March 7, 2010

အင်းတော်မြို့မှ အမှတ်တရနေ့ရက်များ (၉)

ကျွန်တော် အင်းတော်မြေကို ပြန်ခြေချသည့် အချိန်က ဆောင်းရာသီ နံနက်ခင်း။ အင်းတော်နားရထားရောက်လာတော့ မနက် ၄ နာရီ ၅ နာရီလောက် ဖြစ်သည်။ ဝေလီ ဝေလင်းအချိန်။ ကင်မရာထုတ်ပြီး မနက် မိုးသောက်ချိန်အလှကို ကျကျနန မှတ်တမ်းတင်ဖြစ်နေသည်။ ပြည်ပရောက်တော့ သည်လိုမြင်ကွင်းမျိုးတွေကို ဓာတ်ပုံရိုက်ဖို့၊ မှတ်တမ်းတင်ထားဖို့လိုမှန်း သိလာခဲ့သည်။ စင်ကာပူလိုနိုင်ငံတွင် လူဖန်တီးထားသော ရှုခင်းများကသာ ကြီးစိုးနေသည်။ သဘာဝတောတောင်များ ပျောက်နေပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ပေါင် ၄၀ ကျော်က စင်ကာပူသည် အဘယ်သို့နည်း ဓာတ်ပုံများကသာ အမှန်အတိုင်း ပြောပြနေတော့မည်။ ထို့ကြောင့် စကားပြောသော ဓာတ်ပုံများကို ကျွန်တော်တို့ မှတ်တမ်းတင်ထားဖို့လိုသည်။




ခုကျွန်တော့်ဓာတ်ပုံတွင် ၂၀၀၉ ခုနှစ်တွင် မန္တလေးမြစ်ကြီးနား ပြေးဆွဲနေသော မြန်မာ့မီးရထားပါသည်။ အင်းတော်မြို့နားတ၀ိုက်ဆောင်းမနက်ရှုခင်းပါသည်။ ကြည့်ပါ။ ပျိုးခင်း စိမ်းစိမ်းလေးပါသည်။ နွေစပါးစိုက်ပျိုးကြောင်းကို ဖော်ပြနေသည်။ ၀ိုက်ထားသောခြံကို တွေ့ရမည်။ ထိုဒေသသည် နွားကို မထိန်းဘဲ လွှတ်ကျောင်းသော ဓလေ့မပျောက်သေးမှန်းကို သိသာစေသည်။ ရထားလမ်းနံဘေးတစ်လျှောက် လူသွားလမ်းသွယ်လေးကို မြင်နိုင်သည်။ ထိုအနီးအနာဒေသရှိ လူတို့သည် ရထားကို တစ်ရွာနှင့်တစ်ရွာ သွားရာတွင် မသုံးဘဲ နေ့စဉ် ခြေလျင်လျှောက် လယ်ယာလုပ်ငန်းခွင်ဝင်နေဆဲဖြစ်ကြောင်းကို ပြောပြနေသည်။



အောက်က ပုံကတော့ ဘူတာတစ်ခုမှ လှမ်းရိုက်ထားခြင်းဖြစ်သည်။ ရွာအတွင်းသို့ သွယ်ထားသော တံတားကို မြင်နိုင်သည်။ မိုးအခါ ထိုနေရာများတွင် လမ်းလျှောက်၍ မရလောက်အောင် ရေလွှမ်းတတ်မှန်း သိသာစေသည်။ လယ်လုပ်သော တောင်သူအများစုနေသည့် ရွာမှန်းလည်းသိသာသည်။ ရွာပတ်ဝန်းကျင်သည် လယ်ယာမြေများက ၀န်းပတ်ကာရံလျက် ရှိနေသည်။


