March 24, 2008

ချစ်ခြင်းအားဖြင့်ရေးသောစာ အပိုင်း (၂)

ခင်မင်မှုနှင့် နောက်ပြောင်မှုသည် တိုက်ရိုက် အချိုးကျပါကြောင်း

သားဖြိုးရေးတဲ့စာ

တစ်ချို့


တစ်ချို့တွေက (ခွန်အားတွေပြပြပြီး)
(ပုရွက်ဆိတ်တွေကို) နှိပ်စက်တတ်တယ်။

တစ်ချို့တွေက (ရေကိုစစ်တယ်)
မေတ္တာ(ကိုလည်း)စစ်တယ်။ ။

တချို့တွေက (လေလုံးထွားတယ်)
(လုပ်လိုက်မှဖြင့်) အမှားများတယ်။ ။

တစ်ချို့တွေက (ပန်ကန်ပြားနဲ့စားတယ်)
အမှန်တရား (ကို) လက်ကိုင်ထားတယ် (လွတ်သွားရင် ပြန်မကောက်တော့) ။ ။

တစ်ချို့တွေက (နှစ်လုံးတည့်တယ်)
(လွဲသွားရင်တော့) အပြုံးမဲ့တယ်။ ။

တစ်ချို့တွေက (လမ်းသလားတယ်)
မာယာ(ပေါင်း တစ်သောင်းခြောက်ထောင်နဲ့) မဲ့မဲ့ပြီး အပြုံးများ (များ ကို ရောင်းစား) တယ်။ ။

တစ်ချို့က (မ၀ယ်နိုင်ဘဲ ဈေးဆစ်တယ်)
အလိမ္မာစကား များများပြော (ပေမယ့် လုံးဝ ပိုက်ဆံပါ မလာလို့ ပြန်ခဲ့ရ) တယ်။ ။

တစ်ချို့က (အစားမကြီးပေမယ့် ...
စကားနဲပြီး (ရေသောက်သောက်နေတာ) (တစ်အိုးလုံး အကုန်) ရက်ရက်စက်စက်သောက်တယ်။ ။

နားလည်မှုတစ်ခုနဲ့ (အပေးအယူလုပ်ပြီး)
တစ်ချို့ (လူတွေက) (သိပ်ချစ်တယ်) ဆိုတဲ့ ဝေါဟာရကို
(ဂေါ်မစွံတဲ့) လူတွေ (အတွက် သနားလွန်းလို့) တီထွင်ထားတယ်။ ။

ဒါပေမယ့် လူတွေက (ကြာကြာ ၀ါးမှ ခါးမှန်းသိပြီး)
တစ်ချို့  (တိတ်တိတ်လေး လျှော့ဈေးနဲ့ ပြန်ရောင်း) ပြန်ဖြစ်သွားကြတယ်။ ။

ခုတော့… (ထမင်းဝတဲ့ လူ) တစ်ချို့က
(ထမင်းငတ်လို့ အားချိနေတဲ့) လူတွေကို ပြန်နှိပ်စက်နေကြပြီ။ ။

ကဲ… (အချစ်ရေ) ဘာဆက်လုပ်မလဲ
တစ်ချို့လူတွေ (လူပျိုကြီးသာလုပ်တော့ကွာတဲ့) …။ ။

သားဖြိုး (အားကိုးစရာကြီး)


လူလိန်ရေးတဲ့စာ

အနမ်းချို ၀ိုင်တစ်ခွက် . . .


အနမ်းချို ၀ိုင်ချိုတစ်ခွက် (ပြား ၅၀ နဲ့ ရောင်းမယ်)

ဟုတ်သည် (၀ယ်မယ့်သူ မရှိတော့) . . .

