June 24, 2010

သမီးလေးအတွက်

ချစ်တဲ့ သမီးလေး ...
ဒီနေ့ ဒီစာဟာ သမီးလေးအတွက် ဖေဖေ ပထမဆုံးရေးတဲ့စာပေါ့။ 
မနေ့က သမီးမေမေ ဆေးရုံရောက်နေတယ်ကြားတော့ ဖေဖေ စိတ်ပူရတယ်။ မသဲကွဲသေးတဲ့ သမီးလေး အတွက်ရော။ သမီးမေမေ အတွက်ရောပေါ့။ ပြီးတော့ သမီးဖွားဖွားကပြောတယ်။ သမီးလေးက အချင်းလည်ပင်းပတ်နေလို့ဆိုလား ဗိုက်ခွဲမွေးရမယ် ပြောတော့ စိတ်ပိုပူတာပေါ့။ ဖေဖေ စိတ်ကို တိုသေးတာ သမီးလေးရ။ ဒီလောက်ကျန်းမာရေးကောင်းနေတဲ့ သမီးမေမေကို ခွဲမယ်၊ စိပ်မယ်ပြောတော့။ စိတ်လည်းပူ၊ စိတ်လည်းတိုပေါ့။
မခွဲရဘူး။ သဘောမတူဘူး ဆိုပြီး အဖေ ဖုန်းဆက်ပြီးပြောသေးတာ။ သမီးမေမေက မြန်မာပြည်မှာလေ။ တော်သေးတာပေါ့ ဖုန်းအဆက်အသွယ်လွယ်တဲ့ နေရာဖြစ်နေလို့။ သမီးဖွားဖွား နဲ့ ဖိုးဖိုး ဆို သမီးမေမေကို ခွဲမွေးရမယ် ပြောကတည်းက ထမင်းကို မစားနိုင်ကြရှာဘူး။ သမီးမေမေရဲ့ သူငယ်ချင်း သမီးဒေါ်လေး နွယ်နွယ်စိုး က ပြောပြလို့ သိရတာ။ သမီးဒေါ်လေးက ဖေဖေနဲ့ မေမေ မင်္ဂလာဆောင်တုန်းက မလာနိုင်ခဲ့လို့ ခု သမီးမေမေ သမီးကို မွေးတော့မယ်ဆိုတော့ ကူညီရအောင် တမင်လာတာ။ သမီးလေးရေ .... ဒီလို သူငယ်ချင်းမျိုးဆိုတာ တွေ့ရခဲတယ် သမီးလေး။ နောင် သမီးလေး စာဖတ်တတ်လာတော့။ ဒါတွေ ဖတ်ရတော့ သမီးလေးကို ကျေးဇူးရှိဖူးသူတွေ သမီးလေး သိရတာပေါ့။ 
ဖေဖေလေ သမီးမေမေကို ဆရာဝန်တွေက ဗိုက်ခွဲမွေးမယ်ကြားတော့ စိတ်လည်းတို၊ စိတ်လည်းပူနေတော့ တစ်ယောက်ယောက်ကို ပြောပြချင်လာတယ်။ ဒါနဲ့ သမီးရဲ့ ဒေါ်လေးနှင်းဖြူးစင် ကို ပြောပြဖြစ်တယ်။ အဖေ စိတ်ပူတာတွေ။ စိတ်ဆိုးတာတွေ။ မဖြစ်စေချင်တာတွေ။ စိုးရိမ်တာတွေပေါ့။ သမီးလေး ကံကောင်းတယ် သမီးဒေါ်လေးနှင်းဖြူစင်ရဲ့ အစ်မ ဒေါက်တာခိုင်ရွှေဝါက သမီးမေမေတက်နေတဲ့ ဆေးရုံမှာပဲ တာဝန်ကျနေတယ်လေ။ သမီးဒေါ်လေးက ချက်ချင်းပဲ အကူအညီပေးနိုင်အောင် ဖုန်းဆက်ပြီး ပြောပေးရှာတယ် သမီးရေ။ အဲတာ စိတ်ပူနေတဲ့ ဖေဖေ့စိတ်ကို တစ်ဝက်တော့ အေးသွားစေတာပေါ့။
သမီးမေမေ ကျက်ခိုင်းထားတဲ့ အင်္ဂုလိမာလသုတ်ကလည်း အစပဲ ရပြီး အဆုံးထိမရလို့ စာအုပ်ကြည့်ပြီး ရွတ်ရသေးတယ် သမီးလေးရေ။ သမီးရော၊ သမီးမေမေရော ကျန်းကျန်းမာမာ နဲ့ မွေးဖွားပြီးသွားစေချင်တာကိုး။ ညအိပ်ရာဝင်ခါနီးလည်း ပုတီးတွေစိတ်ပြီး ဆုတောင်းရတာပေါ့။ ဖေဖေ နှလုံးသွင်းတတ်တဲ့ ဂုဏ်တော်ကိုးပါး ပါပဲ သမီးလေးရယ်။ 
သမီးဘဝမှာ အရေးပါလာမယ့်၊ လမ်းပြဖြစ်လာမယ့်၊ အားကိုးရာ ဖြစ်လာမယ့် ဂုဏ်တော် ၉ ပါးအကြောင်းကို အကျဉ်းပဲ ရေးထားဦးမယ် သမီးရေ။ သမီးလေး စာဖတ်တတ်စမှာ အနည်းအကျဉ်းလောက်ပဲ ဖြစ်ဖြစ်၊ ကြက်တူရွေး နှုတ်တက်ရသလိုပဲ ဆိုဆို ရနေရင် နောက်ဖေဖေ ရှင်းပြတော့ အထောက်အကူလေး ရကောင်းပါရဲ့ကွယ်။ သမီးလေးရေ ဖေဖေ ပြောတဲ့ ဂုဏ်တော် ၉ ပါးဆိုတာ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေပါ။
သမီးလေး ဉာဏ်မမီသေးရင်လည်း နောက်တော့ ဖေဖေ ဖြည်းဖြည်းရှင်းပြမှာပေါ့ကွယ်။ သမီးလေး စာကျက်တတ်တဲ့ခါ ကျက်ထားချင်ကျက်ထားပေါ့။ ဖေဖေတော့ မဟာတန်းပြီးမှ ဒီစာရတာ။ ဒီအဓိပ္ပာယ်နားလည်းတာ။ ကိုးကွယ်ရကောင်းမှန်း၊ ကြည်ညိုရကောင်းမှန်း သိတာ။ မိရိုးဖလာ ဗုဒ္ဓဘာသာနဲ့ တကယ့် ဗုဒ္ဓဘာသာကို ခွဲခြားမြင်နိုင်ဖို့ လမ်းပေါ်ရောက်ခဲ့တာပေါ့။ သမီးလေး မှတ်ထားစေချင်၊ သိစေချင်တဲ့ ဂုဏ်တော် (၉) ပါးကို ရေးထားလိုက်တယ် သမီးလေးရေ။ သမီးလေး ရနေတော့ နောက်လာမယ့် သမီးရဲ့ မောင်လေး သော်လည်းကောင်း၊ ညီမလေး ကို သော်လည်းကောင်း သမီးလေး သင်ပေးနိုင်တာပေါ့ကွယ်။ သမီးတို့ မောင်နှမ တစ်တွေ ဒီဂုဏ်တော်ကို ချိုချိုမြမြ ဆိုနေကြတာ ဖေဖေ နဲ့ မေမေ ကြားချင်စမ်းပါဘိ။ 

