ဟု ဆိုထားပါသည်။"လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်နှင့် သူတစ်ပါးချမ်းသာအောင် ကူညီသော အလုပ်သည် ကောင်းသော အလုပ်အကျိုးများသော အလုပ်တို့ပေတည်း။ ဒါနအလုပ်နှင့် သီလအလုပ် ၂ မျိုးတွင် ဒါနသည် သူတစ်ပါးချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလအလုပ်က သူတစ်ပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်၏။"
ယခုကျွန်တော်တို့ လှူဖြစ်သည့် ဒါနလေးသည် ကျွန်တော်တို့အတွက် ကုသိုလ်ကြီးကြီးမားမား ရခြင်း၊ မရခြင်းကို ကျွန်တော်တို့ အလေးမထားပါ။ သို့သော် ကျွန်တော်တို့ လှူသော အလှူလေးသည် ညောင့်စေ့လေးပင် ဖြစ်သော်လည်း အလှူပစ္စည်းရရှိသူတို့သည် တစ်နေ့ ညောင်ပင်ကြီး ဖြစ်လာကြ စေလိုသည်။ ဖြစ်လည်း ဖြစ်လာကြပါမည်။ ဖြစ်လည်း ဖြစ်လာနေကြပြီ။ သူတို့တစ်နေ့ ထိုနေရာ ထိုဒေသကို။ သူတို့မိဘကို သူတို့ ညီ၊ ညီမလေးတွေကို၊ သားတွေ သမီးတွေကို၊ တဆင့်မြင့်အောင် ထမ်းတင်ပေးနိုင် လမ်းပြပေးနိုင်သည့် သူများ ဖြစ်လာကြစေလိုသည်။ ဖြစ်လာမည်ဟုလည်း ယုံကြည်ပါသည်။
ယခုတစ်ခေါက် မြန်မာပြည် ပြန်ခါနီး ရွာမှ မူလတန်းကျောင်းကလေးများကို မျက်စိထဲ မြင်မိသည်။ ဆင်းရဲချို့တဲ့စွာ ပညာသင်နေရရှာသော ဥမမယ်၊ စာမမြောက်သေးသည့် ကလေးငယ်များစွာ။ မိဘများကလည်း ဆင်းရဲလွန်းပါသည်။ စာအုပ်ဖိုး၊ ခဲတံဖိုးကို တကယ့်ကို အနိုင်နိုင် ဖျစ်ညှစ်ပေးနေကြရသည့် မိဘများ။
ထို့ကြောင့် မြန်မာပြည် မပြန်မီ သူငယ်ချင်းများထံမှ မူလတန်းကျောင်းကလေးများကို စာအုပ်၊ ခဲတံလှူမည် ဆန္ဒရှိလျှင် လှူပါဦး ဟု အလှူခံခဲ့သည့် ရင်းနှီးသည့် သူငယ်ချင်း အနည်းငယ်ထံမှ သာဖြစ်သည် များများတော့ အလှူမခံဖြစ်ခဲ့ပါ။
အချိန်မရသည့် အတွက် ကိုယ်တိုင်ကိုယ်ကျ မလှူနိုင်ခဲ့။ တပည့်ဟောင်းများက သွားလှူပေးကြသည်။ သူတို့သည် တစ်ချိန်က ပျိုးပင်၊ ယခုရေလောင်းသည့် လက်များ ဖြစ်လာကြသည်။ တစ်ချို့ ဆရာမလေးများမှာ ကျွန်တော့် တပည့်ဟောင်းလေးများဖြစ်သည်။ သူတို့သည် ပန်းပျိုးနေကြလေပြီ။
No comments:
Post a Comment