August 31, 2008
ဟိုးအဝေးကြီးက တောင်ပြာတန်းတွေကို တကယ်မမြင်နိုင်တဲ့ခဏ စိတ်ကူးနဲ့ပဲ ပုံဖော်ပြီး လွမ်းလွမ်းနေရတယ်။ အဲဒီ တောင်တန်းပြာပြာကြီးတွေရဲ့ကြား၊ နှင်းထုတွေရဲ့ကြား၊ စမ်းချောင်းလေးစီးနေတဲ့ အနား အမေ့အိမ် သေးသေးလေးရှိတယ်။ အမေ့အိမ်မှာ ချဉ်ပေါင်ခင်းလေးရှိတယ်။ မုန်ညှင်းခင်းလေးရှိတယ်။ ငရုတ်ပင်လေးတွေရှိတယ်။ ခရမ်းပင်လေးတွေ စိုက်ထားသေးတယ်။ သိပ်မနီးမဝေးမှာ မြစ်ချိုချိုတွေ ချိုးယူနိုင်တဲ့ သိုက်ဝါးရုံးလေးရှိတယ်။ လတ်ဆတ်တဲ့ ခပ်စိုစို လေညင်း သင်းသင်းလေးတွေ တိုက်နေတတ်တယ်။
August 24, 2008
ဓာတုအလင်းချောင်း

လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ကတည်းက ဓာတုအလင်းချောင်းလေး တွေပေါ်ပေါက်ခဲ့ပါတယ်။ ဓာတုအလင်းချောင်းလေးတွေဟာ လုံးဝဘေးကင်းတဲ့မီးချောင်းလေးတွေပါ။ သယ်ယူရလွယ်တယ်၊ ဈေးချိုတယ်၊ ခပ်မိန်မိန်လေးနဲ့ တောက်ပနေတဲ့ အလင်းမီးချောင်းလေးတွေပါ။ ဒီအလင်းမီးချောင်းဟာ အရောင်းထွက်လည်ဆွဲတွေ၊ အရောင်တောက်နေတဲ့ ဖန်ခွက်တွေ၊ ကြိုးတွေ အဖြစ်ဖန်တီးတော့ ပိုလို့ နာမည်ကြီး လူသိများလာခဲ့ပါတယ်။ ရေငုပ်သူတွေနဲ့ တောထဲတောင်ထဲ ခရီးထွက်ရသူတွေအတွကလည်း တော်တော်ကြီးကို အသုံးဝင်တဲ့ အလင်းပေး မီးတိုင်လေးတွေ ဖြစ်ပါတယ်။ ဒီဓာတုအလင်းချောင်းလေးကို မြင်တွေကြတဲ့အခါ သဘာဝလွန်မှော်ပညာကို တွေ့ ရသလိုပါပဲ။ တကယ်တမ်းမှာ သူ့ကို ပြုလုပ်ထားတဲ့ နည်းပညာက ရိုးရှင်းလွန်းလှပါတယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ တွေမြင်ရတဲ့ ဓာတုအလင်းချောင်းလေးရဲ့  အတွင်းပိုင်းက မီးသီးမပါ၊ ဘက်ထရီမပါဘဲ တောက်ပတဲ့ အလင်းကို ထုတ်ပေးနေနိုင်တာ ဘာကြောင့် ဆိုတာကို တင်ပြထားပါတယ်။

အလင်းဆိုသည်မှာ စွမ်းအင်၏ အသွင်တစ်မျိုးဖြစ်ပါသည်။ အလင်းကို နည်းအမျိုးမျိုးဖြင့် ထုတ်လွတ်ပေးနိုင်ပါသည်။ အောက်ပါနည်းလမ်းများ အပါအ၀င်ပေါ့။
- အပူကြောင့်ထုတ်လွတ်ခြင်း (ဥမမာ - လျှပ်စစ်မီးသီး၊ ဖယောင်းတိုင်)
- ဖြာထွက်ရောင်ခြည်ကြောင့် ထုတ်လွတ်ခြင်း (ဥပမာ - လျှပ်စစ်မီးချောင်း၊ တီဗွီ)