ဂုဏ်တော် (၉) ပါး
"အရဟံ၊သမ္မာသမ္ဗုဒ္ဒေါ၊
ဝိဇ္ဇာစရဏ သမ္ပန္နော၊
သုဂတော၊
လောက၀ိဒူ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
သတ္တာဒေ၀ မနုသ၁ာနံ၊
ဗုဒ္ဓှေါ၊
ဘဂ၀ါ။"
  • အရဟံ-ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
  • သမ္မာသမ္ဗုဒ္ဒေါ-သိစရာဟူသမျှကို မိမိအလိုလို ထိုးထွင်သိမြင်တော်မူသော မြတ်စွာဘုရား။
  • ၀ိဇ္ဇာစရဏ သမ္ပန္နော-အသိဉာဏ်ရော အကျင့်ပါပြီးပြည့်စုံတော်မူသော မြတ်စွာဘုရား။
  • သုဂတော-ကောင်း၍အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။
  • လောက၀ိဒူ-သြကာသလောက၊ သတ္တလောက၊ သင်္ခါရလောက ဟူသော လောက ၃ ပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
  • အနုတ္တရော ပုရိသ ဒမ္မသာရထိ-ဆုံးမထိုက်သော သတ္တ၀ါတို့ကို ယဉ်ကျေးစိမ့် ငှာ ဆုံးမရာ၍ အတုမရှိ စွမ်းဆောင်နိုင်သော၊ စွမ်းဆောင်သော မြတ်စွာဘုရား။
  • သတ္ထာဒေ၀ မနုသ၁ာနံ-လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါတို့၏ ဆည်းကပ်ထိုက်သူဆရာတစ်ဆူလည်း ဖြစ်သော မြတ်စွာဘုရား။
  • ဗုဒ္ဓေါ-ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိဂြောဓသစ္စာ ဟူသော သစ္စာတရား ၄ ပါးကို သိလည်းသိ၊ သိလာအောင်လည်း ဟောကြားနိုင်သော မြတ်စွာဘုရား။
  • ဘဂ၀ါ-ဘုန်းတော် (၆) ပါးနှင့်လည်း ပြည့်စုံတော်မူသော မြတ်စွာဘုရား။

