September 25, 2008

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းသော Dell ကုမ္ပဏီ

Dell ကုမ္ပဏီက Light-emitting diode (LED) Display Screen ဖြင့် Notebook ကွန်ပျူတာ အသစ်များကို လာမည့် ၁၂ လအတွင်း ဈေးကွက်တင်တော့မည် ဖြစ်သည်။ Dell ကုမ္ပဏီ၏ ကမ္ဘာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းသော ကုမ္ပဏီဖြစ်လာရေးအတွက် အားထုတ်မှု တစ်ရပ်လည်းဖြစ်သည်။
၂၀၀၈ ဒီဇင်ဘာ ၁၅ မှစတင်ကာ Dell Latitude E-Family notebooks များကို စတင်ဈေးကွက်တင်ရောင်းချတော့မည်ဖြစ်သည်။ ပြဒါးကင်းမဲ့သော LED Backlighting နည်းပညာကို သုံးစွဲထားသည်။ တင်ပို့ရောင်းချမည့် မော်ဒယ်များမှာ Latitude E4200, E4300, E6400, E6400 ATG နှင့် E6500 တို့ဖြစ်သည်။ LED backlighting နည်းပညာသုံး Display Screen ကို စံအဖြစ် သတ်မှတ်သုံးစွဲမည်ဖြစ်သည်။

ထို့ပြင် ထို Notebook များမှာ ပျက်စီးသွားလျှင် ကြိတ်ခွဲပြီး ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းလည်း အတော်များများပါသည်။ LED Display များသည CCFL Display ထက် ပါဝါအစား သက်သာသည်။ အရောင်အတောက်ဆုံး အချိန်၌ပင် ၄၃ ရာခိုင်နှုန်း သက်သာသည်။ အကျိုးအနေဖြင့် သုံးစွဲသူများ၏ သာမာန်အသုံးစရိတ် (လျှပ်စစ်မီးဖိုး) သက်သာသည်။ ကာဗွန်သုံးစွဲ&#

ဂျပန်ဖုန်းအသစ်လေး


ကားသော့မလိုဘဲ ကားတံခါးဖွင့်နိုင်ပိတ်နိုင် စက်နိုးနိုင်သော ဂျပန်မိုလ်ဘိုင်းဖုန်းသစ်တစ်ခု ထွက်လာတော့မည်ဖြစ်သည်။ ထိုဖုန်းကို ကမ္ဘာကျော် SHARP ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ဖြင်းဖြစ်သည်။ NISSAN ကားကုမ္ပဏီ ကစတင်ခဲ့သော နည်းပညာဖြစ်ပြီး အိတ်ထဲမှ သော့ကို ထုတ်ယူရန်မလိုပဲ ကားထဲဝင်နိုင်၊ ကားစက်နိုးနိုင်ရန်ကြိုးစားခဲ့ဖြင်းဖြစ်သည်။
ကားတွင် အာရုံခံနိုင်သောစနစ်တပ်ဆင်ထားပြီး ကားသော့သည် ကားအနီးအနားတွင်ရှိလျှင် အလိုအလျောက် အလုပ်လုပ်နိုင် ပြီဖြစ်သည်။ တခါတရံတွင် ကားသော့ ကားထဲတွင်ကျန်နေခဲ့လျှင်လည်း ပူစရာမလိုပေ။ NISSAN ကုမ္ပဏီက ထိုနည်းပညာဖြင့် တတ်ဆင်ထားခဲ့သော ကားပေါင်း ၁ သန်းခန့် ၂၀၀၂ ခုနှစ်ကတည်းက ကားသော့မလိုဘဲ ကားတံခါးဖွင့်နိုင်ပိတ်နိုင် စက်နိုးနိုင်သော ဂျပန်မိုလ်ဘိုင်းဖုန်းသစ်တစ်ခု ထွက်လာတော့မည်ဖြစ်သည်။ ထိုဖုန်းကို ကမ္ဘာကျော် SHARP ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ဖြင်းဖြစ်သည်။ NISSAN ကားကုမ္ပဏီ ကစတင်ခဲ့သော နည်းပညာဖြစ်ပြီး အိတ်ထဲမှ သော့ကို ထုတ်ယူရန်မလိုပဲ ကားထဲဝင်နိုင်၊ ကားစက်နိုးနိုင်ရန်ကြိုးစားခဲ့ဖြင်းဖြစ်သည်။