ရီဝေယုံမျှ (တော့) မူးယစ်စေပါသည် . . . . ။

အရာရာသည် (အကြောင်းကြောင်းကြောင့်) ဆိတ်သုဉ်း (သွားရသည်ကို) မနေ(နိုင်) ပဲ

ရင်(၏အတွင်းပိုင်းတစ်နေရာ၌) ၀ှက် (ထားသည်ဟူသော) (တကယ်မရှိသည့်) ပန်းများ ၀တ်ရည်တွေစု (လာအောင်)

(အဘယ်မျှ ကြိုးစာ ပါသော်လည်း) အနည်ထိုင်နေသလိုပင် . . . . ။

အနမ်းချို ၀ိုင်တစ်ခွက် (ပြား ၅၀ နဲ့ ရောင်းမယ်)

ဟုတ်သည် (ပြား ၅၀ နဲ့ ရောင်းမယ်). . .

နမ်းလို့မပြေ (တဲ့ဝိုင်) သောက်လို့မ၀ (တဲ့အရည်)

အာရုံေ၀၀ါး ကောင်းခြင်း (မူး) ဆိုးခြင်း (ငရဲ)

(သေသောက်ကျူးတို့နဲ့) အတူယှဉ်လျက် (ဖက်လှဲတကင်း ပုဆိုးမနိုင် ပ၀ါမနိုင်) မှီတွယ်နေသည် . . . . ။

အနမ်းချို ၀ိုင်တစ်ခွက် (ပြား ၅၀ နဲ့ ရောင်းမယ်)

သတိ (ဒီတစ်လ မစွံရင်) . . .

လွန်စွာငတ်မွတ်ခြင်းမှ လွဲ၍ (အလကားပေးရန် ကြံစည်၏)

မှီဝှဲသောက်သုံးသင့်သည် (ဟု ယူဆပေးကြပါ) . . . . ။

အနမ်းချို ၀ိုင်တစ်ခွက် (ပြား ၅၀ နဲ့ ရောင်းမယ်)

ပုံမှန်မှီဝဲခြင်း (ပြား ၂၀ လျော့ ရောင်းမယ်) ရမ္မက်စည်းတစ်ခု မကျော်ခင် (ပြား ၄၀ နဲ့ တောင့်ခံမယ်)

. . . ချစ်သူ (ပြား ၃၀ တန် ၀ိုင်တစ်ခွက်ရမှ). . .

အသိလေးတွေ (ဖိတ်ဖိတ်ပြီး) ယှဉ် (ဖက်တွေကြားမှာ မော်ကြွား) လျက်

(သူတို့တွေ) နယ်မလွန်ခင် စပ်ကြား (အမြန်ဖိတ်ကြားပြီး)

အာသာပြေ သောက်သုံးနိုင်အောင် (ပြား ၃၀ တန် ၀ိုင်တွေကို)

ချင့်ချိန် (ပြီး) ကြိုးစား (တိုက်ရအောင်) သောက်သုံး (သူတွေမလာခင်) (ရေများများ ရောထား) ကြမယ်နော် . . . . ။


လူ ပိန်၊ချို လိန်



ချီရွန် ( ပုလဲ ) ၏စာ

" (သတ္တိမလိုသော) စိန်ခေါ်ပွဲ "

ယောက်ျားဖြစ်နေတော့လည်း (မိန်းမယူရမည်)
အိပ်ရေးပျက်ခံပြီး ထထထိုးရ (လက်သီးတော့ဖြစ်နိုင်ပါသည်)
အဲဒီ စိန်ခေါ်မှုတွေကိုက (ထိုးချက်ကိုပြင်းစေပါသည်)
ဒွန်ကင်းနဲ့ အမျိုးတော်တယ် (မိုက်တိုက်စန်နဲ့ ညီအစ်ကိုအရင်း)
ကြိုးဝိုင်းထဲရောက်တော့လည်း (မထိုးမဖြစ်၍)
သူတပြန် ကိုယ်တပြန် (အနမ်းတွေချွေရင်း)
အမေကတော့ ပြောရှာတယ် (သားရယ် မိန်းမ မယူပါနဲ့)
(ယူဖြစ်အောင်ယူလိုက်တော့) ၀ဋ်ကြွေးတွေ မကုန်ပါလား ငါ့သားရယ်တဲ့
သားက ထိုးချင်လို့ မဟုတ်ပါဘူး အမေရယ် (ချစ်လွန်းလို့ပါ)
မျက်လုံးတွေနဲ့ စိန်ခေါ်တယ် (အဟီးရေးရဲဘူး ...
စကားတွေနဲ့ စိန်ခေါ်တယ် (အဟီး ဘယ်ယှဉ်နိုင်ပါ့မလဲ ...
လက်အေးအေးတွေနဲ့ စိန်ခေါ်တယ် (လန့်တောင် လန့်မိပါသေးတယ်)
စိန်ခေါ်တော့လည်း အမေရယ် (တိမ်ပေါ်တက်ဖို့ကြံပေမယ့် ...
ပုဆိုးကြားက မဟုတ်တဲ့ လက်သီး (ကယ်ပေလို့သာပေါ့) တွေအတွက်တော့
အမေ့သား အဖေ့သွေးမို့ (အမေအသိဆုံးပါ)
(ကွမ်းစားတဲ့သွားကတော့) ရဲရဲနီစွေး ပါတယ် အမေ .. ... ...

