July 22, 2008

ကလေးတစ်ဦး၏ ငါတွေ့ မှတ်တမ်း (၂)

ကျွန်တော်တို့ မြို့လေး၏ တောင်ဖက်တွင် ပေ ၁၀၀၊ ၁၅၀ ခန့် ကျယ်သော ချောင်းတစ်ခု အနောက်မှ အရှေ့ သို့ စီးဆင်းနေပါသည်။ ထိုချောင်းလေးတွင် နွေအခါ ရေ အတော်နည်းပါသည်။ လူကြီး ပေါင်လယ်ခန့်ရှိပါမည်။ ကျောက်စရစ်ပေါသော ချောင်းဖြစ်ပါသည်။ နွေအခါတွင် ချောင်းထဲ၌ ရေညှိများ၊ ကျောက်ပွင့် အသေများ ဖြင့် အတော်ဆိုပါသည်။ ကျောက်ပွင့် အရှင်မှာ ကျောက်စရစ်တုံးလေးများတွင် တွယ်ကပ်နေပြီး၊ အစိမ်းရောင်ရှိပါသည်။ ကျောက်ကျောတုံးလေးများနှင့်တူပါသည်။ ရေစီးတွင် လှုပ်လှုပ် ဖြင့် အတော်လှပါသည်။ ကျွန်တော်တို့ ရေချိုစဉ် ထိမိ ခိုက်မိ၍ ကျောက်တုံးလေးများမှ ပြုတ်ထွက်လာသော ကျောက်ပွင့် စိမ်းစိမ်းလေးများကို ရေကူရင်း ဆယ်ယူ စားသောက်တတ်ကြပါသည်။ ကျောက်ကျောကဲ့သို့ပင်ဖြစ်ပါသည်။ သဘာဝကျောက်ကျော ဟုခေါ်ရမည် ထင်ပါသည်။ ကျွန်တော်တို့ ဒေသချောင်းများတွင် အလေ့ကျ သဘာဝအလျှောက်ပေါက်ပါသည်။ ကျောက်တုံးလေးများမှ ပြုတ်ထွက်လာပြီး ရက်အတော်ကြာလျှင် အညိုရောင်ပြောင်းသွားပြီး မလတ်ဆတ်တော့ပါ။
တစ်ခါတစ်ရံ မေမေသည် ကျောက်ပွင့်ကောဟင်းလုပ်ပေးတတ်ပါသည်။ ကျောက်ပွင့်ကောဟင်းလုပ်ပုံကို ပြောပြလိုပါသေးသည်။ ချောင်းထဲမှ လတ်လတ်ဆတ်ဆတ်ကျောက်ပွင့် စိမ်းစိမ်းလေးများကို အများကြီးရအောင် ဆယ်ယူ၍ မနက်ဈေးတွင် ရောင်းချသူများရှိပါသည်။ ကျွန်တော်တို့ မြို့လေးမှာ ခုထိ မနက်ဈေးသာ ဖွင့်နိုင်ပါသေးသည်။ သိပ်မတိုးတက်လှသေးပါ။ ထိုကျောက်ပွင့်စိမ်းစိမ်းလေးများကို ရေတွင် စိမ်းထားပါသည်။ ညှိုမသွားစေရန်အတွက် ဖြစ်ပါသည်။ ကျောက်ပွင့်ပေါ်ချိန်တွင် ချယားသီး သီးပါသည်။ ချယားသီးအစိမ်းမှာ အတော်ဖန်ပါသည်။ ချယားသီးဆိုသည်မှာ ခရေသီးပင်ခြစ်ပါသည်။ ကျွန်တော်တို့ဒေသတွင် ခရေဟု မခေါ်ကြပါ။ ချယားပန်း၊ ချယားပင်၊ ချယားသီး ဟုသာခေါ်ပါသည်။ မေမေ ကျောက်ပွင့်ကောမည်ဆိုလျှင် ချယားသီးကောက် ရန်တာဝန်ယူသူမှာ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်ပင်ဖြစ်သည်။ ညနေပိုင်းတွင် ချယားသီးများ မြေပြင်တွင် ကြွေကျနေကြပါသည်။ ကျွန်တော်တို့ အိမ်နှင့် အတော်လှမ်းလှမ်း ကုန်းပေါ်တွင် ချယားပင်ကြီးရှိပါသည်။ နွေရာသီ ညနေပိုင်းတွင် တဖြုတ်ဖြုတ်ကြွေနေသော ချယားသီးမည့် ကောက်ပြီး လုစားနေသော ကလေးများနှင့် ထိုချယားပင်ကြီး အောက်တွင် အတော်စည်ကားပါသည်။ ကျောက်ပွင့်ကောရန်မှာ ချယားသီးမှည့် မလိုပါ။ အသီးစိမ်းဖြစ်မှ ဖန်မှကောင်းပါသည်။ အသီးစိမ်းမှာ အလွန်ဖန်သောကြောင့် အချိုကြိုက်သော ကျွန်တော်တို့လို ကလေးအရွယ်များ မကောက်ကြပါ။ ထို့ကြောင့်ရလွယ်ပါသည်။
သို့သော် ကျောက်ပွင့်ကောလုပ်ရန် ချယားသီး ကောက်ခိုင်တိုင်း တစ်အိမ်သားလုံး ထမင်းစားမိုးချုပ်လေ့ရှိပါသည်။ အကြောင်းမှာ ကျွန်တော်တို့ ညီနောင် ၂ ဦးမှာ နှပ်တွဲလောင်း သူငယ်ချင်းများနှင့်အတူ ချယားသီးကြွေ လိုက်လုရင်း ကစားရင်းမိုးချုပ်မှ ကမန်းကတမ်း ချယားသီးစိမ်းကောက်ကာ အိမ်ကို အပြေးပြန်လေ့ရှိသောကြောင့်ပင်။
ချယားသီစိမ်းရလာလျှင် ရေစိမ်ထာသောကျောက်ပွင့်ကို ပထမအကြိမ် ရေနွေးဆူဆူထည့်ပြီးပိုသတ်ကာ ကျက်စေလိုက်ပါသည်။ ချယားသီးကိုလည်း ဒုတိယအကြိမ်ရေနွေးမထည့်မီ ရေနွေးပူပူဖြင့်နူးကာချေပြီး အစေ့ကို ချန်ပြီး အသားချည်းယူကာ ကျောက်ပွင့်ထဲသို့ ရောထည့်ရပါသည်။ ဆား၊ အချို့မှုန့် သင့်ရုံထည့်ပြီး ကျောက်ပွင့်စိမ်းနှင့် ချယားသီးစိမ်းတို့ကိုရောကာ ရေနွေးပွက်ပွက်ဆူကို ကျောက်ပွင့် မြုပ်ရုံထည့်ပြီး။ ဇွန်းဖြင့် ဆား၊ အချိုမှုန့် သမအောင်မွေနှောက်ပြီးနောက် စားရုံပင်ဖြစ်ပါသည်။ ကျွန်တော်တို့ ဒေသဖတ်တွင်သာ ရှိသော ဟင်းလျာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ရေညှိကောဆိုသော ဟင်းတစ်မည်လည်း ကျန်ပါသေးသည်။

