May 3, 2008

Genius Drawing Pad


ပုံဆွဲရန် လက်နက်စုခြင်း

ကျွန်တော် ဒီနေ့ ကွန်ပျုတာမှာ ပန်းချီဆွဲချင်တာနဲ့ Drawing Pad သွားဝယ်တယ်။ ၅၅ ဒေါ်လာပေးရတယ်ဗျ။ တစ်ခါမှ မသုံးဖူးဘူး။ ပုံလေးပြမယ်လေ။ ဒီမှာ ထုပ်ပိုးထားတာက ဒီလို

ပါကင်ကို ဖွင့်လိုက်တော့ အထဲမှာ ..


စက္ကူလေးတွေဖယ်လိုက်တော့ ....

ဝိုင်ယာလက် လိုက်ပင်တစ်ချောင်းရယ်။ Drawing Pad လေးရယ်တွေ့တယ်ဗျ။
DVD တစ်ချပ်ပါတယ်။ ဆော့ဝဲလ်တွေပါတယ်။
(၁) Driver Setup
(၂) Pensuite Pro Setup
(၃) Adobe Photoshop CS3 Extended (Trial)
(၄) Corel Painter X (Trial)
(၅) Table Flash Demo
ဆော့ဝဲလ်တွေပေါ့ဗျာ။
အားရင်တော့ ကာတွန်းလျှောက်ရေး၊ ပုံလျှောက်ဆွဲ လို့ရပြီ ဘော်ဒါတွေရေ။



May 2, 2008

သူတို့ဆီကဟာသ အပိုင်း (၉)


ဒေးဗစ်ရဲ့ ကြက်တူရွေး



တစ်ခါတုန်းက ဒေးဗစ်ဆိုတဲ့ လူတစ်ယောက်ဟာ သူ့မွေးနေ့ပွဲမှာ ကြက်တူရွေးလေး တစ်ကောင် လက်ဆောင်ရတယ်။ ကြက်တူရွေးလေးက အသက်အတော်ကြီးနေပါပြီ။ မကောင်းတဲ့ စကားလုံးတွေ အကျင့်ဆိုးတွေ စွဲနေပြီ။ ထွက်လာတဲ့စကားတွေဟာ ယုတ်ရင်းရိုင်းပြတာတွေချည်းပဲ။ အညစ်အပတ်တွေ ပါမလာရင်တောင် အနည်းဆုံး ခပ်ကြမ်းကြမ်းတော့ ထွက်လာတာပဲ။

ဒါကြောင့်မို့ ဒေဗစ်က သူကြက်တူရွေးလေးကို ယဉ်ကျေးလာအောင် တော်တော်ကြိုးစာနေတယ်။ ယဉ်ကျေးတဲ့ စကားလုံးတွေ၊ သာယာနာပျော်ဖွယ်သီချင်းလေးတွေကို ကြက်တူရွေးလေး အတုယူ ပြောတတ်လာအောင် အမြဲတမ်းလို ရွတ်နေတော့တာပဲ။

အလုပ်အားတဲ့ တစ်ရက်မှာတော့ ဒေဗစ်ကအော်လိုက် ကြက်တူရွေးက ပြန်အော်လိုက်နဲ့စကားသင်ပေးနေတယ်။ ဒေးဗစ်ကကြိုးစားပြီးသင်လေလေ ကြက်တူရွေးက ဒေါသပိုထွက်လေ ပိုရိုင်းရိုင်းလာလေပဲ။
နောက်ဆုံး ဒေးဗစ်လည်း စိတ်ဆိုး စိတ်ပျက်လာတာနဲ့ ကြက်တူရွေးကို ရေခဲသေတ္တာထဲ ထည့်ပြီးပိတ်ထားလိုက်တယ်။ ခဏလောက်ကြာတော့ ကန်ကျောက်ပြေးလွှားတဲ့အသံ၊ သေလုမြောပါး စူးစူးဝါးဝါး အော်သံ၊ ဟစ်သံတွေ ရေခဲသေတ္တာထဲကနေ ထွက်လာတယ်။ ပြီးတော့ရုတ်တရက်ကြီး တိတ်ဆိတ်သွားတယ်။ မိနစ်ဝက်လောက်ဘာအသံမှ မကြားရတော့ဘူး။

