
ကမ္ဘာ့ထိပ်သီးဗဟိုဘဏ်ကြီးများက အတိုးနှုန်း ထူးထူးခြားခြားချပစ်လိုက်ပြီးနောက် အာရှစတော့ဈေးကွက်သည် ယနေ့နံနက်ပိုင်းတွင် တော်တော်မြင့်တက်လာပါသည်။ သို့သော် ရောင်းဝယ်သူများအား လွန်ခဲ့သည့် ဆုံးရှုံးမှုကြီးများက စိတ်ဖိစီးမှုပေးနေဆဲပင်ဖြစ်သည်။ ဘဏ်များ၏ပြိုလဲမှုကို ကာကွယ်ရန်အတွက် စတော့ဥပဒေကိုပြင်ဆင်၍ ကျားကုတ်ကျားခဲ ကြိုးပမ်းမှုဖြစ်သော်လည်း ဤကမ္ဘာ့အဆိုးဆုံးစတော့ဈေးကွက်ကမောက်ကမဖြစ်မှုကို လွန်မြောက်သွားပါပြီးဟု ပြောရန်မူ စောလွန်းသေးသည်ဟုဆိုပါသည်။ တိုကျိုစတော့ဈေးမှာ မနေ့က ၉ % ကျော်ကျော်ထိုးကျခဲ့ပြီး၊ ယနေ့ နေ့လည်ချိန်တွင် ၁.၂၅ % တက်ခဲ့သည်။ ဟောင်ကောင်တွင် ၁.၁ % ၊ ရှန်ဟိုင်းတွင် ၁.၅၉ ၊ စင်ကာပူတွင် ၁ %၊ ဆိုလ်းတွင် ၀.၂ % တက်ခဲ့သည်။ သို့သော် ဆစ်ဒနီတွင်မူ ၂.၂% ကျသည်။ အင်ဒိုနီရှားတွင်မူ စတော့ရောင်းဝယ်မှုကို ဆိုင်းငံ့ထားဆဲပင်ဖြစ်သည်။































စိုးမင်းဇော်၏ Forward Mail မှ ရယူဖော်ပြသည်