6 comments:

Synchro 305 ~ said...

ဒွတ်ခကွာ...
စားချင်လာပြီ
ခုချက်ချင်းငါ့ကိုလုပ်ကျွေးသယ်ရင်း
ပြောတုန်းကပြောပြီး
:P

Unknown said...

15919meiqing
jordan shoes
louboutin
oakley sunglasses
mcm handbags
louboutin pas cher
nike elite socks
longchamp
north face uk
nike blazer
hollister co
ralph lauren polos shirts
mcm outlet
soccer shoes
new balance outlet
football shoes
louis vuitton borse
moncler outlet
uggs boots on sale
adidas originals
insanity workout
pandora bracelets
cheap uggs boots
nike roshe runs
juicy couture
mont blanc pens
michael kors handbags
ralph lauren uk
timberland boots
polo ralph lauren
ugg boots

Unknown said...

the north face outlet store
the north face jackets
links of london
futbol baratas
mulberry outlet
louis vuitton
mulberry outlet
swarovski crystal
mcm outlet
oakley sunglasses
tiffany and co jewelry
chanel handbags
michael kors factory outlet
oakley sunglasses
coach outlet online
nike huarache
louis vuitton outlet
gucci
north face jackets
michael kors outlet
pandora jewelry
ugg outlet
beats by dr dre
lululemon outlet
oakley sunglasses
canada goose jackets
michael kors outlet online
michael kors outlet
michael kors outlet store
lululemon outlet
coach outlet
ralph lauren outlet
longchamp handbags
replica watches
michael kors wallet
adidas outlet store
prada outlet
calvin klein underwear
ugg boots
1102maoqiuyun

Unknown said...

adidas nmd runner
nike polo
ultra boost
nike air zoom
yeezy boost 350 v2
adidas nmd
nike air force
adidas outlet
dior sunglasses
michael kors outlet

yanmaneee said...

golden goose outlet
jordan 13
yeezy
curry 7
longchamp
pandora
bape hoodie
golden goose
kyrie 7
supreme clothing

Anonymous said...

bapesta shoes
goyard outlet
goyard bag
goyard
a bathing ape