ဒေးဗစ်ဟာ သူ့အချစ်တော်ငှက်ကလေး ဒုက္ခရောက်ပြီ ထင်ပြီး ချက်ချင်းပဲ ရေခဲသေတ္တာ တံခါးကို ဆွဲဖွင့်လိုက်တော့ ကြက်တူရွေးလေးဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဒေးဗစ်ရဲ့  လက်မောင်းပေါ်တက်လာတယ်။
"ကျွန်တော် သခင့်အပေါ် ရိုင်းရိုင်းပျပျ ပြောဆို ဆက်ဆံခဲ့မိပါတယ်။ ခုက စပြီးတော့ ကျွန်တော်မျိုးဟာ လိမ္မာယဉ်ကျေးတဲ့ ကြက်တူရွေးလေးတစ်ကောင်ဖြစ်လာအောင် ပြုပြင်နေထိုင်ပါတော့မယ်။ ကျွန်တော်မျိုးရဲ့ အမှားတွေကို ခွင့်လွတ်ပေးပို့ အနူးအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ။"
လို့ ယဉ်ယဉ်ကျေးကျေးပဲပြောတယ်။

ဒေးဗစ်ဟာ ပြောင်လဲသွားတဲ့ ကြက်တူရွေးလေးရဲ့  အပြုအမှု အတွက် အံ့သြတကြီးဖြစ်သွားတယ်။ ဘာကြောင့် ဒီလို ချက်ချင်းကြီးပြောင်းလဲ သွားရတာလဲလို့ သူချစ်တဲ့ ကြက်တူးရွေးလေးကို မေးကြည့်တဲ့အခါ ...
"ရေခဲသေတ္တာထဲက ကြက်တွေကို သခင်တို့ ဘာလုပ်ပြစ်ခဲ့လဲဆိုတာ သိပါရစေလား ခင်ဗျာ။"



တော်တော်တုံးတဲ့ခွေး


ခွေးတစ်ကောင် အသားရောင်းတဲ့ဆိုင်တစ်ဆိုင်ထဲ ၀င်လာတယ်။ သူ့လည်ပင်းမှာ ပိုက်ဆံထည့်ထားတဲ့ ခွေးလည်ပတ်ကလေးပါတယ်။ ခွေးဟာ အသားရောင်းတဲ့ ဆိုင်ခန်းထဲ တည်တည်ငြိမ်ငြိမ်နဲ့ဝင်လာပြီး သူ့အလှည့်ရောက်သည်အထိ တန်းစီရင်း ထိုင်စောင့်နေတယ်။ အသားလာဝယ်တဲ့ လူတစ်ဦးက ဒီခွေးရဲ့  အပြုအမူတွေကို သတိထားမိလာတယ်။ အသားရောင်းသူက ကောင်တာကို ကျော်ကြည့်ပြီး ခွေးကို မေးလိုက်တယ် "ဒီနေ့ ဘာများဝယ်ချင်ပါသလဲ။" ခွေးက သူ့ရှေ့ လက်နဲ့ မှန်ဘီဒိုထဲက အမဲသား အသားကောင်းကောင်းလေး တွေကို ညွှန်ပြတယ်။ "ဘယ်နှပေါင်ယူမှာလဲဗျာ" လို အသားရောင်းသူက မေးတဲ့အခါ
"၀ုတ် ... ၀ုတ်" လို့ ဟောင်ပြတော့ ဆိုင်ရှင်က အမဲသား ၂ ပေါင် ချိန်ပေးလိုက်ပြီး အထုပ် တစ်ထုပ် ထုပ်လိုက်တယ်။
"နောက်ဘာလိုသေးလဲဗျာ။"
ဒီတစ်ခါခွေးက စဉ်းထားတဲ့ ၀က်သားတုံးတွေကို ပြတယ်။
အသားရောင်းသူက
"ဒါရော ဘယ်နှပေါင်လဲဗျ။"


"၀ုတ် ... ၀ုတ်...၀ုတ် ... ၀ုတ်"
၎ ခါဟောင်တဲ့ အတွက် ၄ ပေါင်ချိန်ပေးပြီး ထုပ်လိုက်တယ်။

ခွေးက ကောင်တာနောက်ဘက်လျှောက်သွားပြီး ပိုက်ဆံသွားရှင်းတယ်။ အသားရောင်းသူက ကျသင့်ငွေကို ယူပြီး အသားနှစ်ထုတ်ကို ခွေးလည်ပင်းမှာ ဆွဲပေးလိုက်တယ်။

ဒါကို အစအဆုံးစောင့်ကြည့်နေတဲ့ အသားလာဝယ်သူဟာ ဒီခွေးနောက် လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခွေးနောက်လိုက်လာရင်း တိုက်ခန်းပေါင်းများစွာကိုကျော်လာပြီးတဲ့အခါ ခွေးဟာ အိမ်တစ်အိမ်ထဲဝင်သွားပြီး အိမ်ထဲကို ၀င်ဖို့အတွက် တံခါးဝကို ရှေ့ လက်နဲ့ သွားကုတ်တယ်။ ခွေးမွေးသူအိမ်ရှင် ထွက်လာပြီး တံခါးဖွင့်တော့ ခွေးကို လိုက်ကြည့်တဲ့ သူက
"တော်လိုက်တဲ့ခွေးဗျာ။" လို့ တအံ့တသြ ချီးကျူးစကားဆိုတယ်။
အဲဒီအခါအိမ်ရှင်က
"ဘယ်ကလာ တော်ရမှာလဲ။ ဒီခွေး ဒီတစ်ပတ်အတွင်း သော့မေ့ မေ့ပြီးသွားတာ ဒါနဲ့ဆို ၂ ခါရှိပြီ။"



