January 11, 2009

ရုပ်ဖျက်ထားတဲ့မြန်မာမင်းသား

မြန်မာမင်းသားတစ်ဦး (သူဘယ်သူလဲ)
ညီမနှင့် မမ များပိုမှတ်မိနိုင်သည်။ မုန့်ကျွေးရလိမ်ည်ထင်သည်။ :D
အဖြေမှန်လျှင် လမ်းမှာစောင့်ဖမ်းပါ။ မိလျှင်ကျွေးမည်။

မင်းသမီးက သူပဲ



ဂန္ထ၀င်

January 10, 2009

ထူးဆန်းသောမြို့












တကယ်ထူးဆန်းတဲ့မြို့ပါပဲဗျာ ...။ စိတ်ဝင်စားစရာလည်းကောင်းတယ်နော် ... ကဲ အဲတာဘယ်မှာ ဖြစ်မလဲ။
ဂရိမှာဗျ ...
ရှမ်းအစ်ကိုကြီး၏ Email မှ









January 9, 2009

နှစ်ပေါင်း ၈၀ ကျော် နှစ်စဉ်ရေချိုးသည့် ရုပ်အလောင်း


ဆိုဗီယက်ပြည်ထောင်စု၏ သမ္မတ လီနင်၏ The embalmed body of Vladimir Lenin has been on display at the Lenin Mausoleum in Moscow since his death in 1924. Once a year, every year, his body is taken out of its exhibit case and bathed in a concoction of formaldehyde, methanol and ethanol. Believe It or Not!မပုပ်သိုးအောင်စီရင်ထားသော ရုပ်အလောင်းကို မော်စကိုမြို့ရှိ လီနင်ပြတိုက်တွင် သူကွယ်လွန်ခဲ့သည့် ၁၉၂၄ ခုနှစ်မှစ၍ ယနေ့တိုင်ပြသထားသည်။ နှစ်ပေါင်း ၈၄ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ထိုရုပ်ကလာပ်ကို နှစ်စဉ် တစ်ကြိမ်ကျ ထုတ်ယူပြီး ဖော်မဲဒီဟိုက်၊ မင်သော်၊ အီသနောအစရှိသည့် ဓာတုဆေးရည်တို့ဖြင့် ရေချိုးပေးရသည် ဟုဆိုပါသည်။ ကဲ …. ယုံလိုက်ပါကွာ ….

ဟောင်ကောင်သို့တစ်ကိုယ်တော်ခရီး (၉)


ရထားတစ်ပတ်စီးပြီးသောအခါ ကျွန်တော် လူစုစု စုစုဖြစ်နေသောနေရာတစ်ခုသို့ ရောရောင်ပြီးလိုက်ဝင်သည်။ ဘာရှိမှန်းလည်းမသိ။ ဘာကြည့်မှန်းလည်းမသိပါ။ အ၀င်ဝတွင် မျက်မှန်လေးများကိုယ်စီယူရသည်။ မျက်လုံးထိခိုက်နိုင်လို့ထင်တယ်ဟု ယူဆကာ သူများယူသည့် အတွက် ကျွန်တော်လည်း ယူလိုက်သည်။ သူတို့နှင့်အတူ ရွေ့ရွေ့ဖြင့် လိုက်သွားသည်။ မျက်မှန်လေးကိုလည်းလက်မှာကိုင်လျက် ..


ဒီလိုမျက်မှန်မျိုးလေး
လူအယောက် ၃-၄၀ လောက်ရှိအောင် စောင့်ပြီး တစ်ခါစီ တန်းစီရသည်။ ကျွန်တော်လည်းတန်းစီသည်။ မျက်မှန်ကလေးတွေကိုယ်စီဖြင့်။ လူကြီးတွေကလည်း ခလေးလေးတွေလိုပင်။