ရထားလမ်းများကို ကြည့်လျှင် ခြုံများကို မရှင်းဘဲ ထားကြောင်းမြင်နိုင်သည်။ ရထားလမ်း ထိန်းသိမ်းမှု လိုကြောင်းကို လူကမပြောသော်လည်း ဓာတ်ပုံများက ပြောသည်။ ဇလီဖားတုံးများက မြေကြီးထဲ နစ်နေသည်။ ဆွေးနေပြီ။ ကျွန်တော်ငယ်ငယ် အင်းတော်ရောက်စက မြင်ဖူးသည်မှာ ရေနံစိမ်ထားသည့်အတွက် ဆီရောင်နက်နက်ဖြင့် ရှိသော ဇလီဖားတုံးများဖြစ်သည်။ သံလမ်းတစ်လျှောက် မြက်ပင် ပေါင်းပင်မရှိ ရထားလမ်းကို တမြော်တခေါ်ကြီး မြင်ရသည်။ ယခုတော့ ထိုသို့မဟုတ်ပါ။ ရထားလမ်းနဘေး ခြုံများ မရှင်းလင်းသောကြောင့် သစ်ခက်များ သစ်ရွက်များက ရထားပြတင်းကို လာရောက် ရိုက်ခတ် ထိုးနှက်နေတာ ကြုံရသည်။ မျက်စိ ထိမိမှာစိုးနေရသည်။ အဆိပ်ရှိ ပိုးကောင်များ ကိုက်မှာ စိုးရသည်။ ကံကောင်းသည်က ကျွန်တော်တို့ ဒေသဖက်တွင် မြေပွေးမရှိခြင်း။ အဆိပ်ရှိ သတ္တ၀ါ ရှားခြင်းဖြစ်သည်။ အနှီးလို အဆိပ်ရှိ ပိုမွှားများ ကိုက်မိ၊ ထိမိပါက။ ခရီးသွားရသည်မှာ ဘေးကင်စွာသွားရသည်ထက် အသက်စွန့်သွားနေရသလို ဖြစ်နေပေတော့မည်။






ကျွန်တော်တို့ဖက်တွင် ဆောက်လုပ်လေ့ရှိဆဲ ဖြစ်သော လယ်စောင့်တဲလေးကိုလည်း အမိအရ မှတ်တမ်းတင်လာခဲ့သည်။ ကျွန်တော် သိပ်ချစ်သည့် လယ်စောင့်တဲလေးများ။ မိုးကလေးအေးအေးတွင် ထိုကဲ့သို့သော လယ်စောင့်တဲလေး၌ မိုးဖွဲဖွဲလေးကို စောင့်ကြည့်ရခြင်းကလည်းကောင်း၊ မိုးသည်းသည်း၌ ပြိုမလိုဖြစ်နေသည့် တဲကလေးတွင် ရင်တဖိုဖိုဖြင့် မိုးခိုရခြင်းကလည်းကောင်း ကျွန်တော့အတွက်တော့ မမေ့ရက်နိုင်သော နေ့ရက်များ၊ ရသများပင်။ လေယူတိုင်း ယိမ်းနွဲ့နေတတ်သော ကောက်ပင်စိမ်းစိမ်းတို့ကို ကျွန်တော်လွမ်းသည်။ မိုးနံ့သင်းသင်း၊ ကောက်ပင်စိမ်းနံ့တမြမြဖြင့် လတ်ဆတ်လွန်းလှသည့်လေ၊ အေးမြလွန်းသည့် မိုးငွေ့ တောဓလေ့ကိုလည်းကောင်း၊ လယ်ယာရှုခင်တို့ကိုလည်းကောင်း ပြန်ပြောင်းသတိရရမိတတ်သည်မှာလည်း ဤလို လွမ်းဖွယ်၊ ဆွေးဖွယ်အချက်များကြောင့် ဆိုက မမှားပေ။