ချီရွန် ( ပုလဲ ) ငိုရင်ရွဲ ကြာနီကန်ဆရာတော်၏တရား
.............................
စိန်မမ၏စာ

တို့နှစ်ယောက်ကြားမှာ (အကာအရံမရှိ)
ကတိတွေမရှိဘူး (ကလေးတွေပဲရှိတယ်)
ဦးနှောက်ကတန်ဆာဆင်ထားတဲ့ (ကားကြီးလည်းမရှိ)
လှပတဲ့စကားသံတွေမရှိဘူး (ဈေးကောင်းတာနဲ့ ရောင်းစားလိုက်ပြီ)
အပြုံးတုတွေမရှိဘူး (အပေါင်ဆုံးသွားပြီ)
ရက်စက်မှုတွေမရှိဘူး (နှစ်ပါးသွားအစား ဓားသွားပဲရှိတယ်)
မာကြောတဲ့နှလုံးသားတွေ (တူနဲ့ထုတော့ ပိန့်သွားတယ်)
အားလုံးမရှိဘူး (အကြွေးနဲ့ အသိမ်းခံလိုက်ရတယ်)
စိမ်းကားရက်စက်မှုတွေ (၁ ပိဿာ ၅၀၀၀ိ ရရင်ရောင်းမယ်)
နားကြည်းမုန်းတီးမှုတွေမရှိဘူး (ဈေးကောင်းလို့ အခိုးခံလိုက်ရပြီ)
ချည်နှောင်ဖွဲ့တည်မှုတွေမရှိဘူး (ဘောင်ဘီတိုတစ်ထည်ပဲရှိတယ်)
ရင်ခုန်သံတုတွေမပါဘူး (ဘတ်စကားစီးရင် ဘုရားတတနေတာ အစစ်)
ဝေးကွာခြင်းတွေမရှိဘူး (ဘတ်စကားခမတတ်နိုင်တာနဲ့ ခြေငြိမ်)
နီးစပ်ခြင်းလည်းမရှိဘူး (အကြွေးတံတိုင်းကြီးခြားထားတဲ့ တို့ဘ၀)
ပေးဆပ်ခြင်းလည်းမရှိဘူး (ရလမ်းမရှိလို့ ရှောင်ရှောင်ပြေးနေရတယ်)
ရယူခြင်းလည်းမရှိဘူး (ရှေးဘ၀ကုသိုလ်ကောင်းခဲ့ဟန်မတူပါ)
အနိုင်ယူခြင်းလည်းမရှိဘူး (ချလည်းမနိုင်ပါဘူး)
မကျေနပ်ခြင်းလည်းမရှိဘူး (မနိုင်၍ သည်းခံခြင်းသည် မင်္ဂလာတစ်ပါး ဟု ခံယူထားပါသည်)
ဒါပေမယ့်
လွမ်းဆွတ်သတိရခြင်းတွေ (စုပုံလာတော့)
နှလုံးသားကထွက်ကြလာတဲ့ (အချစ်ဟုခေါ်သောအရာ)
အစီအစဉ်မကျတဲ့ (ချဲဂဏန်းကြောင့်) စကားလုံးတွေ (ဟာ တွတ်နဲ့ပါသွားပြီး) ..
ဖြူစင်တဲ့ (စာရွက်လွတ်တွေ) အပြုံးစစ်စစ်တွေ.. (မချိပြုံးလေးနဲ့ ရှုံ့မဲ့ပြီး)
လွန်စွာနူးညံ့တဲ့နှလုံးသားတစ်စုံ.. (တုတ်တုတ် တုတ်တုတ် နဲ့ ခုန်တော့)
ဝုန်းဒိုင်းကြဲနေတဲ့ရင်ခုန်သံတွေ.. (ဘာလုပ်ရမှန်ူမသိ ကြောင်ကြည့်နေစဉ်)
တစ်ယောက်ကိုတစ်ယောက် (ခဲနဲ့ပေါက်တာပဲ ကောင်းပါတယ်လို့ဆုံးဖြတ်ပြီး)
နားလည်ပေးမှုတွေ (အလကား)
အလေးနက်ထားမှုတွေ.. (အသာထား)
မြတ်နိုးတန်ဖိုးထားခြင်းတွေနဲ့... (ထပ်တူညီတဲ့ အတွင်ူအားကို ထည့်ရင်း)
တစ်ယောက် (ရဲ့လက်ကို တစ်ယောက်ဦးဖို့) လိုအပ်ချက်ကို (သိပ်မစဉ်းစားဘဲ)
တစ်ယောက်က (လက်စလုပ်တာနဲ့) ဖြည့်ဆည်း (ထားတဲ့ အတွင်းအားအကုန်နဲ့)ပေးခြင်းတွေ..
အချစ်ဆိုတဲ့ (ဟို တစ်ခါက အရှူးထမှုကြောင့်)
လေးနက်တဲ့ (အတွင်အားတွေတိုးပွားလာတော့) ချစ်ခြင်းများဖြင့်သာ (ပျော်ရွင်လိုခဲ့သော)
တို့နှစ်ယောက်ကြားမှာ (ဘူ ခနဲ မြည်သွားတဲ့)
(မဟာပေါက်ကွဲမှုကြီး) ရှိခဲ့တယ်...။