- အက်တမ်းများကိုနိုးဆွ၍စူးရှသောအလင်းထုတ်လွတ်ခြင်း (ဥပမာ - လေဆာရောင်ခြည်
ဤနည်းအားလုံးမှာ အခြေခံ အားဖြင့်တူပါသည်။ အက်တမ်များကို နိုးဆွ၍ အပြင်မှ စွမ်းအင် ပင်ရင်းကြောင့် ဖိုတွန်ဟု ခေါ်သော အလင်းအမှုန်ထွက်လာခြင်းပင်ဖြစ်သည်။ တစ်စုံတစ်ခု ကို သင်မီးရှို့ သောအခါ အပူစွမ်းအင်သည် ထို ပစ္စည်း အတွင်းရှိ အက်တမ်တို့၏ အလျင်ကိုတိုးလာစေပြီး၊ အားကြီးသော အလျင် ဖြင့် တိုက်မိကြစေသည်။ ထိုသို့တိုက်မိသောအခါတွင် လုံလောက်သော အရှိန်ရလာပါက အက်တမ်အတွင်းရှိ အီလက်ထရွန်များသည် အက်တမ်၏ နယူးကလိယ မှ ဝေးရာသို့ ထွက်လာပြီး စွမ်းအင်ကုန်သောအခါတွင် နယူးကလိယ အနီးနားသို့ပင်ပြန်ချဉ်းကပ်သွားကြပါသည်။ ထိုအချိန်အတွင်း စွမ်းအင်အချို့  ထွက်လာပြီး အလင်းအသွင်ဖြင့် မြင်တွေ့ ကြရပါသည်။
ဓာတုအလင်းချောင်းသည်လည်း အခြေခံအတူတူ ပင်ဖြစ်ပါသည်။ သို့သော် အက်တမ်များကို နိုးဆွရန် အတွက် ဓာတုပစ္စည်း များကို သုံးထားပါသည်။ နောက်ပိုင်းတွင် ဤဓာတုဓာတ်ပြုခြင်းကို ရှင်းပြပါမည်။ ဓာတုမီးချောင်းတွင် အလင်းထုတ်လွတ်ရန် အတွက် ဓာတုပစ္စည်းကို အသုံးပြုပါသည်။ ထိုဓာတုဓာတ်ပြုခြင်းဖြစ်ရန် အမျိုးမျိုးသော ဓာတုဒြပ်ပေါင်းများကို ရောစပ်ပြုလုပ်ထားပါသည်။ ဒြပ်ပေါင်းဆိုသည်မှာ မတူညီးသော ဓာတုဒြပ်စင်များရောစပ်ပါဝင်နေသောပစ္စည်းဖြစ်ပါသည်။ ဓာတုဒြပ်ပေါင်း နှစ်မျိုး၊ သုံးမျိုးလောက်ကို ရောစပ်လိုက်လျှင် ၎င်းတို့တွင်ပါဝင်သော အက်တမ်များသည် ဒြပ်ပေါင်းသစ်တစ်မျိုးဖြစ်ပေါ်ရန် သူတို့ဖာသာ ပြန်လည် ပေါင်းစပ်ဖွဲ့စည်းကြပြန်ပါသည်။ ဒြပ်ပေါင်း၏ သဘာဝပေါ် မူတည်၍ ဓာတ်ပြုခြင်းတွင် စွမ်းအင် ထုတ်လွတ်ခြင်း၊ စုပ်ယူခြင်းများ ဖြစ်ပေါ်ကြပါသည်။

ဓာတုအလင်းချောင်းအတွင်းရှိ မတူညီသောဒြပ်ပေါင်းများ၏ ဓာတ်ပြုမှုသည် စွမ်အင်တစ်ခုထုတ်လွတ်မှုကို ဖြစ်စေပါသည်။ လျှပ်စစ်မီးသီးအတွင်းမှာကဲ့သို့ပင် ပစ္စည်းများအတွင်းရှိ အက်တမ်းများ လှုပ်ရှားတက်ကြွလာကြပြီး စွမ်းအင်မြင့်လာကာ အီလက်ထရွန်များခုန်ထွက်လာပြီး နောက်ပိုင်းတွင် နဂိုအခြေအနေသို့ ပြန်လည်ကျဆင်းကြသည်။ စွမ်းအင်မြင့်နေရာမှာ နဂိုနေရာသို့ ကျဆင်းသောအခါ စွမ်းအင်အချို့ကို အလင်းအဖြစ်ထုတ်လွတ်ကြသည်။ ထိုဖြစ်စဉ်ကို ဓာတုနည်းဖြင့်အလင်းတောက်ခြင်းဟုခေါ်ပါသည်။
