီစာကြည့်တိုက်မှ ချမ်းသာလိုက်ပုံများ ဖတ်ရန်
  • လဂွန်းအိမ်၏ ပုံပြင်သစ် ၊ ပြဿနာနှစ်ပါး နှင့် တည်ငြိမ်ခြင်း ဖတ်ရန်
  • မိုးခါး၏ ခုမြင်၊ ခုပျောက် ဖတ်ရန်
  • သစ်ခက်သံလွင်၏ ညရင်ကွဲ (ခင်လွန်း) ဖတ်ရန်
  • အိမ်၏ သင်္ဘောသားဘ၀ ဖတ်ရန်
  • နေလင်း၏ တရုတ်နှစ်သစ် ဟောစာတမ်း ဖတ်ရန်

ဒီလမ်းမှာ

အဆုံးကို ကြိုသိခွင့်ရမယ်ဆို ဘယ်သူမဆို အသင့်တော်ဆုံးလမ်းကိုပဲ ရွေးလျှောက်ကြမှာပေါ့။ ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းဟာ ကြမ်းချင်ကြမ်းမယ်၊ ချောမွေ့ရင် ချောမွေ့မယ်။ ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်မှာ အကောင်းဆုံးကို သာလိုချင်ကြတာပေါ့။ ကြိုသိခွင့်မရှိတဲ့ လမ်းကို လျှောက်ကြရတဲ့အခါ လက်ကိုင်ထားနိုင်တာတစ်ခုက ကိုယ်ကျင့်တရားလေးပါပဲ။ ဘယ်တော့မှ နောင်တမရချင်ရင် ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ကိုယ်ကျရာလမ်းကြောင်းပေါ် ဇွဲကောင်းကောင်းနဲ့လျှောက်ရုံပါပဲ။ လွဲခဲ့ရင်လည်း ....... နောက်တစ်လမ်း ထပ်ရွေးပြီးထပ်လှမ်းတာပေါ့ ....

အဲလိုပဲ လျှောက်ကြရသလားဗျာ ... နည်းလမ်းလေးများရှိရင်၊ မတူတဲ့အမြင်များရှိရင်၊ ဘာဆိုဆိုပြောဖို့ တစ်ခုခုရှိတယ်ဆိုရင် ...