ပန်းခရေ(ရင်တွင်းဖြစ်) (အနှစ်တွေက အတုံး အတုံး)

March 23, 2008

အဖေပြောပြတဲ့ အဖေ့ပုံပြင်

အပိုင်း (၂)

အဲဒီအချိန်တုန်းက ..


အမေ့မောင် ဦးကျော် (ကျွန်တော်ခေါ်တဲ့အတိုင်းရေးလိုက်တာပါ) က အဖွားကို ကျောပိုးပြီး တောင်အောက်မှာ ရှိတဲ့ ကျွန်တော်တို့ ငှားနေတဲ့ ကြီးချော (ကျွန်တော်ခေါ်တဲ့အတိုင်းရေးလိုက်တာပါ) အိမ်ကို ခေါ်လာခဲ့တယ်။ အိမ်းငှားနေရတာနဲ့ ပတ်သက်လို့လည်း အဖေပြောပြတာတွေရှိသေးတယ်။ နောက်တော့ရေးမယ်။ အိမ်ရောက်တော့လည်း အဖွားက သတိမရတော့ပါဘူး။ ဆေးကုဖို့ အဖိုးဇော် (ကျွန်တော်ခေါ်တဲ့အတိုင်းရေးလိုက်တာပါ) ကျွန်တော်တို့ မိသားစုရဲ့ မိသားစု ဆရာဝန်လို ဖြစ်နေတဲ့ ဆေးမှူးကို ခေါ်ပြီး ဆေးထိုး ကုသေးတယ်။ မရတော့ဘူး။ အဲဒီနေ့ပဲ အဖွားဆုံးတယ်။ အဖွာဆုံးတော့ အဖေက ယူကျုံးမရဖြစ်ပြီး စုန်းကိုက်သတ်တာပါဆိုပြီး စုန်းမလို့ သူထင်တဲ့ သူကို ဓားနဲ့ခုတ်ပါမယ်လုပ်လို့ မနည်းဆွဲကြရတယ်ဆိုပဲ။