တန်းစီစောင့်နေကြစဉ်
အထဲမှာ ဘာရှိမှန်းကျွန်တော်မသိပါ။ ဘာအသံမျှလည်းမကြားရ။ ဘာတွေလုပ်နေမှန်းလည်းမသိ။ ၁၅ မိနစ်ခန့်စောင့်ပြီးသောအခါ အခြားတစ်ဖက်မှ လူများ တန်းစီထွက်လာကြသည်။ ပွစိ ပွစိဖြင့်ပြောနေကြသည်။ ဘာမျှသဲသဲကွဲကွဲမကြားရ။ ကဲငါလည်းကြုံမှာပဲကွာဆိုပြီး တံခါးဖွင့်ပေးသောအခါ လိုက်ဝင်သွားသည်။ အထဲရောက်သောအခါ ထိုင်စရာ ခုံရှည်လေးများစီလျက်ချထားသည်ကိုတွေ့ရသည်။ သင့်တော်ရာနေရာတွင် ၀င်ထိုင်လိုက်သည်။ Flash ပါသော ကင်မရာကို မသုံးရန်ကြေညာသည်။ ကျွန်တော်လည်း ကင်မရာကို Flash မဖွင့်မိအောင် သေချာပိတ်လိုက်သည်။ အသင့်တော့ပြင်ထားသည်။ ဘာမှမပေါ်လာသေးခင် ပြသမည့် ဇာတ်စင်လိုလို ဟာကို ရိုက်ထားလိုက်သည်။

ဇာတ်စင်လိုလို ဘာလိုလို
ခဏလောက်ကြာသောအခါ မျက်လှည့်ပွဲဖြစ်ကြောင်းကြေညာသည်။ မစ်ကီမောက်က ဖျော်ဖြေမည်ဖြစ်ကြောင်း မိတ်ဆက်ပေးပြီး မစ်ကီမောက် က ကျွန်တော်တို့ဘေးဘက်ရှိ ရုံနံရံဘေးမှ ကပ်လျက် ခြေသံပြင်းပြင်းဖြင့် ဖြတ်ပြေးသွားသည်။ စပြီထူးဆန်းမှုက။ တကယ့်ကို ဖြတ်ပြေးသွားသလိုခံစားရသည်။ မျက်မှန်တပ်ထားရန်ပြောသည်။ ကန့်လန့်ကာကို မဖွင့်သေး။ ထပ်ပြီး Flash ပါသော ကင်မရာကို မသုံးရန်၊ မျက်မှန်တပ်ထားရန် သတိထပ်ပေးသည်။ အားလုံးမျက်မှန်ကိုယ်စီနှင့်ရှိနေစဉ် ကျွန်တော်ကလည်း အမိအရ .. ရိုက်ထားလိုက်ရသည်။ ဤသည်ကား ကန့်လန့်ကာ မဖွင့်မီ ...

