January 17, 2008

၂၁၀၂ ရှမ်းနှစ်သစ်ကူး (စင်ကာပူ) - ၃




ဒီရက်ပိုင်းအတွင်းမှာ စာတွေဖတ်နေလို့ အလွယ်တကူရှိပြီးတဲ့ဟာလေးတွေပဲတင်ဖြစ်နေတယ် ....
သူငယ်ချင်းတွေအတွက် အထူးလက်ရာလေးတွေ လာပါတော့မည် ......
စင်ကာပူမှာ Social Visit Visa Online ကနေ သက်တမ်းတိုးတာလေး ရေးပေးဦးမယ် ....








January 15, 2008

၂၁၀၂ ရှမ်းနှစ်သစ်ကူး (စင်ကာပူ) - ၁



၂၀၀၇ ဒီဇင်ဘာ (၈) ရက်နေ့၊ စင်ကာပူ ကလာခီဘူတာရုံနားမှာ ကျင်းပခဲ့တဲ့ ၂၁၀၂ ရှမ်းနှစ်သစ်ကူးပွဲတော် အမှတ်တရ ဗွီဒီယို မှတ်တမ်းများ ပြန်လည်တင်ပြပေးပါမည်။ Upload Speed ကျနေသည့် အတွက် ဗွီဒီယိုဖိုင်းများတင်ရာတွင် အနည်းငယ်ကြန့်ကြာနေပါသည်။ တစ်ရက်နည်းနည်းစီ တင်ပေးသွားပါမည်။


Saing Khan Tun
saingkhantun@gmail.com
http://saing.top-me.com








January 12, 2008

စင်ကာပူကြမ်းပိုးတော်တော်ဆိုး


စင်ကာပူမှာ ခြင်မရှိ သလောက်ပဲ၊ အိပ်တဲ့အခါ ခြင်ထောင် မလိုဘူး။ ကြွက် မရှိဘူးလား မသိဘူး တစ်ကောင်တစ်မြီးမှ မမြင်ဘူး။ ကြမ်းပိုးတော့ ရှိတယ်။ ပွားတာ တော်တော်မြန်သလိုပဲ။ ဒီနေ့ ကြမ်းပိုးရန် ကင်းဝေးရေး လုပ်ရတယ် အိမ်မှာ အစ်ကိုတွေနဲ့ ဖုန်စုပ်စက်နဲ့ ဖုန်စုပ်၊ စောင်တွေ၊ မွေ့ယာတွေ လွင့်ပစ်သင့်တာ လွင့်ပစ်။ ဆေးဖျန်း၊ ပရုပ်လုံးတွေထည့် လုပ်ကြတယ်။ ကြမ်းပိုးတွေ သူတို့ ကြမ်းပိုးမျိုး မသုဉ်းအောင် တော်တော် အနေအထိုင် တတ်ကြတာပဲ။ တော်တော် "တော်" အဲ တော်တော် "ဆိုး" တဲ့ကောင်တွေပဲ။

January 10, 2008

စင်ကာပူ S-pass ရမရစစ်ဖို့

စင်ကာပူ S-pass ရမရစစ်ဖို့ Click Here ပြီးလျှင် Dear EP Online user စာမျက်နှာ ပေါ်လာလျှင် အောက်ဘက်ရှိ PROCEED ကို Click ပါ Welcome to EP online စာမျက်နှာပေါ်လာပါမည်။ စာမျက်နှာ အောက်ဘက်မှ I AGREE ကို Click ပါ EP Online Main Menu စာမျက်နှာ ပေါ်လာပါမည်။ စာမျက်နှာ အောက်ဘက်မှ Select Type of Transaction ကိုသွားပါ။ ၄ - ခုမြောက် View Application Status ကို Check ပေးပါ။ (အ၀ိုင်းလေးကို Click ရန်)။ ပြီးလျှင် PROCEED ကို Click ပါ။ View Application Status (formerly known as Enquiry on Application Status) စာမျက်နှာပေါ်လာပါမည်။ Passport No. တွင် မိမိ သိလိုသော S-pass လျှောက်ထားသူ၏ Passport No. ကို ရိုက်ထည့်ပါ။ ပြီးလျှင် PROCEED ကို Click ပါ။ သင့် S-pass ရလျှင် Approved ဖြစ်နေပါမည်။ Pending ဆိုလျှင် ဆုံးဖြတ်နေဆဲဖြစ်ပါသည်။ Rejected ဖြစ်လျှင် MOM တွင် Appeal Letter တင်၍ ရမရ စုံစမ်းပါ။
... နှမတော် စိမ့်စိမ့်၏လမ်းညွန်ချက်အရ ...

