March 6, 2010

ပြဿနာများသည်

"သင်တယ်ဆိုတာ စကားပြောတာ ဒါမှမဟုတ် ဟောပြောတာလို့ အဓိပ္ပာယ်ထွက်သလား"

"အဲ ... ဟုတ်ကဲ့"

"အဲဒါက စာသင်ကျောင်းမှာ မင်းတို့ကို သင်တဲ့နည်းလေ။ ဒါပေမယ့် ဘ၀က မင်းတို့ကို အဲဒီနည်းနဲ့ သင်မပေးဘူး။ ငါပြောလိုက်မယ်။ ဆရာ့တကာ့ဆရာတွေထဲမှာ ဘ၀က အတော်ဆုံးဆရာကွ။ များသောအားဖြင့် ဘ၀က မင်းကို ပြောပြမနေဘူး။ ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး မောင်းနေတာ။ တစ်ခါမောင်းတိုင်း "ဟေ့ကောင် ... ထစမ်း၊ မင်းပညာယူစေချင်တာ တစ်ခုရှိတယ်" လို့ ဘ၀က ပြောနေတာ"

အထက်မှ ရေးထားသော စာမှာ မြတ်ငြိမ် မြန်မာပြန်ထားသည့် Robert T. Kiyosaki ၏ Rich Dad Poor Dad "ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း" စာအုပ်ထဲမှ စာသားတစ်ချို့ဖြစ်သည်။



လက်တွေ့ကြုံနေရသော အဖြစ်အပျက်များ လုပ်ငန်းခွင်ထဲတွင် ပညာသင်ကြားပေးမှုသည် ဆရာအဖြစ်လာသည်ထက် ပြဿနာအဖြစ်လာသည်။ ရှင်းပြသည်ထက် မေးခွန်းအဖြစ်လာသည်။ လုပ်ငန်းမှ ပေးသော ပညာတိုးတက်ရေး အိမ်စာများသည် အစုလိုက်အပုံလိုက် ဖြစ်နေသည်။ ကိုယ်မရှင်းသမျှ ဘယ်တော့မှ မရှင်းမည့် ပုစ္ဆာများ၊ ဘယ်ဆရာမှ "လာငါရှင်းပြမယ်" ဆိုပြီး ရှင်းပေးမည်မဟုတ်။ ဘယ်မိဘ၊ အမျိုးအဆွေ၊ ဘယ်သူငယ်ချင်းကမှလည်း လာပြီး ကူညီနိုင်သည်မဟုတ်။ ကိုယ်ရှင်းလျှင် ကိုယ်ရှင်းသလောက် ဘယ်လိုရှင်းနိုင်သည် ဆိုသည့် ပညာရမည်။ ဒါလုပ် ဒါလုပ်ဆိုပြီး တာဝန်တွေ ထိုးထိုးပေးမည့် ဆရာက အစားထိုးနေမည်။ ပြဿနာတွေ တစ်ခုပြီးတစ်ခုလာမည်။
ပညာများလာ တံခါးခေါက်သည်။ "လာ ... ထ၊ ကြည့်၊ ရှင်း" ။ ပညာသင်ခြင်းများ။ မသင်ချင်လည်းသင်ရမည်။ မရှင်းချင်လည်းရှင်းရမည်။ ရှင်းလည်း ရှင်းကြသည်။ သူ့နည်းသူ့ဟန်၊ ကိုယ့်နည်းကိုဟန်ဖြင့်။
လက်မခံချင်သော အမှန်တရားများကို ကိုယ့်ဖာသာ မုသားသုံးပြီး ကြည့်ကောင်းအောင် လိမ်ညာထားတတ်ကြသည်။ မိမိ၏ သိက္ခာအတွက်။ မိမိ၏ အတ္တအတွက်။ ငါက ငွေအတွက် လုပ်တာမဟုတ်ဘူးဟု ဆိုသူလည်းရှိသည်။ အမှန် ငွေမပေးလျှင်တော့ သူလုပ်မည် မဟုတ်ပါ။ လူဆိုသည်မှ မိမိအတွက် အသင့်တော်ဆုံးဟု ထင်သည့်အရာကို ရွေးပြီးလုပ်ကြသူသာဖြစ်သည်။ မိမိသဘောမဟုတ်ဘဲလုပ်သည်ဟုတော့ ထင်ရသယောင်ရှိသည်။ သို့သော် အကြောင်းကြောင်းကို ထောက်၍ ဆိုပြီး နောက်ဆုံး မိမိသင့်တော်သည် ထင်သည့် အကောင်းဆုံးကိုသာ ရွေးလုပ်ခြင်းဖြစ်သည်။
လုပ်ရမှတော့ လုပ်ရုံသာရှိတော့သည်။
"သင့်အမြင်လေးကို ပြောင်းဖို့လိုသည်။ ပြဿနာများသည် ဘ၀ကပေးသာ သင်ခန်းစာတစ်ပုဒ်၊ ပညာသင်ခြင်းတစ်ခု"
ဟု .....

2 comments:

JulyDream said...

အင်း
ဘဝဆရာက အသင်အပြ ကြမ်းတယ်ဗျာ။ လောလောဆယ် ရူးမတတ်ပဲ။ အခုထိလည်း ဘယ်သူမှ လာမရှင်းပေးဘူး။ ကိုယ်တိုင်ပဲ ရှင်းယူနေရတယ်။ =)

5689 said...

zzzzz2018.8.16
pandora charms outlet
red bottom
dsquared2
pandora charms
coach outlet
christian louboutin shoes
salomon
dsquared
ugg boots
off white shoes