ကျွန်တော်ကျောင်းစတက်သောနေ့
ဗန်းမောက်မြို့ အောင်သာကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းကလေး။
ကျွန်တော် ပညာရင်နို့သောက်စို့ခဲ့ရာ
အတော်ကြာခဲ့ပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း အစိတ်က ကျွန်တော်နှင့် ကျွန်တော့်ညီ လွယ်အိတ်ကိုယ်စီလွယ်ကာ ကျောင်းသွားခဲ့ကြသည်။ အမေလိုက်ပို့သည် မုန့်ထုတ်ကလေးများပါသည်။ ဆရာမထံအပ်သည်။ စာသင်လိုသောကြောင့် ကျွန်တော်ပူဆာခြင်းလည်းမဟုတ်။ အမေတို့က ကျွန်တော် ၅ နှစ်အရွယ်ရောက်၍ ကျောင်းထားခြင်း ဖြစ်သည်။ စာသင်လိုစိတ်လည်း ကျွန်တော်မရှိပါ။ တတ်လိုစိတ်လည်း ကျွန်တော်မရှိပါ။ စာဆိုတာ စာရွက်ထဲပါသော ကျွန်တော်နားမလည်သော အရာများဟုသာ ကျွန်တော်သိသည်။ ကျွန်တော်တို့ကျောင်းလေး အကြောင်းတော့ ပြောပြလိုသည်။ အကြောင်းမှာ ထိုကျောင်းလေးကို ကျွန်တော်ယနေ့တိုင် ချစ်ဆဲမြင်လိုဆဲ ဖြစ်နေခြင်းကြောင့်ပင်။
ကျွန်တော်တို့ ဗန်းမောက်မြို့တွင် ယနေ့တိုင် အ.ထ.က တစ်ကျောင်းတည်းသာရှိပါသည်။ ထို အ.ထ.က တွင်ကျွန်တော်မနေဖူးပါ။ ကျွန်တော့်ညီများ၊ ညီမများသာနေဖူးသည်။ ကျွန်တော်ချစ်သော မူလတန်းကျောင်းလေးတွင်ပင် ကျွန်တော် ၂ နှစ်သာနေဖူးသည်။
အောင်သာကုန်းကျေးရွာ မူလတန်းကျောင်းလေးသည် မြို့အ၀င်တောင်ကုန်းလေးပေါ်တွင်ရှိသည်။ မြို့ဝင်ဝင်ချင်း ကျောင်းလေးကို အဦးဆုံးတွေ့ရသည်။ ကျောင်းကလေးမှာ တောင်ထိပ်တည့်တည့်တွင် ဆောက်ထားခြင်းဖြစ်သည်။ တောင်ကုန်းမှာ မြေနီတောင်ကုန်း၊ တောင်အောက်ခြေတွင်မူ ကေအိုလင်ခေါ် မြေစေးအဖြူဖြစ်သည်။ တောင်ထိပ်ပိုင်းလေက မြေနီ။ ပေ အဘယ်မျှမြင်သည့်ကို ကျွန်တော်လည်း မမှတ်သားဖူးပါ။ အရှေ့မြောက်ဖက်မှ ကျောင်းသို့တက်စရာ မြေနီလမ်းရှိသည်။ အရှေ့တည့်တည့်တွင်မရှိ။ မြောက်ဖက်တွင် မတ်စောက်သော မြေနီလမ်းသွယ်ရှိသည်။ အနောက်ဖက်တွင် ရွာတန်းထဲမှ ဖြတ်တက်လာသော မြေနီလမ်းရှိသည်။ ကျွန်တော်တို့ ထိုရွာလမ်းမှ ဖြတ်တက်သော လမ်းကလေးမှ လာလေ့ရှိပါသည်။ Google မှ ကျွန်တော်တို့မြို့လေးကို ကျွန်တော်ရှာဖူးသည်။ ကျွန်တော်တို့မြို့လေး၏ မြေပုံ အသေးစိတ်နီးပါးဖော်ပြထားသည်ကို တွေရသည်။ အကြောင်းမှာ ကျွန်တော်တို့မြို့သည် သတ္တုကုမ္ပဏီများ၏ တိုင်းတာ မှတ်သားထားချက်များ၊ အခြားစိတ်ဝင်စားဖွယ်များ ရှိ၍ ဖြစ်ပါလိမ့်မည်။ ကျွန်တော် မြေပုံနှင့်တကွတင်ပြပါမည်။ လောလောဆယ် ကျွန်တော်တို့မြို့လေးရှိရာကို သိနိုင်ရန် Yahoo မှ ရှာဖွေတင်ပြလိုက်ပါသည်။