ဓာတုအလင်းချောင်းအတွင်း ဓာတ်ပြုမှုတွင် အဆင့်များစွာပါဝင်ပါသည်။ စံအဖြစ်သတ်မှတ်ထားသော ဓာတုအလင်းချောင်း တွင် ဟိုက်ဒရိုဂျင်ပါရောက်ဆိုဒ် (hydrogen peroxide) နှင့် ဖီနိုင်းအောက်စီလိတ် အက်စတာ (phenyl oxalate ester) နှင့် ရောင်ခြယ်ဓာတုဆေးများပါဝင်ပါသည်။
ဟိုက်ဒရိုဂျင်ပါရောက်ဆိုဒ်(hydrogen peroxide) နှင့် ဖီနိုင်းအောက်စီလိတ်အက်စတာ (phenyl oxalate ester) ဓာတ်ပြုသောအခါ ဖီနော နှင့် တည်မြဲမှုမရှိသော ပါအောက်စီအက်စစ် (peroxyacid) ကိုရရှိပါသည်။
တည်မြဲမှုမရှိသော ပါအောက်စီ အက်စစ် ပြိုကွဲသောအခါ ဖီနော(phenol) နှင့် ဆိုဒ်ကလစ်ပါအောက်စီ (cyclic peroxy) ဒြပ်ပေါင်းကိုရရှိပါသည်။
ဆိုဒ်ကလစ်ပါအောက်စီ (cyclic peroxy) ဒြပ်ပေါင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ် (carbon dioxide) ပြိုကွဲပါသည်။ ထိုဓာတ်ပြိုကွဲခြင်းက ရောင်ခြယ်ဓာတုဆေးများရှိ အက်တမ်များဆီသို့ စွမ်းအင်များ ထုတ်လွတ်ပေးလိုက်သည်။

ရောင်ခြယ်ဓာတုဆေးများအတွင်းရှိအက်တမ်များအတွင်းမှ အီလက်ထရွန်များသည် စွမ်းအင်မြင့်သောအဆင့်သို့ရောက်ရှိပြီး စွမ်းအင်နိမ့်ရာပတ်လမ်းသို့ ပြန်လည် သက်ဆင်းသောအခါ ဆုံးရှုံးသွားသော စွမ်းအင်တို့သည် အလင်းအဖြစ်ထွက်ပေါ်လာကြပါသည်။
ဓာတုအလင်းချောင်းဆိုသည်မှာ အလင်းလွတ်ပေးရန်အတွက် ဓာတ်ပြုရာတွင်ပါဝင်သော ဓာတုပျော်ရည်နှစ်ခုကို ထည့်သွင်းထားသည့် ပစ္စည်းလေးတစ်ခုပင်ဖြစ်သည်။ ၎င်းကို အလွယ်တကူ သယ်ယူသွားနိုင်သည်။
ဓာတုအလင်းချောင်းဆိုသည်မှာ အလင်းလွတ်ပေးရန်အတွက် ဓာတ်ပြုရာတွင်ပါဝင်သော ဓာတုပျော်ရည်နှစ်ခုကို ထည့်သွင်းထားသည့် ပစ္စည်းလေးတစ်ခုပင်ဖြစ်သည်။ ၎င်းကို အလွယ်တကူ သယ်ယူသွားနိုင်သည်။
