July 21, 2008

ကလေးတစ်ဦး၏ ငါတွေ့ မှတ်တမ်း

တဲသာသာ အိမ်လေးတစ်လုံး၏ နောက်ဖေးတွင် ၃ နှစ်သားအရွယ် ကလေးငယ်တစ်ယောက် မြေပြင်ပေါ်မှ အရာ တစ်ခုကို မ၀ံ့မရဲဖြင့် နင်းနေသည်။ သူ့ခြေထောက်မှာ ဖိနပ်မပါ ခြေဗလာ။ သူနင်းနေသောအရားကား ဆူးပါသော သစ်ရွက်။ သူတို့ ဒေသအခေါ် နွားခရမ်းပင်၏ အရွက်ခြောက်များ။ နွားခရမ်းပင်သည် သူတို့ ဒေသတွင် အလေ့ကျပေါက်သည်။ လမ်းဘေး ခြုံမရှင်းလျှင် တောထနေတတ်သည်။ နွားခရမ်းရွက်တွင် လက်မ၀က်ခန့်ရှည်သော ဆူးကလေးများပါသည်။ စိုနေစဉ်ပျော့နေပြီး၊ ခြောက်သွားလျှင်မာပြီး၊ နင်းမိလျှင် စူးတတ်ပါသည်။
သူ့ခြေထောက်တွင် နွားခရမ်းဆူးခြောက်ကလေးများစူးဝင်နေသည်။ ခြေဖျားလေးထောက်၍ ထောက်၍ တစ်လှမ်းခြင်း သူနေရာ တဲအိမ်လေးထဲသို့ တရွေ့ ရွေ့  ၀င်သွားသည်။ သူခြေထောက်မှာ ဆူးစူး၍ နားနေဟန်ရှိသည်။ ထိုကလေးငယ်မျက် လုံးများမှာ ထူးဆန်းစွာ အရောင်တောက်လျက် ..
သူ့မိခင်၏ စက်ချုပ်စားပွဲသို့သွားသည် အပ်နှင့် အပ်ချည်ဗူးကို ယူသည်။ ပြီးလျှင်တဲကြမ်းပြင်ပေါ် ကျကျနန ဖင်ချထိုင်လိုက်ပြီး၊ သူ့ခြေဖ၀ါး လေးကို မယူလိုက်သည်။ ခြေဖ၀ါးတွင် နွားခရမ်း ဆူးချောင်းလေးများ ဟို တစ်ချောင်း ဒီတစ်ချောင်း စူးနစ်ဝင်နေသသည်။ အပ်ချည်ဗူးထဲမှ အပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူ့ခြေဖ၀ါးတွင် စူးနစ်ဝင်နေသော ဆူးချောင်းလေးများကို မရဲတရဲဖြင့် အပ်ဖြင့် ထိုးဆွ ထိုးဆွပြီး ထွင်နေသည်။ လွယ်တော့မလွယ်။ ဆူးအချို့ က ကျိုးပြီး အသားထဲတွင် နစ်ကျန်နေသည်။ အထဲအထိထိုးပြီး ထွင်မှရသည်။ အသားထဲထိ နက်နက်ဆို အတော်နာသည်။ တော်တော် နက်လျှင် အတွင်းမှ သွေးများစိမ့်ထွက်လာပြီး။ စူးခနဲ နာသည်။ ဆူးတစ်ချောင်း အသားထဲမှ ထွက်လာလျှင် သူ့မျက်နှာ၌ ကျေနပ်သော အရိပ်ပြေးသွားသည်။
ဤသည်မှာ ထိုကလေးငယ်၏ စူးစမ်းလိုသော အလေ့တစ်ခု။

4 comments:

Synchro 305 ~ said...

နောက်ကြီးလာရင်အဲ့ကလေးလေးသိလာမယ်
တစ်နေ့ တစ်နေ့ သူထွင်ထွင်ထုတ်နေရတာက
သူ့ နှလုံးသားတွေဆိုတာကို

yanmaneee said...

moncler coat
nike epic react
ferragamo belt
yeezy boost
supreme hoodie
longchamp handbags
coach outlet online
nike epic react
nike air max 95
adidas tubular

mcbende said...

straight from the source high quality replica bags Bonuses high end replica bags look here replica gucci

theetayt said...

replica gucci bags j23 x8d92v3c39 high replica bags a13 z5w12o6w49 replica bags china n61 j2z06w1n65