ကျွန်တော်တို့မြို့လေးသည် စစ်ကိုင်းတိုင်းအတွင်းရှိသည် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် ဖြစ်ပါသည်။ ရှမ်းနီ၊ ကတူး၊ ကနန်းလူမျိုးများနေထိုင်ကြသည်။ စကားပြောရာတွင် "ညယ်" နှင့် "မောင်" ဟူသော အာလုတ်စကား ပါလေ့ရှိပါသည်။ ဥမမာ။ "ဘယ်သွားမှာလဲ" ဟုမေးရာတွင် "ဘယ်သွားမှာလဲမောင်"၊ "ဘာဟင်းစားလဲ" ဟုမေးရာတွင် "ဘာဟင်းလဲမောင်" ဟု ပြောလေ့ရှိပါသည်။ "ညယ်" ဟူသော စကားမှာ အညည်း နည်းနည်းဆန်သည် "မင်းကလည်းညယ် မသွားပါနဲ့" ၊ မင်းလုပ်တာနဲ့ပါညယ် ငါ့ဥစ္စာတွေ ပျက်ကုန်ပြီ" စသည်ဖြင့် ပြောလေ့ရှိပါသည်။ ထို မောင်သံ၊ ညယ်သံ ကြားလျှင် ဗန်းမောက်နယ်ဖက်မှ ဟု ကောက်ချက်ချနိုင်ပါသည်။ အင်းတော်၊ မဲဇာ စသည့် ဒေသများတွင်လည်း ထိုအသုံးများမှာ ကျန်နေဆဲပင်ဖြစ်ပါသည်။ ရှမ်းစကားတော့ ပျောက်သလောက်ပင် ဖြစ်လာပါပြီ။ ရေးစရာက အတော်များသည်။
ကျောင်းကလေးအကြောင်းဆက်ဦးမှ ဖြစ်ပါမည်။
ကျွန်တော်ကျောင်းတက်စတွင် ကျွန်တော်တို့ကျောင်းလေးမှာ ထရံကာ သက်ငယ်မိုးကျောင်းမှ သွပ်မိုးထရံကာ အဆင့် တက်လာသော ကာလဖြစ်သည်။ အောက်ခင်းမှာ သမံတလင်း မဟုတ်သေးပါ။ မြေနီကို ပြောင်အောင် လှည်းကျင်း၍ စာသင်ခုံများစီကာ သင်ကြားပေးခြင်းဖြစ်သည်။ ကျွန်တော်တို့ ကိုယ်နေရာကိုယ်ပြောင်အောင် လှည်းကျင်းကြသည်။ ဖုန်မှုန့်ကအစမရှိအောင် လေဖြင့် ကုန်မှုတ်ပြီး အပြိုင်သန့်ရှင်းရေ လုပ်ကြသည်။ :D ထို့ကြောင့် စာသင်ခုံများ၏ အောက်ခြေမှာ ပြောင်သလင်ခါနေပါသည်။ ဖိနပ်မစီးဘဲ လျှောက်လျှင်ပင် မြေမှုန့်မလူးနိုင်ပါ။
သောက်ရေအတွက် ရေခပ်ရသည်ကတော့ ပင်ပန်းပါသည်။ တောက်အောက်ခြေတွင် သံချောင်ပုံးဖြင့် သွားခပ်ရသည်။ ရှေ့တစ်ယောက်၊ နောက်တစ်ယောက် ဦးပဲ့ထမ်းပြီးခပ်ရသည်။ လမ်းတွင်လဲလျှင် ရေအကုန် ကုန်သည် နောက်တစ်ခေါက်ပြန်ခပ်ရသည်၊ သယ်ရ ထမ်းရသည်။ ၅ နှစ် ၆ နှစ် အရွယ် ကလေးအတွက် ရေတစ်ပုံး သူ့နေရာ သူရောက်လာဖို့ အတော် မလွယ်သော ကိစ္စဖြစ်ပါသည်။
ကျွန်တော်တို့ မူလတန်းကျောင်းကလေးတွင် ကစားကွင်းအလွန်ကျယ်သည်။ ထိုအရာက ကစားမက်သော ကျွန်တော့်ကို အမှတ်ရစေခြင်းဖြစ်မည်။ အဆော့သန်သော ကျွန်တော် လူအေးတစ်ယောက်ဖြစ်ခြင်းကတော့ ဆန်းပါသည်။ ထိုအကြောင်းလည်း ရေးရဦးမည်။