ဓာတ်ပုံပါ တစ်ချက်က မနက်စောစော ချမ်းလွန်းလှသည့် အအေးဓာတ်ကို အံတုရင်း ကောက်လှိုင်းထမ်းနေသည့် တောင်သူတစ်ဦး။ သူသည် ပခုံးကို အားပြု၍ ကောက်လှိုင်းများကို စပါးနယ်သည့် တလင်းထိ သယ်နေသည်။ တောင်သူလုပ်ဖူးသည့် ကျွန်တော်သိသည်။ ဤလို ကောက်လှိုင်း တစ်စည်းတည်းမဟုတ် ရာပေါင်းများစွာကို ထမ်းရသည်။ ငတ်တာချင်း အတူတူ တောင်သူကို ကျွန်တော်ပိုသနားသည်။ ၀န်ထမ်းပင်ပန်းသည်က မထမ်းရမပိုးရ။ မကျေနပ်က ကျယ်ကျယ်လောင်လောက်ပြောပြတတ်၊ ဆိုပြတတ်သည်။ တင်ပြတတ်သည်။ တောင်သူများမှာ အဖွဲ့အနွဲ့မရှိ။ ခံရသမျှကို ကြိတ်မှတ်ခံကြရသည်။ ကျွန်တော်တို့ ဒေသဖက် တောင်သူများ၏ ရိုးပုံ၊ အပုံကလည်း လွန် လွန်းသည်သည့် ဆိုရမလောက်ပင်။ ဒိုင်သို့ စပါးသွင်းရသော ခေတ်အခါက၊ လယ်ထွက်စပါးမလုံလောက်၍ ရဲအချုပ်ခန်းတွင် အိပ်ကြရသော တောင်သူများရှိသည်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ပါလျှက် အချုပ်ထဲ ထောင်ထဲ အိပ်ရသည်ကတော့ တရားနည်းလမ်းမကျလှပါ။ တခါတခါ ပြန်တွေးမိလျှင် မျက်ရည်စို့သည်။ ငယ်ငယ်က သင်ခဲ့ဖူုးသော ကျေးဇူးရှင်တောင်သူဦးကြီးများ ဆိုသော စာတစ်ပုဒ်က ကျွန်တော့ကို လှောင်နေသယောင် ထေ့နေသယောင် ခံစားရသည်။


ရာပေါင်းများစွာသော ကောက်လှိုင်းများကို ပခုံးပေါက်အောင်သယ်ရသည်။ အသားမာတက်နေသော တောင်သူပခုံးသည်။ ကဗျာမဆန်နိုင်သည်မှာ မဆန်း။ သားကို၊ သမီးကို ပညာတတ်လာအောင် ပေါင်းသင် ပျိုးထောင်ပေးရသည်မှာ သူတို့အတွက် လယ်ထဲ၊ ယာထဲ ပေါင်းသင် ပျိုးထောင်ရသည်ထက် အဆရာထောင်မက ပင်ပန်းသည်။ မကျွမ်းကျင်သည့်အလုပ်။ စာဘယ်လို သင်ရမည် သူတို့မသိ။ စာကျက်၊ စာကျက်ဟုသာ ပြောတတ်သည်။ သင်္ချာတွက်နေလျှင်ပင် စာကျက်သံမကြားက စိတ်ပူသည်။ ဘုန်းကြီးကျောင်းတွင် သံဃာတော်များ စာအံစာကျက်သည်ကိုသာ လက်ပွန်းတတီးရှိခဲ့သည်ကိုး။

ကောက်လှိုင်းများကို တလင်းတွင် စုပုံပြီး မနက်စောစော စပါးစေ့ကြွေအောင် နွားဖြင့် စပါးနှယ်ရသော အလုပ်မှာလည်း ပျော်စရာအလုပ်မဟုတ်ပါ။ ရေခဲတမျှ အေးစက်နေသည့် မြေတလင်းတွင် ဖိနပ်မပါ ခြေဗလာဖြင့် မနက်စောစော ၂ နာရီ ၃ နာရီ ထပြီးစပါးနင်းရသည်။ ပတ်ချာပတ်ချာဖြင့်။ နွားလျှောက်သမျှ လူလိုက်လျှောက်ရသည်။ မနက် ၉ နာရီ ၁၀ နာရီထိ။ နွားလည်းမော၊ လူလည်းမောသည်။ စပါးနင်းပြီး ပြီးပြီလား။ မပြီးသေးပါ။ စပါးစေ့လေးများ စပါးပင်များမှ အောက်သို့ တလင်းပေါ်သို့ ကောင်းကောင်းရောက်အောင် ကောက်ဆွ တစ်လက်ဖြင့် အချက်ပေါင်း ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ လှန်ရ၊ လောရ၊ ဆွရ သည်။ နွားနင်းပြီးသော စပါးစေ့ ကြွေလက်စ စပါးနှံကောက်ရိုးစများအား၊ ကောက်ဆွဖြင့် မယူလိုက်၊ ခါလိုက်၊ မယူလိုက်၊ ခါလိုက်ဖြင့်။ စပါးစေများ မြေတလင်းပေါ်သို့ အားလုံး မရောက်မချင်း၊ ကောက်ဆွ တစ်လက်ဖြင့် အချက်ပေါင်း ထောင်ချီ သောင်းချီ မရ၊ ဆွရ၊ ခါရ သည်။ တစ်ခါတည်းပြီးသည်မဟုတ်။ ကောက်ရိုးစများတွင် စပါးစေ့လုံးဝ မကျန်လောက်တော့သည် အထိ။ ကောက်ရိုးများလည်း ညက်ညက်ကြေသည်။ လူလည် ပက်လက်ကို ခွေသည်။ နွားဖြင့် အခါခါ ပတ်ချာ၊ ပတ်ချာ နင်းရသည်။ အခါခါ ဆွရ၊ ချရသည်။ အကြိမ်ပေါင်းများစွာ။ အခါပေါင်းများစွာ။ တောင်သူများအတွက် ရွေးစရာ လမ်းသိပ်မရှိ။ သည်မြေသည်ရေကို စွန့်လွှတ်ရမှာလည်း တောင်သူများကြောက်သည်။ တောင်သူများအတွက် လုပ်စရာလယ်မြေမရှိတော့ခြင်းသည်။ တောင်သူ၏ လက်ကိုရိုက်ချိုးခြင်း၊ အသက်ကို သတ်လိုက်ခြင်းနှင့်ပင်တူသည်။