အားလုံးမျက်မှန်ကိုယ်စီနှင့် မျက်လှည့်ပွဲကြည့်ရန်အသင့်
ကန့်လန့်ကာဖွင့်ပြီး မစ်ကီမောက်က သူ့ကိုယ်သူမိတ်ဆက်သည်။ တကယ့် ဇာတ်ပွဲအတိုင်း။ မျက်လှည့်ပွဲအတိုင်း။ တီးလုံးတွေ ဘာတွေ အပြီအပြင်။ တီးလုံးများတီးကာဖျော်ဖြေသည်။ သူက တုတ်တံလေးကိုင်ကာ ဂီတဆရာပမာ။ တီးလုံးများလည်းပြီးရော .. သူ့တုတ်ကို ကျွန်တော့ဆီ ပစ်ထည့်လိုက်သည်။ ၀ှီးခနဲလွင့်လာသည်။ တကယ့်နဖူးတည့်တည့် လေများပင်လာဟတ်သည်. ကြည့်နေကြသူပရိတ်သတ်အားလုံး ၀ုန်းခနဲ ကိုယ်ကို နောက်တွန့်ကြ၊ ခေါင်းလွဲကာရှောင်ကြသည်။ နဖူးကို တကယ်ပင် ဖတ်ခနဲ နေအောင်လာမှန်သည်ဟု ခံစားရသည်။ လူတွေ ဝေါခနဲ ပွဲကြသွားသည်။ သူကပြောရင်းဆိုရင် စားစရာများတည်ခင်းဧည့်ခံသေးသည်။ ဟင်းနံ့က နှာခေါင်းထဲတိုးဝင်လာသည်။ တကယ်ကို စိတ်ထဲ "ဟာ မိုက်တယ်ဟေ့" ဆိုပြီးဖြစ်သွားသည်။ စာအုပ်ထဲဖတ်ဖူးတာ ဒါပဲဟ။ ခုတကယ် ငါကြုံနေပါလား ဆိုပြီး။ သိပံ္ပပညာကို ပိုလေးစားသွားသည်။ "ဟဟ ..." ဟု စိတ်ထဲဖြစ်မိသည်။ စားပြီးသောအခါ သောက်စရာ Sprike တစ်ဗူးကို သူက ရှူးခနဲနေအောင်ဖောက်ပလိုက်သည်။ အဲဗျ ... မျက်နှာတွင် အေးခနဲ ရေစက်များလာစင်သည်။ Sprike နံ့ကလည်း နှာခေါင်းထဲ သင်းခနဲ တစ်ခါတည်း တစ်ပြိုင်တည်းဖြစ်သွားသည်။
ဘဲကလေး နှင့် အလာဒင်တို့လည်းပါသည်။ အလာဒင်က ကောဇောပျံဖြင့်ပျံသောအခါ ကောဇောက တဖြေးဖြေး ကိုယ့်ဖက်နီးလာသည်။ ကောဇောမှ အမြိတ်ကလေးများ တလှုပ်လှုပ်ဖြစ်နေသည်ကို မြင်နေရသည်။ ကိုယ့် မျက်နှာရှေ့နားရောက်လာသည်။ လက်တစ်ကမ်းသာ ဖြစ်သည့် အတွက် အချို့လူများက လက်ကမ်းပြီး စမ်းကြည့်ကြသည်။ “ဟဟ" ။ တောသာကြီးကျွန်တော်ကတော့ မစမ်းပါ။
ဘဲကလေးကလည်း ကောဇောတစ်ခုဖြင့်လိုက်ပျံသည်။ ပြုတ်ကျမလိုဖြစ်သည် တကယ့် ချောက်ထဲ။ တောက်ကြိုတောက်ကြားထဲ။ ဝေ့ကာ ၀ိုက်ကာဖြင့် နိမ့်လိုက် မြင့်လိုက် တ၀ှီးဝှီးပျံသည်။ လေတိုးသံကလည်း တ၀ူးဝူးကြားနေရသည်။ ကျွန်တော်တို့ပါ သူနှင့် အတူလိုက်ပျံနေရသလို။ တကယ့်ခံစားမှု ... သြော် ... မျက်လှည့်ဆိုတာ ဒီလိုလား ... ဟုပင် ..
ရေသူမလေးကလည်း ရေအောက်ကမ္ဘာထဲခေါ်ပြသေးသည်။ တကယ့် ရုပ်ကြွတွေ လှည့်ပတ်ကြည့်၍ရသည်။ ခေါင်းငဲ့ကြည့်လျှင် ကြည့်သလို အောက်ဖက်ရှိအရ့ာများ ဘေးဖက်ရှိအရာများကိုပါမြင်ရသည်။ ကျွန်တော်တို့ ကြည့်နေကြ တီဗွီလို၊ ရုပ်ရှင်လို၊ ကွန်ပျူတာတွေလို အရုပ်ပြားပြားတွေမဟုတ်။ တကယ့် အပြင်ကမ္ဘာထဲ .... သူတို့ကမ္ဘာထဲရောက်နေသလိုခံစားရသည် ... အသံဖန်တီးမှုကလည်း တကယ့်နေရာက တကယ့်အသံတွေ .... ဓာတ်ပုံရိုက်လိုစိတ်တော့ပေါ်သည်။ သို့သော် ရိုက်လည်း ရုပ်ကြွပေါ်မည်မထင် ထို့ကြောင့် လက်လျော့ထားလိုက်သည်။ 3D ရုပ်ရှင် ဥပမာပုံစံခံစားကြည့်လိုပါက အောက်ပါ ဗွီဒီယို ဖိုင်လေးကို ခံစားကြည့်ပါ။
3D ရုပ်ရှင် သင့်ကြည့်လျှင် လေယာဉ်သည်လည်း သင့်ခေါင်းပေါ် တကယ်ဖြတ်ပျံသွားသည် လေယာဉ် ၀မ်းဗိုက်ကြီးကိုပါမြင်ရသည်။ မိမိအာရုံစိုက်ရာအလိုက် တကယ့် အပြင်မှာ မြင်နေရသည့်အတိုင်း ... နည်းနည်းလေးတော့ ခံစားကြည့်ပါ .. နောက်မှ 3D ရုပ်ရှင်အကြောင်းကောင်းကောင်း ရေးပါဦးမည် ... ဟောင်ကောင်ခရီးကတော့ ဆက်ဆဲပင် .....