နယ်ဘက်ဆိုတော့ ရှေးရိုးအစွဲတွေ မပျောက်သေးဘူးလေ။ တကယ်တော့ အဖွားက သွေးတိုးနဲ့ဆုံးတာပါ။ အဖေက သွေးပူတုန်း ထင်ချင်ရာထင်ပြီး။ လျှောက်ရမ်းကုန်တာ။ ငယ်သေးတာကိုး။ အဖေ့အသက် ၂၉ ၊ ၃၀ လောက် အရွယ်ပဲ ရှိမယ်။ ကျွန်တော်က ၆ နှစ်သားလောက်ပဲ ရှိသေးတာကိုး။ အဖေက ကျောင်းပညာလည်းဆုံးအောင်မသင်ခဲ့ရဘူးလေ။ ၆ တန်းလောက်ပဲနေခဲ့ရတယ်။ ၆ တန်းမှာ မိသားစု တာဝန်ယူဖို့ ၁၂ နှစ်၊ ၁၃ နှစ် သားလောက်မှာ အရွယ်လေးမှာ ကျောင်းထွက်ခဲ့ရတယ်။ ကျွန်တော်တို့ ဗန်းမောက်မြို့  ၀င်ခါနီနားက ကျွဲကောရွာလေးမှာ ကျွဲကော တံတားတည်ဆောက်ဆဲမို့ အဲဒီပရောဂျက်မှာ အဖေ အလုပ်ကြမ်းသမားဝင်လုပ်ရတယ်။ အဲဒီတံတားက အင်းတော်-ဗန်းမောက်ကားလမ်းဆက်သွယ်ရေးမှာ အဓိကကျတယ်။ သစ်ထုတ်လုပ်ရေးမှာ အဓိက လမ်းကြောမှာ ပါဝင်တယ်။
၁၃ နှစ်သားအရွယ် ကျွန်တော်တို့ အဖေအလောင်းအလျာ မောင်ကျော်ညွန့်လေးဟာ တံတားကြီးတည်ဆောက်ရာမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်တဲ့အပြင် အားလပ်ချိန်တွေမှာပါ အပိုဝင်ငွေရအောင် ကုန်ထမ်းပြီး အပိုဝင်ငွေရှာ။ စားသောက်ရေးအတွက်ဖန်တီးခဲ့တယ်။ ရတဲ့လစာကို သူ့အစ်ကိုကြီး ဘကြီးကံ (ဦးကံညွန့်)ဆီမှာ အနာဂါတ် အရေးအတွက် စုဆောင်းအပ်နှံခဲ့တယ်။ ၁၃ နှစ်သား ကောင်လေးရဲ့  ကြိုတင်စီမံမှုတွေ ဘယ်လောက်ကောင်းတယ်ဆို တာ နောက်ပိုင်း အောင်မြင်မှုတွေက သက်သေပြပါလိမ့်မယ်။
အဲဒီ ကျွဲကောကြီးတံတားစီမံကိန်းမှာ အဖေ စက်ပညာတွေပါ လေ့လာခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ မျိုးဆက် အတွက် စက်မှုပညာကို အစပျိုး အခြေပြုစေခဲ့တာလည်း ဖြစ်ပါတယ်။
(အဖေ့ဆီ ဖုန်းဆက်ပြီး သိချင်တာလေးတွေမေးမေးပြီး ဆက်ရေးသွားပါမည်။ ဝေဖန်ပေးကြပါ။ သိလိုသော အချက် ကလေးများကို မေးနိုင်ပါသည်။ ပွင့်လင်းစွာ ဝေဖန် အကြံပေးနိုင်ပါသည်။ saingkhantun@gmail.com )