လယ်ယာမြေထဲမှ ကျွဲတစ်ကောင်ကို မြင်မိကြမည်ထင်သည်။ စက်မှုလယ်ယာသို့ ရောက်နိုင်ရန် အလှမ်းဝေးနေဆဲ။ ကျွဲ နှင့် နွားနှင့် လုပ်ကြဆဲသာ။ ကျွန်တော်ရှင်သန်ခဲ့သော အသက် ၃၀ ကျော်။ ကျွန်တော် ငယ်ငယ်ကလည်း နွားနှင့် ကျွဲနှင့်။ ကျွန်တော်ခုမြင်တော့လည်း နွားနှင့် ကျွဲနှင့်။ သို့သော် ထိုကိစ္စက သိပ်တော့ အရေးမကြီးလှပါ။ သူဟာသူ ကွင်းဆက်မိနေ။ သဟဇာတဖြစ်နေဖို့သာ အရေးကြီးပါသည်။ အမြဲတမ်းဖြစ်နေနိုင်သည်တော့မဟုတ်ပါ။ ကြီးထွားလာသော လူဦးရေနှင့် ကျဉ်းမြောင်းလာသော စားကျက်မြေများသည် စိန်ခေါ်လာသော ပြဿနာသစ်များဖြစ်လာသည်။ လယ်ယာမြေများကို အစိတ်စိတ်ပိုင်းပြီး အမွေပေးပေးနေကြသောကြောင့် နောက်ဆုံး မဖြစ်စလောက် လယ်မြေလေး မလုံမလောက်ဖြင့်၊ အားလုံးလို မလောက်မင ဖြစ်လာကြပြီ။ အသက်မွေးမှု နယ်ပယ်သစ်များ လိုလာပြီ။ လက်နက်ကိရိယာ မစုံတော့သော လယ်သမားတို့သည် အဘယ်ပုံ ရှောရှောရှူရှူ အသက်မွေးကြပါမည်နည်း။ အဘယ်ပုံ မိသာစုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြပါမည်နည်း။

ရိုးပြတ်နံ့သင်းသင်းရှိသော လယ်သိမ်းချိန် လယ်ယာမြေနံ့ကို ကျွန်တော်နှစ်သက်ပါသည်။ နှင်းငွေ့တထောင်းထောင်းထနေသော လယ်မြေကို ဓာတ်ပုံထဲတွင် မြင်တွေ့ရမည်။ ရိုးပြတတွင် သီးနေသောနှင်းစက်တို့သည် နေရောင်အတောက်တွင် စိန်ပွင့်လေးများလို ဖြိုးဖြိုးဖျတ်ဖျတ် လင်းလက်တတ်ကြောင်းကိုလည်းကောင်း၊ လရောက်အောက်တွင် လင်းလဲ့လင်းလဲ့ဖြင့် ပိုးစုန်းကြူးများနှင့်အပြိုင် သူနိုင်ကိုယ်နိုင် တောသဘာဝ အလှကို ဖော်ကျူးနေတတ်ကြကြောင်းကိုလည်းကောင်း လယ်ယာမြေထဲမှာ နေခဲ့ကြီးခဲ့ ဖူးသူတိုင်း သိကြသည်။ လွမ်းကြမည်။ ကျွန်တော်သည်လည်း လယ်ယာမြေ၏ လွမ်းဖွယ်ကောင်းသော နံနက်ခင်းများ၊ ညချမ်းများကို အမှတ်ရ လွမ်းမောစွာဖြင့် .......