January 8, 2009

ခေသူမဟုတ်




ရယ်စရာအဖြစ်သာဖော်ပြခြင်း ဖြစ်ပါသည်။ အမှန်မှာ ဂျော့ဒလျှူဘုရှ်၏ စိတ်ဓာတ်နှင့် တုံ့ပြန်ပုံကို အလွန်ပင်လေးစားမိပါသည်။

January 7, 2009

အဆိုတော်လေးဖြူကို သနားတဲ့လူ



ကျွန်တော့်သူငယ်ချင်းတစ်ဦးပြောသည်ကို အမှတ်တရပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

ထိုစဉ်က IC နှစ်ပတ်လည်ခွေက ခေတ်စားနေချိန် တစ်နေကုန် ဖွင့်သည်။ မန္တလေးယူနီစံလက်ဖက်ရည်ဆိုင်တွင် ထိုင်နေရင်း၊ ဆိုင်မှ ဖွင့်ထားသော လေးဖြူသီချင်းကို နားထောင်နေရင်း ကျွန်တော့်သူငယ်ချင်းက ကောက်ကာငင်ကာပြောလိုက်သည်မှာ .....

"လေးဖြူကွာ ပင်ပန်းလိုက်တာ ထမင်းလေးတစ်လုတ်စားရဖို့ အော်လိုက်ရတာ"


ကဲစာဖတ်သူရေ ... သူကတော့ လေးဖြူကို သနားတယ်တဲ့ဗျာ ...


စာဖတ်သူ "ဘာများပြောခဲ့ချင်ပါသလဲ .....?"

တစ်ခြမ်းတည်းရှိတဲ့အိမ်


ကမ္ဘောဒီယားနိုင်ငံရှိ ရွာလေးတစ်ရွာတွင် အတော်ထူးဆန်းသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။ ထိုရွာရှိ လင်မယားနှစ်ယောက်သည် နှစ်ပေါင်း ၄၀ ကြာ ပေါင်းသင်းနေထိုင်ခဲ့ကြပြီးနောက် စိတ်သဘောမတိုက်ဆိုင်သည့်အတွက် ကွာရှင်းကြရန် ဆုံးဖြတ်လိုက်ကြသည်။ တရားရုံးစရိတ် ကြီးလွန်းသောကြောင့် သူတို့နှစ်ဦးပိုင် အိမ်လေးကိုပါ တစ်ဝက်စီခွဲယူရန် နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်ကြသည်။ ဓာတ်ပုံတွင်တွေ့ရသည့် အိမ်တစ်ခြမ်းသာလျှင် နဂိုမြေနေရာတွင် ဆက်လက် ကျန်ရှိနေခဲ့သည်။ ယောက်ျားဖြစ်သူ ပိုင်ဆိုင်ရာ ကျန်အိမ်တစ်ခြမ်းကိုမူ အခြားတစ်နေရာသို ဆွဲယူသွားပြီဖြစ်သည်။ ကဲ ယုံလိုက်ပါကွာ .......