September 14, 2008

ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား

ကျွန်တော့်သူငယ်ချင်း ချင်းကလေးဆွမ်ပိက ဒီနေ့ Gtalk ကနေပို့လာတယ်။ သင်ဘယ်နေ့သေမလဲဆိုပြီးတော့။ စိတ်ဝင်စားလို့ ၀င်ကြည့်မိတယ်။ ဒီလိုထွက်လာတယ်ဗျ။



ကဲစမ်းကြည့်ချင်တယ် သိချင်တယ်ဆို အောက်က ပုံကို Click ပါဗျာ။

September 10, 2008

အချစ်မှာ အပြစ်မရှိ

တခါတရံ အချစ်သည်
ဆင်ခြင်ဉာဏ်ရှိမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ဆင်ခြင်ဉာဏ်မဲ့မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ဆင်းရဲမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ချမ်းသာမှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
ငယ်ရွယ်မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
အရွယ်လွန်မှုကြောင့် ကွဲကြေ၏။
တခါတရံ အချစ်သည်
မာနကြောင့် ကွဲကြေ၏။
ကွဲကြေစေမှု အကြောင်းများစွာ
ခွဲချေသူပေါင်းများစွာ
မိမိကိုယ်တိုင်းလည်းခွဲချေရာ
အကွဲအကြေခံရာ
အချစ်မှာ အပြစ်မရှိ။

September 8, 2008

ချစ်သူသည် လရောင်အောက်၌ လမ်းလျှောက်လို၏။
သို့သော် လမိုက်ညတည်း။
ကျွန်ုပ် မစွမ်းဟု အားမလျော့ပါ။
ချစ်သူကို အမောပြေအောင်အိပ်စေပြီး။
တစ်ကိုယ်တည်း ပိုးစုန်းကြူးငယ်တို့ကို စုကာ ညမီးပုံးလုပ်နေပါသည်။
ချစ်သူတစ်ရေးနိုးချိန်၌ ပျော်စေနိုင်လိမ့်မည် ဟူသော ယုံကြည်ချက်ဖြင့် အိပ်စက်ခြင်းကို မေ့၏။
ဤသည်မှာ ချစ်သူပျော်ဖို့တည်း။

September 1, 2008

P & ID Drawing ဖတ်ရှုနည်းကို

P & ID (Piping and Instrumentation Diagram) ဖတ်ရှုနည်းကို တင်ပြပါမည်။ နိုင်ငံခြား အလုပ်ထွက်လုပ်သူများနှင့် နောင်တစ်ချိန် အမိနိုင်ငံတွင် မဖြစ်မနေ အသုံးပြုကြရမည့် ပညာရပ်နယ်ပယ်တစ်ခု ဖြစ်ပါသည်။ အခန်းဆက်လိုက်တင်ပြသွားပါမည်။

P & ID Drawing ဆိုသည်မှာ လောင်စာနှင့်ဓာတု စက်ရုံများ၊ ဓာတ်ငွေ့စက်ရုံများ၊ ဓာတ်အားပေးစက်ရုံများ၊ ရေသန့်စင်စက်ရုံများ၊ ရေနံချက်စက်ရုံများရှိ လုပ်ငန်းစဉ် အဆင့်ဆင့်၌ တပ်ဆင် အသုံးပြုထားသော ပိုက်များ၊ စက်ပစ္စည်းများ၊ ထိန်းချုပ်ရေးပစ္စည်းများ၊ တိုင်းတာရေးပစ္စည်းများ၏ ဆက်သွယ်တပ်ဆင်ထားမှုကို ရေးဆွဲပြထားသော ပုံများဖြစ်သည်။

Instrument Indentifiers
Measured Variable
F = Flow
L = Level
P = Pressure
Q = Quantity
T = Temperature

Type of Conditioner
R = Recorder
I = Indicator
C = Controller
A = Alarm

Type of Component
T = Transmitter
M = Modifier
E = Element