March 22, 2008

အင်္ဂလိပ်စာ လေ့လာရင်း ဆန်လှူရအောင်

ကမ္ဘာမှာ အစားအစာ ပြတ်လပ်နေသူတွေကို ထောက်ပံ့ဖို့ အင်္ဂလိပ်စာလေ့လာရင်း ဒါနပြုပါ။
အောက်ပါ Website တွင် အဓိပ္ပါယ်တူ စကားလုံးကို ရွေးပေးပါ။ မှန်လျှင် ဆန်အစေ့ ၂၀ ရမည်ဖြစ်သည်။ တဖြည်းဖြည်းဖြင့် ဆန်တစ်အိတ် ဖြစ်လာမည်ဖြစ်သည်။ ထိုဆန်များကို ကြော်ညာကုမ္ပဏီများမှ ကမ္ဘာ့ကုလ သမဂ္ဂ စားနပ်ရိက္ခာအဖွဲ့  သို့ လှူဒါန်းမည်ဖြစ်သည်။ သင့်အင်္ဂလိပ်စာ လေ့ကျင့်မှုတိုးတက်လေ ကမ္ဘာ့ဆင်းရဲသူများသို့ သင့်လုပ်အားဖြင့် ပေးလိုက်သော ဆန်အရေအတွက်များလေဖြစ်သည်။ ဆန်အိတ်ပေါင်းများစွာ ပေးလှူနိုင်ပါစေ။


March 21, 2008

သစ်ငုတ်တိုနဲ့ ခြတိုက်ပွဲ


ကွန်ပျုတာတွင်မောက်စ်နှင့် အစမ်းဆွဲကြည့်ပါသည်။

March 17, 2008

ပြန်လည်အသက်သွင်းမယ့်စုတ်တံ

ကျွန်တော်ငယ်ငယ်က ပန်းချီဆွဲတယ်။ ကာတွန်းရေးတယ်။ ကျွန်တော်ဆွဲတဲ့ပုံလေးတွေ ခိုးခိုးပြီး ယူသွားတတ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ပုံတွေဆွဲဖြစ်ခဲ့တာလား။ ဆွဲဖြစ်ခဲ့တာတော့ အမှန်ပဲ။ ကျောင်းနံရံမှာ ကျွန်တော့်လက်ရာတွေ တော်တော်များခဲ့တယ်။ ၁၀ တန်း စာမေးပွဲတွေ ဖြေပြီးတဲ့နောက်ပိုင်း သူနဲ့ ကျွန်တော် တစ်နယ်စီ ဝေးသွားခဲ့ကြတယ်။ ကျွန်တော် စက်မှုတက္ကသိုလ်တက်ရတော့ Drawing တွေဆွဲရတဲ့အခါ အရင်လို မပျော်တော့ပါဘူး။ ပုံလည်းကောင်းကောင်း မဆွဲဖြစ်တော့ဘူး။ ပန်းချီတွေမဆွဲဖြစ်ခဲ့တာ ၁၃ နှစ်လောက်တောင်ရှိခဲ့ပါပြီ။ သူဟာကျွန်တော့်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကျေးဇူးရှိခဲ့သူပါ။ သူကြောင့် ကျွန်တော် တိုးတက်ခဲ့သလိုပါပဲ။ သူ့ကျေးဇူးကို ကျွန်တော်မမေ့ပါဘူး။ ခု Blog မှာ ကိုယ့်ဆန္ဒအတိုင်း ချပြခွင့်ရတဲ့ နေရာဆိုတော့ ကျွန်တော့်ကို ပြန်လည်ရှင်သန်စေဦးမယ့် တစ်စုံတစ်ဦးကို မျှော်လင့်ရင်း ကျွန်တော်ပန်းချီရေးချင်လာတယ်။ ကျွန်တော့် စုတ်တံတွေ ပြန်အသက်သွင်းပါရစေ ....

March 16, 2008

ချစ်သူငယ်ချင်းအားလုံးသို့


ကျွန်တော်ပျောက်နေတာ နည်းနည်းကြာသွားပြီ။ ရေးချင်စိတ်မရှိတာနဲ့ဗျာ ... ရေးပါတော့မယ်။

အားလုံးပဲ ... ပြန်လာမယ်ဗျို့

တစ်ခါတစ်ခါ ..