မုန်တိုင်းသတိပေးချက်


နာဂစ်မုန်တိုင်း


အင်အားအလွန်ပြင်းထန်းသော နာဂစ်လေပြင်းမုန်တိုင်းကြီးသည် မြန်မာနိုင်ငံအတွင်းသို့ ၃၆ နာရီ အတွင်း ၀င်ရောက်တိုက်ခတ် တော့မည်ဖြစ်ကြောင်း ၂၀၀၈ မေ ၁ ရက် နေ့တွင် တိုင်ဖွန်မုန်တိုင်းသတိပေးဌာန Joint Typhoon Warning Centre (JTWC) က ကြေညာခဲ့ပါသည်။ ကြေညာချိန်တွင် မုန်တိုင်းကြီး၏ လေတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၈၀ ကျော်ရှိနေပြီး၊ မြန်မာနိုင်ငံ၏ အနောက်ဖက် ကမ်းရိုးတန်းကို ၀င်ရောက်ချိန်၌ ၁ နာရီ မိုင် ၉၀ ကျော်ရှိမည်ဟု ခန့်မှန်းထားပါသည်။



ဘင်္ဂလားပင်လယ်ကမ်းခြေ တစ်လျှောက်သည် ကမ္ဘာပေါ်တွင် လူအသေအပျောက်အများဆုံး အပူပိုင်းမုန်တိုင်းတိုက်ခတ်ရာနေရာဖြစ်ပါသည်။ မနှစ်က နိုဝင်ဘာလတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၂၀၀၀ ကျော်သေဆုံးခဲ့သည်။


မြန်မာ့ပင်လယ်ကမ်းခြေတွင်လူအခြေချနေထိုင်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပင်လယ်ကမ်းခြေတွင် အခြေချနေထိုင်မှုထက် နည်းပါးပါသည်။ သို့သော် စီးပွားရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားမှုမရှိသည့်အတွက် ထိခိုက်မှု နည်းပါးစေရန် သတိပေးပြောကြားပေးရန်လိုအပ်ပါသည်။ ဖုန်းဖြင့်ဆက်သွယ်အသိပေးကြပါရန်။

May 1, 2008

မျက်မမြင်လေး



တစ်ခါက မျက်မမြင်ဘ၀ကို သိပ်ကို နာကျည်း ရွံမုန်းမိနေတဲ့ မျက်မမြင်မလေးတစ်ယောက်ရှိတယ်။
သူချစ်တဲ့ ကောင်လေးမှတစ်ပါး လူတွေအားလုံးကို သူမုန်းတယ်။ သူ့ကောင်လေးကတော့ အမြဲ သူ့အတွက်၊ သူ့အနားပါပဲ။
မျက်မမြင်မလေးကပြောတယ် သူသာ ကမ္ဘာလောကကြီးကို မြင်ခွင့်ရှိမယ်ဆို သူ့ချစ်သူကောင်လေးကို လက်ထပ်မယ်ပေါ့။
တစ်နေ့မှာ တစ်စုံတစ်ယောက်က မျက်လုံးပေးလှူတာရတော့ သူကမ္ဘာလောကကြီးကို မြင်ခွင့်ရတယ်။ သူ့ချစ်သူကောင်လေး အပါအ၀င်ပေါ့။
သူချစ်တဲ့ကောင်လေးကမေးတယ်။
"အချစ်ရေ ခုလောကကြီး တစ်ခုလုံးကို မြင်ခွင့်ရှိပြီ၊ ကိုယ့်ကို လက်ထပ်တော့မလားဟင်"။
ကောင်မလေးက သူ့ချစ်သူကောင်လေးဟာလည်း မျက်မမြင်တစ်ဦးပဲဆိုတာ သိလိုက်ရတော့ ထိတ်လန့်တကြားဖြစ်သွားတယ်။ လက်ထပ်ဖို့ ကိုလည်း အကြောက်အကန် ငြင်းဆိုခဲ့တယ်။
ချစ်သူကောင်လေးဟာ မျက်ရည်တွေနဲ့အတူ အဝေးကို ထွက်သွားရှာတယ်။ ပြီးတော့ သူချစ်တဲ့ ကောင်မလေးကို စာတစ်စောင်ရေးထားခဲ့တယ်။
"အချစ်ရေ ကိုယ့် မျက်လုံးလေးတွေကို ဂရုစိုက်ပါနော်"


