ကျွန်တော်ငယ်ငယ်က ပန်းချီဆွဲတယ်။ ကာတွန်းရေးတယ်။ ကျွန်တော်ဆွဲတဲ့ပုံလေးတွေ ခိုးခိုးပြီး ယူသွားတတ်တဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ပုံတွေဆွဲဖြစ်ခဲ့တာလား။ ဆွဲဖြစ်ခဲ့တာတော့ အမှန်ပဲ။ ကျောင်းနံရံမှာ ကျွန်တော့်လက်ရာတွေ တော်တော်များခဲ့တယ်။ ၁၀ တန်း စာမေးပွဲတွေ ဖြေပြီးတဲ့နောက်ပိုင်း သူနဲ့ ကျွန်တော် တစ်နယ်စီ ဝေးသွားခဲ့ကြတယ်။ ကျွန်တော် စက်မှုတက္ကသိုလ်တက်ရတော့ Drawing တွေဆွဲရတဲ့အခါ အရင်လို မပျော်တော့ပါဘူး။ ပုံလည်းကောင်းကောင်း မဆွဲဖြစ်တော့ဘူး။ ပန်းချီတွေမဆွဲဖြစ်ခဲ့တာ ၁၃ နှစ်လောက်တောင်ရှိခဲ့ပါပြီ။ သူဟာကျွန်တော့်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကျေးဇူးရှိခဲ့သူပါ။ သူကြောင့် ကျွန်တော် တိုးတက်ခဲ့သလိုပါပဲ။ သူ့ကျေးဇူးကို ကျွန်တော်မမေ့ပါဘူး။ ခု Blog မှာ ကိုယ့်ဆန္ဒအတိုင်း ချပြခွင့်ရတဲ့ နေရာဆိုတော့ ကျွန်တော့်ကို ပြန်လည်ရှင်သန်စေဦးမယ့် တစ်စုံတစ်ဦးကို မျှော်လင့်ရင်း ကျွန်တော်ပန်းချီရေးချင်လာတယ်။ ကျွန်တော့် စုတ်တံတွေ ပြန်အသက်သွင်းပါရစေ ....
No comments:
Post a Comment