March 4, 2008

ဇော်ဂျီဖောင့်တီထွင်သူများကို ဆုချီးမြှင့်ခြင်း

ဇော်ဂျီ မြန်မာဖောင့် ကို တီထွင် မှုဟာ အထူးသဖြင့် ကျွန်တော်တို့ မြန်မာ Blog လောကကို အများကြီး တိုးတက်စေခဲ့ပါတယ်။ ဇော်ဂျီ မြန်မာဖောင့် ကို တီထွင်သူများအားဂုဏ်ပြူသောအားဖြင့် မြန်မာကွန်ပျုတာအသင်းက ယခုနှစ်တွင် ဆုချီးမြှင့်လိုက်ကြောင်း သိရှိရပါတယ်။ ကျွန်တော်တို့ တစ်တွေလည်း ဂုဏ်ပြုသင့်ပါတယ်။ ကျွန်တော် ဤနေရာမှ ချီကျုးထိုက်သူအား ချီးကျူးလိုက်ပါကြောင်း ......

Saing Khan Tun

သူတို့ဆီက ဟာသ အပိုင်း (၇)

အပိုင်း (၇)

ကဲခု ဘယ်လိုလုပ်မလဲ

အိမ်ရှင်ယောက်ျား က သူ့အိမ်ကို ဖုန်းဆက်တယ်။ အိမ်စေမိန်းကလေးက လာကိုင်တယ်။
အိမ်ရှင်ယောက်ျား ။ ။ ငါ့မိန်းမနဲ့ စကားပြောချင်လို့ပါ။
အိမ်စေမိန်းကလေး ။ ။ မဖြစ်နိုင်ဘူး အပေါ်ထပ်မှာ သူ့ရည်းစားနဲ့ အတူရှိနေတယ်။
အိမ်ရှင်ယောက်ျား ။ ။ ဘာ။ ဒါဆို ဗီဒိုထဲက ငါ့သေနတ်ကို ယူ၊ အပေါ်ထပ်ကို တက်ပြီး နှစ်ယောက်လုံးကို ပစ်သတ်လိုက်။
သစ္စာရှိတဲ့ အိမ်စေမိန်းကလေး ဟာ "ဟုတ်ကဲ့" လို့ပြောပြီး။ ၅ မိနစ်လောက်အကြာမှာ ဖုန်းကို ပြန်ကိုင်ပြီး ...
အိမ်စေမိန်းကလေး ။ ။ သူတို့ သေကုန်ပါပြီ။ အလောင်းတွေကို ဘာလိုလုပ်ရမလဲ ပြောပါ။
အိမ်ရှင်ယောက်ျား ။ ။ ရေကန်ထဲ ပစ်ထဲ့ ထားလိုက် အိမ်ကို ငါရောက်လာမှ ဆက်ရှင်းမယ်။
အိမ်စေမိန်းကလေး ။ ။ ကျွန်မတို့မှာ ရေကန်မရှိဘူးလေ။
အိမ်ရှင်ယောက်ျား ။ ။ ဘာ .... ခုပြောနေတာ နံပါတ် ၅၅၅ ၁၂၃၄ ဟုတ်ရဲ့ လား။

.
.


တရုတ်တူ

တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ လူတစ်ယောက် နေ့လည်စာ ၀င်စားတော့ စားပွဲပေါ်မှာ တရုတ်တူချရမယ့်အစား ဇွန်းခက်ရင်း ချထားတာကိုတွေ့တယ်။ ဒါနဲ့ သုက စားပွဲထိုးကို ဘာ့ကြောင့်လဲလို့မေးတယ်။
စားပွဲထိုးက "တူကတော့ တောင်းမှပဲ ချပေးပါတယ်ခင်ဗျ။" လို့ဖြေတော့ သူက
"မင်းတို့ တစ်ခါသုံး တူတွေထားတော့ ဇွန်းခက်ရင်းဆေးရတာ သက်သာတာပေါ့ ကွ" လို့ တွက်ပြတယ်။
ချက်ချက်ချာချာရှိတဲ့ စားပွဲထိုးလေးက "ဟုတ်တော့ ဟုတ်ပါတယ်ဆရာ ဒါပေမယ့် တူတွေချပေးရင် အမှိုက်ရှင်းဖို့ နောက်ထပ် လူ ၃ ယောက် ထပ်ငှားရမှာဗျ။"
.
.
.