လယ်မြေနှင့် လယ်တဲ ပနံရနေသောအလှ။
















သည်ကျွဲ သည်နွား နှင့် သည်လူ သဟဇာတ ဖြစ်နေမှု။














အရာရာသည် ပြောင်းလဲ၏ ပတ်ဝန်းကျင်နှင့် အလိုက်တသင့် မပြောင်းလဲ မပြုပြင်သူသည် ကျဆုံး ပျောက်ကွယ်ကျစမြဲ။ ၂၁ ရာစု လူဦးရေနှင့် လိုအင်ဆန္ဒများက တောင်သူများ၏ အစွမ်းအစကို စိန်ခေါ်နေကြပြီ။ တိုးတက်လာခြင်းနှင့်အတူ လိုချင်ဖွယ် လူသုံးကုန်ပစ္စည်းများက လူသားဖြစ်သော တောင်သူကိုလည်း ဆွဲဆောင်သည်။ သူသူငါငါ ရေဒီယိုဆိုတော့ သူတို့လည်း ရေဒီယိုသည်။ သူသူငါငါ ကက်ဆက် ဆိုတော့ သူတို့လည်း ကက်ဆက်သည်။ သူသူငါငါ တီဗွီ ဆိုတော့ သူတို့လည်း တီဗွီ။ လူပီပီ လူလိုကျင့်သည်။ သူတို့၏ လိုအင်ကို သူတို့၏ လယ်ထွက်စပါးနှင့် လယ်ယာမြေက ပေးနိုင်ပါ့မလား။ ရာသီဥတုကရော သူတို့ကို အမြဲတမ်းဖက်လိုက် ရပ်တည်ပေးနေမှာလား။ တစ်နှစ်တာ လယ်ယာမြေထွက် စပါးတင်း ၂၀၀ ကို မိနစ်ပိုင်းအတွင်း စက်ရုံများမှ ရာထောင်ချီကာ ထွက်လာသော တီဗွီ၊ ကက်ဆက် တစ်လုံးနှင့် လဲလှယ်ရယူရသည်။ သူတို့သည့် ခေတ်နောက်ကျန်နေခဲ့မည်လား။ စီးပွားရေးကို အမှီလိုက်နိုင်ပါ့မလား။ လေယာဉ်ဖြင့် သွားနေသည်ကို လှည်ဖြင့် လိုက်နေသည်နှင့်တူသည်။ ယုန်နှင့်လိပ် အပြေးပြိုင်သည်က ကြည့်ကောင်းဦးမည်။ သည်ပွဲကတော့ဖြင့် ကြည့်မကောင်းပါ။ သို့သော် ကျွန်တော် တောင်သူများကို ချစ်ပါသည်။ ကျွန်တော်သည် တောင်သူဖင်မှထွက်သော၊ တောင်သူကျွေးတာစားသော၊ တောင်သူပညာပေး၍ စာတတ်လာသော တောင်သူ့သားသမီးတစ်ယောက်။