သမီးလေးဆင်ခြင်နားလည်နိုင်စွမ်းရှိလာတဲ့ အခါ ဖေဖေ့ကို မေးပေါ့။ ဖေဖေရှင်းပြဖို့ သမီးလေးကို လူလားမြောက်အောင် ပျိုးထောင်ရင်း သမီးလေး မေးချင်လာမယ့်နေ့၊ မေးလာတဲ့နေ့ကို စောင့်နေမယ် သမီးလေးရေ။ သမီးလေးရဲ့ အသိဉာဏ်ပေါ်လိုက်ပြီး ဖေဖေ ဖြေတဲ့ အဖြေဟာ တစ်ခါထက် တစ်ခါ နက်နဲလာမှာတော့ အသေအချာပဲ သမီး။

3 comments:

JulyDream said...

သမီးလေး ဖတ်ဖို့ စာတွေကို သားသားလည်း လာဖတ်တယ် ဦးဦးစိုင်းရေ...

ဒါနဲ့ ဦးဦးသမီးလေးက ခွဲမွေးရတာလား ခင်ဗျ။ ဦးဦးက ခွဲမွေးဖို့ ခွင့်မပြုဘူးဆိုတော့ ဘယ်လို မွေးလိုက်မှန်း မသိလိုက်ရဘူး ခင်ဗျ။ စာထဲမှာလည်း ရှာပါသေးတယ်။ ဘယ်လိုမှ ရှာမတွေ့လို့ ဦးဦးကို ဒီမှာ မေးရတာပါ။

ဦးဦးက သားတို့ထက် စီနီယာကျတယ်လေ။ ဒါကြောင့် ဦးဦးလို့ သားသားတို့က ခေါ်တာပါ။ အမြင်မတော်ရင် ခွေးလွတ်ပါ ဦးရယ်။

Unknown said...

သမီးလေးဖတ်ဖို့ဘာမှထပ်မရေးတော့ဘူးလား
ဖတ်ချင်သေးတယ် သမီးလေးတင်မဟုတ်ပါဘူး
လာဖတ်သူတိုင်းနားလည်ပြီးဘာသာတရားကိုလည်း
ဖတ်တဲ့သူတိုင်းမေ့နေရင်တောင်အသိတရားရစေပါတယ်
အဲဒီအတွက်ကိုစိုင်းကိုကျေးဇူးတင်ပါတယ်

Unknown said...

san francisco 49ers jerseys
jordan 11
adidas outlet
mlb jerseys
cartier watches
kobe 9
thomas sabo
snapback hats
jordan shoes, http://www.jordanshoes.us.com/
michael kors outlet online
mac cosmetics
hogan,hogan outlet,scarpe hogan,hogan sito ufficiale,hogan interactive
cheap jordans, http://www.cheapjordanshoes.in.net/
lebron shoes
coach outlet
ray-ban sunglasses, http://www.raybansunglass.com.au/
lebron james shoes
barcelona jersey
longchamp outlet
vibram fivefingers
oakley canada, http://www.oakleysunglassescanada.com
cheap oakley sunglasses
nike air max uk
louis vuitton outlet store, http://www.louisvuittonoutletstore.name/
louis vuitton uk
the north face outlet
ray ban sunglasses
michael kors uk
nike huarache
nba jerseys, http://www.nbajerseys.us.com