သူငယ်တန်း မှ စတုတ္ထတန်း ထိ ခန်းမကျယ်ကြီး တစ်ခုတည်းတွင် ပညာသင်နေသော ကလေးငယ်များ
မိဘတို့ ခွန်အားဖြင့် ပေါ်ပေါက်လာခဲ့သော ကျောင်းကလေး
မူလတန်းကိုပင် တွဲဘက် ကျောင်းအဆင့်ဖြစ်နေသေးသော ကျွန်တော်တို့ နယ်မှ ကျေးရွာများ
ထိုင်စရာကြမ်းခင်းရှိသည်က အတော်တိုးတက်လာသည်
ကျွန်တော်ငယ်ငယ်က မူလတန်းကျောင်းမှာ မြေကြီးပေါ်တွင် ခုံပုလေးများဖြင့်
အာရုံမထွေပြားဘဲ စူးစိုက်လေ့လာနိုင်ဖို့တော့ အထောက်အပံ့များလိုပေသည်
သူတို့လေးတွေ၏ လက်သည် တူဆောက်လွှတံစဉ်း ကိုင်သောလက်မဟုတ်သေး
အိုးပုတ်၊ ချိုးရုပ်နှင့် ကျောက်တံ၊ ခဲတံ ကိုင်တတ်စအရွယ်
တနေ့နေ့ တချိန်ချိန်မှာ သူတို့လေးတွေသည်
အုတ်စီသောကျောင်း၊ သံကူကွန်ကရစ်တံတားတို့ကို သူတို့ ကာယ၊ ဉာဏ အားဖြင့် ဆောက်နိုင်လာငြားအံ့
ကလေးတို့၏ စိတ်တွင် ကူညီတတ် ထောက်ပံ့တတ်သော မျိုးစေ့လေးများ သန္ဓေ စတည်ကောင်း တည်မိပေမည်
သူတို့လေးတွေ အတွက် ကလေးဖတ် စာပေလေးများလည်း လိုပေမည်
ကျောင်းဆင်းချိန် စာကြည့်တိုက်မှ စာအုပ်ကလေးများ ငှားကာ ဗဟုသုတကို ကိုယ်တိုင် ရှာတတ်သော အလေ့ ရလာခဲ့မူ ကောင်းလေစွ
သူနာပြုဆရာမ တစ်ယောက် ဖြစ်လာနိုင်သည်
ရည်မှန်းချက်တစ်ခုကို အစပျိုးပေးကြဖို့ ကျွန်တော်တို့ လှုံ့ဆော်နိုင်ပါသည်
ဆရာမ၊ အင်ဂျင်နီယာ၊ ဆရာဝန်မ သူတို့ ဖြစ်လာလေကြမလား
ပညာကို ဆုံးခန်းတိုင်သည်ထိ သူတို့ သင်ယူနိုင်ကြပါ့မလား
သူတို့ကလေးတွေ၏ အိပ်မက်သည် မပြေလည်သော စီးပွားရေးကြောင့်
တစ်စစီ ပျက်ကြွေသွားကြရလေးမလား
အခြေအနေမဟန်တော့သော ကျောင်းဆောင်လေးများသည်လည်း
ကျားကန်ပေးမည့် သူများကို မျှော်နေကြဆဲသာ
ကျောင်းတစ်ဆောင်ကို မိဘတို့ အပင်ပန်းခံ တည်ဆောက်ပေးနိုင်သည်
အသိဉာဏ်အရောင် တောက်ဖို့ကား ကျွန်တော်တို့တစ်တွေ၏ အသိဉာဏ်ဖက်သော
ကူညီမှုများ လိုများလိုလေနေမလားဟု ........
No comments:
Post a Comment