March 22, 2010

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေးအဖြေများ

တရားအားထုတ်ခြင်းအကြောင်း

တရားအားမထုတ်မီ ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သော ကိစ္စများ

(၁) ကမ္မဋ္ဌာန်းတောင်းရန်
  • အရှင်ဘုရား တပည့်တော်အား အို၊နာ၊သေရေး ဒုက္ခဘေးဟူသော သံသရာဝဋ်ဆင်းရဲ အပေါင်းမှ လွှတ်မြောက်ပါရခြင်းအကျိုးငှာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော ကမ္မဋ္ဌာန်းတရား တစ်ပါးပါးကို ပေးသနားတော်မူပါ အရှင်ဘုရား။
(၂) ပုဗ္ဗကိစ္စငါးပါး
  • မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားအားလှူဒါန်းရန်
ငါသည် ကမ္မဋ္ဌာန်းခွင် လုပ်ငန်းစဉ် ၀င်ဆဲအတွင်း၌ ငါ၏ ခန္ဓာကိုယ်ကို မြတ်စွာဘုရားအား လှူဒါန်းပါ၏။
  • တောင်းပန်ဝန်ချရန်
ငါသည် မိုက်မဲတွေဝေသည့် အလျောက်၊ မလိမ္မာသည့်အလျောက် မပြစ်မှားထိုက်သော မိဘ၊ ဆရာသမား၊ အရိယာပုဂ္ဂိုလ်တို့အား ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့မှ တစ်ပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်မိခဲ့သည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှာ တောင်းပန်ဝန်ချပါ၏။
  • မေတ္တာပို့ရန်
ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ တိုင်းစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ စတုလောကပါလနတ်၊ အထက်သိကြား၊ ဘ၀ဂ်အထိ၊ အောက်နဂါး အ၀ီစိအထိ ရှိရှိသမျှ သက်ရှိသတ္တ၀ါတို့သည် နေ၀င်နေထွက် ဘေးရန်မထိ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။
  • ဆုတောင်းရန်
ငါသည် ယခုဘ၀ ရှေးဘ၀တို့၌ ငါ၏ ပြုခဲ့သမျှသော ဒါန စသော ကုသိုလ်တို့သည် ယခုငါအလိုရှိအပ်သော မဂ် ဉာဏ် ဖိုလ်ဉာဏ် တရားထူး တရားမြတ်ကြီးကို ရခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုကြပါစေ ကုန်သတည်း။
  • သေခြင်းတရားကို အောက်မေ့ရန်
သေရလှပြီ၊ သေရလှပြီ သေရတဲ့ ဘ၀တွေ မရေမတွက်နိုင်အောင် များလှပေပြီ၊ ခုလက်ရှိဘ၀သေနေ့မဦးခင် နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းတရားတစ်ပါးပါးကို ဦးအောင်အားထုတ်၊ ဦးအောင် အားထုတ်၊ ဦးအောင်အားထုတ်။
  • ကမ္မဋ္ဌာန်းခွင်သို့ ၀င်တိုင်းဝင်တိုင်း ဤပုဗ္ဗကိစ္စငါးပါးတို့ကို တရားအားမထုတ်မီ ပြုလုပ်ရမည်မှတ်၊ မလိုလား အပ်သော မကောင်းကျိုးများ ပပျောက်၍ လိုလားအပ်သော ကောင်းကျိုးများ ရမည်မှတ်။
  • အထူးသဖြင့် မေတ္တာ ဘာဝနာကို အထပ်ထပ်အခါခါ ပွားများပျံ့နှံ့ပေးပါ။ တစ်စုံတစ်ရာ အနှောက်အယှက်မပြုနိုင် မရှိနိုင်သည့် အပြင် အကူအညီပင် ကောင်းစွာရရှိမည် ဖြစ်ပါကြောင်း။
မိုးညှင်းဆရာတော် ဘုရားကြီး၏ လမ်းညွှန်ချက်ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။