မှတ်သားစရာလေးကတော့
အခြေအနေပြောင်းတဲ့အခါ လူတွေ ပြောင်းလဲတတ်ကြပါတယ်။ နာကျည်းကြေကွဲစက်ဆုပ်ဖွယ် အခြေအနေမှာ ကိုယ်နဲ့ အတူတူရှိနေပေးတဲ့လူကို အမှတ်ရရ ရှိတဲ့ လူကတော့ အတော်ကို နည်းတာ မဟုတ်လား။

မေဒေး


အလုပ်သမားများကို လေးစားစွာ ဂုဏ်ပြုပါကြောင်း ......

သူမသိတော့ပါ


သင်္ခါရ သဘောကို မြင်စေနိုင်ပါသည်။ လူတစ်ဦးသေဆုံးရန် မခက်လှပါ။ အကြောင်းအရာတိုက်ဆိုင်သွားလျှင် ချက်ချင်းသေဆုံးသွားပါသည်။ လူသည် သက်ရှိများထဲတွင် မိမိကို.ယ် မိမိဂရုစိုက်နေထိုင်နိုင်သည့် အသိဥာဏ်မြင့်သောသတ္တ၀ါ ဖြစ်သောကြောင့် မိမိတို့ထက် သက်တမ်းတိုသော သတ္တ၀ါများကြာတွင် လူသည် တော်တော်နှင့် မသေနိုင်၊ အသက် ၆၀ ၊ ၇၀ တော့ နေရမည်ဟု ထင်မြင်မှတ်ယူထားကြပါသည်။ အမှန်မှာ ဆန့်သောလက်မကွေးမီ ကွေးသောလက်မဆန့်မီ သေဆုံးသွားနိုင်သည်ပင်။

ပုံတွင်ပါသော တွင်ခုံလုပ်သားသည် သူ၏နံနက်ခင်းအလုပ်လာချိန်မှာ သာမန်နေ့များလိုပင်ဖြစ်မည်။ လက်ဖက်ရည် သို့မဟုတ် ကော်ဖီသောက်၊ မုန့်စား လုပ်ငန်းခွင်ထဲဝင်ပေမည်။ အလုပ်လုပ်နေရင်း မျှော်လင့်မထားသော မတော်တဆလေးမှ သူ့အသက် ထိခိုက်သည် အထိဖြစ်ပွားခဲ့ပေမည်။ သူရင်းနှီး ကျွမ်းဝင်စွာ ကိုင်တွယ် လုပ်ကိုင် အသုံးချနေသော တွင်ခုံသည် သူ့ကို အသက်အန္တရာယ် ဖြစ်စေလိမ်မည်ဟု သူမျှော်လင့်ခဲ့မည်မဟုတ်ချေ။



ကျွန်တော်တို့ သူ၏ ဓာတ်ပုံများကို ကြည့်၍ ထိတ်လန့် တုန်လှုပ်နေမည်မှန်း သူမသိတော့ပါ။


လူတစ်ဦး၏ အသက်သည် ရောဂါကြီးဖြစ်မှ သေသည်မဟုတ်။ ဆေးကုခွင့်ရပြီးမှ သေသည်မဟုတ်။ အချိန်မရွေး၊ နေရာမရွေးကြောင်း ...


ထိုသို့ ထိခိုက် သေဆုံးမည့် အချိန်လေးတွင် သူနာကျင်မှုကို အခိုက်အတန့်တော့ ခံစားရမည်မှာ အမှန်ဖြစ်သည်။


တွင်ခုံ ချပ်ခေါင်း၏ ထိုးဖြတ် ရိုက်ခတ်မှုများကြောင့် သူ့ဦးနှောက်များ ထိခိုက်အပြီး သူ သေဆုံးပေမည်။ ဘာမျှ သိတော့မည်မဟုတ်ပါ။ သူ့ခန္ဓာသည် တစ်တုံးစီ တစ်စစီ ဖြစ်ကာ သားတစ်များ ဖြစ်ကုန်ကြောင်းလည်း သူမသိတော့ပါ။


ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ထားကြောင်းလည်း သူမသိတော့ပါ။ ကျွန်တော့် ဘလော့ဂ်တွင် ဖော်ပြနေကြောင်းလည်းသူမသိတော့ပါ။


သူငယ်ချင်းတစ်ဦး၏ ဖော်ဝပ်မေးလ်မှ ကျွန်တော့်ထံရောက်ရှိ လာကြောင်းလည်း သူမသိတော့ပါ။