တရားအားထုတ်ခြင်းအကြောင်း
တရားအားမထုတ်မီ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော ကိစ္စများ
(၁) ကမ္မဋ္ဌာန်းတောင်းရန်
တရားအားမထုတ်မီ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော ကိစ္စများ
(၁) ကမ္မဋ္ဌာန်းတောင်းရန်
- အရှင်ဘုရား တပည့်တော်အား အို၊နာ၊သေရေး ဒုက္ခဘေးဟူသော သံသရာဝဋ်ဆင်းရဲ အပေါင်းမှ လွှတ်မြောက်ပါရခြင်းအကျိုးငှာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော ကမ္မဋ္ဌာန်းတရား တစ်ပါးပါးကို ပေးသနားတော်မူပါ အရှင်ဘုရား။
(၂) ပုဗ္ဗကိစ္စငါးပါး
- မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားအားလှူဒါန်းရန်
- တောင်းပန်ဝန်ချရန်
ငါသည် မိုက်မဲတွေဝေသည့် အလျောက်၊ မလိမ္မာသည့်အလျောက် မပြစ်မှားထိုက်သော မိဘ၊ ဆရာသမား၊ အရိယာပုဂ္ဂိုလ်တို့အား ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့မှ တစ်ပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ တောင်းပန်ဝန်ချပါ၏။
- မေတ္တာပို့ရန်
ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ တိုင်းစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ စတုလောကပါလနတ်၊ အထက်သိကြား၊ ဘ၀ဂ်အထိ၊ အောက်နဂါး အ၀ီစိအထိ ရှိရှိသမျှ သက်ရှိသတ္တ၀ါတို့သည် နေ၀င်နေထွက် ဘေးရန်မထိ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
- ဆုတောင်းရန်
ငါသည် ယခုဘ၀ ရှေးဘ၀တို့၌ ငါ၏ ပြုခဲ့သမျှသော ဒါန စသော ကုသိုလ်တို့သည် ယခုငါအလိုရှိအပ်သော မဂ် ဉာဏ် ဖိုလ်ဉာဏ် တရားထူး တရားမြတ်ကြီးကို ရခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုကြပါစေ ကုန်သတည်း။
- သေခြင်းတရားကို အောက်မေ့ရန်
သေရလှပြီ၊ သေရလှပြီ သေရတဲ့ ဘ၀တွေ မရေမတွက်နိုင်အောင် များလှပေပြီ၊ ခုလက်ရှိဘ၀သေနေ့မဦးခင် နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းတရားတစ်ပါးပါးကို ဦးအောင်အားထုတ်၊ ဦးအောင် အားထုတ်၊ ဦးအောင်အားထုတ်။
- ကမ္မဋ္ဌာန်းခွင်သို့ ၀င်တိုင်းဝင်တိုင်း ဤပုဗ္ဗကိစ္စငါးပါးတို့ကို တရားအားမထုတ်မီ ပြုလုပ်ရမည်မှတ်၊ မလိုလား အပ်သော မကောင်းကျိုးများ ပပျောက်၍ လိုလားအပ်သော ကောင်းကျိုးများ ရမည်မှတ်။
- အထူးသဖြင့် မေတ္တာ ဘာဝနာကို အထပ်ထပ်အခါခါ ပွားများပျံ့နှံ့ပေးပါ။ တစ်စုံတစ်ရာ အနှောက်အယှက်မပြုနိုင် မရှိနိုင်သည့် အပြင် အကူအညီပင် ကောင်းစွာရရှိမည် ဖြစ်ပါကြောင်း။
ဆက်လက်ဖေါ်ပြပါမည်။
1 comment:
oakley pas cher, air force, sac longchamp, nike huarache, new balance pas cher, true religion outlet, ralph lauren pas cher, tn pas cher, hermes, north face, nike roshe run, timberland, nike roshe, north face, air max, converse pas cher, sac guess, nike trainers, michael kors, michael kors, michael kors, coach outlet, hollister pas cher, nike air max, hogan, mulberry, air jordan pas cher, nike free, louboutin pas cher, true religion jeans, abercrombie and fitch, longchamp, longchamp pas cher, ray ban uk, vanessa bruno, burberry, true religion jeans, lacoste pas cher, lululemon, nike air max, michael kors, ralph lauren uk, coach purses, vans pas cher, ray ban pas cher, nike blazer, replica handbags, true religion jeans, nike air max, hollister, nike free run uk
Post a Comment