တောင်သူတွေ ပြောပြောတတ်သော စကားတစ်လုံးကို ကျွန်တော့နားထဲ ခုထိမထွက်။ "ဖင်ထဲ ရွံ့တစ်ပိဿာဝင်မှ ထမင်းစားရတဲ့ဘ၀" ၊ စကားကတော့ ရှင်းသည်၊ ရိုးသည်၊ စင်းသည်၊ ဘ၀ထဲမှ လာသောစကား။ အဆင်တန်ဆာမပါ။ သို့သော် ဆိုလိုချင်တာကိုတော့ ကွင်းကနဲ ကွက်ကနဲ မြင်စေသိစေသည်။ နောက်စကားတစ်ခွန်း ကောက်စိုက်သမများဘ၀ ကို သိသာစေသည့်ဘ၀။ ကျောင်းနေအရွယ် မိန်းကလေးများကို စာကြိုးစားစေရန် ဆုံးမတတ်သောစကား "အစိပဲကြီးရေပွ လိုက်အောင် ကောက်စိုက်နေရမယ်" ဆိုသောစကား။ တစ်နေကုန် သမန်းတော (အကြိမ်ကြိမ်ထွန်ယက်ထားသောကြောင့် နုညက်နေသော၊ မြက်ပုပ် ပေါင်းပင်ပုပ်တို့ဖြင့် နံစော်နေသော) မြေကြီးစိုစို ရေစိုစိုထဲ ကောက်စိုက်ရသည့် ဘ၀ကို ထင်ဟပ်စေသည်။ ကျွန်တော်တင်ပြတာ ရိုင်းပျနေမည် ထင်ပါသည်။ သို့သော် တောင်သူတို့၏ ဘ၀သည် ထိုသို့တည်း။ စာနာမှုဖြင့် ဖေးကူပါ။ ပညာအလင်းပေးကြပါ။ ကမ်းသောလက်ဖြင့်ကူကြပါဟု ဆိုချင်သည်။ သင်နှင့် ကျွန်တော်တို့သည် ကမ္ဘာမြေကြီး၏ သားသမီးများသာတည်း။


ရထားလမ်းဘေးတစ်လျှောက် မှောင်ပျပျထဲ ဓာတ်ပုံရိုက်လာခဲ့သည်။ အိမ်ရောက်တော့ ကွန်ပျူတာထဲထည့် ကြည့်ကြသည်။ အမှတ်မထင် ထူးဆန်းသော ပုံတစ်ပုံထွက်လာသည်။ တွေ့သူမှာ ကျွန်တော့ညီ အလတ်။ ပုံကို သေချာကြည့်ပါ။ ဖွေးတောက်တောက် အရာတစ်ခု။ ထိုအရာသည် ကျွန်တော် ဖန်တီးထည့်ထားသည့် အရာမဟုတ်ပါ။ မနက်မှောင်ရီဝေ ၀ိုးတ၀ါးထဲရိုက်လာခဲ့သည့်ပုံ တစ်ပုံဖြစ်သည်။ ထိုပုံထဲတွင် အဖြူရိပ်တစ်ရိပ် ထင်နေသည်။ ဖွေးဖွေးကြီးဖြစ်သည်။ အခြားအရာများနှင့်မတူ။ ဤမျှလောက် အလင်းတွင် ဤလိုအရိပ်ထင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သော အကြောင်းအရာဆိုသည်ကို ဓာတ်ပုံရိုက်ဖူးသူများ သိနိုင်သည်။ ထိုတစ်ပုံတည်းသာ ထင်နေခြင်းဖြစ်သည်။ မှန်ဘီလူးပေါ်တွင် စွန်းထင်နေခြင်းလည်း မဟုတ်။ အခြားပုံများတွင် ထိုအရိပ်မထင်။ သိသာစွာမြင်နိုင်စေရန် ချဲ့ပြထားသည်ကို အောက်ပါပုံများတွင်ကြည့်ပါ။




အဖြူရိပ်ထင်နေသော လယ်မြေတစ်နေရာမှ ဓာတ်ပုံ



အကျယ်ချဲ့ကြည့်ထားသောပုံ



ထိုအရိပ်သည် ဘာအရိပ်နည်း? ကျွန်တော်လည်း သေချာမသိပါ။

ရထားလမ်းဘေး မနက်စောစော (၅ နာရီခွဲ ၆ နာရီ လောက်) ရိုက်လာသောပုံဖြစ်သည်။ နောက်တစ်ခါ ထိုခရီးအဖြတ်တွင် ကျွန်တော်သေချာကြည့်လာသည်။ ပလတ်စတစ်အဖြူဖြင့်လုပ်ထားသော စာခြောက်ရုပ်များ ရှိလေသလားဟု။ ဘာမှ မတွေ့ပါ။ အဖြူရောင် ပလတ်စတစ်စသည်လည်း ထိုအလင်းရောင်အောက်တွင် ထိုမျှလောက် မတောက်ပနိုင်ပါ။ ထိုအရာသည် ကျွန်တော့် အတွက်လည်း ပဟေဠိ အဖြစ်ကျန်နေဆဲသာ။

9 comments:

မိုးမောင် said...