ဓာတုအလင်းချောင်းကို မထွန်းညှိမှီ ဓာတ်ပြုမည့်ဓာတုပစ္စည်းများကို သီးခြားစီကန့်ပြီးထည့်ထားခြင်းဖြစ်သည်။ ဖီနောအောက်စီအက်စတာ နှင့် ရောင်ခြယ်ဓာတုပစ္စည်းများကို အများအားဖြင့် ပလတ်စတစ်ချောင်းလေးများအတွင်း ထည့်ထားလေ့ရှိကြပါသည်။ ဟိုက်ဒရိုဂျင် ပါအောင်ဆိုဒ် ပျော်ရည်ကို ကွဲအက်နိုင်သော ဖန်ချောင်းလေးအတွင်းထည့်ပြီး ဖီနောအောက်စီအက်စတာ နှင့် ရောင်ခြယ်ဓာတုပစ္စည်းများပါသော ပလတ်စတစ်ချောင်း၏ အလယ်တွင် ဖြတ်လျက် မြုပ်ပြီး ထည့်ထားသည်။
ဓာတုအလင်းချောင်းလေး၏ အလယ်ရှိ ဖန်ချောင်းကိုချိုးလိုက်သောအခါ ဟိုက်ဒရိုဂျင် ပါအောင်ဆိုဒ် ပျော်ရည်သည် အပြင်ဖက် ပလတ်စတစ်ချောင်းထဲရှိ ဖီနောအောက်စီအက်စတာ နှင့် ရောင်ခြယ်ဓာတုပစ္စည်းများနှင့်ဓာတ်ပြုပြီး အလင်းရောင်ကို ထုတ်ပေးသည်။ ရောင်ခြယ်ဓာတုစ္စည်းပေါ်မှုတည်၍ အစိမ်းရောင်၊ အနီရောင်၊ အပြာရောင်၊ အ၀ါရောင် စသဖြင့် အရောင်အမျိုးမျိုးထုတ်ပေးသည်။ အသုံးပြုသော ဓာတုပစ္စည်းပေါ်မှုတည်၍ ဓာတ်ပြုသည့် အချိန်ကို မြန်စေ၊ နှေးစေနိုင်သည်။ မိနစ်ပိုင်မျှလည်းဖြစ်နိုင်သည်။ နာရီပေါင်းများစွာလည်း ကြာနိုင်သည်။ အချိန်တိုအတွင်း ဆိုလျှင်လွန်စွာတောက်ပပြီး။ အချိန်ကြာထွန်းလိုပါက ခပ်မှိန်မှိန်ဖြစ်သည်။ နောက်တစ်နေ့ထိဆက်ထွန်းလိုလျှင်ရေခဲသေတ္တာထဲထည့်သိမ်းထား၍ရသည်။ ဓာတ်ပြုမှုရပ်တန့်ကာ နောက်တစ်နေ့မှ ဆက်သုံးနိုင်သည်။
August 22, 2008
August 1, 2008
သမိုင်းပြဿနာ (၂)
အလောင်းစည်သူသည် ဖောင်စကြာ ပိုင်မပိုင်။
ကျွန်တော် ဘာမျှ သိပ်မသိပါ။
သိလိုသောကြောင့် မေးမြန်းခြင်းသာ ဖြစ်ပါသည်။
ပြောသမျှကို နားထောင်ပါမည်။
ကွန်မန့်တွင် ပြောထားခဲ့နိုင်ပါသည်။
ကျွန်တော် ဘာမျှ သိပ်မသိပါ။
သိလိုသောကြောင့် မေးမြန်းခြင်းသာ ဖြစ်ပါသည်။
ပြောသမျှကို နားထောင်ပါမည်။
ကွန်မန့်တွင် ပြောထားခဲ့နိုင်ပါသည်။
Subscribe to:
Comments (Atom)
-
ကျွန်တော်ပညာရင်နို့သောက်စို့ခဲ့ရာ အင်းတော် အထက ကျောင်းသည် ကျွန်တော့် ဘကြီးကံ (ကျွန်တော်ခေါ်သလိုရေးသည်) အိမ်နှင့် သိပ်မဝေးလှပါ။ ကျောင်းဝင်းနှင...
-
Is the mind a form of energy or a controller of energy?