အချို့ မှာ Spass ရပြီးသူတစ်ဦးက စစ်ပေးမှ ရပါသည်။ အဆင်မပြေပါက Passport No ကို saingkhantun@gmail.com ကို ပေးပို့ပါ။ ကူညီပေးပါမည်။


သူတို့ဆီကဟာသ (၁)













January 9, 2008

အသုံးချစရာ


မေမေ

ဒီအချိန်ဆို အမေ့အိမ်မှာ ခရမ်းချဉ်သီး သိပ်ပေါတဲ့ ရာသီမို့ ခရမ်းချဉ်သီး ပန်ထရေဖျော် နဲ့ မုန်ညင်းပေါင်းနဲ့ တော်တော်စားကောင်းမယ့် အချိန်ပဲ။ ခရမ်းချဉ်သီးကို မီးဖုတ်၊ ငါးပိကိုမီးဖုတ်၊ သိပ်စပ်တဲ့ မိုးမျှော် ငရုပ်သီးရယ်၊ ဆားရယ်၊ ဟင်းချိုမှုန့်ရယ်၊ နံနံမြိတ်ရယ် ရောပြီးတော့ ထောင်း။ သိပ်ကောင်းတာပဲ မေမေရယ် ရေးရင်းနဲ့ တံတွေးတောင် အခါခါမြိုမိနေပြီ။ မုန့်ညင်းကလည်း တအားပေါနေပြီလေ။ မုန်ညင်ဖူးပေါင်းဆို ပိုကောင်း မှာနော်မေမေ။ မုန်ညင်းသီးလှော်လည်း သတိရတယ် မေမေရယ်။ မုန်ညင်းသီးလှော်နဲ့ ထမင်းစားလိုက် ရတဲ့နေ့ဟာ ဆွေမျိုးမေ့လောက်အောင် ထမင်းစားကောင်းတဲ့နေ့ပါပဲ။ မနက် မနက်ဆို ဒီမှာတော့ မရှိပါဘူး။ ပေါင်းတင်းရယ် ခေါပုတ်ရယ် သတိရတယ် မေမေရေ့။ ပို့ရတာလွယ်မယ်ဆို မေမေကိုယ်တိုင် လုပ်ပြီးပို့မှာ ကျွန်တော်သိတယ်။ ညီလေးတို့ဆီတော့ မေမေပို့ဖြစ်မှာ သေချာပါတယ်။ ညီလေးတို့က သားကြီးနဲ့စာရင် မေမေနဲ့ အရမ်းနီးတာပေါ့။ ညီလေးတွေနဲ့တူတူ ထမင်းတစ်ဇလုံထဲမှာ ညီအစ်ကို တစ်တွေ ၀ိုင်းဖွဲ့ပြီးစားကြတာ ခဏခဏ တမ်းတမိပါရဲ့။ ညီလေးတို့တစ်တွေ အောင်မြင် လာအောင် ကြိုးစားနိုင်ကြပါ့မလား မသိသေးဘူး။ ဆယ်တန်းစာမေးပွဲကလည်း နီးလာပြီင်္နော် မေမေ့သားငယ်ကို မေမေအောင်စေချင်မှာ သားကြီး ကိုယ်ချင်းစာလို့ရပါပြီ။

Saing Khan Tun