သေချာတယ်... အဲဒါ.......................

Anonymous said...

အစ်ကို ရေးတာနဲ့ .. ကသာကို ပြန်ချင်လာပြီ အစ်ကိုရာ ... အစ်ကို နေကာင်းတယ်နော် .. ကျွန်တော် ဒီလ ၂၆ ရက်နေ့ ပြည်တော်ပြန်တော့မယ် ..အိုကေ .. ဗန်မောက်ကိုတော့ ခွင့်ရရင် သွားမယ် .. ။

ခင်မင်စွာဖြင့်

မနောသား

kyar Pauk said...
This comment has been removed by the author.
ကျော်စိုးခိုင် said...

မန္တလေးUnisonမှာ ကိုခမ်းထွန်းတို့ညီအစ်ကိုနှစ်ယောက်နဲ့ ရှမ်းနီတွေအကြောင်း ပြောခဲ့ကြတာ မမေ့သေးပါဘူး။ ခု အဲဒီ Unison ကတော့ မရှိတော့ဘူး။

Unknown said...

san francisco 49ers jerseys
jordan 11
adidas outlet
mlb jerseys
cartier watches
kobe 9
thomas sabo
snapback hats
jordan shoes, http://www.jordanshoes.us.com/
michael kors outlet online
mac cosmetics
hogan,hogan outlet,scarpe hogan,hogan sito ufficiale,hogan interactive
cheap jordans, http://www.cheapjordanshoes.in.net/
lebron shoes
coach outlet
ray-ban sunglasses, http://www.raybansunglass.com.au/
lebron james shoes
barcelona jersey
longchamp outlet
vibram fivefingers
oakley canada, http://www.oakleysunglassescanada.com
cheap oakley sunglasses
nike air max uk
louis vuitton outlet store, http://www.louisvuittonoutletstore.name/
louis vuitton uk
the north face outlet
ray ban sunglasses
michael kors uk
nike huarache
nba jerseys, http://www.nbajerseys.us.com

Unknown said...

2015917dongdong
ray-ban wayfarer
Oakley Polarized Sunglasses Cheap Outlet Store
jordan shoes
Louis Vuitton Canada Official Site
louis vuitton outlet online
coach outlet
canada goose
Jordan 4 Shoes For Sale
Louis Vuitton Online Shop Stores
Air Jordan 6 Champagne Bottle
michael kors bags
Louis Vuitton Purses For Cheap
uggs sale
cheap ugg boots
ugg boots sale
abercrombie store
coach outlet online
Michael Kors Factory Outlet Online Official
Toms Outlet Store Online
michael kors uk
michael kors outlet online
100% Authentic New Lerbron James Shoes
timberland outlet
Louis Vuitton Neverfull Tote Bag
Louis Vuitton Clearance Sale
michael kors handbags
Authentic Louis Vuitton Bags Discount
Outlet Michael Kors Handbags
louis vuitton
michael kors bags
Authentic Air Jordan 13 shoes for sale
hollister clothing
michael kors uk
Designer Louis Vuitton Handbags Outlet

Anonymous said...

true religion store
ralph lauren uk
ray ban sunglasses
jordans for cheap
Cheap NFL Jerseys China
michael kors handbags clearance
http://www.michaelkors-outletwebsite.com
http://www.raybanglasses.in.net
http://www.airhuaraches.org.uk
fitflops sale
oakley sunglasses,oakley outlet sunglasses
toms outlet
christian louboutin shoes
air huarache shoes
nike dunks
kobe basketball shoes
toms outlet store
jordan retro
ray ban uk,cheap ray ban sunglasses
michael kors outlet online
Michael Kors Outlet Store
chrome hearts online
toms outlet store
michael kors handbags

raybanoutlet001 said...

ed hardy clothing
cheap jordan shoes
michael kors handbags wholesale
michael kors outlet clearance
michael kors outlet
michael kors uk
ecco shoes
san diego chargers jerseys
versace
christian louboutin outlet

raybanoutlet001 said...

hugo boss sale
true religion outlet store
oakley sunglasses wholesale
moncler outlet
fitflops sale clearance
denver broncos jerseys
dolphins jerseys
coach outlet online
skechers outlet
redskins jerseys