ကျောင်းတွင် စီးစရာ စီးစောမရှိပါ။ ဒန်များမရှိပါ။ သို့သော် ကျွန်တော်တို့ ကစားစရာအတွက်လုံးဝ ပူစရာမလိုပါ။ ကျောင်းတွင် သစ်ပင်များပေါသည်။ ကျွန်တော်တို့ ခွေးရူးလိုက်တမ်းကစားသည်။ ခွေးရူးဟု သတ်မှတ်သူက ကျန်အဖွဲဝင်များကို လိုက်ရသည်။ ခွေးရူး၏ လက်ဖြင့်ထိသူသည် ခွေးရူးဘ၀ပြောင်းပြီး။ ခွေးရူးက ဘ၀ကျွတ်ကာ ပြေးသူ ဖြစ်လာသည်။ အမိခံရသူက ခွေရူးဖြစ်ကာ လိုက်ဖမ်းသည်။ အမှန်မှာ ခွေးရူးရော ခွေးရူးမဟုတ်သူပါ မောနေအောင်ပြေးရပါသည်။ ထိုအချိန်က အတော်ကြီးကို ပျော်စရာကောင်းသည်။ တချိန်လုံးပြေးနေရသည်။ နားနေရသည်မရှိ။ ယခုချိန် ကစားလျှင် :D ချစ်သူနှင့်အတူ ကစားရသည်မှာ တစ်ပါး အထူးပျော်စရာကောင်းနိုင်မည်မဟုတ်ပါ။
ကျွန်တော်တို့ မူလတန်းကျောင်းလေးမှာ မြေနီတောင်ကုန်းပေါ်တွင်ရှိခြင်းကြောင့် ကျောက်စရစ်သေးသေးလေးများ မြေကြီးပေါ်တွင် ပါးပါးလေးခင်းထားသလိုရှိသည်။ ပြေးရင်းလိုက်ရင်း မှောက်ရက်လဲလျှင် အတော်ကြီးကို အီသည်။ ဒူးခေါင်းတွင် သွေးရဲရဲဖြင့် အလဲလဲ အကွဲကွဲနေ့များသည် ပျော်စရားများ ဖြစ်ခဲ့ကြသည်။ တံတောင်ဆစ်ပွန်းတာ၊ ပဲတာလောက်တော့ စာပင်မဖွဲ့တော့ပါ။ အနားကျက်ပြီး အနားဖေးများကို ခွာသောအခါ ရင်ခုန်စရာကောင်းသည်။ လုံးဝပျောက်နေတာလည်း ဖြစ်နိုင်သည်။ အနာဝနည်းနည်း ကျန်ပြီး အနာတဖန်ပြန်ဖြစ်လာသည်လည်းရှိသည်။ ကျွန်တော်ပင် ဘယ်နှစ်ကြိမ်ဒူးကွဲ၊ တံတောင်ပြဲဖြစ်ခဲ့မှန်း မရေနိုင်ပါ။ ယခုစဉ်းစားမိတော့ ထိုကလေးဘ၀ ပေါ့ပေါ့ပါးပါး ပြေးလွှားခဲ့သည်ကို ပင်လွမ်းမိသလိုလို။ ချစ်သူနှင့်သာ လက်တွဲပြီး ပြေးပစ်လိုက်ချင်မိသည်။ သူ့ကို ကျွန်တော်ဖမ်းမည်။ သူကျွန်တော့်ကို ဖမ်းမည်။ နောက်ဆုံးတော့ ကျွန်တော်ပင် အရှုံးပေးပါမည်။ :D
ရေးပါဦးမည် .......
1 comment:
the north face outlet store
the north face jackets
links of london
futbol baratas
mulberry outlet
louis vuitton
mulberry outlet
swarovski crystal
mcm outlet
oakley sunglasses
tiffany and co jewelry
chanel handbags
michael kors factory outlet
oakley sunglasses
coach outlet online
nike huarache
louis vuitton outlet
gucci
north face jackets
michael kors outlet
pandora jewelry
ugg outlet
beats by dr dre
lululemon outlet
oakley sunglasses
canada goose jackets
michael kors outlet online
michael kors outlet
michael kors outlet store
lululemon outlet
coach outlet
ralph lauren outlet
longchamp handbags
replica watches
michael kors wallet
adidas outlet store
prada outlet
calvin klein underwear
ugg boots
1102maoqiuyun
Post a Comment