July 5, 2009

စင်ကာပူရောက် မြန်မာလူငယ်များအတွက် ကိုအေးငြိမ်း၏ "အနာဂါတ် တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း"

ကိုအေးငြိမ်း၏ စေတနာနှင့် အားထုတ်မှုကို ချီးကျုးဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ မြန်မာလူငယ်များ အလွယ်တကူ ဖတ်မိနိုင်စေရန် အတွက်လည်းကောင်း ကိုအေးငြိမ်း အားထုတ်ပြုစု တင်ပြထားသည့် "အနာဂါတ် တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း" ကို ဖော်ပြအပ်ပါသည်။
လိပ်စာမသိရှိသည့် အတွက် ခွင့်တောင်းခြင်း မပြုနိုင်သည်ကို နားလည်ပေးပါရန် ...

လေးစားခင်မင်မှုဖြင့်
စိုင်းခမ်းထွန်း

9470063 Build Your Future
သူငယ်ချင်း ဇော်ဇော်ထွန်း ပို့လိုက်သော Email ကို မျှဝေပါသည်။
မူရင်းဖိုင် ဒေါင်းလုတ်ရယူရန်
Get it from CNET Download.com!

July 2, 2009

H1N1 အကြောင်း တစေ့တစောင်း




တုပ်ကွေးရောဂါဖြစ်စေသော ဗိုင်းရပ်တစ်ကောင်ကို အဏုကြည့် မှန်ဘီးလူဖြင့် ကြည့်မည်ဆိုပါက ပုံတွင် ပြထားသည့် အတိုင်း စက်လုံးပုံသဏ္ဍာန်ရှိပြီး မျက်နှာပြင်တွင် ဆူးများ၊ မှိုပွင့်သဏ္ဍာန် အရာများဖြင့် ပြည့်နေသော ဗိုင်းရပ်ပိုး တစ်မျိုးကို တွေ့ရမည် ဖြစ်သည်။



ယခု နာမည်ကြီး ၀က်တုပ်ကွေး (Swine Flu) ဟု နာမည်ကြီးခဲ့သည့် H1N1 တုပ်ကွေး အကြောင်း တင်ပြလိုပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဂရုတစိုက် အားထုတ်နေသည်။ အောင်မြင်နေပြီတော့ မဟုတ်ပေ။ ကျွန်ုပ်တို့ ဂရုတစိုက် သတိထားစောင့်ကြည့်ဖို့တော့ လိုပေသည်။


အမေရိကန်နိုင်ငံမှ စတင် သတိပြုသိရှိလိုက်သော ထိုတုပ်ကွေးရောဂါသည် ယခု ကမ္ဘာအနှံပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ ကာကွယ်ဆေး တွေ့ပြီ ဟုတော့ ဆိုပါသည်။ ၀က်တုပ်ကွေးရောဂါမှ ကျွန်ုပ်တို့ လွတ်ကင်းသွားတော့မည်လား၊ H1N1 ဗိုင်းရပ် အန္တရာယ်မှ လွတ်မြောက် သွားတော့မည်လား။ ဘာတွေများ ဖြစ်လာလေမလဲ။ ၁၉၁၈ ခုနှစ်တွင် စပိန်တုပ်ကွေး (Spansih Flu) ကူးစက်ပျံ့နှံ့ခဲ့ဖူးသည်။ အမေရိကန်နိုင်ငံတွင် လူ ၂၁ သန်း သေဆုံးခဲ့သည်။ ယခုခေတ်တွင်တော့ မဖြစ်နိုင်တော့ပါ။ အကြောင်းအများကြီးထဲမှ အင်အားအကြီးဆုံးတစ်ခုမှာ သတင်းနှင့် နည်းပညာများ လျင်မြန်စွာ စီးဆင်းဖလှယ် နေကြသောကြောင့်ပင်ဖြစ်သည်။



H1N1 ဆိုသည်မှာ Hemagglutinin type (H1) နှင့် Neuraminidase type (N1) ကိုရည်ညွှန်းခြင်းဖြစ်သည်။ H အမျိုးအစား ၁၄ မျိုး နှင့် N အမျိုးအစား ၉ မျိုးရှိသည်။ တုပ်ကွေးဗိုင်းရပ်သည် ထို H နှင့် N သို့ ပုံစံမျိုးစုံဖြင့် ပေါင်းစပ် ကြရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ H နှင့် N တို့သည် ဗိုင်းရပ်ပိုး၏ အပြင်ဖက် အကာတွင် ရှိကြသော မော်လီကျူးများ ဖြစ်ကြပြီး ပဋိပစ္စည်းများ (Antibodies) များဖြင့် ထောက်လှမ်း သိရှိနိုင်သည်။ ဗိုင်းရပ်ကို မျိုးရိုးဗီဇ စစ်ဆေးဖြင်းအားဖြင့် တုပ်ကွေး ဗိုင်းရပ် အမျိုးအစားကို ဆုံးဖြတ်သိရှိနိုင်သည်။ တုပ်ကွေးဗိုင်ရပ် ပေါင်းစပ်ဖြစ်ပေါ်ခြင်း များစွာရှိသည်။ အချို့က ငှက်တွင်၊ အချို့က ၀က်တွင်၊ အချို့က လူတွင် စသဖြင့် ပေါင်းစပ်ဖြစ်ပေါ်ကြသည်။ တုပ်ကွေးပိုး ဖြစ်ပေါ်မှုသည် အလွန်လျှင်မြန်ပြီး၊ လွယ်ကူစွာ ပြန့်ပွားနိုင်ကြသည်။ ထို့ကြောင့် မကြာခဏဆိုသလို ၀က်များ၊ ငှက်များ၊ လူများ တုပ်ကွေး မိကြခြင်းဖြစ်သည်။ ထို မတူညီသော ဗီဇတို့မှ လည်း ထပ်မံပေါင်းစပ်ကာ တုပ်ကွေးဗိုင်းရပ် အသစ်များ ထွက်ပေါ်လာနိုင်သည်။ ထို့ကြောင့် နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေးများ တီထွင် ထုတ်လုပ် သုံးစွဲနေရခြင်း ဖြစ်ပေသည်။




တုပ်ကွေးဗိုင်းရပ်သည် ရာသီတိုင်းတွင် ဗီဇပြောင်းလဲပြီး တုပ်ကွေးဗိုင်းရပ် အသစ် ဖြစ်ပေါ်လာနိုင်သည်။ ထိုကြောင့် လူတို့သည် သိပ္ပံပညာဖြင့် လက်ဦးမှုရယူထားရန် လိုအပ်ပေသည်။


ဤတုပ်ကွေးရာသီသည်လည်း မုန်တိုင်းဝင်သည့် ရာသီလိုပင် ကျော်ဖြတ်လွန်မြောက်သွားမည်ဖြစ်သည်။ သို့သော် နောက် တစ်နှစ်တွင်းလည်း ကျွန်ုပ်တို့ ထပ်ကြုံရဦးမည် ဖြစ်သည့်အတွက် ကြိုတင် သတိထား ပြင်ဆင် ထားရန် လိုအပ်ပေသည်။


H1N1 ကဲ့သို့ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါကို သတိထားစောင့်ကြည့်ရန်လိုသည်။ ဤကမ္ဘာမြေကြီးတွင် နှစ်ပေါင်းများစွာ ပျော်ပျော်ရွှင်ရွှင်နေလိုသေးပါက တုပ်ကွေးကိုလည်း အမြဲ သတိထားစောင့်ကြည့်နေရမည် ဖြစ်သည်။ ကျန်းမာရေးသည် အရေးကြီးသည် မဟုတ်ပါလော။



ကမ္ဘာ့ဈေးအကြီးဆုံး ဂီတာ လက်ခတ်



ဥက္ကာခဲမှ ရရှိသည့် သတ္ထုဖြင့် ပြုလုပ်ထားသည့် ပုံပါ ဂီတာလက်ခတ်မှာ ကမ္ဘာဈေးအကြီးဆုံး ဂစ်တာလက်ခတ် ဖြစ်သည်။ အဖိုးတန် သတ္ထုများဖြင့် ဈေးကြီးသော ဂစ်တာလက်ခတ်များကို ထုတ်လုပ်သည့် စတားပစ် (Starpics) အမည်ရှိ သြစကြေးလျ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ တန်ဖိုးမှာ $4,674 ဖြစ်သည်။ ၁၈၃၆ ခုနှစ်က နမီဘီယာ (Namibia) နယ်အတွင်းသို့ ကျရောက်ခဲ့သော ဂျီဘီအွန် (Gibeon) ဥက္ကာခဲမှ ရရှိသော သတ္တုစဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဥက္ကာခဲကို သမိုင်းဝင်ကျောက်ပစ္စည်းအဖြစ် ပြတိုက်တွင် ပြသထားသည်ဟု ဆိုသည်။



ဂျီဘီအွန် (Gibeon) ဥက္ကာခဲ